News @ M-Media

Blog

  • မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် အပစ်ရပ်ရေး လက်မှတ်ထိုးမည်

    မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့ အောက်တိုဘာ ၁၅ ရက်နေ့တွင် အပစ်ရပ်ရေး လက်မှတ်ထိုးမည်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    myan

    – မြန်မာအစိုးရမှာ အောက်တိုဘာ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အပစ်ရပ်ရေး လက်မှတ်ရေးထိုးသွားမည်ဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။

    ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရေးအတွက် ၂ နှစ်ကျော်ကြာ ပြုလုပ်ခဲ့သည့် အပစ်ရပ်ရေး ဆွေးနွေးပွဲမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အရှိန်မြင့်လာခဲ့ပြီး မြန်မာအစိုးရကမူ နိုဝင်ဘာ ရွေးကောက်ပွဲမပြုလုပ်ခင် လက်မှတ်ရေးထိုးနိုင်ရန် စိတ်အားထက်သန်ခဲ့သည်။

    သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားက လက်မှတ်ထိုးရန် ငြင်းဆိုခဲ့ပြီးနောက် တစ်နိုင်ငံလုံး အပစ်ရပ်ရေးမျှော်လင့်ချက်မှာ ပျက်ဆီးခဲ့ရသည်။

    “တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက် NCA ကို အောက်တိုဘာ ၁၅ ရက်နေ့ နေပြည်တော်မှာ လက်မှတ်ရေးထိုးပါမယ်။ လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသားအဖွဲ့တွေကို ကျွန်တော်တို့ ဆက်ပြီး ဖိတ်ခေါ်သွားမှာပါ” ဟု ဆွေးနွေးမှုများပြုလုပ်ခဲ့သည့် အစိုးရကိုယ်စားလှယ်အဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်ဖြစ်သူ ဦးလှမောင်ရွှေက AFP သတင်းဌာသို့ ပြောကြားခဲ့သည်။

    ကချင်လွတ်မြောက်ရေးတပ်မတော် KIA အပါအ၀င် အဓိက တိုင်းရင်းသားလက်နက်ကိုင်များမှာ အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့ပြီး၊ ဆွေးနွေးမှုမှာ အရေးပါသော အခြေအနေသို့ ရောက်ရှိနေချိန်တွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အစိုးရပ်တပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့သေးသည်။

    ယမန်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့က မြန်မာနိုင်ငံ၌ စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးအတွက် အားထုတ်မှုများကို ပံ့ပိုးပေးရန် နိုင်ငံတကာအသိုင်းအ၀ိုင်းအား တိုက်တွန်းခဲ့သည်။

    “NCA ကို အချို့သော အဖွဲ့တွေကသာ လက်မှတ်ရေးထိုးမှာဖြစ်တာကြောင့် ပြည့်စုံပြီးပြတ်တဲ့ သဘောတူညီချက်မျိုးတော့ မဟုတ်ပါဘူး” ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    မြန်အစိုးရမှာ ထိုသဘောတူညီချက်အား လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့နှင့် စောစောပိုင်းက သဘောတူထားခဲ့သော်လည်း နောက်ပိုင်းတွင် အချို့သောအဖွဲ့များက နှုတ်ထွက်ခဲ့ကြသည်။

    ယနေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ၌ ပြုလုပ်သော အစည်းအဝေးတွင် အစိုးရမှ ဆွေးနွေးညှိနှိုင်းရေးခေါင်းဆောင် ဦးအောင်မင်းက တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်မထိုးသည့်အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်တပ်က ထိုးစစ်ဆင်ရန် ရည်ရွယ်ချက်မရှိဟု ပြောကြားခဲ့သည်။

    ထိုသဘောတူညီချက်ကို ဒေသတွင်းနှင့် နိုင်ငံတကာ သက်သေများရှေ့မှောက်၌ လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ခေါ်ထားသည်ဟု ဦးလှမောင်ရွှေက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: hannelnewsasia

