ကာတွန်း လဂွန်းအိမ် ရဲ့ လက်ရာဟောင်းလေးပါ။
** ရွေးကောက်ပွဲ အချိန်အခါနဲ့ တိုက်ဆိုင်လို့ ပြန်လည်မျှဝေ တင်ဆက်လိုက်ပါတယ်။

အောက်တိုဘာ ၁၁၊ ၂၀၁၅
M-Media
– လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရေးအတွက် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့အကြား ဆွေးနွေးမှုကို ဆန့်ကျင်သည့်အနေဖြင့် သောင်းနှင့်ချီသော ဂျာမန်ပြည်သူများက ယမန်နေ့တွင် မြို့တော်ဘာလင်၌ ဆန္ဒပြခဲ့ကြသည်။
နိုင်ငံရေးပါတီများ၊ ကုန်သွယ်ရေးသမဂ္ဂများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်သော အဖွဲ့များ စုစုပေါင်း ၂ သောင်းကျော်ခန့် တက်ရောက်ခဲ့ကာ အဓိက ရထားဘူတာမှ ကုန်သွယ်ရေးသဘောတူညီချက်ကို ဆန့်ကျင်သော ကျွေးကြော်သံများကို ကျွေးကြော်ကာ မြို့တစ်လျှောက် လှည့်လည် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အဆုံးသတ်ရန် ရည်ရွယ်ထားသည့် အမေရိကန်နှင့် ဥရောပ ၂၈ နိုင်ငံတို့၏ အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက် ရရှိပါက ကမ္ဘာပေါ်တွင် အကြီးဆုံး ကုန်သွယ်ရေးဇုန်ကြီး ဖြစ်လာမည်ဖြစ်ပြီး ထောက်ခံသူများကမူ အဆိုပါ သဘောတူညီချက်က စီးပွားရေး တိုးတက်စေမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဟု ပြောကြားခဲ့ကြသည်။
Ref: Aljazeera

အောက်တိုဘာ ၁၁၊ ၂၀၁၅
M-Media
– ယနေ့မနက် ဂါကမ်းမြှောင်တွင် အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ကိုယ်ဝန် ၅ လဆောင်ထားသည့် ပါလက်စတိုင်း အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၃ နှစ်အရွယ် သမီးငယ်တို့ သေဆုံးခဲ့ကြသည်ဟု သိရသည်။
သေဆုံးသွားသူများမှာ အသက် ၃၀ အရွယ် နူရ် ဟာဆန်နှင့် သူမ၏ သမီး ရှဟ်ဒ်ဆိုသူတို့ဖြစ်ပြီး ၎င်းတို့အိမ်အနီးရှိ ဟားမက်စ်၏ လေ့ကျင့်ရေးစခန်းနှစ်ခုကို အစ္စရေးက ဗုံးကြဲမှုအတွင်း ၎င်းတို့၏ အိမ်ပါ ပြိုကျကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်ကမူ ၎င်းတို့မှာ ဟားမက်စ်၏ လက်နက်ထုတ်လုပ်သည့် စက်ရုံနှစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း အခြား ပါလက်စတိုင်း ၃ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ပါလက်စတိုင်း ကယ်ဆယ်ရေးအဖွဲ့များကမူ အပျက်အစီးများကြားတွင် ဆက်လက် ရှာဖွေလျက် ရှိနေသည်။
ယမန်နေ့ကလည်း ဂါဇာရှိ ပါလက်စတိုင်းများ၏ ဆန္ဒပြမှုအတွင်း ပါလက်စတိုင်း ဆယ်ကျော်သက်များကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့ပြီး ၂၄ နာရီအတွင်း ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့သည်။ ဂါဇာ၌ အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပြည်သူများ ယမန်နေ့ ထိပ်တိုက်တွေ့ဆုံမှုအတွင်း အနည်းဆုံး ပါလက်စတိုင်း ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆေးဘက်ဆိုင်ရာ ရင်းမြစ်များက အတည်ပြုခဲ့သည်။
အောက်တိုဘာ ၁ ရက်နေ့နောက်ပိုင်း အစ္စရေးစစ်တပ်မှ ပစ်သတ်၍ သေဆုံးခဲ့သည့် ပါလက်စတိုင်းပြည်သူများမှာ ၂၀ ဦး ရှိသွားပြီး ၉ ဦးမှာ ဂါဇာ၌ဖြစ်ကာ၊ ၁၁ ဦးမှာ အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသည့် အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင် ဖြစ်သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ၎င်းတို့၏ Facebook စာမျက်နှာ၌ ဖော်ပြခဲ့သည်။
နူရ်ဟာဆန်နှင့် သူမ၏သမီးငယ်တို့ သေဆုံးမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၂ ဦး ရှိခဲ့ပြီဖြစ်သည်။
Ref: Aljazeeras


Myanmar Now
ထက်ခေါင်လင်း၊ ဖြိုးသီဟချို၊ အိချယ်ရီအောင်တို့ တွေ့ဆုံမေးမြန်းသည်
.
