အောက်တိုဘာ ၄၊ ၂၀၁၅
M-Media
– ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲအပြီး နိုင်ပွဲတစ်ပွဲမှမရှိဘဲ အဆင့် ၁၉ သို့ ရောက်နေသည့် ဆန်းဒါးလန်အသင်း၏ နည်းပြဖြစ်သူ ဒစ် အဒ်ဗိုကတ်မှာ နည်းပြရာထူးမှ ယနေ့တွင် နှုတ်ထွက်သွားခဲ့ပြီဖြစ်ပြီး ဖိအားများသည့် ပရီးမီးယားလိဂ်တွင် ယခုနှစ်၏ ပထမဆုံး နည်းပြရာထူး အပြောင်းအလဲဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။
မတ်လက စတင် တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပေါင် ၂၅ သန်း အသုံးပြု၍ ကစားသမားများကို ၀ယ်ကာ အသင်းအား အားဖြည့်ခဲ့သော်လည်း ဆိုးရွားသော ခံစစ်မှတ်တမ်းဖြင့် ဆန်းဒါးလန်းမှာ ယခုအချိန်အထိ ၁ မှတ်သာရရှိထားပြီး အဒ်ဗိုကတ်ကမူ အသင်းအား ပြောင်းလဲပစ်ရန် အချိန်အများအပြားလိုအပ်သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော့်အနောက်မှာ ရပ်တည်ပေးခဲ့ကြသူတွေ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီအသင်းဟာ ကြီးကျယ်တဲ့လူအများအပြားနဲ့ အလွန်ထူးခြားတဲ့အသင်းပါ။ ဒါပေမယ့် ဒီအချိန်ဟာ ဒီလိုလုပ်ဖို့ သင့်တော်တဲ့အချိန်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့်အတွက်မဟုတ်ပါဘူး။ အသင်းအတွက်ပါ”
Ref: Goal


Leave a Reply
You must be logged in to post a comment.