News @ M-Media

Blog

  • ဟလာလ် ထုတ်ကုန် လုပ်ငန်းများဖြင့် ဖိလစ်ပိုင်၏ ဘန်ဆာမိုရိုဒေသ စီးပွားရေးကို မြှင့်တင်မည်

    ဟလာလ် ထုတ်ကုန် လုပ်ငန်းများဖြင့် ဖိလစ်ပိုင်၏ ဘန်ဆာမိုရိုဒေသ စီးပွားရေးကို မြှင့်တင်မည်

    ဇွန် ၁၀ ၊ ၂၀၁၅
    M-Media

    bangsamoro
    ပြည်တွင်း ဟလာလ် လုပ်ငန်းစဉ်အား ဘန်ဆာမိုရို စီးပွားရေး၏မဏ္ဍိုင်များ အနက် အပါအ၀င် ဖြစ်လာရန် မျှော်လင့်ထားသည်ကြောင်း၊ ဘန်ကာဆာမိုရိုဒေသသည် မင်ဒါနောဒေသ၊ ဖိလစ်ပိုင်၏ ဟလာလ်လုပ်ငန်းစဉ်နှင့် အသိအမှတ်ပြုခြင်း၏ အခရာကျသည့် ဘူမိနက်သန်ဖြစ်လာနိုင်ကြောင်း ဟု အမျိုးသား စီးပွားရေးနှင့်ဖွံ့ဖြိုးရေးဋ္ဌာန – Neda က ဆိုသည်။

    မင်ဒါနောတွင် ယင်းလုပ်ငန်းစဉ်ကျယ်ပြန့်ရေးအတွက် အားအကောင်းဆုံးစေ့ဆော်ချက် ရှိနေပြီး၊ ယဉ်ကျေးမှုအရလည်း မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း ဒရုစ္စလာမ်နှင့် အခြားအစ္စလာမ်နိုင်ငံတို့၏ ဟလာလ်နည်းစဉ်အခြေခံ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လျက် ရှိနေသည်။

    သို့ဖြစ်၍ အရေးပါသော ဤကုန်သွယ်ရေး ချိတ်ဆက်မှုများအရ လက်ရှိဆိပ်ကမ်းများမှာ မြှင့်တင်ရေးနှင့် အရည်အသွေး တိုးမြှင့်ရေးလိုအပ်နေသဖြင့် ကုန်းလမ်း၊လေကြောင်း၊ ကုန်သွယ်လမ်းကြောင်းများကို ဖွင့်လှစ်ဖို့ လိုအပ်မည်ဖြစ်သည်။
    သို့အားဖြင့် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ဘန်ကာဆာမိုရို၏ စိုက်ပျိုးရေးကဏ္ဍစီမံချက်၌ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ အထောက်အကူပြုသွားနိုင်သည်ဟု Neda မှ မျှော်လင့်ထားသည်။

    Halal products from Mindanao being displayed during the Philippine Halal Assembly held at the Marriott Hotel in Pasay City from June 3-5, 2015. Various halal stakeholders from all over the world joined the event. MindaNews photo by Ferdinandh Cabrera
    ဟလာလ်လုပ်ငန်းစဉ်သည် အတိုး၊ တရားမ၀င်ရောင်းဝယ်မှု၊ ၀က်သား – အရက် -လောင်းကစား စသည့် ဟရာမ်အရာများကို တားမြစ်ထားသော အစ္စလာမ့်ဘဏ်လုပ်ငန်းနှင့်ငွေကြေးစနစ်အား ချိတ်ဆက်နိုင်ခြင်းလည်း ဒေသတွင်းတိုးတက်မှုအလားအလာအတွက် အကြောင်းတစ်ရပ်ဖြစ်နေသည်ဟု ရှင်းပြထားသည်။

    Neda ၏ အထွေထွေအုပ်ချုပ်မှုဒါရိုက်တာနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ ရစ်ချဒ်ဘို့လ် က ဖိလစ်ပိုင်စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကမောင်းနှင်အားမှာ မနီလာထက် မင်ဒါနောပြည်နယ်က ပိုမိုလျင်မြန်စွာ ဖြစ်ထွန်နိုင်ကြောင်း၊ ၎င်း၏တောင်ပိုင်း ဘန်ဆာမိုရိုဒေသသည် အစ္စလာမ်ကမ္ဘာမှ ရင်းနှီးမြုပ်နှံမှုများကို ဖိလစ်ပိုင်အတွက် အလွယ်တကူ ဆွဲဆောင်နိုင်ကြောင်း၊ ယင်းအစီအစဉ်ကို အကောင်အထည်ဖော်နိုင်ပါက အာဆီယံအရှေ့ခြမ်းဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးအမြတ်အား ဖိလစ်ပိုင်နိုင်ငံမှ
    အပြည့်အ၀ရရှိခံစားသွားနိုင်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

    images1

    ref: Business Mirror

  • နောက်ဆုံးမိနစ်အထိ ကြိုးစားခဲ့ပြီး အုပ်စု ပထမနဲ့ ဆီမီးဖိုင်နယ်တက်သွားတဲ့ မြန်မာ ယူ-၂၃