မဲကို ဘယ်လိုပေးရမယ်ဆိုတာတော့ အခုချိန်ထိ မသိသေးဘူး။ နေရာတော်တော်များများတွေ့နေရတဲ့ ဒေါင်းနဲ့အလံကိုတော့ မှတ်ထားတယ်။ အဲဒါ ကိုယ်ပေးရမယ့် ပါတီရဲ့ အမှတ်တံဆိပ်ဆိုတာ။ တခြားဘယ်သူတွေဝင်ပြိုင်တယ်ဆိုတာ မှတ်စရာမလိုပါဘူးဗျာ။ အပြောင်းအလဲကို လိုချင်တော့ ကိုယ်ပေးရမယ့်ဟာမှတ်ထား ပြီးတာပဲ။ ဘယ်သူတွေ မဲဆွယ်စကားလာပြောပြော လူမှုရေးအရတော့ ရေလိုက်ငါးလိုက်ပေါ့။
ကိုတိုးအောင် (အငှားယာဉ်မောင်း၊ သင်္ဃန်းကျွန်းမြို့နယ်)
.
ကိုယ့်နာမည် မဲစာရင်းမှာ မပါတော့ မဲသွားမထည့်ရုံပဲပေါ့။ နိုင်ငံရေးကို စိတ်လည်းမဝင်စားဘူး၊ သိလည်းမသိဘူး။ ကိုယ့်စားဝတ်နေရေးအတွက် ကိုယ့်ဘာသာ ရုန်းကန်နေရတာ။ ဘယ်ပါတီတက်တက် ကိုယ့်အလုပ် ကိုယ်လုပ်နေရဖို့က အရေးကြီးတာပဲ။
ကိုရန်နောင်စိုး (အနှေးယာဉ်မောင်း- သင်္ဃန်းကျွန်း)
.
တခြားဘယ်ပါတီတွေ ဝင်ပြိုင်တယ်ဆိုတာ စိတ်လည်းမဝင်စားဘူး။ သိလည်းမသိချင်ဘူး။ စုံလည်းမစုံစမ်းဘူး။ ကိုယ့်မှာ ဘယ်ပါတီကို ပေးရမယ်ဆိုတာပဲ သိထားတယ်။ မဲပေးရင် ဘယ်တံဆိပ်ကို ပေးရမယ်ဆိုတာပဲ မှတ်ထားတာ။ ဒါကလည်း အပြောင်းအလဲကို လိုချင်လို့။ အရင်အချိန်က တွေ့ခဲ့ မြင် ခဲ့ရတဲ့ဟာတွေကြောင့် အရင်အစိုးရပါတီကို လုံးဝ မဲပေးဖို့တော့မရှိဘူး။
ကိုကျော်မိုး (ဈေးသည်၊ သင်္ဃန်းကျွန်း)
.
ရွေးကောက်ပွဲလုပ်မယ်ဆိုတာတော့သိပါတယ်။ ဘယ်ရက်လုပ်မလဲဆိုတာတော့ မသိပါဘူး။ မဲထည့်ဖို့ စိတ်ဝင်စားပါတယ်။ ကိုယ်လည်းမြန်မာနိုင်ငံသားဆိုတော့ မဲထည့်ချင်တာပေါ့။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်စုပါတီကို မဲထည့်မှာပါ။ သူများတွေကလည်း ဒီပါတီပဲ မဲထည့်မှာဆိုတော့ ကိုယ်လည်း ဒီပါတီပဲ မဲထည့်ရမှာပေါ့။ လူမှုရေး၊ စီးပွားရေး ပြောင်းလဲလာမယ် ထင်လို့ အဲပါတီကို မဲထည့်မှာပါ။
ဦးအောင်သန်း (သန့်ရှင်းရေးအလုပ်သမား၊ မင်္ဂလာတောင်ညွန့်မြို့နယ်)
.
