News @ M-Media

Blog

  • ၄။ အတီဖစ် ဂျဟ်ဂျဂါ – ကိုဆိုဗိုသမ္မတ (၂၀၁၁ ခုနှစ်မှ ယနေ့ထိ) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    ၄။ အတီဖစ် ဂျဟ်ဂျဂါ – ကိုဆိုဗိုသမ္မတ (၂၀၁၁ ခုနှစ်မှ ယနေ့ထိ) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    အောက်တိုဘာ ၁၀ ၊ ၂၀၁၅
    M-Media
    မင်းထွဋ်ခေါင် စုစည်းတင်ဆက်သည်။
    Atifete Jahjaga
    ၁၉၇၅ ခုနှစ် ဧပြီလ ၂၀ ရက်တွင် မွေးဖွားခဲ့သူ အတီဖစ် ဂျဟ်ဂျဂါသည် နိုင်ငံရေးလောကသား တစ်ဦးဖြစ်ပြီး ကိုဆိုဗိုသမ္မတနိုင်ငံ၏ ပထမဦးဆုံးအမျိုးသမီးသမ္မတ ဖြစ်လာသည်။ သူမသည် ပထမဆုံးသော တစ်သီးပုဂ္ဂလအမတ်၊ ခေတ်သစ်ဗော်လ်ကန်ဒေသ၏ ပထမဆုံး အမျိုးသမီးခေါင်းဆောင်၊ အသက်အငယ်ဆုံး သမ္မတ ဖြစ်လေသည်။ သူမသည် ဗိုလ်မှူးကြီးရာထူးဖြင့် ကိုဆိုဗိုရဲတပ်ဖွဲ့ဒုညွှန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ဥရောပအရှေ့တောင်ဒေသအတွင်း ရာထူးအကြီးဆုံး အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။

    ၂၀၁၁ ခုနှစ် ဧပြီလ ၆ ရက်တွင် ကိုဆိုဗိုဒီမိုကရက်တစ်ပါတီ၊ ကိုဆိုဗီုဒီမိုကရက်တစ်အဖွဲ့ချုပ်နှင့် ကိုဆိုဗိုမဟာမိတ်အဖွဲ့တို့မှ သူမအား အကွဲအလွဲမရှိ သမ္မတရာထူးဝင်ပြိုင်သူအဖြစ် ကြေငြာခဲ့သည်။ ကိုဆိုဗိုရှိ အမေရိကန်သံအမတ် ခရစ္စတိုဖာဒဲလ် ကလည်း ထောက်ခံ ခဲ့သည်။ သူမသည် ရဲတပ်ဖွဲ့ဦးစီးချုပ်ဖြစ်ခြင်းဂုဏ်ကို နှစ်သက်ပြီး နိုင်ငံရေးနယ်ပယ်တွင် မထင်ရှားသော်လည်း ထိုလောကသို့ ထွက်လှမ်းလာခဲ့သည်။ လူထုနှင့်နိုင်ငံရေးခေါင်းဆောင် အများစုတို့မှာ သူမ၏ နိုင်ငံရေးအသိအမြင်ကို သတိမထားမိခဲ့ကြချေ။

    000_Par7234716
    ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက် ဘရပ်ဆဲလ်၊ ဥရောပသမဂ္ဂဋ္ဌာနချုပ်၌ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမတိုင်မီ ကိုဆိုဗိုသမ္မတ အတီဖစ် ဂျဟ်ဂျဂါ အား ဥရောပသမဂ္ဂဥက္ကဋ္ဌ ဟာမန် ဗင် ရွန်ပိုင်း မှ ကြိုဆိုနေပုံ။

    သူမ၏ သမ္မတဖြစ်လိုခြင်း အဓိကပန်းတိုင်များမှာ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခြင်း၌ လုံခြုံမှုရှိရန်ဖြစ်ကြောင်း ပါလီမန်တွင်ပြောကြားသော သူမ၏ ပထမဆုံးသမ္မတမိန့်ခွန်း၌ အောက်ပါအတိုင်း တွေ့ရသည်။ “ကိုဆိုဗိုပြည်သူ အားလုံးရဲ့ပန်းတိုင်က အီးယူအဖွဲ့ဝင်ဖြစ်ခြင်းနဲ့ အမေရိကန်ရဲ့ပင်တိုင်မိတ်ဆွေဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့အိပ်မက် လက်တွေ့ဖြစ်လာမယ်လို့ ကျွန်မ ယုံကြည်ထားပါတယ်”။