    နောက်ဆုံးမိနစ်အထိ ကြိုးစားခဲ့ပြီး အုပ်စု ပထမနဲ့ ဆီမီးဖိုင်နယ်တက်သွားတဲ့ မြန်မာ ယူ-၂၃

    ဇွန် ၁၀၊ ၂၀၁၅
    M-Media

    ဆီးဂိမ်း ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ (အုပ်စုနောက်ဆုံးပွဲစဉ်)
    ကမ္ဘောဒီးယား ၃-၃ မြန်မာ

     

    myn

    ၃ ပွဲကစား ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဆီမီးဖိုနယ်ကိုတက်ပြီးသား ဖြစ်နေတဲ့  မြန်မာအသင်းဟာ ဒီနေ့မှာနောက်ဆုံးလက်ကျန်ပွဲအနေနဲ့  အုပ်စုအတွင်း ဒုတိယအားအနည်းဆုံးလို့ သတ်မှတ်ထားတဲ့ ကမ္ဘောဒီးယားကို အရန်ကစားသမား အများအပြားနဲ့ ရင်ဆိုင်ခဲ့ပါတယ်။

    ဒါပေမယ့် ကမ္ဘောဒီးယားဟာ မထင်မှတ်ဘဲ ပိုကောင်းခဲ့ပြီး ပွဲအစ ၁ မိနစ်မှာပဲ မြန်မာအသင်း ကွင်းတစ်ဝက် သာသာက ပြစ်ဒဏ်ဘောရခဲ့ပြီး ဂိုးပေါက်ကို စခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

    မြန်မာအသင်းကတော့ ကွင်းလယ်မှာ အချိတ်အဆက် မမိခဲ့ဘဲ ကမ္ဘောဒီယားရဲ့ ကစားကွက်အောက် ရောက်ခဲ့ပါတယ်။ ၂၄ မိနစ်မှာ ကမ္ဘောဒီယားက နံပါတ် ၁၉ ဧရိယာထဲက ဘယ်ခြေနဲ့ကန်သွင်းချက် ဂိုးလွန်ဘောဖြစ်ခဲ့ပါတယ်။

    တစ်မိနစ်အကြာမှာ ကမ္ဘောဒီးယားကပဲ အပိုင်ကန်သွင်းခွင့်ရခဲ့ပြီး မြန်မာဂိုးသမား ဝေဖြိုးအောင် အကောင်းဆုံး ပုတ်ထုတ် ကာကွယ်လိုက်တာကြောင့် ထောင့်ကန်ဘော ပေးလိုက်ရပါတယ်။

    ဒီထောင့်ကန်ဘောက ကျလာတဲ့ဘောလုံးကို နံပါတ် ၉ ကီယို ဆိုဖန်က ပိတ်သွင်းနိုင်ခဲ့တာကြောင့် ကမ္ဘောဒီးယား ဦးဆောင်ဂိုး ရခဲ့ပါတယ်။

    နောက်ပိုင်းမှာ မြန်မာအသင်း ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ကမ္ဘောဒီးယားဂိုးပေါက်ကို သိသိသာသာ ခြိမ်းခြောက်နိုင်ခြင်းတော့ မရှိပါဘူး။

    ၃၄ မိနစ်မှာ ဇွန်မိုးအောင် ဧရိယာထဲက ကန်သွင်းချက် တော်တော်လေးကောင်းခဲ့ပြီး ကမ္ဘောဒီးယား ဂိုးသမား အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    အဖွင့်ဂိုးသွင်းထားတဲ့ ဆိုဖန် ၃၇ မိနစ်မှာ အဝေးကန်ချက်နဲ့ ဂိုးရဖို့ ကြိုးစားပေမယ့် ဂိုးသမား ဝေဖြိုးအောင် ပုတ်ထုတ်ခဲ့ပါတယ်။

    နာကျင်အချိန်ပိုမှာ မြန်မာအသင်း အပိုင်ဂိုးသွင်းခွင့်တစ်ကြိမ် ရခဲ့ပြီး ရှိုင်းသူရရဲ့ ဂိုးသမားကို ကျော်သွင်းမှု ဂိုးလွန်ဘောဖြစ်ခဲ့ပါတယ်။

