စက်တင်ဘာ ၂၈ ၊ ၂၀၁၅ (မြန်မာစံတော်ချိန် ည ၈ နာရီ Update)
M-Media
သီဟ
.
၂၀၁၅ ခုနှစ် ဟဂ်ျခရီးစဉ်တွင် စက်တင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် စုပြုံတိုးဝှေ့မှုကြောင့် လူညှပ်၍ သေဆုံး၊ ပျောက်ဆုံး ခဲ့သည့် မြန်မာဟာဂျီများနှင့် ၄င်းဖြစ်စဉ် နှင့် မသက်ဆိုင်ဘဲ မကျန်းမာ၍ ကွယ်လွန်ခဲ့သည့် မြန်မာနိုင်ငံမှ ဟာဂျီများကို စုစည်း တင်ပြပေး လိုက်ပါတယ်။
.
လူညှပ်သည့် ဖြစ်စဉ်ကြောင့် ကွယ်လွန်သည့် စာရင်း (Multi Point)
—————————————
၁။ ဟာဂျီမ ဒေါ်မိုးမိုးအောင် (ကျွန်းကလေး)
၂။ ဟာဂျီမ ဒေါ်ညိမ်းအေး (ပုသိမ်)
၃။ ဟာဂျီ မုဟမ္မဒ်ရှားဟ် (ရန်ကုန်)
၎။ ဟာဂျီ ဦးစန်ဝင်း (ထာဝယ်)
၅။ ဟာဂျီမ ဟဝါဘီဘီ (မန္တလေး)
.
လူညှပ်သည့် ဖြစ်စဉ်ကြောင့် ပျောက်ဆုံးစာရင်း (Multi Point)
—————————————
၁။ ဟာဂျီ ဖိုင်ဇဲလ် (ခ) မျိုးသူစန်းလွင် ( ရန်ကုန်)၊
၂။ဟာဂျီ အဟ်မဒ်ဘိုင်(ခ)သန်အေး (မလေးရှား)၊
၃။ ဟာဂျီ တင်ရွှေ (ပုသိမ်)၊
၎။ ဟာဂျီ ဟာဖိစ်ယူနွစ် (ရန်ကုန်)၊
၅။ ဟာဂျီမ ဇိုင်နဗ် ဘီဘီ (ရန်ကုန်)၊
.
***အထက်ပါစာရင်းမှာ Multi Point ကုမ္ပဏီရဲ့ တရားဝင် FB Page မှ ထုတ်ပြန်ထားသော စာရင်းများအား ကိုးကားဖော်ပြခြင်းဖြစ်ပါသည်။
.
လူညှပ်သည့် ဖြစ်စဉ်ကြောင့် မဟုတ်ဘဲ ရောဂါကြောင့် ကွယ်လွန်ခဲ့ကြသည့် မြန်မာဟာဂျီများ
——————————————
၁။ ဟာဂျီ မော်လဝီဦးကျော်သန်း (တာမွေ) [ခွဲတမ်းဟာဂျီ (အစိုးရမဲဟာဂျီ)]
(မူလက လူညှပ်၍ ကွယ်လွန်ခဲ့သည်ဟု မီဒီယာများတွင် ဖော်ပြခဲ့၊ နောက်ပိုင်း သိရှိရသည့် ဆေးရုံမှတ်တမ်းအရ ရောဂါကြောင့် ကွယ်လွန်ကြောင်းသိရှိရ)
၂။ ဟာဂျီ ဦးကျော်မြ (ကျား) -(Flying Phoenix ကုမ္ပဏီ)
၃။ ဟာဂျီမ Hasinar Bi Gaung (မ) (Flying Phoenix ကုမ္ပဏီ)
၎။ ဟာဂျီ Boli (ကျား) (Bonny Garden ကုမ္ပဏီ)
–
** နောက်ဆက်တွဲ ရရှိသည့် သတင်းများကို
ဆက်လက်ပြီး Update လုပ်ပေးသွားပါ့မယ်။
Blog
-
ဟဂ်ျခရီးစဉ်တွင် မြန်မာဟာဂျီများ ကွယ်လွန်၊ ပျောက်ဆုံးသည့် စာရင်း
-
နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၈၊ ၂၀၁၅)
M-Media
တရားရင်ဆိုင်နေရသည့် ဘလတ္တာကို ရုရှားက ထောက်ခံနေဆဲ
………………………………
ဖီဖာဥက္ကဌ ဘလတ္တာအား ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်နေသည်ဟု ဆွစ်ဇ် တရားသူကြီးချုပ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားခဲ့သော်လည်း မိမိတို့အနေဖြင့် ဘလတ္တာအား ဆက်လက်ထောက်ခံသွားမည်ဟု ရုရှား အားကစားဝန်ကြီး ဗီတာလီ မတ်ကိုက ပြောကြားခဲ့သည်။ ရုရှားမှာ အငြင်းပွားဖွယ် အိမ်ရှင်ရွေးချယ်မှုပြဿနာ ရှိနေသည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့်ရရှိထားသည့်