    000_DV1509487
    ၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက် ဗီယင်နာခရီးစဉ်အတွင်း သြစတြီးယားသမ္မတ ဟိန့်ဇ်ဖစ်ရှာနှင့်အတူ သတင်းစာရှင်းလင်းပွဲတစ်ရပ်သို့ တက်ရောက်လာသည့် ကိုဆိုဗိုသမ္မတ အတီဖစ် ဂျဟ်ဂျဂါ
    000_Par7496405
    ကိုဆိုဗိုလွတ်မြောက်ရေးတပ်မတော် KLA မှ စစ်ဦးစီးချုပ် Adem Jashari ကျဆုံးခြင်း ၁၅ နှစ်မြောက်အခမ်းအနား(၂၀၁၃ ခုနှစ် မတ်လ ၅ ရက် – ပရစ္စတီးနားမြို့)အတွင်း ကိုဆိုဗိုလုံခြုံရေးတပ်ဖွဲ့ KSF ကို စစ်ဆေးကြည့်ရှုနေသည့် ကိုဆိုဗိုသမ္မတ အတီဖစ် ဂျဟ်ဂျဂါ။

    ဆက်စပ်သတင်းများ ဖတ်ရန်

    ၁။ Tansu Çiller – တူရကီဝန်ကြီးချုပ်(၁၉၉၃-၁၉၉၆)

    ၂။ မီဂါဝတီ ဆူကာနိုပူထရီ – အင်ဒိုနီးရှားသမ္မတ (၂၀၀၁-၂၀၀၄)

    ၃။ မေမီ မေဒိုင် ဘွိုင်းန် – ဆီနီဂေါဝန်ကြီးချုပ် (၂၀၀၁-၂၀၀၂ ခုနှစ်)

  • ရုရှားဂရင်းပရီတွင် ပြိုင်ကားတစ်စီး ပြင်းထန်သည့် မတော်တဆမှုဖြစ်ပွား

    ရုရှားဂရင်းပရီတွင် ပြိုင်ကားတစ်စီး ပြင်းထန်သည့် မတော်တဆမှုဖြစ်ပွား

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    car 2

    – ရုရှားဂရင်းပရီပြိုင်ပွဲ၏ ယနေ့တွင်ပြုလုပ်သည့် နောက်ဆုံး စမ်းသပ်မောင်းနှင်မှုတွင် Toro Rossoo ကားမောင်းအသင်းမှ အသက် ၂၁ နှစ်အရွယ် စပိန်ကားမောင်းသမား ကားလို့စ် စိန့်ဇ်မှာ အရှိန်မထိန်းနိုင်ဘဲ ဘေးရှိအတားအဆီးများကို ပြင်းပြင်းထန်ထန် ၀င်တိုက်မှုကြောင့် ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရသည်။

    သို့သော်လည်း အကြီးအကျယ်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ သတိလစ်ခြင်းလည်းမရှိဟု ၎င်း၏ အသင်းနှင့် ကားမောင်းအဖွဲ့ချုပ် FIA တို့က နောက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း လာမည့်တစ်ပတ်တွင် ပြုလုပ်မည့် ပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်ရမည်ဟု ဆိုသည်။

    ထိုမတော်တဆမှုနှင့် ပတ်သက်၍ စုံစမ်းမှုများကို ပြုလုပ်နေပြီး တိုက်မိမှုမဖြစ်ခင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည့်ဟု စိန့်ဇ်၏ အဖွဲ့ဝင်များက ပြောကြားခဲ့သည်။

    Ref: Dailymail

  • တူရကီမြို့တော်တွင် ပေါက်ကွဲမှု လူ ၃၀ သေဆုံး

    တူရကီမြို့တော်တွင် ပေါက်ကွဲမှု လူ ၃၀ သေဆုံး

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    thurkey

    – နိုင်ငံတောင်ပိုင်း၌ ကာ့ဒ်တပ်ဖွဲ့များနှင့် အစိုးရတို့အကြား ပဋိပက္ခဖြစ်မှုကို ဆန်ကျင့်သည့်အနေဖြင့် မြို့တော်အန်ကာရာတွင် တူရကီပြည်သူများက ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြစဉ် ယနေ့မနက်ပိုင်းက ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်ဟု တူရကီ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်ကျင်ခန့်တွင် မိနစ်ပိုင်းခြား၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများက ဒဏ်ရာရသူများကို ကယ်ဆယ်ကာ အရေးပေါ်လူနာတင်ယာဉ်များလည်း အမြန်ဆုံးရောက်ရှိ၍ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြသည်။

    ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြသူများမှာ “လူသတ်သမား ရဲတပ်ဖွဲ့” ဟု ဟစ်အော်ခဲ့ကြပြီး၊ တူရကီအစိုးရကမူ ထိုတိုက်ခိုက်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု ပြောကြားခဲ့ကာ စုံစမ်းစစ်ဆေးမှုများအရ အသေခံဗုံးခွဲသမားက ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    Ref: Aljazeera