  • အစ္စလာမ်ကို လေ့လာချင်သူများအတွက် ချီကာဂိုတွင် Open Mosque Day အစီအစဉ် ပြုလုပ်မည်

    အစ္စလာမ်ကို လေ့လာချင်သူများအတွက် ချီကာဂိုတွင် Open Mosque Day အစီအစဉ် ပြုလုပ်မည်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    chicago

    – အစ္စလာမ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းနိုင်ရေးနှင့် ဗလီဝတ်ကျောင်းတော်များကို ၀င်ရောက်လေ့လာနိုင်ရေးအတွက် ချီကာဂိုမြို့ရှိ ထိပ်တန်းမွတ်စလင်အဖွဲ့တစ်ခုက Open Mosque Day အစီအစဉ်တစ်ခုကို အောက်တိုဘာ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည်။

    “ဒီအစီအစဉ်က မွတ်စလင်တွေနဲ့ မရင်းနှီးတဲ့ ဒါမှမဟုတ် ဗလီဝတ်ကျောင်းတော်ကို မရောက်ဖူးတဲ့ လူတစ်ဦးချင်းဆီအတွက် အဲဒီအခွင့်အရေးတွေကို ရရှိမှာဖြစ်ပါတယ်” ဟု ထိုအစီအစဉ်ကို ကျင်းပပေးမည့် ချီကာဂိုမြို့ အစ္စလာမ့်ရေးရာအဖွဲ့များကောင်စီမှ အမှုဆောင်အကြီးအကဲဖြစ်သူ အမျိုးသမီး တာဘက်ဆမ် ဟာလီးမ်က ပြောကြားခဲ့သည်။

    ချီကာဂိုမြို့ရှိ ဗလီဝတ်ကျောင်းတော်များမှာ ထိုနေ့တွင် တစ်နေကုန်ဖွင့်ထားမည်ဖြစ်ပြီး အစ္စလာမ်နှင့်ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းလိုသူများ၊ ဗလီဝတ်ကျောင်းတော်အား ၀င်ရောက်လေ့လာချင်သူများအတွက် ရှင်းလင်းဖြေကြားမှုများ၊ လိုက်လံပြသမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

    မြို့တွင်းရှိ ဗလီဝတ်ကျောင်းတော်များမှာ ယခင်က ထိုကဲ့သို့ အစီအစဉ်များ ပြုလုပ်ခဲ့သော်လည်း ကောင်စီက ကြီးမှူးကာ ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။

    “အိမ်နီးချင်းတွေ၊ တစ်ခြားလူတွေက ဗလီဝတ်ကျောင်းတော်ကို လာရောက်လည်ပတ်ချင်ပြီး ဖိတ်ကြားမှုတွေကို စောင့်နေတယ်ဆိုတဲ့ သတင်းတွေ ကျွန်မတို့ မကြာခဏ ကြားရပါတယ်။ ဖုန်းဆက်ပြီး ဗလီဝတ်ကျောင်းတော်ကို လာချင်တယ်လို့ပြောဖို့ သူတို့ မ၀ံ့ရဲကြပါဘူး။ မေးခွန်းတွေမေးချင်တဲ့ ဘယ်သူမဆို မွတ်စလင်တွေနဲ့အတူ ဗလီဝတ်ကျောင်းတော်ကို လာရောက်လှည့်ပါ။ ဒါဟာ အခွင့်အရေးကြီး တစ်ခုပါပဲ” ဟု ဟာလီမ်းက ပြောကြားခဲ့သည်။