ကြံ့ခိုင်ရေးပါတီက အစိုးရ (ထပ်)ဖြစ်သွားမယ်ဆိုရင်တော့ တိုင်းပြည်ပြောင်းလဲသွားမယ်လို့ မထင်ပါဘူး။ (ပြီးခဲ့တဲ့) ငါးနှစ်တာ ကာလမှာ ပြောင်းလဲတာ ဘာမှ မရှိပါဘူး။ ဖုန်းပေါတာ၊ ကားတွေပေါတာက တိုင်းပြည်ပြောင်းလဲလာတယ်လို့ မထင်ပါဘူး။ အိမ်နီချင်းနိုင်ငံတွေက လွန်ခဲ့တဲ့ နှစ်များစွာကတည်းက အဲပစ္စည်းတွေကို အသုံးပြုနိုင်တာပါ။ ကားများလွန်းတော့လည်း လမ်းတွေ ပိတ်တယ်။ အစိုးရအနေနဲ့ အဲဒီလိုလမ်းတွေ မပိတ်အောင် ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။ မီးလောင်တယ်ဆိုရင် မီးသတ်ကားသွားလို့မရအောင် လမ်းတွေပိတ်နေတယ်။ နာမကျန်းဖြစ်လို့ ဆေးရုံကား သို့မဟုတ် အိမ်ကားနဲ့ သွားရင်လည်း လမ်းမှာပိတ်နေတာနဲ့တင် တော်တော်ကြာတယ်။ အင်မတန်ကို ဒုက္ခရောက်တယ်၊ ဒါ မကောင်းပါဘူး။ ၁၉၉ဝ တုန်းက NLD ကို ထည့်ခဲ့ပါတယ်။ ၂ဝ၁ဝ တုန်းကတော့ NLD ဝင်မပြိုင်တော့ မဲသွားမထည့်ပါဘူး။ ၂ဝ၁၂ ကြားဖြတ်တုန်းကတော့ NLD ပဲ ထည့်ပါတယ်။ မဲစာရင်းလည်းသွားကြည့်ပြီးပါပြီ။ မှန်ပါတယ်။ တစ်အိမ်သားလုံးလည်း ပါပါတယ်။
ဦးလှရွှေ (ဂက်စ်အိုးလုပ်ငန်း လုပ်ကိုင်သူ၊ မင်္ဂလာတောင်ညွန့်)
.
၂ဝ၁ဝ တုန်းက ပြည်ထောင်စုလွှတ်တော်အတွက် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဦးသုဝေ ပါတီကို မဲထည့်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ကျတော့ အမျိုးသားအင်အားစုပါတီ (NDF) ပါတီကို မဲထည့်ခဲ့ပါတယ်။ တိုင်းဒေသကြီးကျတော့ ဘယ်သူမှ မထည့်ပါဘူး။ ထည့်စရာပါတီက ကိုယ်မကြိုက်တဲ့ ပါတီမို့ လို့ ပါ။ ၂ဝ၁၂ ကြားဖြတ်တုန်းကတော့ ဒေါ်ဖြူဖြူသင်း – NLD ကို မဲထည့်ခဲ့ပါတယ်။ NLD ပါတီသာ အစိုးရဖွဲ့ခွင့်ရရင် ကုန်ဈေးနှုန်းကြီး၊ အလုပ်ကိုင်ရှားပါး၊ လူတန်းစားမညီမျှ၊ ဆင်းရဲချမ်းသာမညီမျှတဲ့ ကိစ္စ၊ မြန်မာပြည်မှာ အခုဖြစ်နေတာက လူလတ်တန်းစားတွေ ပျောက်ဆုံးနေတာ၊ အဲကိစ္စလိုမျိုးတွေကိုလည်း ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ အများကြီးတော့ မကောင်းနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးကိစ္စတွေ အမျိုးသားပညာရေးဥပဒေကိစ္စတွေ အများကြီးဖြေရှင်းရဦးမှာ။
ဦးသိန်းနိုင်ဝင်း (သံတံခါးလုပ်ငန်းလုပ်ကိုင်သူ၊ မင်္ဂလာတောင်ညွန့်)
.