    ဒီအချိန်မှာပဲ ကမ္ဘောဒီးယားရဲ့ တိုက်စစ်ဆင်မှုကို မြန်မာနောက်ခံလူ ဖြိုးကိုကိုသိန်း ဖြတ်ထုတ်ရာမှာ ပြစ်ဒဏ်ဘောဖြစ်ခဲ့ပြီး ပင်နယ်တီပေးခဲ့ရပါတယ်။

    ဒီပင်နယ်တီကို နံပါတ် ၁၁ ကန်သွင်းရာမှာ ဖြိုးဝေလင်းကာကွယ်နိုင်ခဲ့ပေမယ့် သူ့ကြောင့်ပဲ နောက်ထပ် ပင်နယ်တီထပ်ပေးခဲ့ရပြီး ၁၁ ကပဲ ကမ္ဘောဒီးယားအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

    ဒုတိယပိုင်းမှာတော့ မြန်မာအသင်း တိုက်စစ်ဆင်လာခဲ့ပြီး ၅၂ မိနစ်မှာရတဲ့ထောင့်ကန်ဘောကို သီဟဇော်ပိတ်သွင်းက ပထမချေပဂိုး ရခဲ့ပါတယ်။

    မြန်မာအသင်းရဲ့ ထိုးစစ်ဆင်မှုကနေ ကမ္ဘောဒီးယားအသင်း တန်ပြန်တိုက်စစ်ထွက်လာခဲ့ပြီး ၅၃ မိနစ်မှာ ဘယ်ခြမ်းက ကန်တင်ပေးတဲ့ဘောလုံးကို ဦးဆောင်ဂိုးသွင်းခဲ့တဲ့ ဆိုဖန်က ခေါင်းတိုက်ပြီး ကမ္ဘောဒီးယားအတွက် တတိယဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ မြန်မာကပဲတောက်လျှောက်ဖိကစားခဲ့ပြီး ၇၄ မိနစ်မှာ စည်သူအောင် အဝေးကန်ချက် ကမ္ဘောဒီးယား ဂိုးသမား ပုတ်ထုတ်ခဲ့ပါတယ်။

    တင်ကစားလာတဲ့ မြန်မာအသင်းဟာ ၈၉ မိနစ်မှာ လိုအပ်နေတဲ့ ချေပဂိုးတစ်ဂိုး ထပ်ရခဲ့ပြီး လှိုင်းဘိုဘို ချပေးတာကို ကောင်းဆက်နိုင် လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

    နောက်တစ်မိနစ်အကြာမှာ မြန်မာတို့ ဂိုးထပ်ရခဲ့ပြီး ကောင်းဆက်နိုင်ရဲ့ ဧရိယာအတွင်းက ချပေးမှုကို စည်သူအောင်က ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ သူ့ရဲ့ ဆီးဂိမ်းပြိုင်ပွဲ ၄ ဂိုးမြောက်လည်း ဖြစ်ပါတယ်။

    ဒီပွဲသရေကျတာကြောင့် အုပ်စုပွဲအားလုံးကစားပြီး ၁၀ မှတ်ရထားတဲ့ မြန်မာအသင်း အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

  • သူပုန်များကို မြန်မာနိုင်ငံထဲအထိ အိန္ဒိယက ၀င်ရောက်ချေမှုန်း

    သူပုန်များကို မြန်မာနိုင်ငံထဲအထိ အိန္ဒိယက ၀င်ရောက်ချေမှုန်း

    ဇွန် ၁၀၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယရှေ့မြောက်ပိုင်းဒေသတွင် သူပုန်များက ခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ သူပုန်စခန်းများကို အိန္ဒိယစစ်တပ်က ၀င်ရောက်ချေမှုန်းခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    အဆိုပါစစ်ဆင်ရေးကို ယမန်နေ့မနက်ပိုင်းက ၀င်ရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သူပုန်စခန်း ၂ ခုကို ချေမှုန်းနိုင်ခဲ့ကာ စစ်သားများမှာ အန္တရာယ်ကင်းစွာဖြင့် ပြန်လာနိုင်ခဲ့သည်ဟု အိန္ဒိယ ပြန်ကြားရေးဝန်ကြီးဌာမှ ပြောရေးဆိုခွင့်ရှိ ရက်သိုရီက ပြောကြားခဲ့သည်။ အကြီးတန်း စစ်တပ်တာဝန်ရှိသူ တစ်ဦးဖြစ်သူ ရန်ဘီရ် ဆင်းကလည်း သူပုန်များမှာ ဆိုးဆိုးရွားရွား ထိခိုက်မှုများရှိခဲ့သည်ဟု ဆိုသည်။

