News @ M-Media
Blog
  • ကရှ်မီးယားတွင် ဟိန္ဒူဘုရားဖူးများ၏ အသက်ကို မွတ်စလင်များ ကယ်တင်ပေးခဲ့
    ကရှ်မီးယားတွင် ဟိန္ဒူဘုရားဖူးများ၏ အသက်ကို မွတ်စလင်များ ကယ်တင်ပေးခဲ့
    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media
    india
    – အိန္ဒိယပိုင် ကရှ်မီးယားဒေသတွင် ဟိန္ဒိုများ၏ ဘုရားဖူးပွဲတော် ကျင်းပနေစဉ် ရုတ်တရက် ရေကြီးလာမှုအတွင်း အသက်အန္တရာယ် ကြုံတွေ့ခဲ့ရသူများကို အိန္ဒိယမွတ်စလင်များက သက်စွန့်ဆံဖျား ကယ်တင်ခဲ့ကြသည်ဟု သိရသည်။
    “ကျွန်တော် မြင်ခဲ့ရတာကို ပြောပြဖို့ စကားလုံးတောင်မရှိပါဘူး” ဟု ပန်ဂျပ်ပြည်နယ်မှ ဘုရားဖူးလာရောက်သူ အယာထရီက ရေကြီးမှုနှင့်ပတ်သက်၍ Kashmir Media Service သို့ ဇူလိုင် ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
    အယာထရီမှာ နှစ်စဉ်ပြုလုပ်နေကြဖြစ်သော ဟိန္ဒူတို့၏ အထွဋ်အမြတ်ထားရာ Amarnath ဂူဗိမာန်သို့ ဘုရားဖူးလာရောက်ကြသည့် ရာပေါင်းများစွာသော ဟိန္ဒူဘုရားဖူးများထဲမှ တစ်ဦးလည်းဖြစ်သည်။ ဂန်ဒါဘဲလ်ခရိုင်ရှိ အဆိုပါဗိမာန်အနီး ဘုရားဖူးများ စခန်းချနေထိုင်ရာ နေရာများတွင် သောကြာနေ့က ရုတ်တရက် ရေကြီးလာခဲ့ပြီးနောက် ရဲတပ်ဖွဲ့နှင့် စစ်သားများကိုယ်တိုင် အသက်လု၍ ပြေးခဲ့ရသည်။
    သို့သော်လည်း ထိုဒေသရှိ မွတ်စလင်များက ဟိန္ဒူဘုရားဖူးများအား သက်စွန့်ဆံဖျား ကယ်တင်ခဲ့ကြသည်။
    “ရုတ်တရက် ရေကြီးလာမှုက တဲတွေနဲ့ အခြားပစ္စည်းတွေသာ မကဘဲ၊ လူတွေကိုလည်းမြစ်ထဲဆွဲခေါ်သွားတာပါ။ ကျွန်တော်တို့ အော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။ လူတိုင်းက ဘေးလွတ်ရာကို ပြေးနေကြပါတယ်” ဟု အယာထရီက အန္တာရာယ်နှင့်ကြုံတွေ့ခဲ့ရသော အခိုက်အတန့်ကို ပြောကြားခဲ့သည်။
    “တစ်ချိန်တည်းမှာ ကရှ်မီးယားဒေသခံတွေက ပေါ်လာပြီး ကလေးငယ်နှစ်ယောက်အပါအ၀င် ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို ကယ်တင်ခဲ့ပါတယ်။ သူတို့ကို ကျွန်တော် ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး။ ကျွန်တော့်မှာ စကားလုံးမရှိပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    အူတာပရာဒက်ရှ်ပြည်နယ် မာသူရာဒေသမှ အခြား ဟိန္ဒူဘုရားဖူးတစ်ဦးကလည်း ဟိန္ဒူအဖွဲ့အစည်းများအတွင်း နှစ်ပေါင်းများစွာ ရှိနေခဲ့သည့် အစ္စလာမ်အပေါ် ယူဆချက်အမှားများကို မွတ်စလင်များက ဖယ်ရှားခဲ့သည်ဟု ဆိုသည်။
    “ကျွန်မတို့မုန်းတီးတဲ့ လူတွေက ကျွန်မတို့ရဲ့ ကယ်တင်ရှင်တွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်မနဲ့ ကျွန်မယောက်ျားဟာ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး” ဟု အားနည်းနေပြီး ဆာလောင်မွတ်သိပ်နေသော ပရာသီဘာ ဒေ၀ီက ပြောကြားခဲ့သည်။
