စက်တင်ဘာ ၂၈၊ ၂၀၁၅
M-Media
– ပါလက်စတိုင်းပိုင် ဂျေရုစလင်ရှိ အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော်သို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက နှစ်ရက်မြောက်အဖြစ် ယနေ့တွင်လည်း ၀င်ရာက်စီးနင်းခဲ့ပြီး ပါလက်စတိုင်း ၀တ်ပြုသူများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အစ္စရေး ရဲတပ်ဖွဲ့မှာ ဒေသစံတော်ချိန် ယနေ့နံနက် ၇ နာရီ မတိုင်ခင် ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ၀တ်ပြုသူများအား မူးမေ့စေသည့်ဗုံးများ၊ မီးရှူးမီးပန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု မျက်မြင် သက်သေများက ပြောကြားခဲ့သည်။
ထို့ပြင် ဗလီဝတ်ကျော်တော်အား ကာကွယ်ရန် ရှိနေကြသည့် ပါလက်စတိုင်း ၀တ်ပြုသူများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ဂျူးလက်ယာစွန်းရောက်များကလည်း ဗလီဝတ်ကျောင်းတော်အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားနေပြီး တင်းမာမှုများလည်း မြင့်တက်လျက်
ရှိနေသည်။
ဗလီဝတ်ကျောင်းတော်၏ ခေါင်မိုးပေါ်တွင်လည်း အစ္စရေး စစ်သားများက နေရာယူထားကြသည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုမှာ တနင်္ဂနွေနေ့ ညနေပိုင်းက စတင်ခဲ့သော ဂျူးများ၏ အားလပ်ရပ်တွင် စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာကြာမြင့်မည့် အဆိုပါ အားလပ်ရပ်တွင် ဂျူးများမှာ ဂျေရုစလင်သို့ လာရောက် လည်ပတ်ကြသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ က သဘောတူညီချက်အရ ဂျူးများနှင့် အခြားသော ဘာသာဝင်များကို အက်ဆွာ ဗလီတ်ဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းသို့ နံနက် ၇ နာရီခွဲမှ ၁၁ နာရီခွဲအတွင်းသာ ၀င်ရောက်ခွင့်ပြုပြီး၊ ၀တ်ပြုခွင့် မပြုထားပေ။
ပါလက်စတိုင်း ၀တ်ပြုသူများကမူ လက်ယာစွန်းရောက်ဂျူးများမှာ သဘောတူညီချက်ကို ချိုးဖောက်ကာ ဗလီဝတ်ကျောင်းတော်အတွင်း ၀တ်ပြုမှုများကိုပြုလုပ်၍ ၎င်းတို့အား ရန်စနေသည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.