    ထို့ပြင် မြို့တွင်းရှိ တစ်ချို့သော ဗလီဝတ်ကျောင်းတော်များမှာ ကျယ်ဝန်းပြီး၊ လှပသည့် ၀တ်ပြုရာနေရာများ တည်ရှိကြောင်း၊ ဗိသုကာလက်ရာများမှာလည်း ထူးခြားကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ Open Mosque Day အစီအစဉ်အတွင်း အမေးအဖြေကဏ္ဍလည်း ပါဝင်မည်ဖြစ်ပြီး အစ္စလာမ်၊ မွတ်စလင်နှင့် ဗလီဝတ်ကျောင်းတော်များအကြောင်း သိရှိရန် လာရောက်လည်ပတ်သူများအတွက် အခွင့်အရေး ရစေမည်ဖြစ်သည်။

    ဧည့်သည်များမှာ နေ့လည်ပိုင်းဝတ်ပြုမှုကိုလည်း စောင့်ကြည့်နိုင်မည်ဖြစ်သည်။

    “ဒီအစီအစဉ်က အထူးသဖြင့် နားလည်မှုလွဲတာတွေ အများအပြားရှိနေတဲ့ နိုင်ငံရေးအခြေအနေကြောင့် ကြောက်ရွံ့မှုတွေကြီးမားနေတဲ့ ဒီလိုအချိန်မျိုးမှာ အပြန်အလှန်နားလည်မှု တိုးမြှင့်ဖို့ အလွန်ပဲ အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီကြောက်ရွံ့မှုတွေကို ကျော်လွှားဖို့ ဒါက ကြီးကျယ်တဲ့ အချိန် ဖြစ်မှာပါ” ဟု ဟလီးမ်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Onislam

  • ၂၀၁၅ ရွေးကောက်ပွဲ ဝင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုးကွယ်ရာ ဘာသာအလိုက် လူဦးရေ အချိုးအစား

    ၂၀၁၅ ရွေးကောက်ပွဲ ဝင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုးကွယ်ရာ ဘာသာအလိုက် လူဦးရေ အချိုးအစား

    အောက်တိုဘာ ၄ ၊ ၂၀၁၅
    M-Media
    သီဟ
    Total List
    နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ်၂၀၁၅ ရွေးကောက်ပွဲအား ပါတီပေါင်းစုံမှ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အရေအတွက်မှာ
    အမျိုးသားလွှတ်တော် ၈၈၆ ယောက်
    ပြည်သူ့လွှတ်တော် ၁၇၄၅ ယောက်
    တိုင်းဒေသကြီးလွှတ်တော် ၃၄၄၃ ယောက်
    လွှတ်တော် ၃ ရပ် ဝင်ပြိုင်မည့် စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၆၀၇၄ ဦး ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ကြေငြာချက်များ အရ သိရှိရပါတယ်။

    လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ ကိုးကွယ်ရာ ဘာသာအလိုက် လူဦးရေ အရေအတွက်နဲ့ ရာခိုင်နှုန်းကို ရွေးကောက်ပွဲကော်မရှင် ရဲ့ ထုတ်ပြန်တဲ့ စာရင်းများအား ကိုးကား၍ ကောက်နှုတ်ဖော်ပြလိုက်ရပါတယ်။

    ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်သည့် ကိုယ်စားလှယ်လောင်းများမှ ၁၀၀ ကျော်ကို ကော်မရှင်မှ မိဘများ နိုင်ငံသားဖြစ်မှု သံသယရှိမှု ပုဒ်မဖြင့် ပယ်ချခဲ့ပြီး ပယ်ချခံရသူအများစုမှ  အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြောင်း သိရှိရပါတယ်။

    ထိပ်တန်း ပါတီကြီး ၂ ခု ဖြစ်တဲ့ ပြည်ထောင်စုကြံခိုင်ရေးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ ၂ ခုစလုံးတွင် အစ္စလာမ်ဘာသာဝင် လွှတ်တော်ကိုယ်စားတစ်ဦးမျှ ရွေးချယ်ခဲ့ခြင်း မရှိခဲ့ပါ။

    Amyotha Hluttaw (Upper House) Pyithu Hluttaw (Lower House) State&Region Hluttaws Total

