News @ M-Media

Blog

  • လှေစီးဒုက္ခသည်များကိစ္စ သတင်းသွားယူသည့် သတင်းထောက်များကို မြန်မာရေတပ် တားဆီး

    လှေစီးဒုက္ခသည်များကိစ္စ သတင်းသွားယူသည့် သတင်းထောက်များကို မြန်မာရေတပ် တားဆီး

    ဇွန် ၁၊ ၂၀၁၅
    M-Media

    navy

    – နိုင်ငံအနောက်တောင်ပိုင်း ကမ်းရိုးတန်းတွင် မျောနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးခဲ့သည့် စက်လှေမှ ရွှေ့ပြောင်းလာသူ ၇၀၀ ကျော်ကို ထိန်းသိမ်းထားသော ကျွန်းသို့ သွားရောက်သတင်းယူရန် ကြိုးစားခဲ့သည့် ဂျာနယ်လစ်များကို မြန်မာရေတပ်က ယာယီ
    ထိန်းသိမ်းခဲ့သည်ဟု သိရသည်။

    ဂျာနယ်လစ်အချို့မှာ ၎င်းတို့၏ ကင်မရာများမှ မမ်မိုရီကတ်များကို လွှဲပြောင်းပေးရန် ဖိအားပေးခံခဲ့ရပြီး၊ ထိုကျွန်းသို့ နောက်ထပ် လာရောက်ခြင်းမပြုတော့ဟု ခံဝန်ကတိလည်း ထိုးခဲ့ရသည်။

    သောကြာနေ့က မြန်မာရေတပ်မှ ကယ်ဆယ်ခဲ့သည့် အဆိုပါစက်လှေတွင် အမျိုးသမီး ၇၄ ဦးနှင့် ကလေး ၄၅ ဦးအပါအ၀င် လူပေါင်း ၇၂၇ ဦး ပါဝင်ပြီး အားလုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်သည်ဟု မြန်မာအစိုးရက ကြေညာခဲ့သည်။

    ဂျာနယ်လစ်များ အဆိုပါ ရွှေ့ပြောင်းသူများကို ထိန်းသိမ်းထားရာ သမီးလှကျွန်းသို့ သွားရောက်သည့်အခါ ၎င်းတို့မှာ မောင်းထုတ်ခြင်းခံခဲ့ရပြီး၊ ခေတ္တထိန်းသိမ်းခြင်းနှင့် ရေတပ်အာဏာပိုင်များ၏ မေးမြန်းခြင်းကို ခံခဲ့ရသည်။ ၂ နာရီခန့် ထိန်းသိမ်းခံခဲ့ရသည့်
    သတင်းထောက်များထဲတွင် အေပီသတင်းဌာနမှ သတင်းထောက် ၄ ယောက်လည်း ပါဝင်ခဲ့သည်။

    ဘီဘီစီသတင်းဌာနကမူ ဂျာနယ်လစ်များ၏ ကင်မရာအတွင်းရှိ ဓာတ်ပုံများကို ရေတပ်က ဖျက်ခိုင်းခဲ့ပြီး၊ အဆိုပါ ဂျာနယ်လစ်များအား ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မပါသည့်အတွက် လုံခြုံရေးကြောင့် ၀င်ရောက်ခွင့်မပြုခြင်းဖြစ်သည်ဟု ရေတပ်က ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။

    အမည်ပြောရန် ငြင်းဆန်ခဲ့သည့် ရေတပ်မှ တပ်မှူးတစ်ဦးက ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းလာသူများကို အန္တရာယ်ကင်းစွာ ကယ်တင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတိုအား ရေတပ်ဝင်းအတွင်း ခေါ်ဆောင်သွားခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အေပီသတင်းထောက်များကမူ စက်လှေကို ရေတပ်သင်္ဘောတစ်ခုနှင့် ချည်ထားပြီး စက်လှေထိပ်ပိုင်းတွင် လူ ၅၀ ခန့် ရှိနေသည်ကို တွေ့ခဲ့ရသည်။