နိုင်ငံဖြစ်သည်။ မက်ကိုကမူ ဘလတ္တာမှာ ၎င်း၏ ဥက္ကဌလုပ်ပိုင်ခွင့်အား ဖီဖာကွန်ဂရက်ကို လွှဲပေးခြင်းမှာ မှန်ကန်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။မော်လ်ဒိုက်သမ္မတ၏ အမြန်ရေယာဉ်ပေါ်တွင် ပေါက်ကွဲမှုဖြစ်
…………………………………
မော်လ်ဒိုက်နိုင်ငံမြို့တော် မာလီတွင် သမ္မတ အဘ်ဒူလာ ယာမင်းနှင့် ၎င်း၏ ဇနီးဖြစ်သူတို့အား တင်ဆောင်ထားသည့် ရေပေါ်ရှပ်ပြေး အမြန်ယာဉ်တွင် ယနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် သမ္မတကတော် ဖသ်မဟ် အီဗရာဟင်၊ သမ္မတ၏ အကူနှင့် အစောင့်တစ်ဦးတို့ ဒဏ်ရာရှိခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ သမ္မတမှာ ဟဂ်ျဘုရားဖူးခရီးစဉ်မှ ပြန်လာပြီး လေဆိပ်မှ အိမ်သို့ပြန်စဉ် ထိုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးများ၊ လွှတ်တော်အမတ်များလည်း အဆိုပါ ရှပ်ပြေးယာဉ်ပေါ်တွင် လိုက်ပါလာခဲ့ကြသည်။ပြိုင်ကားစံချိန်တစ်ခုကို ဟာမီလ်တန် လိုက်မီခဲ့
……………………………………….
မာစီးဒီးစ် ပြိုင်ကားအသင်းမှ လူးဝစ်ဟာလ်မီတန်မှာ ဂျပန်ဂရင်းပရီပြိုင်ပွဲတွင် ယမန်နေ့က ဗိုလ်စွဲနိုင်ခဲ့ပြီးနောက် ကွယ်လွန်သူ ပြိုင်ကားသမား အေယာတန် ဆန်နာ၏ ဖော်မြူလာဝမ်း ၄၁ ကြိမ်ဗိုလ်စွဲနိုင်မှု စံချိန်ကို လိုက်မှီသွားခဲ့ပြီဖြစ်သည်။ ထိုဗိုလ်စွဲမှုမှာ ဗြိတိန်နိုင်ငံသား ဟာမီလ်တန်၏ ယခုရာသီ ၈ ကြိမ်မြောက်ဗိုလ်စွဲခြင်းလည်း ဖြစ်ပြီး ပြိုင်ပွဲ ၅ ပွဲ ကျန်နေသည့်အချိန်တွင် အသင်းဖော် နီကို ရို့စ်ဘာ့ဂ်အား ၄၈ မှတ် ဖြတ်ထားနိုင်သည်။Ref: News Agencies
-
မြန်မာအမျိုးသားလေကြောင်းလိုင်းတွင် ကမ္ဘာ့အဆင့် ဖျော်ဖြေရေးဝန်ဆောင်မှုများ ပေးတော့မည်
စက်တင်ဘာ ၂၈၊ ၂၀၁၅
M-Media– ကမ္ဘာတစ်ဝှမ်းရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ လေကြောင်းဆက်သွယ်ရေးစနစ်များ၊ လုပ်ငန်းလည်ပတ်မှုပိုင်းဆိုင်ရာ ဖြေရှင်းပေးမှုများနှင့် မီဒီယာစနစ်များ ၀န်ဆောင်မှုပေးနေသည့် Global Eagle Entertainment Inc (GEE) ကုမ္ပဏီမှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA နှင့် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
ထိုသဘောတူညီချက်အရ MNA မှ လေယာဉ်ပျံသန်းနေစဉ် ပေးအပ်သွားမည့် ဖျော်ဖြေရေး ၀န်ဆောင်မှုများတွင် GEE ၏ ဗီဒီယိုများ၊ သီချင်းများ၊ ဂိမ်းများ ပါဝင်လာမည်ဖြစ်ပြီး၊ ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေး သရုပ်ပြမှု ဗီဒီယိုများလည်း ပါဝင်မည်ဖြစ်သည်။