    “အိန္ဒိယမီဒီယာတွေက ကရှ်မီးယားပြည်သူတွေနဲ့ပတ်သက်ပြီး ဘယ်လိုပဲ ဖော်ပြနေပါစေ၊ ဒါတွေဟာ မုသားတွေပဲဆိုတာ (ရေကြီးမှုဖြစ်ပွားတဲ့) သောကြောနေ့ ညနေခင်းမှာ ကျွန်မတို့ သိခဲ့ရပါတယ်။ ဟိန္ဒူအဖွဲ့အစည်းတွေတောင်မှ ဒီမှာနေတဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး အဖျက်သဘောဆောင်တဲ့ ၀ါဒဖြန့်မှုတွေကို ခွင့်ပြုနေပါတယ်။ ကရှ်မီးယားပြည်သူတွေဟာ သတ္တိရှိသူတွေသာမကဘဲ၊ ကူညီတတ်တဲ့သူတွေလည်း ဖြစ်ပါတယ်” ဟု ဒေ၀ီက ထည့်သွင်းပြောကြားခဲ့သည်။
    ရေကြီးမှုဖြစ်ပွားစဉ်တွင် ကိုယ်လွတ်ရုန်းပြေးခဲ့ကြသည့် အိန္ဒိယရဲတပ်ဖွဲ့နှင့် စစ်တပ်များမှာလည်း ဝေဖန်ခံခဲ့ရပြီး ဟိန္ဒူဘုရားဖူးများကမူ ၎င်းတို့၏ အသက်မှာ ကက်ရှ်မီးယား မွတ်စလင်များပေးသော အသက်ပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ရဲ့ ၁၉ နှစ်အရွယ်သားလေးရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ဒေသခံမွတ်စလင်တွေကို လက်စုံမိုးပြီးတော့ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့အပေါ် ကရှ်မီးယားပြည်သူတွေ ကမ်းပေးခဲ့တဲ့ လက်တစ်စုံကို ကျွန်တော်တို့ဘ၀မှာ ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး” ဟု နယူးဒေလီမှ အန်နီလ် ကန်နာက ပြောကြားခဲ့သည်။
    ကရှ်မီးယားဒေသမှာ အိန္ဒိယအုပ်ချုပ်သောဒေသနှင့် ပါကစ္စတန်အုပ်ချုပ်သောဒေသဟူ၍ ၂ ပိုင်းကွဲနေပြီး ၁၉၄၇ လွတ်လပ်ရေးရပြီးနောက်ပိုင်း ထိုဒေသပိုင်ဆိုင်မှုအတွက် စစ်ပွဲများလည်း ဖြစ်ပွားခဲ့သည်။
    Ref: Onislam
  • ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး (HIV/ AIDS) အဖွဲ့မှ အီးဒ်မိတ်ဆုံ အခမ်းအနားပြုလုပ်
    ဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး (HIV/ AIDS) အဖွဲ့မှ အီးဒ်မိတ်ဆုံ အခမ်းအနားပြုလုပ်
    ဇူလိုင် ၂၅၊ ၂၀၁၄
    M-Media
    မိုးစက်
    1
    ရန်ကုန်။    ။ Myanmar Interfaith Network on AIDS (MINA) မြန်မာနိုင်ငံဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HIV/ AIDS) အဖွဲ့မှ အီးဒ်မိတ်ဆုံစားပွဲတစ်ရပ်ကို ဇူလိုင်လ ၂၅ ရက်နေ့ ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်ရှိ ဂျက်ဆင်ချခ်ျ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ အီးဒ်မိတ်ဆုံစားပွဲသို့ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ ဘာသာပေါင်းစုံဧည့်ပရိတ်သတ်များ၊ နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။