    “ကျွန်တော်တို့ သူတို့ကို အစားသောက်နဲ့ ဆေးဝါးတွေ ပေးခဲ့ပါတယ်။ ဆရားဝန်တွေကလည်း သူတို့ကို ကြည့်ရှုစစ်ဆေးနေပါတယ်။ သူတို့ အခြေအနေကောင်းသွားတဲ့အခါမှာ ကျွန်တော်တို့ ပြန်ပို့မှာပါ” ဟု အဆိုပါ ရေတပ်အရာရှိက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: AP,BBC

  • Facebook ရဲ့ ကောင်းကျိုး/ဆိုးကျိုး ခေါင်းစဉ်ဖြင့် စကားရည်လုပွဲ ပြုလုပ်

    Facebook ရဲ့ ကောင်းကျိုး/ဆိုးကျိုး ခေါင်းစဉ်ဖြင့် စကားရည်လုပွဲ ပြုလုပ်

    ဇွန် ၁ ၊၂၀၁၅
    M-Media
    သတင်း- သူရိန်

    c4e7d867ad55d988b7ff6d55325bad97acd62893c977949be91b862ffcd94e17

    ယနေ့ လူအများသုံးစွဲနေသော အင်တာနက် ဖေစ့်ဘုတ် အသုံးပြုမှုနှင့် ပတ်သက်၍ စကားရည်လုပွဲ တစ်ရပ်ကို မေလ၃၁ရက်နေ့က ရန်ကုန်မြို့ မြန်မာ မွတ်စလင်မ် လူငယ်များ(ဘာသာရေး) အဖွဲ့ မမလ ဌာနချုပ်မှာ စီစဉ်ကျင်းပခဲ့ပါတယ်။

    ” Facebook က တကယ့် ဆိုရှယ်မီဒီယာကြီးပေါ့။ လုံးဝအသုံး မပြုသင့်ဘူး ပြောတာက မပြောသင့်ဘူး။ အားလုံး အသုံးပြုသင့်တဲ့ဟာပဲပေါ့” ဟု စကားရည်လုပွဲတွင် ချေပပြောဆိုသူ မနွယ်နီက M-Media သို့ပြောပြပါတယ်။

    အဆိုပါ စကားရည်လုပွဲ အစီအစဉ်ရဲ့ moderator အဖြစ် မမလဌာနချုပ်မှ ပညာရေးမှူး ဦးစိုးသိန်းက ဆောင်ရွက်ပြီး အမှတ်ပေး ဒိုင်များ အဖြစ် စာရေးဆရာ ဝါးခယ်မမောင်မင်းနိုင်၊ မြန်မာစာပါမောက္ခ ဒေါက်တာစိုးနိုင်၊ စာရေးဆရာ ကိုအင်းဝ စသော ပညာရှင် အသီးသီးက အကဲဖြတ်ပေးခဲ့ကြောင်း သိရပါတယ်။

    Facebook အသုံးပြုမှုကြောင့် မိတ်ဆွေသူငယ်ချင်းများ တိုးပွားလာပြီး လူမှုရေးဆိုင်ရာ ကောင်းကျိုးများ သတင်းမျှဝေမှု စီးဆင်းမြန်ဆန်စေခြင်း စသော အကျိုးကျေးဇူးများ ရှိသော်လည်း မိမိတို့ တင်လိုက်သော ဓါတ်ပုံများ၊ စာသားများကို ခိုးယူကာ အလွဲသုံးမှုများလည်း ရှိနေဆဲ ဖြစ်ပါတယ်။

    61aa8b3f78e9249f4063e8a3a38d8f38cd0090d11e3749f7280cebb43cd000cf

    ယခုနှစ်ပိုင်းကာလများတွင် Facebook အသုံးပြုမှုများတွင် အမုန်းတရားများ၊ လူမျိုးရေးနှင့် ဘာသာရေးကို ပုတ်ခတ် စော်ကား တိုက်ခိုက်မှုများ စသော တလွဲ အသုံးပြုမှုများကြောင့် Facebook အမှန်တကယ်ပဲ ကောင်းကျိုးထက် ဆိုးကျိုးများ ပေးစွမ်းနေပြီလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

