အောက်တိုဘာ ၁၅၊ ၂၀၁၅
M-Media
– ဆီးရီးယားအစိုးရ၏ ထိုးစစ်ဆင်မှုများကို ကူညီရန်အတွက် အီရန်မှ စစ်သား ထောင်ပေါင်းများစွာမှာ လာတာကီယာ ပြည်နယ်ရှိ လေဆိပ်သို့ ရောက်ရှိလာနေကြသည်ဟု တက်ကြွလှုပ်ရှားသူများနှင့် လန်ဒန်အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်သည်။
ဆီးရီးယားအစိုးရမှာ နိုင်ငံတောင်ပိုင်း မဟာဗျူဟာကျသည့် ဟုမ်းစ်မြို့ကို သိမ်းယူရေး ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီး ရုရှားနှင့် အီရန်တို့ လေတပ်အခြေစိုက်စခန်းအဖြစ် အသုံးပြုနေသည့် ဂျာဘလေမြို့မှ ဘက်စ်ဆဲလ် အလ်-အာဆဒ် လေဆိပ်ကို ယနေ့တွင် ပိတ်ပစ်ခဲ့သည်။ ထိုကဲ့သို့ ရောက်ရှိလာခြင်းက IS အဖွဲ့အား နှိမ်နှင်းရေးအတွက် ဖြစ်ပုံရသည်ဟု ဆိုသည်။
“အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေက ဒီဆောင်ရွက်မှုမှာ စိတ်ပါလက်ပါ မပါဝင်ကြဘဲ ကလေးကစားသလို လုပ်နေပါတယ်။ ဒါ့ကြောင့် မဟာမိတ်အသစ်နဲ့ အဖွဲ့အသစ်တွေဟာ ဒီအခြေအနေမျိုးမှာ ၀င်ပါခဲ့ရပြီး တကယ်လည်း စိတ်ပါလက်ပါ ရှိပါတယ်။ ဒါက ဒေသတွင်းအခြေအနေ တိုးတက်မှုအသစ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ” ဟု အီရန်ပါလီမန်၏ အမျိုးသားလုံခြုံရေးနှင့်
နိုင်ငံခြားရေးပေါ်လစီကော်မရှင် အကြီးအကဲ အလက်ဒင် ဘိုရူဂျာဒီက ပြောကြားခဲ့သည်။
Ref: Aljazeera