News @ M-Media

Blog

  • ဆီးရီးယားတွင် ရုရှားက Cluster ဗုံးများ အသုံးပြုနေ

    ဆီးရီးယားတွင် ရုရှားက Cluster ဗုံးများ အသုံးပြုနေ

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    syria

    – ရုရှားမှာ ၎င်းတို့၏စစ်တပ်မှ ကြဲချခြင်းဖြင့်လည်းကောင်း၊ အာဆတ်အစိုးရအား ထောက်ပံ့ပေးခြင်းဖြင့် လည်းကောင်း အတွဲလိုက် ပေါက်ကွဲစေတတ်သော အဆင်မြင့် cluster ဗုံးများကို ဆီးရီးယားစစ်ပွဲတွင် အသုံးပြုနေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ယနေ့တွင် ပြောကြားလိုက်သည်။

    ဆီရီးယာ၏ ဒုတိယမြို့တော်ဖြစ်သော အဲလစ်ပိုတွင် အောက်တိုဘာ ၄ ရက်နေ့က ကြဲချခဲ့သည့် အဆိုပါဗုံးများ၏ ဓာတ်ပုံများကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ရရှိခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ သုံးစွဲခြင်းမှာ စိုးရိမ်စရာကောင်းကာ အနာဂတ်တွင် ဆီးရီးယား ပြည်သူများအား ထိခိုက်နစ်နာစေမည် ဖြစ်ကြောင်း ထို cluster ဗုံးများ အသုံးပြုခြင်းကို နိုင်ငံတကာ၏ ပိတ်ပိတ်ထားမှုတွင် ရုရှားနှင့် ဆီးရီးယားတို့ ပါဝင်သင့်ကြောင်း အဖွဲ့မှ အရှေ့အလယ်ပိုင်းဆိုင်ရာ လက်ထောက်ဒါရိုက်တာဖြစ်သူ နဒင်းမ် ဟူရီက ပြောကြားခဲ့သည်။

    ရုရှားမှာ စက်တင်ဘာ ၃၀ ရက်နေ့မှ စတင်ကာ ဆီးရီးယားသမ္မတ အာဆတ်အား ဆန့်ကျင်သည့် အဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဗုံးဗဒေသာဟု ခေါ်ဆိုသည့် Cluster ဗုံးများမှာ အတွဲလိုက်ပါဝင်သည့် ဗုံးများဖြစ်ပြီး ဖျက်အားပျင်းသောကြောင့် နိုင်ငံအများအပြားက သုံးစွဲခြင်းမပြုရန် သဘောတူထားကြသည်။

    Ref: Aljazeera

  • ရှုံးမှာကြောက်၍ မေ၀ယ်သာက မိမိအား ရှောင်ခဲ့ခြင်းဟု အမီးရ်ခန်းပြော

    ရှုံးမှာကြောက်၍ မေ၀ယ်သာက မိမိအား ရှောင်ခဲ့ခြင်းဟု အမီးရ်ခန်းပြော

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    amir

    – ဖလွိုက် မေ၀ယ်သာမှာ အနိုင်ထိုးရလွယ်သည့် ကစားသမားဖြစ်ပြီး ၎င်း၏ အားနည်းချက်များကို လူအများ သိမည်စိုးသောကြောင့် မိမိအား ရှောင်ခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်နာမည်ကြီး လက်ဝှေ့သမား အမီးရ်ခန်းက ပြာကြားလိုက်သည်။

    “ဘာတိုနဲ့ပွဲကို ကြည့်ရင် မေ၀ယ်သာဟာ အနိုင်ထိုးရလွယ်တဲ့ ကစားသမားဆိုတာ တွေ့ရမှာပါ။ သူ အမှားနည်းနည်းလုပ်ခဲ့တယ်။ ဒါပေမယ့် တော်တော်လေး ထိခဲ့ပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ မမြင်ဘူးတဲ့ ပုံစံမျိုးတွေပါ။ ပုံမှန်ဆိုရင်တော့ မေ၀ယ်သာဟာ တောင့်တင်းတဲ့ လက်ဝှေ့သမားပါ။ ဘယ်တော့မှ မခံရပါဘူး။ ဒါပေမယ့် အသက်က စကားပြောတာကို မြင်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း သူ အနားယူလိုက်တာဖြစ်ပြီး ဒါ့ကြောင့်ပဲ သူ ကျွန်တော်နဲ့ မထိုးခဲ့တာ ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ လက်ဝှေ့သမားဘ၀မှာ အမီးရ်ခန်းက
    အကြီးဆုံးပြဿနာ ဖြစ်စေမယ်ဆိုတာ သူသိခဲ့ပါတယ်”

    လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲတွင် မေ၀ယ်သာမှာ အမီးရ်ခန်း၏ ကမ်းလှမ်းမှုကို ရှောင်ရှား၍ အန်ဒရေဘာတိုနှင့် ထိုးသတ်ကာ အနိုင်ရယူခဲ့သည်။ လက်ရှိအချိန်တွင် အမီးရ်ခန်း၏ အဖွဲ့မှာ ပက်ကွီအိုနှင့် ထိုးသတ်ရန် ဆွေးနွေးနေပြီး ၎င်းကလည်း ထိုးသတ်ပွဲဖြစ်လာလိမ့်မယ်ဟု ယုံကြည်နေသည်။

    “ပက်ကွီအိုနဲ့ပွဲအတွက်တော့ ကျွန်တော့်အသင်းဟာ အားလုံးကို ဆောင်ရွက်နေပါတယ်။ ဖြစ်မယ်ဆိုရင် ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ဟာ ဘယ်သူနဲ့မဆို ထိုးသတ်နိုင်ပါတယ်။ ပက်ကွီအိုနဲ့ ထိုးရမှာတော့ ကျွန်တော် ကြိုက်ပြီး ဘာ့ကြောင့်လည်းဆိုတော့ စတိုင်တွေက ပွဲတွေကို ဖြစ်စေလို့ပါ”

    Ref: Dailymail

  • အစိုးရအား ဝေဖန်သူ ၂ ဦးကို မလေးရှား ဖမ်းဆီး

    အစိုးရအား ဝေဖန်သူ ၂ ဦးကို မလေးရှား ဖမ်းဆီး

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    malay

    – အစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်သူ ၂ ဦးကို နိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးစနစ်များအား နှောင့်ယှက်သည်ဟုဆိုကာ မလေးရှားအစိုးရက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ခိုင်ရူဒင် အဘူဟာဆန်နှင့် မက်သီယက်စ် ချန် တို့ ဖြစ်ကြပြီး ၂၀၁၂ ခုနှစ် လုံခြုံရေးချိုးဖောက်မှု (အထူး) အက်ဥပဒေ SOSMA ဖြင့် ယနေ့တွင် ထိန်းသိမ်းခဲ့သည်။ အဘူဟာဆန်မှာ အာဏာရပါတီဟောင်း UMNO ပါတီ ဌာနတစ်ခု၏ ဥက္ကဌဖြစ်ပြီး ချန်ကမူ ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်၏ အနီးကပ်အကြံပေးတစ်ဦး ဖြစ်သည်။

    အစိုးရရုံးစိုက်ရာ ပူထရာဂျာယာ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာ မဟာသီမှာ ထိုတရားစွဲဆိုခြင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သဘောထားကွဲလွဲသူများကို မရှုနိုင်မကယ်နိုင်ဖြစ်အောင် အာဏာအလွဲသုံးစားလုပ်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၀န်ကြီးချုပ် နာဂျစ်ဘ်အား ဖယ်ရှားရန်အတွက် လွှတ်တော်ထဲတွင် အယုံအကြည်မရှိ အဆိုတင်သွင်းရန်လည်း တိုက်တွန်းခဲ့သည်။

    “SOSMA က အကြမ်းဖက်သမားတွေအတွက်ပဲ။ မာသီယက်စ်ချန် ဒါမှမဟုတ် ခိုင်ရူဒင်တို့က အကြမ်းဖက်သမားတွေ မို့လို့လား။ သူတို့က အစိုးရရဲ့ တစ်လွဲလုပ်တာတွေကို ထောက်ပြရုံပဲ။ သူတို့ဟာ (ငွေကြေးခ၀ါချမှု စုံစမ်းစစ်ဆေးခြင်းမှာ) အစိုးရရဲ့ ပါဝင်မှု၊ နိုင်ငံခြားအစိုးရတွေရဲ့ ပါဝင်မှုကို ဖော်ထုတ်တာပါပဲ” ဟု မဟာသီက ပြောကြာဲး့သည်။