    လတ်တလောတွင် မြန်မာ ဖုန်းသုံးစွဲသူများ၏ စစ်တမ်းကောက်ယူချက်အရ Facebook သုံးစွဲမှု ၇၁ ဒသာမ ၃ရာခိုင်နှုန်း G mail အသုံးပြုမှု ၂၅ ဒသာမ ၇ရာခိုင်နှုန်း Twitter ကတော့ ၁၀ ဒသာမ ၅ရာခိုင်နှုန်း သုံးစွဲမှု အသီးသီးရှိရာ Facebook သည် မြန်မာနိုင်ငံမှ အင်တာနက် အသုံးပြုသူ များအကြား အများဆုံးနှင့် ရေပန်းအစားဆုံး လူမှုကွန်ရက် တစ်ခုဖြစ်နေကြောင်းလည်း သိရပါတယ်။

    10551093_575481542594986_2811474051893800372_n

    ယမန်နေ့က ကျင်းပခဲ့သော ” Facebook သည် ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်” ဆိုသော စကားရည်လုပွဲမှာ မမလဌာနချုပ်မှ ပထမဆုံးအကြိမ် ကျင်းပတဲ့ စကားရည်လုပွဲ တစ်ရပ်လည်း ဖြစ်ပါတယ်။

    အဆိုပါ စကားရည်လုပွဲတွင် အဆိုရှင်၊ ချေပပြောဆိုသူ ပြိုင်ပွဲဝင်များမှာ တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများ အများစုဖြစ်ပြီး မမလဌာနချုပ်မှ အခြားသော အစီအစဉ်များကိုလည်း ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

    1510351_575497252593415_8917897119905825355_n

  • ဟာလာလ်အသား ထုတ်လုပ်တင်ပို့ရေး စံသတ်မှတ်ချက်ကို ဒိန်းမတ် ပြဌာန်းမည်

    ဟာလာလ်အသား ထုတ်လုပ်တင်ပို့ရေး စံသတ်မှတ်ချက်ကို ဒိန်းမတ် ပြဌာန်းမည်

    ဇွန် ၁၊ ၂၀၁၅
    M-Media

    hala

     

    – ဟာလာလ်အသားများအား နိုင်ငံရပ်ခြားသို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်မှုအဖြစ် ဒိန်းမတ်နိုငံက ဟာလာလ်အသား ထုတ်လုပ်သူများ၊ ကုန်သည်များနှင့် ဈေးကွက်ရှာဖွေရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် စံနှုန်းသတ်မှတ်ချက်တစ်ခုကို ချမှတ်ရန် ရည်ရွယ်နေသည်ဟု သိရသည်။

    “နိုင်ငံတော်တော်များများမှာ ဟာလာလ်ဥပဒေနဲ့ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် သတ်မှတ်မှုတွေ ပြောင်းလဲပြုလုပ်လာကြပါတယ်။ မလေးရှားကတော့ အတင်းကြပ်ဆုံး ဥပဒေတွေ သတ်မှတ်ထားတဲ့ တိုင်းပြည်ဖြစ်ပြီး အင်ဒိုနီးရှား၊ ဆော်ဒီအာရေဗျနဲ့ စင်ကာပူတို့မှာ ဟာလာလ်အတွက် တင်းကျပ်တဲ့ လိုအပ်ချက်တွေ ရှိနေပါတယ်။ အာဖရိကနိုင်ငံတွေမှာလည်း တင်းကျပ်တဲ့ စည်းမျဉ်းတွေ
    ရှိနိုင်ပါတယ်” ဟု ဒိန်းမတ် စိုက်ပျိုးရေးနှင့် အစားအသောက်ကောင်စီ၏ ကုန်သွယ်ရေး၊ ဈေးကွက်ဌာနမှ အကြီးတန်းအကြံပေး စတစ်ဂ် မန့်ခ်ျ လာဆင်က Global Meat News သို့ မေလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