ရခိုင်အမျိုးသားပါတီ၊ ခွပ်ဒေါင်းပါတီ၊ ကြံ့ခိုင်ရေးပါတီတို့ကို သိပါတယ်။ ရွေးကောက်ပွဲမှာက NLD ကို နိုင်စေချင်တယ်။ အပြောင်းအလဲတစ်ရပ်ကို လိုချင်တယ်။ လှိုင်သာယာမှာ ယာယီသန်းခေါင်စာရင်းနဲ့ နေတာပါ။ အဲဒါကြောင့် (မဲပေးခွင့်ရဖို့) သွားလျှောက်ထားပါတယ်။ အိမ်ရှင်ကနေတစ်ဆင့် တိုင်ပေးထားတဲ့ ဧည့်စာရင်းထောက်ခံချက်နဲ့မှ ရပ်ကွက်ရုံးက လုပ်ပေးတာ။
ကိုထွန်းထွန်း (အငှားဆိုင်ကယ်မောင်းသူ၊ လှိုင်သာယာမြို့နယ်)
.
စက်ရုံမှာလုပ်ရတာဆိုတော့ အချိန်မရဘူး။ မဲစာရင်းလည်း မစစ်ရသေးပါဘူး။ ဧရာဝတီတိုင်း မော်ကျွန်းကနေ ပြောင်းလာတာ။ ဒီမှာပေးမရရင်တော့ ဟိုမှာပြန်ပေးရမှာပေါ့။ မဲပေးလို့ ဘာတွေ တစ်ခုခုပြန်ရမယ်ဆိုတာ မမှန်းမိပါဘူး။ ကိုယ့်နိုင်ငံအေးချမ်းဖို့နဲ့ အဆင်ပြေဖို့ဆိုရင် ရပါတယ်။
မသန်းသန်းမော် (စက်ရုံအလုပ်သမား၊ လှိုင်သာယာ)
.
ပါတီဘယ်နှစ်ခုရှိမှန်းတော့ မသိဘူး။ အခုဆို အသက်၂၃ ပေါ့။ မှတ်ပုံတင်မရှိလို့ ကြုံဖူးတဲ့ ရွေးကောက်ပွဲတွေမှာလည်း မဲမပေးခဲ့ရဘူး။ အခုလည်း မှတ်ပုံတင်မရှိတော့ မဲပေးလို့မရဘူးဖြစ်နေတယ်။
သက်ပိုင် (အနှေးယာဉ်မောင်း၊ လှိုင်သာယာ)
.

အောက်တိုဘာ ၁၁၊ ၂၀၁၅
M-Media
– အာဖဂန်မြောက်ပိုင်း ကန်ဒက်ဇက်မြို့တွင် နယ်စည်မခြားဆရာဝင်များအဖွဲ့MSF က ကြီးကြပ်နေသော ဆေးရုံအား ပြီးခဲ့သည့်တစ်ပတ်တွင် မေရိကန်က လေကြောင်းမှ မှားယွင်းဗုံးကြဲမှုအတွင်း သေဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာရ ရသူများအတွက် နစ်နာကြေးပေးသွားမည်ဟု အမေရိကန် ပြောကြားလိုက်သည်။
ထိုတိုက်ခိုက်မှုအတွင်း ၀န်ထန်းများနှင့် လူနာ အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။ MSF ကမူ ထိုတိုက်ခိုက်မှုအား စစ်ရာဇ၀တ်မှုမြောက်သည်ဟု ပြောကြားခဲ့ပြီး နိုင်ငံတကာ ခုံရုံးတစ်ခုဖွဲ့၍ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။
“ကာကွယ်ရေးဝန်ကြီးဌာနဟာ MSF ဆေးရုံက ဒီဆိုးရွားတဲ့ အဖြစ်အပျက်ရဲ့ နောက်ဆက်တွဲရလဒ်ကို ဖြေရှင်းဖို့ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်” ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သေဆုံးသွားသူများ၏ မိသားစုများနှင့် ထိခိုက်ဒဏ်ရာရသူများကို နစ်နာကြေးပေးမယ့်အပြင် အဆိုပါဆေးရုံ ပြန်လည် ဆောက်လုပ်ရေးအတွက်လည်း အမေရိကန်က ရန်ပုံငွေ ပေးအပ်သွားမည်ဖြစ်သည်။
Ref: BBC