အောက်တိုဘာ ၁၅၊ ၂၀၁၅
M-Media
– စနေနေ့က မြို့တော်အန်ကာရာတွင် ပြည်သူထောင်ပေါင်းများစွာ ငြိမ်းချမ်းရေး ဆန္ဒပြမှုအတွင်း ဗုံးပေါက်ကွဲမှုနှစ်ခုအတွက် အန်ကာရာ ရဲတပ်ဖွဲ့အကြီးအကဲ ကဒ်ရီ ကာတဲလ်နှင့် အခြား လုံခြုံရေးအကြီးအကဲ နှစ်ဦးတို့အား ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု တူရကီ ပြည်ထဲရေးဝန်ကြီးဌာနက ကြေငြာခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုတွင် လူ ၉၇ ဦး သေဆုံးခဲ့ပြီး IS အစွန်းရောက်များက အသေခံ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု တူရကီအစိုးရက ပြောကြားခဲ့သည်။ သမ္မတ အာဒိုဂန်ကမူ မိမိတို့၏ လုံခြုံရေးလုပ်ငန်းများတွင် ချို့ယွင်ချက်များ ရှိခဲ့သည်ဟုလည်း ၀န်ခံခဲ့သည်။
ထိုကဲ့သို့ လုံခြုံရေးအရာရှိများကို ထုတ်ပယ်ခြင်းမှာ စုံစမ်းစစ်ဆေးမှုများအား လွတ်လပ်စွာ လုပ်ဆောင်နိုင်ရန်ဖြစ်သည်ဟု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြည်သူများကမူ ထိုပေါက်ကွဲမှုများအတွက် သမ္မတနှင့် အစိုးရတို့အား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.