News @ M-Media

Blog

  • မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၅)

    မြန်မာ မွတ်စလင်မ်များနှင့် ၂၀၁၅ ဟဂ်ျကျင့်စဉ် ခရီးမှတ်တမ်း(၅)

    စက်တင်ဘာ ၂၆ ၊ ၂၀၁၅
    M-Media
    အဘာဘီးလ် ပေးပို့သည်။

    DSCN1504
    Photo-zikrifuad

    ယနေ့ ဟဂ်ျ ကျင့်စဉ် ပဉ္စမမြောက်ရက်အဖြစ် ဟာဂျီလောင်းများသည် စခန်းချရာ မီနာကွင်းပြင်မှ ရှိုက်တွာန် မာရ်နတ် အထိမ်းအမှတ် တိုင် သုံးခုကို ခဲပေါက်ရန် ဂျမရတ် အဆောက်အဦးသို့ မွန်းလွဲချိန်တွင် အသုတ်လိုက် သွားခဲ့ကြပါတယ်။

    အစ္စလာမ်၊ ခရစ်ယာန်နှင့် ဂျူးဘာသာတရား သုံးခု ဦးသျှောင်ကြီး တမန်တော် အီဘရာဟင်သခင်နှင့် သားတော်ကြီး အစ္စမိုင်အီလ်သခင်တို့ ကိုးကွယ်ရာ အရှင့် အမိန့်ကို နာခံရန် လာစဉ်တွင် ရှိုက်တွာန်မာရ်နတ်က သွေးဆောင်နှောင့်ယှက်ခဲ့ရာ မောင်းထုတ် ဆန်ကျင်ခဲ့ကြတဲ့ ထိုဖြစ်စဉ်ကို အထိမ်းမှတ်ပြုသည့် ကျင့်စဉ်ကို ကိုးကွယ်ရာအရှင်မှ ဟဂ်ျကျင့်စဉ်တွင် ပါဝင်ရန် တမန်တော်မြတ် မုဟမ္မဒ်သခင်မှ တဆင့် အမိန့်ပေး ကျင့်သုံးပြစေခဲ့ပါတယ်။

    ဟာဂျီလောင်းများသည် ထိုမာရ်နတ်အထိန်းမှတ်ကို ကျောက်ခဲဖြင့် ပစ်ပေါက်စဉ်တွင် မိမိတို့ မကောင်းစိတ် အကုသိုလ်စိတ်များကို စွန့်ပယ်နေသည် မိမိတို့ မာရ်နတ် သွေးဆောင်မှုကို လုံးဝလက်မခံ ဆန်ကျင်ကြောင်း နှလုံးသွင်းကျရပါတယ်။

    ထို့သို့မာရ်နတ် သွေးဆောင်မှုမှ အကာအကွယ်ရရန်နှင့် မိမိကိုယ်ကို ပြုပြင်နိုင်ရန် ကိုးကွယ်ရာအရှင်မြတ်ထံ ခိုလှုံဆုမွန်တောင်းခံရပါတယ်။

    ဟာဂျီလောင်း အများစုမှာ ညနေမတိုင်ခင်ကတည်းက ထိုကျင့်စဉ်ကို ဆောင်ရွက်ခဲ့ကြပြီး မက္ကာမြို့တော်သို့ပြန်ကာ ဟာဂျီများ အဖြစ်ခံယူသွားကြပြီဖြစ်ပါတယ်။

    အချို့မှာလည်း နေအေးချိန်ကိုစောင့်၍ နေမဝင်မည် ကျင့်ဆောင်ကြမည်ဖြစ်ပါတယ်။

    အပိုင်း
    ၁။ http://www.m-mediagroup.com/news/45863
    ၂။ http://www.m-mediagroup.com/news/45929
    ၃။http://www.m-mediagroup.com/news/45953
    ၄။ http://www.m-mediagroup.com/news/45963