    MINA အဖွဲ့သည် ဘာသာအသီးသီးကြား အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတည်ဆောက်ရန်၊ HIV ပိုးရှိသူများကို ခွဲခြားနှိမ့်ချဆက်ဆံမှုမရှိသော ဘာသာရေးအသိုင်းအဝိုင်း တည်ဆောက်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ရပ်တည်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
    4
    5
    Muslim Youth Network
    2
  • အကျိုးအမြတ် တစ်စုံတစ်ရာ မမျှော်မှန်းဘဲ ပြုလုပ်တဲ့ မ.မ.လ အဖွဲ့ရဲ့ (၁၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲ
    အကျိုးအမြတ် တစ်စုံတစ်ရာ မမျှော်မှန်းဘဲ ပြုလုပ်တဲ့ မ.မ.လ အဖွဲ့ရဲ့ (၁၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲ
    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်
    8
    ရန်ကုန်။        ။ အကျိုးအမြတ် တစ်စုံတစ်ရာကို မျှော်မှန်းရည်မှန်းပြီး သွေးလှူဒါန်းပွဲ ကျင်းပရခြင်း မဟုတ်ပါဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ မြန်မာ မွတ်စလင်(မ်) လူငယ်များ (ဘာသာရေး) အဖွဲ့မှ အမျိုးသမီးရေးရာ ဌာနမှူး ဒေါ်ချိုက ဒီကနေ့ပြုလုပ်တဲ့ မမလ ဌာနချုပ် က ဦးဆောင်တဲ့ (၁၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲမှာ ပြောကြားခဲ့ပါသည်။
    “ဒီနေ့သွေးလှူလိုက်ပြီး နောက်တစ်ချိန် ကိုယ်သွေးပြန်လိုတဲ့ အချိန်ကျ သွေးပြန်ရပါစေတော့ ဆိုတော့ စိတ်ဓာတ်မျိုးနဲ့ သွေးလှူဒါန်း ပွဲလုပ်နေရခြင်း မဟုတ်ပါဘူး။ လိုအပ်တဲ့နေရာမှာ လိုသလိုသုံးနိုင်အောင်ပါ။ ဒီနေ့ ဒီမှာလာလှူကြတဲ့ လူတွေအားလုံးက စိတ်ထားချင်းတူလို့ ဒီနေရာကို ရောက်လာတာပါ” ဟု ၄င်းကဆက်လက်ပြောဆိုခဲ့သည်။
    အဆိုပါသွေးလှူးဒါန်းတွင် ဘာသာပေါင်းစုံမှ လူများ ပါဝင် လှူဒါန်းခဲ့ကြပြီး လှူဒါန်းခဲ့ကြသော သွေးများကို သွေးလိုအပ်နေသော မည်သည့် ဘာသာဝင်မဆို လူသားဝါဒနှင့်သာ လိုအပ်သည့်သွေးများကို ကူညီမည်ဖြစ်ကြောင်း မမလ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုခဲ့သည်။
    မမလ ဌာနချုပ်မှ ပြုလုပ်သော (၁၈) ကြိမ်မြောက် သွေးလှူဒါန်းပွဲတွင် ယခင်အကြိမ်များထက် လူဦးရေ လျော့နည်းသွားကြောင်းလဲ သိရသည်။ အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လသည်လည်း မကြာသေးမီ ရက်များအတွင်းကမှ ပြီးဆုံးခဲ့သည်ဖြစ်သောကြောင့် လှူဒါန်းမည့် ပုဂ္ဂိုလ်များ အားနည်းနေသောကြောင့် ယခုတစ်ကြိမ်တွင် ယခင်အကြိမ်များထက် လူနည်းနေရခြင်းဖြစ်ကြောင်း မမလမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။