    ခိုင်ရူဒင်နှင့် ချန်တို့မှာ အကြွေးနွံနစ်နေသော နိုင်ငံတော်ပိုင် မလေးရှားဖွံ့ဖြိုးရေးဘဏ် 1MDB နှင့် ဆက်စပ်နေသည့် ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးသူများကို နိုင်ငံခြားသို့ သွားရောက်က သတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

    ခိုင်ရူဒင်ကမူ “ကျွန်တော်တို့ နာဂျစ်ဘ်ကို အဆုံးအထိ တိုက်သွားမှာပါ။ နာဂျစ်ဘ်လက်တွေ လက်ထိပ်ခတ် ခံရအောင် ကျွန်တော် အသေအချာ ဆောင်ရွက်သွားမှာပါ” ဟု တရားရုံးတွင် သတင်းထာက်များအား ပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဦးမှာ အောက်တိုဘာ ၂၆ ရက်နေ့တွင် တရားရုံးသို့ လာရောက်၍ တရားရင်ဆိုင်ရဖွယ် ရှိနေပြီး အပြစ်ရှိကြောင်း တွေ့ရှိရပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရဖွယ် ရှိနေသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

    Ref: Channelnewsasia

  • ပရီးမီးယားလိဂ်သို့ အန်ဆယ်လော့တီ ပြန်လာချင်

    ပရီးမီးယားလိဂ်သို့ အန်ဆယ်လော့တီ ပြန်လာချင်

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    loti

    – မိမိအနေဖြင့် နည်းပြလောကမှ အနားမယူခင် ပရီးမီးယားလိဂ်သို့ ထပ်မံလာရောက်၍ နည်းပြချင်သည်ဟု ကာလို
    အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    ချယ်ဆီးနည်းပြအဖြစ် ၂၀၀၉-၂၀၁၀ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်နှင့် FA ဖလားတို့ကို ရယူနိုင်ခဲ့သည့် အန်ဆယ်လော့တီမှာ နောက်ရာသီတွင် ဆုဖလားများ ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် အသင်းမှ ထွက်ခွာခဲ့ရကာ ပီအက်စ်ဂျီ၊ ရီးယဲလ်တို့တွင် နည်းပြအဖြစ်ဆောင်ရွက်ခဲ့သည်။ လီဗာပူးလ်အသင်းက ကလော့ပ်အား မခန့်အပ်ခင် ၎င်းကို ဆက်သွယ်ခဲ့သေးသည်။

    “ပရီးမီးယားလိဂ်အတွေ့အကြုံကို ကျွန်တော် အိပ်မက်မက်နေတုန်းပါ။ အဲဒီနေရာဟာ မှန်ကန်တဲ့ဖိအားနဲ့အတူ ဘောလုံးအတွက် အလုပ်လုပ်ရတဲ့ နေရာပါပဲ။ ပထမဆုံးအနေနဲ့ ကျွန်တော် အဲဒီမှာ နည်းပြချင်တယ်။ ဒါပေမယ့် ဘယ်အချိန်အနားယူရမလဲ ဆိုတာလည်း ကျွန်တော် စဉ်းစားရပါမယ်” ဟု အန်ဆယ်လော့တီက ၎င်း၏ဆန္ဒနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    Ref: Goal

  • ဒေါ်ကြူကြူဝင်း-၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၂)

    ဒေါ်ကြူကြူဝင်း-၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း မိတ်ဆက်(၂)

    ၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းမိတ်ဆက်(၂)

    အမည်          – ဒေါ်ကြူကြူဝင်း
    ကိုယ်စားပြုပါတီ    – ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ
    မဲဆန္ဒနယ်         – ရန်ကုန်တိုင်းဒေသကြီး ၊ ပန်းဘဲတန်း မဲဆန္ဒနယ် အမှတ် (၂ )
    လွှတ်တော်    – တိုင်းဒေသကြီးလွှတ်တော်၊

    Daw Kyu Kyu Win 4

    Daw Kyu Kyu Win

     

    Daw Kyu Kyu Win 1

    Daw Kyu Kyu Win 3

    Daw Kyu Kyu Win 2