    သားကောင်းများအား လှီးဖြတ်ခြင်း၊ အသားထုတ်ယူခြင်းနှင့် တင်ပို့ရောင်းချခြင်းတို့ အပါအ၀င် နိုင်ငံ၏ ဟာလာလ်အသား ထုတ်လုပ်ရေးနယ်ပယ်မှ ကဏ္ဍများအား ရင်ဆိုင်ဆောင်ရွက်ရေးတို့ကို ညှိနှိုင်းဆွေးနွေးရန်အတွက် စီစဉ်ထားသည့် အစည်းအဝေးနှင့် ပတ်သက်၍ လာဆင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    အဆိုပါ အစည်းအဝေးကို မြို့တော် ကိုပင်ဟေဂင်၌ ဇွန်လ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံအတွင်း ဟာလာလ်ဥပဒေများ စံသတ်မှတ်ရေး အားထုတ်မှုအစိတ်အပိုင်းအဖြစ် မလေးရှားနိုင်ငံတွင် အသုံးပြုနေသည့် ဟာလာလ်
    စည်းမျဉ်းစည်းကမ်းများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

    ဒိန်းမတ် လယ်ယာစိုက်ပျိုးရေးနှင့် အစားအသောက်ကောင်စီ DAFC၊ ဟာလာလ်အစားအသောက် ထုတ်လုပ်သူများ၊ ကုန်သည်များနှင့် ဈေးကွက်ရှာဖွေရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအတွင်း ထိုအစည်းအဝေးလုပ်ရန် ကြေညာခဲ့ခြင်းဖြစ်သည်။

    ချိတ်ဆက်ဆောင်ရွက်ခြင်း

    တူညီသော အခြေအနေတစ်ခုကို ရှာဖွေလျက် နိုင်ငံအတွင်းရှိ ဟာလာလ်အသားများ ထုတ်လုပ်တင်ပို့မှုလုပ်ငန်းတွင် လုပ်ကိုင်နေကြသော ကုမ္ပဏီများအကြား ကျယ်ပြန့်သည့် ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်သွားရန် DAFC က တိုက်တွန်းခဲ့သည်။

    ထိုကဲ့သို့ ဟာလာလ်စံနှုန်းများ သတ်မှတ်ပြီးပါက နိုင်ငံအတွင်းရှိ ဥစား၊ အသားစားကြက် ထုတ်လုပ်မှုလုပ်ငန်း၊ အသားထုတ်လုပ်သည့် လုပ်ငန်းများတွင် ချမှတ်ကျင့်သုံးသွားမည်ဖြစ်သည်။

    ဘုံစံနှုန်းများတွင် မွေးမြူခြင်းမှ လှီးဖြတ်ခြင်းအထိ၊ ပို့ဆောင်ရေး၊ သိမ်းဆည်းရေးနှင့် တင်ပို့မှုဆိုင်ရာ စီမံခန့်ခွဲခြင်းတို့ ပါဝင်သွားမည်ဖြစ်ဟု DAFC ၏ ဖော်ပြမှုအရ သိရသည်။

    ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက စိုက်ပျိုးရေးနှင့် အစားအသောက်ဝန်ကြီး ဒန်ဂျော်ဂန်ဆန်က ဒိန်းမတ်တွင် မွတ်စလင်နှင့် ဂျူးတို့၏ ဘာသာရေးဆိုင်ရာ နည်းလမ်းများဖြင့် အသားထုတ်လုပ်မှုမှာ တရားမ၀င်ဖြစ်တော့မည်ဟု ပြောကြားခဲ့သောကြောင့် ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများကို ခံခဲ့ရသည်။ ဒိန်းမတ်အစိုးရကမူ ထိုပြောကြားမှုမှာ အစိုးရ၏ ပေါ်လစီ မဟုတ်ဟု ပြန်လည်ဖြေရှင်းခဲ့ရသည်။

    Ref: Onislam

  • နူနေတဲ့ ခန္ဓာကိုယ် ကြီးမှာ ပေါက်နေတဲ့ အနာတခု(ကာတွန်း)

    နူနေတဲ့ ခန္ဓာကိုယ် ကြီးမှာ ပေါက်နေတဲ့ အနာတခု(ကာတွန်း)

    မေ ၃၁ ၊ ၂၀၁၅
    ကာတွန်း ၀င်းအောင်

    လှေစီးဒုက္ခသည်တို့ ရိုဟင်ဂျာတို့ ဆိုတဲ့ ပြသနာဟာ နူနေတဲ့ ခန္ဓာကိုယ် ကြီးမှာ ပေါက်နေတဲ့ အနာတခုပါ (ကာတွန်း)

