စက်တင်ဘာ ၂၉၊ ၂၀၁၅
M-Media
– အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့တွင် သေနတ်ပစ်မှုတစ်ခု ယမန်နေ့ညပိုင်းတွင် ဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးသွားသူများမှာ ကိုယ်ဝန်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၁ လအရွယ် ကလေးငယ်တစ်ဦး၏ အဖွားဖြစ်ပြီး၊ ထိုကလေးငယ်နှင့်အတူ အခြား အမျိုးသားနှစ်ဦးမှာလည်း ဒဏ်ရာရခဲ့သည်။
၎င်းတို့မိသားစုမှာ အပျော်ခရီးမှ ပြန်လာပြီး ပါကင်ထိုးထားသောကားမှ မိသားစုလိုက် ထွက်လာစဉ် အမည်မသိသူများက ကားတစ်စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသားနှစ်ဦးတွင် တစ်ဦးမှာ ခြေထောက်နှင့် တစ်ဦးမှာ ၀မ်းဗိုက်တို့အား သေနတ်မှန်ခဲ့ပြီး ကလေးငယ်မှာလည်း ပုံမှန်အနေအထား ရှိနေပြီဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။
ချီကာဂိုတွင် သေနတ်ပစ်မှုမှာ ပုံမှန်လိုလို ဖြစ်ပွားနေပြီး ယမန်နှစ်က ယခုအချိန်နှင့် နှိုင်းယှဉ်ပါက သေနတ်ပစ်ခတ်မှုမှာ ၂၀ ရာခိုင်နှုန်း တိုးလာသည်ဟု ရာဇ၀တ်မှု မှတ်တမ်းများအရ သိရသည်။
Ref: PressTV


Leave a Reply
You must be logged in to post a comment.