  • NCA အတွက် တိုင်းရင်းသားများနှင့် ဆွေးနွေးပွဲတွင် တရုတ်က ၀င်စွက်ခဲ့သည်ဟု မြန်မာပြော

    NCA အတွက် တိုင်းရင်းသားများနှင့် ဆွေးနွေးပွဲတွင် တရုတ်က ၀င်စွက်ခဲ့သည်ဟု မြန်မာပြော

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    myan
    NCA ဆွေးနွေးမှုမှ ပုံရိပ်တစ်ခု

    – ဆယ်စုနှစ်များစွာ ကြာရှည်ခဲ့သည့် ပဋိပက္ခအား အဆုံးသတ်ရေး ရည်ရွယ်သော တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက် NCA အတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးမှုတွင် တရုတ်နိုင်ငံက ၀င်စွက်ခဲ့သည့် ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် အကြီးတန်း တာဝန်ရှိသူ မင်းဇော်ဦးက ပြောကြားလိုက်သည်။

    တိုင်းရင်းသားလက်နက်ကိုင်အုပ်စု ၁၅ ခုနှင့် အစိုးရတို့ ဆွေးနွေးရာတွင် NCA သဘောတူညီချက်ကို လက်မှတ်ထိုးရန် လက်နက်ကိုင်အဖွဲ့ ၈ ခုကသာ သဘောတူညီခဲ့ပြီး မင်းဇော်ဦးကမူ တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ် ဆန် ဂူဇီယန်းက အဓိက လက်နက်ကိုင်အဖွဲ့ ၂ ခုကို လက်မှတ်မထိုးရန် ဖိအားပေးခဲ့သည်ဟု ဆိုသည်။

    တရုတ်နိုင်ငံကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သော်လည်း တရုတ်နိုင်ငံအပေါ် မြန်မာအစိုးရ၏ ရှားပါးသော ထိုကဲ့သို့ တရားဝင်အပြစ်တင်မှုက ပြုပြင်ပြောင်းလဲရေးအစိုးရ ၂၀၁၁ ခုနှစ်တွင် အာဏာရယူပြီး နိုင်ငံတကာနှင့် ဆက်ဆံရေး တည်ဆောက်ကာ တရုတ်အပေါ်မှီခိုမှုကို လျော့ချရန် လုပ်ဆောင်လာသည့် မြန်မာနိုင်ငံနှင့် တရုတ်တို့အကြား တင်းမာမှုများ ထပ်မံ မြင့်တက်လာမည့် အခြေအနေ ရှိနေသည်။

    “တည်ငြိမ်မှုကို လိုချင်တယ်လို့ တရုတ်က အမြဲတမ်းပြောတယ်ဗျ။ တကယ်လည်း သူတို့က တည်ငြိမ်မှုကို လိုချင်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ အုပ်စုတွေအပေါ် သြဇာလည်း ညောင်းချင်တယ်” ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ မင်းဇော်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် တရုတ်နိုင်ငံ၏ စွက်ဖက်မှုကို ယခုအချိန်အထိ နှုတ်ဆိတ်နေခဲ့သော်လည်း၊ ထုတ်ဖော်ပြောဆိုရမည့်အချိန် ရောက်ပြီဟု ထည့်သွင်းပြောကြားခဲ့သည်။

    မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ လက်မှတ်ထိုးပွဲကို အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည်ဖြစ်ပြီး ဂျပန်နှင့် အနောက်နိုင်ငံများက စောင့်ကြည့်လေ့လာသူအနေဖြင့် တက်ရောက်သွားမည်ဖြစ်သည်။

    စာချုပ် အပြီးသတ်ချုပ်ဆိုသည့်အချိန်တွင် အနောက်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့က စောင့်ကြည့်သူအဖြစ် ပါဝင်ရမည်ဆိုသည့် စာချုပ်မှ အပိုဒ်ကိုလည်း တရုတ်နိုင်ငံက ပယ်ချသည်ဟု မင်းဇော်ဦးက ထည့်သွင်းပြောကြားခဲ့သည်။

    တရုတ်နိုင်ငံကမူ NCA အတွက် ဆွေးနွေးမှုတွင် ၀င်စွက်ခဲ့သည်ဆိုသော မင်းဇော်ဦး၏ ပြောကြားမှုကို ငြင်းဆိုခဲ့သည်။

    “နိုင်ငံအဆင့် အပစ်ရပ်ရေးသဘောတူညီချက်ကို စောစောစီးစီး လက်မှတ်ထိုးဖို့ ဆောင်ရွက်ရာမှာ ကွဲလွဲချက်တွေကို ငြိမ်းချမ်စွာဆွေးနွေးမှုတွေကနေ တစ်ဆင့် ဖြေရှင်းဖို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက အဖွဲ့အားလုံးကို အပြည့်အ၀ ထောက်ခံအားပေးခဲ့ပါတယ်” ဟု တရုတ် နိုင်ငံခြားရေးရာဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွန်လီက ပြောကြားခဲ့သည်။