    115

    .
    ၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နေ့  Orchid ဟိုတယ်မှာ ပြုလုပ်တဲ့ DVB ရဲ့  ” လှေစီးဒုက္ခသည်အရေး ဘယ်လိုအဖြေရှာကြမလဲ” Debate အစီအစဉ်မှာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ လွှတ်တော် အမတ် ဒေါက်တာအေးမောင် ၊အလ်ဟာ့ဂ်ျ ဦးအေးလွင် – ဦးဆောင်ဆော်သြော်ရေးမှူး အစ္စလာမ်ဓမ္မဗိမာန် ၊ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့(မြန်မာနိုင်ငံ) အမြုတေအဖွဲ့ဝင်၊ ဦးဝင်းထွန်းစိုး – ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ ဒါရိုက်တာ တို့ ပါဝင်ဆွေးနွေး ခဲ့ကြကြောင်း သိရပါတယ်။
    .
    အဲဒီ ဆွေးနွေးပွဲတခုလုံးကို ကာတွန်းနဲ့ သရုပ်ဖော်တဲ့ ကာတွန်းဆရာကတော့ ကာတွန်း ဝင်းအောင်ပဲဖြစ်ပါတယ်။ ကာတွန်း ဝင်းအောင်က သူ သရုပ်ဖော်ရေးသားခဲ့တဲ့ ကာတွန်း အဓိပ္ပါယ်ကို အခုလိုရှင်းပြခဲ့ကြောင်းကို သူရဲ့ ကိုယ်ပိုင် Facebook Page မှာ ရေးသားဖော်ပြခဲ့ပါတယ်။
    .
    “ဒီပြသနာကို ကျနော် အမြင် ပြောရရင် မြန်မာပြည်ဟာ လက်ပရို စီ အနူရောဂါစွဲကပ်နေတဲ့ ခန္ဓာကိုယ် ကြီးနဲ့တူတယ် လှေစီး ဒုက္ခသည်တို့ ရိုဟင်ဂျာတို့ ဆိုတဲ့ ပြသနာဟာ နူနေတဲ့ ခန္ဓာကိုယ် ကြီးမှာ ပေါက်နေတဲ့ အနာတခုပါ အဲဒီအနာ တခုထဲကိုကွက်ပြီး ကုလို့ မရပါဘူး ခန္ဓာကိုယ်မှာ စွဲကပ်နေတဲ့ ရောဂါကြီးကို ကုစားရမှာပါ အဓိက ကတော့ စနစ်ပါပဲ ပြုပြင်ပြောင်းလဲ နေပါတယ် ဒီမိုကရေစီစနစ်ကိုသွား နေပါတယ်လို့ အစိုးရကပြောနေပေမယ့် လက်တွေ့မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ မတွေ့ရသေးဘူး ဒီတော့ ကျနော်စိုးရိမ်တာ
    တခုရှိတယ် ဒီပြသနာကို အခြေခံပြီး ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲမှုကို မလိုလားသူတွေက လူမျိုးရေး၊ဘာသာရေး ခုတုံးလုပ်ပြီး မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ဖန်တီးမှာကိုပါပဲ ကျနော်တို့လူထု သတိရှိဖို့ ဒီကာတွန်းကို ရေးတာဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် “။
    .
    ref: ကာတွန်း ၀င်းအောင် FB Page

  • နိုင်ငံတကာသတင်းတို (မေ ၃၁၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (မေ ၃၁၊ ၂၀၁၅)