    (၁၈) ကြိမ်မြောက် လှူဒါန်းသော သွေးလှူဒါန်းပွဲတွင် လူဦးရေ (၁၀၀) ကျော်သာ လှူဒါန်းခဲ့သည် ဖြစ်သည်။ မမလ ဌာနချုပ်မှ ဦးစီးပြီး လေးလတစ်ကြိမ် အဖြစ် ရန်ကုန်မြို့ အမျိုးသားသွေးလှူ ဘဏ်ဌာနတွင် လှူဒါန်းလျှက်ရှိရာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် လူပေါင်း (၃၉၀၀) ကျော်လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။
    7
    1 2 3 5 6
  • IS မှ ဂျီဟာဒီ ဂျွန် ထွက်ပြေးနေရ
    IS မှ ဂျီဟာဒီ ဂျွန် ထွက်ပြေးနေရ
    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media
    – IS က အကျဉ်းသားများအား ခေါင်းဖြတ်သတ်ဖြတ်သည့် ဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မကောင်းသတင်းဖြင့် ကျော်ကြားသည့် ဂျီဟာဒီ ဂျွန်မှာ ၎င်း၏ ကျော်ကြားမှုကြောင့် အဆုံးစီရင်ခံရမည်ကို ကြောက်ရွံ့၍ IS ထိန်းချုပ်ထားသော ဒေသမှ ထွက်ပြေးသွားခဲ့သည်ဟု
    သတင်းများက ဖော်ပြကြသည်။
    ကူဝိတ်ဖွား မိုဟာမက် အမ်ဝါဇီဆိုသူဖြစ်ပြီး ဗြိတိန်၏ မကောင်းသတင်းဖြင့် အကျော်ကြားဆုံး အကြမ်းဖက်သမားများထဲမှ တစ်ဦးလည်း ဖြစ်သည်။ ၎င်းမှာ ဗြိတိန်အကူအညီပေးရေး ၀န်ထမ်း ဒေးဗစ်ဟိန်းနှင့် အလန်ဟန်နင်း၊ အမေရိကန်ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေးနှင့် ဆော့လ်လုဖ်တို့အား သတ်ဖြတ်သည့်ဗီဒီယိုများတွင် ပါဝင်ခဲ့ပြီးနောက် အာဏာပိုင်များက အသေရရ၊ အရှင်ရရ လိုချင်နေသောသူလည်း ဖြစ်သည်။
    သို့သော်လည်း ယခုတွင်မူ ကမ္ဘာကိုတုန်လှုပ်သွားစေသော ဗီဒီယိုများဖြင့် ကျော်ကြားခဲ့သော ၎င်းမှာ IS အဖွဲ့၏ လိုက်လံရှာဖွေမှုကို ခံနေရပြီး ထွက်ပြေးနေရသည်ဟု Mirror သတင်းစာက ဖော်ပြခဲ့သည်။
    အမ်ဝါဇီမှာ ၎င်းအား မနာလိုဖြစ်နေသော အကြမ်းဖက်သမားများက သတ်ဖြတ်မှုကို ကြောက်ရွံ့နေရပြီး၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံသားများ၊ ဂျပန်နိုင်ငံသား ဟာရူနာ ယူကာဝါနှင့် ကင်ဂျီဂိုတိုတို့အား သတ်ဖြတ်မှုတွင် ၎င်း၏ အခန်းကဏ္ဍအတွက် အမေရိကန်အထူးတပ်ဖွဲ့ဝင်များ၏ ရှာဖွေမှုကိုလည်း သတိထားနေရသည်ဟု သတင်းစာသို့ ပြောကြားခဲ့သည့် သတင်းရင်းမြစ်က
    ဆိုသည်။
    “သူတို့အတွက် အသုံးမလိုတော့ဘူးလို့ ယူဆရင် IS က ကျောက်ခဲတစ်လုံးလို ဒါမှမဟုတ် ဒီထက်ပိုဆိုးတဲ့ ပုံစံမျိုးနဲ့ လွှင့်ပစ်လိုက်ပါလိမ်မယ့်။ ဒါ့ကြောင့် သူအဆုံးစီရင်ခဲ့တဲ့ လူတွေရဲ့ ကံကြမ္မာမျိုး သူကိုယ်တိုင် ကြုံတွေ့ပြီး အဆုံးသတ်သွားတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်” ဟု အဆိုပါသတင်းရင်မြစ်က ထည်သွင်းပြောကြားခဲ့သည်။