    မင်းဇော်ဦးကမူ မြန်မာအစိုးရအနေဖြင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) အဖွဲ့ကို အပစ်ရပ်ရေး လုပ်ငန်းစဉ်အတွက် ဖိတ်ခေါ်ခြင်းမပြုပါက ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မခံရန် တရုတ်က လက်နက်ကိုင်အဖွဲ့အချို့ကို တိုက်တွန်းခဲ့ပြီး အထူးသဖြင့် တစ်ချိန်က တရုတ်နိုင်ငံမှ တောက်ပံ့မှုနှင့် လက်နက်များကို ရရှိခဲ့သည့် ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အား လက်မှတ်မထိုးရန် တိုက်တွန်းခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    UWSA မှ ပြီးခဲ့သည့်လက ထုတ်ပြန်သည့်ကြေငြာချက်တွင် ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံ၏ အပစ်ရပ်ရေးလုပ်ငန်းစဉ်တွင် အနောက်နိုင်ငံများနှင့် ဂျပန်နိုင်တို့ မပါဝင်စေရန် တောင်းဆိုခဲ့သည်ဟု ဖော်ပြထားသည်။

    “တကယ်လို့ UWSA က သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ရင် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခတွေမှာ အနောက်နိုင်ငံတွေကို ပါဝင်စေလိုက်သလိုမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ယူနန်အစိုးရက ပေးထားတဲ့ ကတိကိုချိုးဖောက်ပြီး NCA ကို လက်မှတ်ထိုးရတဲ့ အခြေအနေမျိုး အဖြစ်မခံလိုပါဘူး” ဟု ၀,တပ်ဖွဲ့မှ ထုတ်ပြန်သော ကြေငြာချက်တွင် ရေးသားထားသည်။

    Ref: Reuters

  • ဆန်းဒါးလန်းနည်းပြသစ် ဆန်အလာဒိုက်စ်ဖြစ်လာ

    ဆန်းဒါးလန်းနည်းပြသစ် ဆန်အလာဒိုက်စ်ဖြစ်လာ

    အောက်တိုဘာ ၁၀၊ ၂၀၁၅
    M-Media

    sund

    – နည်းပြအဒ်ဗိုကတ်အား ထုတ်ပယ်ခဲ့ပြီးနောက် လစ်လပ်နေသော နည်းပြနေရာအတွက် ဆန်းဒါးလန်းအသင်းမှာ နယူးကာဆယ်နှင့် ၀က်စ်ဟမ်းအသင်းတို့၏ နည်းပြဟောင်း ဆမ်အလာဒိုက်စ်ကို ၂ နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပြီဖြစ်သည်။

    အဒ်ဗိုကတ်လက်ထက် ပြီးခဲ့သည့်နှစ်က ဆန်းဒါးလန်မှာ တန်းဆင်းဇုန်မှ ကံကောင်းထောက်မစွာ လွတ်ခဲ့သော်လည်း ရာသီသစ်တွင် ယခုအချိန်အထိ နိုင်ပွဲမရသေးဘဲ အဆင့် ၁၉ နေရာတွင် ရှိနေသည်။ အလာဒိုက်စ်မှာလည်း ၀က်စ်ဟမ်းအသင်းနှင့် ပြီးခဲ့သည့်ရာသီက လမ်းခွဲပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်သည်။

    “ဘောလုံးလောကကနေ ခဏနားလိုက်ရတာကို ကျွန်တော် ပျော်ရွှင်ခဲ့ပါတယ်။ အခုတော့ ပြန်လာဖို့ စိတ်အားထက်သန်နေပါတယ်။ ကျွန်တော်ဟာ အီလစ်(ဆန်းဒါးလန်းတာဝန်ရှိသူ) နဲ့ တွေဆုံခဲ့ပြီး အသင်းအကြောင်း တော်တော်ပြောဖြစ်ပါတယ်။ သူရဲ့ ရည်ရွယ်ချက်တွေကိုလည်း ပြောခဲ့ပြီး ကျွန်တော်က အဲဒီရည်ရွယ်ချက်တွေရဲ့ အစိတ်အပိုင်း ဖြစ်ချင်ခဲ့ပါတယ်။ အသင်းတည်ငြိမ်မှုနဲ့ အားလုံးလိုချင်နေတဲ့ အောင်မြင်မှုကို ကျွန်တော် ယူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

    Ref: Goal