အောက်တိုဘာ ၁၅၊ ၂၀၁၅
M-Media
– မိမိ၏ မန်ယူနည်းပြသက်တမ်းတွင် အကြီးဆုံးအမှားမှာ ၂၀၀၁-၀၂ ဘောလုံးရာသီ၌ နည်းပြဘ၀မှ အနားယူမည်ဟု ကြေငြာခဲ့ခြင်းဖြစ်သည်ဟု ဂန္တ၀င်နည်းပြ ဖာဂူဆန်က ပြောကြားလိုက်ပြီး ထိုသို့ ကြေငြာမှုက မိမိ၏ ၀န်ထမ်းများနှင့် ကစားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာအပေါ် အဓိက သက်ရောက်မှုရှိခဲ့သည်ဟု ဆိုသည်။
ထိုကဲ့သို့ ကြေငြာခဲ့ပြီးနောက်ပိုင်း ဖာဂူဆန်က ၎င်း၏ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ၎င်း၏ ၃၈ ခုမြောက်ဖလားကို ရယူပေးခဲ့သည့် ၂၀၁၃ ခုနှစ်တွင်မှ အမှန်တကယ် အနားယူခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်လုပ်ခဲ့တဲ့ အကြီးဆုံးအမှားက (၂၀၀၁-၂၀၀၂) ရာသီအစမှ အနားယူမယ်လို့ ကြေငြာခဲ့တာပါပဲ။ သူတို့ (၀န်ထမ်းတွေ၊ ကစားသမားတွေက) လက်လျော့ခဲ့ကြပါတယ်။ ‘မန်နေဂျာကတော့ ထွက်တော့မယ်’ လို့ သူတို့တွေးကြပါတယ်။ ဒါပေမယ့် ဇန်န၀ါရီမှာ ကျွန်တော် ဆုံးဖြတ်ချက်ကို ပြောင်းခဲ့ပြီး အသင်းအတွက်နဲ့ ထိပ်ဆုံးကို ဘယ်လိုပြန်တက်မလဲဆိုတာကို စဉ်းစားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရူနီနဲ့ ရော်နယ်ဒိုတို့ အသင်းကို ရောက်လာတဲ့ အခါမှာတော့ လူတိုင်းကို အားတက်လာအောင် လုပ်ခဲ့ရပါတယ်” ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.