    ဂျီဟာဒီ ဂျွန်မှာ ဆီးရီးယားရှိ ပို၍ လူသိနည်းသော အကြမ်းဖက်အဖွဲ့ထံ ထွက်ပြေးသွားကာ ကိုယ်ယောင်ဖျောက်နေရန် ကြိုးစားနေသည်ဟု ယုံကြည်ရသည်။ သို့သော်လည်း ပြီးခဲ့လတွင် အမေရိကန်ထောက်လုံးရေး ရင်းမြစ်က Sunday Express သို့ ပြောကြားရာ၌ ဂျီဟာဒီ ဂျွန်မှာ လူမြင်ကွင်းမှ ပျောက်ကွယ်ရန် လစ်ဗျားသို့ သွားရောက်ပုန်းအောင်နေသည်ဟု ဆိုသည်။
    လန်ဒန်၌ နေထိုင်နေသည့် အမ်ဝါဇီ၏ မိခင်ဖြစ်သူကမူ ဂျီဟာဒီဂျွန်၏ အသံမှာ သူမ၏သား အမ်ဝါဇီ၏ အသံဖြစ်သည်ဟု မတ်လတွင် ပြောကြားခဲ့သည်။
    Ref : RT
  • ဂျာမန်လက်ယာစွန်းရောက်များနှင့် ၎င်းတို့၏ ဆန့်ကျင်သူတို့ ထိပ်တိုက်တွေ့ဆုံ
    ဂျာမန်လက်ယာစွန်းရောက်များနှင့် ၎င်းတို့၏ ဆန့်ကျင်သူတို့ ထိပ်တိုက်တွေ့ဆုံ
    ဇူလိုင် ၂၆၊ ၂၀၁၅
    M-Media
    ger
    – ဒုက္ခသည်များအား နေရာချထားပေးရေးကို ဆန့်ကျင်ဆန္ဒပြသည့် ဂျာမန် လက်ယာစွန်းရောက်အဖွဲ့နှင့် ၎င်းတို့အား တန်ပြန်ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့ဆုံမှုအတွင်း ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    ဂျာမနီနိုင်ငံ အရှေ့ပိုင်း ဖရန့်ဖတ်မြို့တွင် ယမန်နေ့ညနေက ဖြစ်ပွားမှုအတွင်း ၂ ဦးဒဏ်ရာရရှိခဲ့ပြီး၊ ဖရန့်ဖတ်နှင့် ကီလိုမီတာ ၁၉၀ ဝေးသော ဒရက်စ်ဒန်မြို့တွင်လည်း လက်ယာစွန်းရောက် NPD ပါတီအား ထောက်ခံသူ ၁၀၀ ၀န်းကျင်ခန့်နှင့် ၎င်းတို့အား ဆန့်ကျင်သူတို့
    ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ၃ ဦး ဒဏ်ရာရရှိကာ ၁ ဦး ဖမ်းဆီးခံခဲ့ရသည်။
    ဂျာမနီနိုင်ငံမှာ ယခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်များကို စံချိန်တင်ပမာဏဖြင့် နေရာချထားပေးနေပြီး နှစ်မကုန်ခင်တွင် ဒုက္ခသည် ၄၅၀၀၀၀ ကို လက်ခံရန် မျှော်လင့်ထားသည်။ ထိုပမာဏမှာ ၂၀၁၄ ခုနှစ်လက်ခံခဲ့သည့် အရေအတွက် ၂ သိန်းထက် ပိုမိုများပြားနေသည်။
    သို့သော်လည်း နိုင်ငံအတွင်း ပြောင်းရွှေ့အခြေချသူများအပေါ် ရန်လိုမှုများ မြင့်တက်လာခြင်းနှင့် ပတ်သက်၍ အစိုးရက စိုးရိမ်မှုများ ရှိနေပြီး၊ ထိုရန်လိုမှုများက ဒုက္ခသည်များအား အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ၎င်း၏ နေရာထိုင်ခင်းများကို တိုက်ခိုက်ခြင်းတို့အထိ ဖြစ်လာနေသည်။ ယခုနှစ်အတွင်း ဒုက္ခသည်များ နေထိုင်ရာ ယာယီနေရာထိုင်ခင်း စုစုပေါင်း ၂၀၀ ကျော်မှာ
    ဖျက်ဆီးခြင်းခံခဲ့ရပြီး ၂၀၁၄ ခုနှစ် တစ်နှစ်လုံးတွင် ဖြစ်ပွားခဲ့သည့်ထက် ပိုမိုများပြားနေသည်။
    Ref: Reuters