    12063871_634043050072168_2797501525372392654_n
    ဓါတ်ပုံ – မ.မ.လ

    1545870_1917639125126931_4043158591883658011_n 12019787_1917639421793568_6811974713398136680_n 12063320_1917639318460245_6356696565421594942_n

  • နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၂၆၊ ၂၀၁၅)

    စက်တင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    သီရိလင်္ကာ မြေပြိုမှု လူ ၇ ဦးသေဆုံး
    ………………….
    သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် ၂ နှစ်သားကလေးငယ် အပါအ၀င် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကာ ၁၈၀ မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု The Hindu သတင်းစာက ယနေ့တွင် ဖော်ပြခဲ့သည်။ ထို့ပြင် မြို့အတွင်းရှိ အဓိကလမ်မများမှာလည်း ရေမြုပ်ခဲ့သည်။ သီရိလင်္ကာတွင် မေလမှ နိုဝင်ဘာလအထိ ကျရောက်သော မိုးတွင်းကာလ၌ မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိပြီး ပြီးခဲ့သည့်နှစ်အတွင်း ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီး အနည်း ၃၀၀ ပျောက်ဆုံးခဲ့သည်။

    မက္ကဆီကိုတွင် ကျောင်းသားများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်
    …………………………..
    မက္ကဆီကိုရှိ မူးယစ်ဂိုဏ်များကြီးစိုးရာ အီဂွလာမြို့၌ တက္ကသိုလ်ကျောင်းသား ၄၃ ဦး ပျောက်ဆုံးသွားခဲ့သည့် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်ရန် ကျောင်းသားများက ဘတ်စ်ကားများဖြင့် မြို့တော်သို့ ချီတက်လာစဉ် မက္ကဆီကိုရဲတပ်ဖွဲ့ဝင်များက တားမြစ်သောကြောင့် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြကြသည်။ ဒဏ်ရာရရှိသူများတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ခြင်း မရှိပေ။

    ဘာကီနာဖာဆို အာဏာသိမ်းခေါင်းဆောင်၏ ပိုင်ဆိုင်မှုများ အသိမ်းခံရ
    ……………………..
    ပြီးခဲ့သည့်တစ်ပတ်က ခေတ္တအစိုးရမှ သမ္မတနှင့် ၀န်ကြီးချုပ်တို့ကို ဖမ်းဆီးကာ မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်ခဲ့သည့် ဘာကီနာဖာဆို သမ္မတအထူးအစောင့်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဂီလ်ဘာ့တ် ဒီရန်ဒီရီ အပါအ၀င် အာဏာသိမ်းမှုနှင့် ဆက်စပ်သည်ဟု ယူဆရသော သံသယရှိသူ အခြား ၁၃ ဦး၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်သည်ဟု တရားသူကြီးချုပ်က နေ့တွင် ကြေငြာခဲ့သည်။ သမ္မတ ပြန်ဖြစ်လာသည့် မိုက်ကယ် ကာဖန်ဒိုမှာ လုံခြုံရေးအကြီးအကဲကိုလည်း ယနေ့တွင် ရာထူးမှ
    ထုတ်ပယ်လိုက်ပြီး အာဏာသိမ်းမှုအတွက် တာဝန်ရှိသူများကို ဖော်ထုတ်ရန် ကော်မရှင် တစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။

    Ref: News Agencies

  • ဘန်ကောက်ရှိ ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်မှု အဓိကတရားခံကို ထိုင်းကြေငြာ

    ဘန်ကောက်ရှိ ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်မှု အဓိကတရားခံကို ထိုင်းကြေငြာ

    စက်တင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    thai 3

    – ဘန်ကောက်ရှိ ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပထမဆုံး ဖမ်းဆီးထားသည့် အဒီမ်း ကာရာဒက်ဂ်မှာ လုံခြုံရေးကင်မရာတွင် တွေ့ခဲ့ရသည့် နတ်ကွန်းသို့ ၀င်ရောက်ဗုံးထောင်ခဲ့သူ ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားလိုက်ပြီး၊ ယခင် ထုတ်ပြန်ချက်များနှင့် ကွဲလွဲနေသည်။

    သြဂုတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထိုပေါက်ကွဲမှုအတွင်း လူ ၂၀ သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပရာဝပ် သာဗွန်ဆီရီက နတ်ကွန်းရှိ ခုံတွင် ဗုံးပါသည့် ကျောပိုးအိတ် ထားခဲ့သည်ကို ကင်မရာ၌ မြင်တွေ့ခဲ့ရသော အင်္ကျီအ၀ါနှင့်လူမှာ ၎င်းတို့ ဖမ်းဆီးထားသူ နိုင်ငံခြားသားဖြစ်သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

    “လုံခြုံရေးကင်မရာ၊ မျက်မြင်သက်သေတွေရဲ့ ပြောကြားမှုနဲ့ ၎င်းရဲ့ထွက်ဆိုချက်တွေအရ အဒီမ်းဟာ အင်္ကျီအ၀ါနဲ့လူ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါပြီ။ အခင်းဖြစ်ရာနေရာမှာ ဗုံးထားခဲ့ပြီးနောက် သူဟာ ဆိုင်ကယ်တက္ကဆီကို ခေါ်ခဲ့ပြီး သူ့အင်္ကျီကိုလည်း လွမ်ပီနီပန်းခြံက နားနေဆောင်မှာ လဲခဲ့ပါတယ်” ဟု သာဗွန်ဆီရီက ဆိုသည်။

    အဒီမ်းမှာ ကြိုတင်စီမံ၍ လူသတ်မှုအပါအ၀င် စွဲချက် ၈ ခုဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။ သို့သော်လည်း အဒီမ်း၏ ရှေ့နေဖြစ်သူ ချက်က်ချာ့တ် ကန့်ပ်ဟိုင်ကမူ ၎င်း၏အမှုသည်မှာ အပြစ်မဲ့သည်ဟု ပြောကြားခဲ့သည်။

    “(လုံခြုံရေးကင်မရာက) အ၀ါရောင်အင်္ကျီနဲ့လူရဲ့ ပုံပန်းသွင်ပြင်နဲ့ အဒီမ်းဟာ မကိုက်ညီပါဘူး။ သူ ၀န်ခံမယ်လို့လည်း ကျွန်တော် မယုံဘူး”

    ထိုဗုံးကွဲမှုအတွက် ဖမ်းဆီးခံထားရသူနှစ်ဦးမှ အခြားတစ်ဦးဖြစ်သူ ယူဆူဖူ မီရိုင်လီမှာ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး၊ ၎င်းမှာ ဗုံးကို မိုဘိုင်းဖုန်းဖြင့် ဖောက်ခွဲခဲ့သည်ဆိုသော ပြောကြားမှုအတွက် ရဲတပ်ဖွဲ့က သက်သေအထောက်အထား ဖော်ပြခဲ့ခြင်းမရှိချေ။

    ရဲတပ်ဖွဲ့မှာ စောစောပိုင်းက ဖမ်းဆီးထားသူ နှစ်ဦးစလုံး ဗုံးခွဲသူမဖြစ်နိုင်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မီရိုင်လီမှာ ထိုတိုက်ခိုက်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ဗုံးအား စနတ်တံ ဖြုတ်ခဲ့သူမဟုတ်ဟုလည်း ပြောထားဖူးသည်။

    Ref: Aljaeera

  • လေယာဉ်စက်သုံးဆီ ဖြန့်ဖြူးမှုကို မြန်မာအစိုးရက စင်ကာပူကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်

    လေယာဉ်စက်သုံးဆီ ဖြန့်ဖြူးမှုကို မြန်မာအစိုးရက စင်ကာပူကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်

    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    – မြန်မာနိုင်ငံအတွင်းရှိ လေဆိပ်များသို့ လေယာဉ်စက်သုံးဆီ ဖြန့်ဖြူးရောင်းချရန်အတွက် နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းလုပ်ငန်း MPPE နှင့် Puma Energy Group Pte လိမိတက်တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ယနေ့တွင် ဖော်ပြခဲ့သည်။

    ခရီးသွားများ ရောက်ရှိမှု တစ်ဟုန်ထိုး မြင့်တက်လာပြီး လေဆိပ်အသစ်များက ၀ယ်လိုအား တက်လာသည့်အချိန်တွင် လေယာဉ်စက်သုံးဆီများ ပိုမိုဖြန့်ဖြူးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် MPPE မှာ ဇကာတင် ကုမ္ပဏီ ၄ ခုမှ Puma Energy ကို ပြီးခဲ့သည့်နှစ်တွင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    စင်ကာပူအခြေစိုက်ဖြစ်သော အဆိုပါကုမ္ပဏီနှင့် MPPE တို့မှာ ယမန်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

    သဘောတူညီချက်အရ လုပ်ငန်းနှစ်ခုမှာ National Energy Puma Aviation Services အမည်ဖြင့် ကုမ္ပဏီ အသစ်တစ်ခုကို ထူထောင်ကာ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး MPPE က လက်မှတ်ထိုးကြေးအဖြစ် ကန်ဒေါ်လာ သန်း ၂၀ ရရှိခဲ့သည်။

    ကုမ္ပဏီအသစ်တွင် အသုံးပြုမည့် စက်ကိရိယာများအတွက် MPPE က ကန်ဒေါ်လာ ၂၆ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး Puma Energy က ကန်ဒေါ်လာ ၅၁ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

    လက်ရှိတွင် MPPE မှာ နိုင်ငံအတွင်း လေယာဉ်စက်သုံးဆီကို တစ်ဦးတည်း ဖြန့်ဖြူးသူဖြစ်ပြီး နှစ်စဉ် လေဆိပ် ၁၁ ခုသို့ စက်သုံးဆီ ဂါလံ ၂၉ သန်း ဖြန့်ဖြူးပေးပို့လျက် ရှိနေသည်။

    Puma Energy မှာ နိုင်ငံပေါင်း ၄၀ တွင် စွမ်းအင်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်နေပြီး ၎င်းတို့၏ တန်ဖိုးမှာ ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၃.၄ ဘီလီယံအထိ ရှိနေသည်ဟု ကုမ္ပဏီ၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထိုကုမ္ပဏီမှာ နိုင်ငံတစ်ဝှမ်းရှိ လေဆိပ်ပေါင်း ၄၇ ခုသို့ စက်သုံးဆီ ဖြန့်ဖြူးပေးလျက် ရှိသည်။

    မြန်မာနိုင်ငံ၏ လေဆိပ်သုံးခုဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်များတွင် လေယာဉ်စက်သုံးဆီ ၀ယ်လိုအားမှာ အလျင်အမြန် မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။ အရပ်သားတစ်ပိုင်းအစိုးရ ၂၀၁၁ ခုနှစ်တွင် အာဏာရပြီးနောက် နိုင်ငံခြားခရီးသွားများ ရောက်ရှိလာမှုမှာ တစ်ဖြည်းဖြည်းဖြင့် တိုးတက်လာခဲ့သည်။

    လေယာဉ်စက်သုံးဆီ တင်သွင်းမှုမှာလည်း မြင့်တက်လာခဲ့ပြီး ၂၀၁၀-၁၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁.၉၂ ဘီလီယံဖိုး၊ ၂၀၁၃-၁၄ တွင် ကန်ဒေါ်လာ ၂.၃ သန်းဖိုး အသီးသီး ရှိခဲ့ရာမှ ၂၀၁၄-၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၂.၄၄ ဘီလီယံဖိုး ရှိလာခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်မှုများအရ သိရသည်။

    Ref: Reuterss

  • ခရိုင်းမီးယားတွင် ဗလီဝတ်ကျောင်းတော်တစ်လုံး စတင်ဆောက်လုပ်

    ခရိုင်းမီးယားတွင် ဗလီဝတ်ကျောင်းတော်တစ်လုံး စတင်ဆောက်လုပ်

    စက်တင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    mos
    ဆောက်လုပ်မည့် ဗလီဝတ်ကျောင်းတော် ဒီဇိုင်း

    – ရုရှား၏ အုပ်ချုပ်မှုအောက် ရောက်နေသည့် ခရိုင်းမီးယားကျွန်းဆွယ် မြို့တော် ဆင်ဖီရိုပိုလ်တွင် ဗလီဝတ်ကျောင်းတော် တစ်လုံးကို ယမန်နေ့က စတင် အုတ်မြစ်ချ ဆောက်လုပ်ခဲ့သည်ဟု ကျွန်းဆွယ် အုပ်ချုပ်ရေး အကြီးအကဲ ဆာဂျီ အက်စ်ယိုနော့ဗ်က ပြောကြားခဲ့သည်။

    ထိုဗလီဝတ်ကျောင်းတော်ကို အကျယ်အ၀န်း ၂.၇ ဟက်တာရှိသည့် မြေနေရာတွင် ဆောက်လုပ်မည်ဖြစ်ကာ ၄၉ မီတာရှိသည့် မင်နာရတ် ၄ ခု ပါဝင်ဖြစ်သည်။ ထို့ပြင် ၁၈ မီတာအချင်းရှိမည့် အမိုးခုံးတစ်ခုလည်း ထည့်သွင်းမည်ဖြစ်ပြီး တန်ဖိုးရှိ ကျောက်တုံးများဖြင့် ဆင်ယင် ချယ်သသွားရန် ရှိနေသည်။

    ထိုကဲ့သို့ ဆောက်လုပ်မှုကို “ခရိုင်းမီးယားဒေသ တည်ငြိမ်မှု၊ တိုင်းရင်းသားလူမျိုးများအတွင်း ငြိမ်းချမ်းမှုနှင့် ညီညွတ်မှုကို ပြသသည့် ပြယုဂ်တစ်ခုဖြစ်သည်ဟု အက်စ်ယိုနော့ဗ်က ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အဓိက အလုပ်က ဒေသတွင်းမှာရှိတဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအတွက် လေစားသမှုကို ဆက်လက်ထိန်းသိမ်းဖို့ပါပဲ”

    ခရိုင်းမီးယားဒေသတွင်း အစ္စလာမ်ဘာသာဝင်များမှာ အဆိုပါ ဗလီဝတ်ကျောင်းတော်အတွက် ၁၂ နှစ်ကြာ ဆောက်လုပ်ခွင့် တောင်းခံခဲ့ခြင်းဖြစ်သည်။ ဆောက်လုပ်မှု လုပ်ငန်းများမှာ ရုရှားရူဘယ် ၂ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ရုရှားနှင့် တူရကီအစိုးရတို့က ရန်ပုံငွေထောက်ပံ့ပေးသည်။ ဆောက်လုပ်ပြီးပါက ၀တ်ပြုသူပေါင်း ၄၀၀၀ ၀န်းကျင် ၀င်ဆန့်နိုင်မည်ဖြစ်သည်။

    အက်စ်ယိုနော့ဗ်ကမူ ထိုဗလီဝတ်ကျောင်းတော်မှာ ဆင်ဖီရိုပိုလ်နှင့် ခရိုင်းမီးယားကျွန်းဆွယ် တစ်ခုလုံးကို ပိုမို လှပသွားစေမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ခရိုင်းမီးယားဒေသတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ အများစုမှာ ကျွန်းဆွယ်အား ၁၃ ရာစုတွင် ထူထောင်ခဲ့ကြသည့် တူရကီအနွယ်ဝင် တာတာလူမျိုးများ ဖြစ်ကြပြီး ၂၀၀၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ တာတာလူမျိုးများမှာ ခရိုင်းမီးယားလူဦးရေ၏ ၁၂.၁ ရာခိုင်နှုန်း ရှိသည်။

    Ref: RT, Interfax