    ပြီးခဲ့သည့်တစ်ပတ်က မြန်မာနယ်စပ်နှင့် နီးကပ်နေသည့် မနီပူးရ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် သူပုန်များ၏ ချုံခိုတိုက်ခိုက်မှုတွင် အိန္ဒိယစစ်သား အနည်းဆုံး ၂၀ သေဆုံးခဲ့သည်။ အိန္ဒိယအာဏာပိုင်များကမူ သူပုန်များမှာ မြန်မာနိုင်ငံမှ ၀င်ရောက်လာခြင်းဖြစ်သည်ဟု
    ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အိန္ဒိစစ်တပ်မှာ စစ်သားရာပေါင်းများစွာနှင့် ရဟတ်ယာဉ်များကို အသုံးပြုကာ နယ်စပ်တစ်လျှောက် အကြီးအကျယ် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ မနီပူးရ်ရှိ အာဏာပိုင်များမှာ စစ်သွေးကြွအဖွဲ့များစွာ ပါဝင်သည့် သူပုန်ထမှုကို ရင်ဆိုင်ရာတွင် နှစ်များစွာ ရုန်းကန်ခဲ့ရသည်။

    ရက်သိုရီက မိမိတို့စစ်တပ်မှာ နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့ အတော်အတန်ဝင်၍ စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆင်ရေးပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ၀န်ကြီးချုပ်ကိုယ်တိုင် ချမှတ်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Press Trust of India သတင်းဌာနကမူ စစ်ဆင်ရေးအတွင်း သူပုန် ၁၅ ဦးခန့် သေဆုံးခဲ့သည်ဟု အမည်မဖော်ပြသည့် ရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

    ဗိုလ်ချုပ်ကြီး ရန်ဘီရ်ဆင်းက ထိုစစ်ဆင်ရေးအတွက် မြန်မာအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: BBC

  • အိုင်ယာလန်အသင်းနည်းပြနှင့် လက်ထောက်နည်းပြ ကားမတော်တဆမှုဖြစ်

    အိုင်ယာလန်အသင်းနည်းပြနှင့် လက်ထောက်နည်းပြ ကားမတော်တဆမှုဖြစ်

    ဇွန် ၁၀၊ ၂၀၁၅
    M-Media

    ireland 2

    – အရေးပါသည့် ယူရို ၂၀၁၆ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန်ရှိနေသည့် အိုင်ယာလန်အသင်း၏ နည်းပြနှင့် လက်ထောက်နည်းပြတို့မှာ အဝေးပြေးလမ်း၌ ကားမတော်တဆဖြစ်မှုတွင် ပါဝင်ခဲ့သည်ဟု အိုင်ယာလန် ဘောလုံးအဖွဲ့ချုပ် FAI က အတည်ပြု ပြောကြားလိုက်သည်။

    M50 အဝေးပြေးလမ်းမတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ကားမတော်တဆမှုတွင် နည်းပြ မာတင်အိုနေးလ်နှင့် လက်ထောက်နည်းပြ ရွိင်ကိန်းတို့ လိုက်ပါလာသည့်ကားမှာ အနောက်မှ ၀င်တိုက်ခံခဲ့ရခြင်း ဖြစ်သည်။

    FAI ကမူ ၎င်းတို့ ၂ ဦးစလုံးမှာ တည်းခိုရာဟိုတယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အသင်းဆရာဝန်များ၏ စစ်ဆေးကုသခြင်းကို ခံယူခဲ့သည်ဟု ၎င်းတို့၏ Twitter စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။ သို့သော်လည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရဖွယ် မရှိချေ။

    အိုင်ယာလန်အသင်းမှာ စနေနေ့တွင် စကော့တလန်အသင်းနှင့် ယူရို ၂၀၁၆ ခြေစစ်ပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲမှာ အသင်းအတွက် အရေးပါသည့်ပွဲလည်း ဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အင်္ဂလန်အသင်းနှင့် ကစားခဲ့သည့် ခြေစမ်းပွဲတွင် အိုင်ယာလန်အသင်းမှာ ဂိုးမရှိသရေကျခဲ့သည်။

    Ref: Goal

  • တိုင်းရင်းသားလူမျိုးစု အထွဋ်အမြတ်ထားရာ တောင်ကို မလေးမစားပြုလုပ်သည့် ခရီးသွားများကို  မလေးရှားဖမ်းဆီး

    တိုင်းရင်းသားလူမျိုးစု အထွဋ်အမြတ်ထားရာ တောင်ကို မလေးမစားပြုလုပ်သည့် ခရီးသွားများကို မလေးရှားဖမ်းဆီး