GEE မီဒီယာဌာနမှ ဒုတိယဥက္ကဌဖြစ်သူ အမီရ် ဆမ်နာနီက MNA မှ လေယာဉ်များအား ၀န်ဆောင်မှုပေးနိုင်ခြင်းကြောင့် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။ GEE မှ ဖျော်ဖြေရေး ၀န်ဆောင်မှုများမှာ MNA မှ ထပ်တိုးပြေးဆွဲသည့် ပြည်တွင်းခရီးစဉ် ၂၆ ခုတွင်လည်း ပါဝင်မည်ဖြစ်သည်။
“မြန်မာအမျိုးသားလေကြောင်းလိုင်းက ဒေါ်လာသန်းနဲ့ချီတဲ့ အားသစ်လောင်းမှုတွေ ပြုလုပ်နေပါတယ်။ ခရီးသွားတွေကို ကမ္ဘာ့အဆင့် ဖျော်ဖြေမှုတွေပေးဖို့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုမှာ GEE ဟာ အဓိကကျတဲ့နေရာက ပါဝင်ပါလိမ့်မယ်” ဟု MNA မှ အမှုဆောင်အကြီးအကဲဖြစ်သူ ကပ္ပတိန် ဦးသန်းထွန်းက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင် အခြေစိုက်သည့် GEE ကုမ္ပဏီမှာ ကမ္ဘာ့တစ်ဝှမ်းမှ လေကြောင်းလိုင်းပေါင်း ၁၄၀ ကျော်ကို ၀န်ဆော်မှုများ ပေးလျက်ရှိနေသည်။
Ref: marketwatch
-
ဗြိတိန် နံပါတ် ၁ နေရာကို လက်လွှတ်လိုက်ရတဲ့ တင်းနစ်မယ် ၀ပ်စတန်
စက်တင်ဘာ ၂၈၊ ၂၀၁၅
M-Media– တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Whan Open တင်းနစ်ပြိုင်ပွဲ ပထမအဆင့်တွင် ရှုံးနိမ့်ခဲ့သည့် နာမည်ကြီး တင်းနစ်မယ် ဟီသာ ၀ပ်ဆန်မှာ ဗြိတိန် နံပါတ် ၁ နေရာကို စွန့်လွန်လိုက်ရပြီဖြစ်သည်။
ဝပ်ဆန်မှာ ကမ္ဘာ့အဆင့် ၂၅ ရှိ တင်းနစ်မယ် ဂျလီနာဂျန်ကိုဗစ်ကို ၆-၃၊ ၂-၆၊ ၆-၃ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး၊ အန်ဒရီယာ ပက်ကိုဗစ်ကို အနိုင်ရရှိကာ ဒုတိယအဆင့်သို့ တက်ရောက်သွားသည့် ဂျိုဟာနာ ကွန်တာက ဗြိတိန်နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့ပြီဖြစ်သည်။
ပြီးခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့သည့် ကိုရီးယားအိုးပင်း တင်းနစ်ပြိုင်ပွဲတွင်လည်း ၀ပ်စတန်မှာ ပထမအဆင့်ကပင် ထွက်ခဲ့ရသည်။
Ref: Dailymail
-
မီနာလူအုပ်တိုးဝှေ့မှုအတွင်း ကွယ်လွန်သူများ၏ ရုပ်ကလပ်များကို လိုချင်ပါက ဆော်ဒီ ပြန်ပို့ပေးမည်
စက်တင်ဘာ ၂၈၊ ၂၀၁၅
M-Media– ပြီးခဲ့သည့် ကြာသာပတေးနေ့က မက္ကာမြို့အပြင်ဘက် မီနာတွင် ဟဂ်ျကျင့်စဉ်အတွင်း လူတိုးဝှေ့မှုကြောင့် ကွယ်လွန်သွားသူများကို မက္ကာမြို့ရှိ သုဿာန် ၆ ခု၌ မြှုပ်နှံသင်္ဂြိုဟ်သွားမည်ဟု ပြန်ကြားရေးအကြီးအကဲ အိုစာမာ ဇေတွန်က ပြောကြားခဲ့သည်။
အဆိုပါ လူအုပ်တိုးဝှေ့မှုကြောင့် ကွယ်လွန်သွားသူများမှာ ၇၆၉ ဦးရှိပြီး မိသားစုများက ရုပ်ကလပ်ကို ဇာတိမြေတွင် မြှုပ်နှံချင်ပါက ဆော်ဒီအစိုးရက အလောင်းပေးပို့ကာ လိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ရုပ်ကလပ်များကိုမူ ကျန်ရစ်သူများ၏ ခွင့်ပြုချက်ဖြင့် မက္ကာမြို့တွင် သင်္ဂြိုဟ်ပေးမည်ဖြစ်သည်။
Ref: Arabnews