  • ဆန်းဒါးလန်းနည်းပြ ရာထူးမှ နှုတ်ထွက်

    ဆန်းဒါးလန်းနည်းပြ ရာထူးမှ နှုတ်ထွက်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    sund

    – ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲအပြီး နိုင်ပွဲတစ်ပွဲမှမရှိဘဲ အဆင့် ၁၉ သို့ ရောက်နေသည့် ဆန်းဒါးလန်အသင်း၏ နည်းပြဖြစ်သူ ဒစ် အဒ်ဗိုကတ်မှာ နည်းပြရာထူးမှ ယနေ့တွင် နှုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး ဖိအားများသည့် ပရီးမီးယားလိဂ်တွင် ယခုနှစ်၏ ပထမဆုံး နည်းပြရာထူး အပြောင်းအလဲဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

    မတ်လက စတင် တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပေါင် ၂၅ သန်း အသုံးပြု၍ ကစားသမားများကို ၀ယ်ကာ အသင်းအား အားဖြည့်ခဲ့သော်လည်း ဆိုးရွားသော ခံစစ်မှတ်တမ်းဖြင့် ဆန်းဒါးလန်းမှာ ယခုအချိန်အထိ ၁ မှတ်သာရရှိထားပြီး အဒ်ဗိုကတ်ကမူ အသင်းအား ပြောင်းလဲပစ်ရန် အချိန်အများအပြားလိုအပ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်အနောက်မှာ ရပ်တည်ပေးခဲ့ကြသူတွေ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီအသင်းဟာ ကြီးကျယ်တဲ့လူအများအပြားနဲ့ အလွန်ထူးခြားတဲ့အသင်းပါ။ ဒါပေမယ့် ဒီအချိန်ဟာ ဒီလိုလုပ်ဖို့ သင့်တော်တဲ့အချိန်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့်အတွက်မဟုတ်ပါဘူး။ အသင်းအတွက်ပါ”

    Ref: Goal

  • ၁၀ စုနှစ်အတွင်း အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို နေတိုးအဖွဲ့ စတင်

    ၁၀ စုနှစ်အတွင်း အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို နေတိုးအဖွဲ့ စတင်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    nato

    – ၁၃ နှစ်တာကာလအတွင်း အကြီးဆုံး စစ်ရေးလေ့ကျင်မှုအဖြစ် နိုင်ငံပေါင်း ၃၀ မှ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကာ နေတိုးအဖွဲ့က အီတလီ၊ စပိန်နှင့် ပေါ်တူဂီနိုင်ငံများတွင် စစ်ရေးလေ့ကျင့်မှုကို ယနေ့တွင် စတင်လိုက်သည်။

    Trident Juncture 2015 ဟု အမည်ပေးထားသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများ၊ ယခင် ဆိုဗီယက်နိုင်ငံဟောင်းများနှင့် အာဖရိကသမဂ္ဂမှ နိုင်ငံများ ပါဝင်ပြီး စုစုပေါင်း စစ်သား ၃၆၀၀၀၊ စစ်ရေယာဉ် ၆၀ ကျော်နှင့် လေယာဉ် ၂၀၀ ကျော်တို့ဖြင့် ကြည်း၊ ရေ၊ လေ လေ့ကျင့်ရေး၊ လက်တွေ့ တိုက်ခိုက်မှု လေ့ကျင့်ခန်းများကို နိုဝင်ဘာ ၁၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

    “ဒီလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က နေတိုး တန်ပြန်တုန့်ပြန်ရေးတပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့နဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ အထူးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ အဆင်သင့်ဖြစ်နေမှု၊ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေကို စမ်းသပ်ဖို့ဖြစ်ပါတယ်” ဟု နေတိုး ပူးပေါင်းထပ်ဖွဲ့မှ တပ်မှူးဖြစ်သူ ဗိုလ်ချုပ် ဟန်စ် လိုသာရ် ဒွမ်ရို့စ်က ပြောကြားခဲ့သည်။

    Ref: RT