စက်တင်ဘာ ၂၉၊ ၂၀၁၅
M-Media
– ထိုင်ဝမ်ကျွန်းတွင် အင်အားပြင်းထန်သည့် တိုင်ဖုန်းမုန်တိုင်းတစ်ခု ယမန်နေ့က တိုက်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။
လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၂၇ ကီလိုမီတာ ရှိခဲ့ပြီး မုန်တိုင်းကြောင့် လူဦးရေ ၁.၈ သန်းမှာ လျှပ်စစ်ဓာတ်အား ရရှိခြင်းမရှိဘဲ သစ်ပင်များ အမြစ်မှကျွတ်ထွက်ကာ ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် မြေပြိုမှုများလည်း ဖြစ်ပွားခဲ့သည်။
မြို့တော်ထိုင်ပေ အပြင်ဘက်တွင် ရွံ့နွံများကြောင့် လမ်းများ ပိတ်ဆို့နေပြီး မုန်တိုင်းမတိုက်ခင် လူပေါင်း ၁၂၀၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။ လူပေါင်း ၃၀၀၀ ခန့်ကို ယာယီ ကယ်ဆယ်ရေးစခန်းများတွင် နေရာချထားပေးထားသည်။
Ref : PressTV


Leave a Reply
You must be logged in to post a comment.