News @ M-Media

၂၀၁၅ ရွေးကောက်ပွဲ ဝင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုးကွယ်ရာ ဘာသာအလိုက် လူဦးရေ အချိုးအစား

အောက်တိုဘာ ၄ ၊ ၂၀၁၅
M-Media
သီဟ
Total List
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ်၂၀၁၅ ရွေးကောက်ပွဲအား ပါတီပေါင်းစုံမှ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အရေအတွက်မှာ
အမျိုးသားလွှတ်တော် ၈၈၆ ယောက်
ပြည်သူ့လွှတ်တော် ၁၇၄၅ ယောက်
တိုင်းဒေသကြီးလွှတ်တော် ၃၄၄၃ ယောက်
လွှတ်တော် ၃ ရပ် ဝင်ပြိုင်မည့် စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၆၀၇၄ ဦး ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ကြေငြာချက်များ အရ သိရှိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ ကိုးကွယ်ရာ ဘာသာအလိုက် လူဦးရေ အရေအတွက်နဲ့ ရာခိုင်နှုန်းကို ရွေးကောက်ပွဲကော်မရှင် ရဲ့ ထုတ်ပြန်တဲ့ စာရင်းများအား ကိုးကား၍ ကောက်နှုတ်ဖော်ပြလိုက်ရပါတယ်။

ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်သည့် ကိုယ်စားလှယ်လောင်းများမှ ၁၀၀ ကျော်ကို ကော်မရှင်မှ မိဘများ နိုင်ငံသားဖြစ်မှု သံသယရှိမှု ပုဒ်မဖြင့် ပယ်ချခဲ့ပြီး ပယ်ချခံရသူအများစုမှ  အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြောင်း သိရှိရပါတယ်။

ထိပ်တန်း ပါတီကြီး ၂ ခု ဖြစ်တဲ့ ပြည်ထောင်စုကြံခိုင်ရေးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ ၂ ခုစလုံးတွင် အစ္စလာမ်ဘာသာဝင် လွှတ်တော်ကိုယ်စားတစ်ဦးမျှ ရွေးချယ်ခဲ့ခြင်း မရှိခဲ့ပါ။

Amyotha Hluttaw (Upper House) Pyithu Hluttaw (Lower House) State&Region Hluttaws Total

Comments

Leave a Reply