    ဇွန် ၁၀၊ ၂၀၁၅
    M-Media

    kinabalu

    – ဒေသခံတိုင်းရင်းသားများ အထွဋ့်အမြတ်ထားရာ ကင်နာဘာလူတောင်တွင် မဖွယ်မရာ ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး မလေးမစားပြုလုပ်ခဲ့သည့် အနောက်တိုင်းသား ၄ ဦးကို မလေးရှားက ဖမ်းဆီးလိုက်ပြီး ထိုထဲမှ တစ်ဦးမှာ ဗြိတိန်အမျိုးသမီးဖြစ်သည်ဟု သိရသည်။

    ၎င်းတို့ လေးဦးအား လေးရက်ကြာ ထိန်းသိမ်းရန် ရဲတပ်ဖွဲ့က တရားရုံးမှ အမိန့်စာရခဲ့ပြီး အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်စေသည့် မလျော်ကန်သော အပြုအမူကို ပြုလုပ်သည့် စွဲချက်ဖြင့် တရားစွဲဆိုသွားမည်ဟု ကင်နာဘာလူတောင်တည်ရှိရာ ဆာဘားပြည်နယ် ရဲမင်းကြီး ဂျလာလွတ်ဒင်း အဘ်ဒူလ်ရဟ်မန်က ပြောကြားခဲ့သည်။

    နိုင်ငံခြားသား ၁၀ ဦးခန့်မှာ ကင်နာဘာလူတောင်ပေါ်တွင် အင်္ကျီများချွတ်ကာ ဓာတ်ပုံရိုက်ခဲ့ကြပြီး အင်တာနက်စာမျက်နှာပေါ်သို့ မေလ ၃၀ ရက်နေ့တွင် လွှင့်တင်ခဲ့ကြသည်။ ၎င်းတို့ ဓာတ်ပုံရိုက်ပြီး ရက်အနည်းငယ်ကြာ ပြီးခဲ့သည့် သောကြာနေ့က အဆိုပါတောင်၌ ငလျင်လှုပ်ခဲ့ပြီး လူ တစ်ဒါဇင်ကျော် သေဆုံးခဲ့ရသည်။

    ဖမ်းဆီးခံခဲ့ရသူများမှာ ကနေဒါနိုင်ငံသား နှစ်ဦး၊ ဗြိတိန်အမျိုးသမီး ၁ ဦးနှင့် ဒက်ခ်ျ အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်။ ဗြိတိန်အမျိုးသမီးတစ်ဦးမှာ ကွာလာလမ်ပူသို့လာရောက်ရန် ပြင်ဆင်နေစဉ် လေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကျန် ၃ ဦးမှာ ရဲတပ်ဖွဲ့သို့ လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်။ အဘ်ဒူလ်ရဟ်မန်ကမူ ကျန်ရှိသည့် ၆ ဦးကိုလည်း ဆက်လက် ရှာဖွေနေသည်ဟု ပြောကြားခဲ့သည်။

    မလေးရှား၏ အမြင့်ဆုံးတောင်ဖြစ်သော ကင်နာဘာလူတောင်ကို ဒေသခံ ကာဒါဇန် ဒူဆန် လူမျိုးစုများက ၎င်းတို့အဘိုးအဘွားများ၏ ၀ိဥာဉ်များ ကိန်းဝပ်ရာ မြင့်မြတ်သောနေရာအဖြစ် သတ်မှတ်ထားကြသည်။ အဆိုပါ နိုင်ငံခြားခရီးသွားများမှာ တောင်ပေါ်တွင် ဆီးများ သွားခဲ့ကြသည်ဟု ဆိုသည်။ ထိုကဲ့သို့ အပြုအမူများက ဒေသခံများကို စိတ်ဆိုးဒေါသထွက်စေခဲ့ပြီး အချို့ကမူ ထို မလေးစားသည့် အပြုအမူများကြောင့် ငလျင်လှုပ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။

    တောင်တက်ခရီးသွားများ ကြိုက်နှစ်သက်ရာ နေရာတစ်ခုဖြစ်သည့် ကင်နာဘာလူတောင်ပေါ်သို့ တက်ရောက်ရာတွင် အော်ခြင်း၊ ဟစ်ခြင်း၊ ဆဲရေးတိုင်းထွာခြင်းနှင့် မလေးစားသည့်အပြုအမူများကို မပြုလုပ်ရန် ဧည့်လမ်းညွှန်များက ခရီးသွားများကို သတိပေးလေ့ရှိသည်။

    Ref: BBC