News @ M-Media

ကွန်ပနီအပေါ် မကျေနပ်ဟု မန်စီးတီးနည်းပြပြော

အောက်တိုဘာ ၁၇၊ ၂၀၁၅
M-Media

mct

– မိမိ၏ ဆန္ဒမပါဘဲ ၎င်း၏ သဘောဖြင့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတွင် သွားရောက်ကစားခဲ့သည့်အတွက် အဓိက နောက်ခံလူ ကွန်ပနီအပေါ် စိတ်ခုနေပြီး ယနေ့တွင်ကစားမည့် ဘုန်းမောက်နှင့်ပွဲစဉ်တွင် ချန်လှပ်ကောင်း ချန်လှပ်မည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

ခြေသလုံးကြွက်သားဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ကွန်ပနီအား ဒဏ်ရာအရှင်း ပျောက်ကင်းရေးအတွက် အင်္ဂါနေ့က ကစားခဲ့သည့် ယူရို ၂၀၁၆ ခြေစစ်ပွဲ အစ္စရေးနှင့်ပွဲတွင် ဘယ်လ်ဂျီယံအသင်းသို့ သွားရောက်ကစားခြင်းမပြုရန် မန်စီးတီးက တားမြစ်ခဲ့သည်။

“ကျွန်တော် မကျေနပ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ဗင်းဆင့် (ကွန်ပနီ) ကို ဆေးစာနဲ့အတူ မကစားနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံမန်နေဂျာက နိုင်ငံတကာပွဲ သီတင်းပတ်မှာ သူ ကြိုက်တာသူလုပ်နိုင်တယ်လို့ ပြောပါတယ်။ ကစားသမားကို သူ သုံးချင်ပြီး သုံးလည်းသုံးခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ကစားသမားတစ်ယောက် ကလပ်အသင်းအတွက် နောက်ဆုံး ၃ ပွဲကို မကစားခဲ့ရင် နိုင်ငံအသင်းမှာလည်း ကစားလို့ မရပါဘူး။ ဒါက ဥပဒေပါ။ ဒါကို လုပ်ဖို့တော့ ကျွန်တော့်တာဝန် မဟုတ်ပါဘူး။ တစ်ချိန်ချိန်ကျရင်တော့ ဒါနဲ့ပတ်သက်ပြီး ကလပ်အတွင်းတွေက ဆန္ဒပြပါလိမ့်မယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply