စက်တင်ဘာ ၂၈၊ ၂၀၁၅
M-Media
– တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုမှ လွတ်ကင်း၍ ပြည့်ဝသော ဒီမိုကရေစီရရေး ဆန္ဒပြမှု တစ်နှစ်ပြည့်အဖြစ် ဟောင်ကောင်ပြည်သူများမှာ စက်တင်ဘာ ၂၈ ရက် (ယနေ့) တွင် မြို့လယ်ကောင်၌ စုရုံးကြမည်ဟု သိရသည်။
တက်ကြွလှုပ်ရှားသူများမှာ အစိုးရ ဌာနချုပ်ရုံးများ အနီးတွင်ရှိပြီး ဆန္ဒပြမှုအား ထောက်ခံသည်ကို ရောင်စုံစာရွက်များဖြင့် ရေးသားကာ ကပ်ထားသော Lennon Wall နေရာ၌ ယနေ့ နေ့လည်တွင် စုရုံးရန် ပြင်ဆင်ထားကြသည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူးအား ဟောင်ကောင်ပြည်သူများ၏ သဘောဆန္ဒဖြင့် တင်မြှောက်နိုင်ရေးကို ရည်ရွယ်ကာ Occupy Central ဟု အမည်ပေးထားသည့် ဆန္ဒပြမှုကို ပြီးခဲ့သည့်နှစ်တွင် ကျောင်းသားများက စတင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး တစ်ပတ်တာ ကြာမြင့်ခဲ့သည်။ ထိုဆန္ဒပြမှုမှာ ဖမ်းဆီးမှုများဖြင့် အဆုံးသတ်ခဲ့ပြီး တရုတ်အစိုးရကလည်း ဟောင်ကောင်ပြည်သူများ၏ ဆန္ဒကို
လိုက်လျောခဲ့ခြင်း မရှိပေ။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.