    မေ ၃၁၊ ၂၀၁၅
    M-Media

    စင်ကာပူရဲ ကားတစ်စီးကို ပစ်ခတ် တားဆီးရာမှ လူတစ်ဦး သေဆုံး
    …………………………
    ယမန်နေ့နံနက်ပိုင်းက အမေရိကန် ကာကွယ်ရေး ၀န်ကြီး အက်ရှ်ကာတာ နေထိုင်သည့် ရှန်ဂရီလာဟိုတယ်အနီး ရဲတပ်ဖွဲ့အတားအဆီးကို ဖြတ်ကျော်မောင်းနှင်ခဲ့သည့် ကားတစ်စီးကို စင်ကာပူရဲတပ်ဖွဲ့က ပစ်ခတ်တားဆီးမှုအတွင်း လူတစ်ဦးသေဆုံး ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အတားအဆီးအနားသို့ ရောက်လာသည့် အဆိုပါကားကို ရဲတပ်ဖွဲ့က စစ်ဆေးရန် နောက်ဖုံးဖွင့်ခိုင်းရာ မလိုက်နာဘဲ အတင်းမောင်းပြေးခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့်
    ထိုကဲ့သို့ မောင်းပြေးခဲ့ခြင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ကာကွယ်ရေးဆိုင်ရာ အစည်းအဝေးကို တက်ရောက်ရန် ရောက်ရှိနေသည့် အမေရိကန်ကာကွယ်ရေးဝန်ကြီးအပါအ၀င် မည်သူမှ ထိခိုက်ခဲ့ခြင်း ရှိချေ။ ကားထဲမှ ဖမ်းဆီးရမိသူတစ်ဦးတွင် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ရသည်။

    မော်စကိုလိင်တူချစ်သူ ချီတက်ပွဲ လူ ၂၀ အဖမ်းခံရ
    ……………………………..
    ရုရှားနိုင်ငံ မော်စကိုမြို့၌ ယမန်နေ့တွင် ပြုလုပ်ခဲ့သော လိင်တူချစ်သူများ အခွင့်အရေးအတွက် ချီတက်ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့ပြီး အဓိက တက်ကြွက်လှုပ်ရှားသူများ အပါအ၀င် လူ ၂၀ အထိ ဖမ်းဆီးခဲ့သည်။ အဆိုပါ ချီတက်ပွဲပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံရာတွင် ရုရှားအာဏာပိုင်များက ခွင့်ပြုချက်မပေးခဲ့ဘဲ ယခုအကြိမ်မှာ လိင်တူချစ်သူအရေး တက်ကြွလှုပ်ရှားသူများ၏ ၁၀ ကြိမ်မြောက် ချီတက်မှုလည်းဖြစ်သည်။ ရုရှား၏ ဥပဒေတွင် သဘာဝမဟုတ်သည့် လိင်ဆက်ဆံမှုအတွက် ၀ါဒဖြန့်ခြင်းကို တားမြစ်ထားသည်။

    နျူသဘောတူညီချက် မလိုက်နာပါက အီရန်အပေါ် ပိတ်ဆို့မည်
    ………………………
    မကြာမီဖြစ်လာတော့မည့် နျူကလီးယား သဘောတူညီချက်မှ စည်းကမ်းချက်များကို ချိုးဖောက်ပါက အီရန်နိုင်ငံအပေါ် ကုလ၏ ပိတ်ဆို့မှုများကို ပြန်လည်ပြုလုပ်သွားရန်အတွက် အင်အားကြီး ၆ နိုင်ငံက ယမန်နေ့တွင် သဘောတူခဲ့ကြသည်။ အီရန်နှင့် ထို ၆ နိုင်ငံမှာ ဧပြီ ၂ ရက်နေ့က နျူအရေး ကနဦး သဘောတူညီချက်ကို ရရှိခဲ့ပြီး နောက်ဆုံးသဘောတူညီချက်ရရေး နောက်ဆုံးရက်ကို ဇွန်လ ၃၀
    ရက်နေ့ သတ်မှတ်ထားသည်။

    ဖီဖာချစားမှု နာမည်ကြီးဘဏ်အကောင့်များကို အသုံးပြုထား
    ………………………………
    ဖီဖာ၏ ချစားမှုပြဿနာတွင် ဗြိတိန်ဘဏ်တစ်ခုဖြစ်သော ဘာကလေဘဏ်၊ HSBC ဘဏ်နှင့် Standard Chartered ဘဏ် တို့၏ အကောင့်များကို အသုံးပြု၍ ငွေများလွှဲခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနော် ဘာကလေဘဏ်က မိမိတို့မှာ ငွေလွှဲမှု လုပ်ငန်းစဉ်များကို ဆန်းစစ်မှုများ ပြုလုပ်နေသည်ဟု ပြောကြားလိုက်သည်။

    Ref: News Agencies