အောက်တိုဘာ ၁၀၊ ၂၀၁၅
M-Media
– နိုင်ငံတောင်ပိုင်း၌ ကာ့ဒ်တပ်ဖွဲ့များနှင့် အစိုးရတို့အကြား ပဋိပက္ခဖြစ်မှုကို ဆန်ကျင့်သည့်အနေဖြင့် မြို့တော်အန်ကာရာတွင် တူရကီပြည်သူများက ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြစဉ် ယနေ့မနက်ပိုင်းက ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်ဟု တူရကီ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်ကျင်ခန့်တွင် မိနစ်ပိုင်းခြား၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများက ဒဏ်ရာရသူများကို ကယ်ဆယ်ကာ အရေးပေါ်လူနာတင်ယာဉ်များလည်း အမြန်ဆုံးရောက်ရှိ၍ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြသူများမှာ “လူသတ်သမား ရဲတပ်ဖွဲ့” ဟု ဟစ်အော်ခဲ့ကြပြီး၊ တူရကီအစိုးရကမူ ထိုတိုက်ခိုက်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု ပြောကြားခဲ့ကာ စုံစမ်းစစ်ဆေးမှုများအရ အသေခံဗုံးခွဲသမားက ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.