News @ M-Media
Blog
  • အစ္စရေးတွင် အီသီယိုးပီးယားနွယ်ဖွားများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ်ဖြစ်
    အစ္စရေးတွင် အီသီယိုးပီးယားနွယ်ဖွားများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ်ဖြစ်
    မေ ၄၊ ၂၀၁၅
    M-Media
    israle
    – အစ္စရေးရှိ တဲလ်အဗီးမြို့တွင် ယမန်နေ့က အီသီယိုးပီးယား နွယ်ဖွားများ ရဲတပ်ဖွဲ့အား ဆန့်ကျင်ဆန္ဒပြမှုအတွင်း အစ္စရေးရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နှင်းခဲ့သည်ဟု သိရသည်။
    အီသီယိုးပီးယား စစ်သားတစ်ဦးအား အစ္စရေးရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် ကန်ကျောက်မှုများ ပြုလုပ်သည့် ဗီဒီယိုတစ်ခု ပြီးခဲ့သည့် သီတင်းပတ်က ထွက်ပေါ်လာခဲ့ပြီးနောက် ရဲတပ်ဖွဲ့၏ လူမျိုးရေးခွဲခြားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကို မကျေနပ်ခြင်းကြောင့် ဆန္ဒခဲ့ကြခြင်းဖြစ်သည်။
    မြို့၏ အဝေးပြေးလမ်းမတစ်ခုကို ပိတ်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီးနောက် မြို့လယ်ကောင်ရှိ ရာဘင်ရင်ပြင်သို့ အရောက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများမှာ ရဲကားတစ်စီးကို ဖျက်ဆီးခဲ့ပြီး အဓိကရုဏ်းနှိမ်နှင်းရေး တပ်ဖွဲ့များကို ပုလင်းများ၊ ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင်များကလည်း မီးခိုးဗုံးများနှင့် မီးသတ်ပိုက်များကို အသုံးပြု၍ လူစုခွဲခဲ့သည်ဟု အစ္စရေး မီဒီယာများက ဖော်ပြခဲ့ပြီး ရဲတပ်ဖွဲ့ကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
    “ရဲတပ်ဖွဲ့ရဲ့ ဒီလို အပြုအမူတွေကို ကျွန်မ စိတ်ကုန်နေပါပြီ။ သူတို့ကို မယုံတော့ပါဘူး။ ရဲကိုမြင်တဲ့အခါ ကျွန်မ ရွံမိပါတယ်” ဟု ဆန္ဒပြသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။
    အစ္စရေး ကြက်ခြေနီအဖွဲ့က ရဲတပ်ဖွဲ့ ၂၃ ဦးအပါအ၀င် အနည်းဆုံး လူ ၄၀ ဒဏ်ရာရရှိခဲ့သည်ဟုဆိုပြီး ဒဏ်ရာများမှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတို့တွင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးရဲတပ်ဖွဲ့ကမူ တပ်ဖွဲ့ဝင် ၄၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယမန်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
    ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည့် အီသီးယိုးပီးယားနွယ်ဖွား အစ္စရေးစစ်သားမှာ ဒမက်စ် ပါကာဒါဖြစ်ပြီး ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကိုမူ အာဏာအလွန်အကျွံသုံးစွဲမှု သံသယဖြင့် တာဝန်မှ ရပ်ဆိုင်းထားသည်။
    Ref: Aljazeera
  • ဟဇာ့ဒ်ရဲ့ဂိုးနဲ့ ချယ်ဆီး ချန်ပီယံဖြစ်၊ မန်ယူ ၃ ပွဲဆက်ရှုံးပြီး၊ မန်စီးတီး၊ လီဗာပူးလ်တို့ ၃ မှတ်စီ ယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅
    ဟဇာ့ဒ်ရဲ့ဂိုးနဲ့ ချယ်ဆီး ချန်ပီယံဖြစ်၊ မန်ယူ ၃ ပွဲဆက်ရှုံးပြီး၊ မန်စီးတီး၊ လီဗာပူးလ်တို့ ၃ မှတ်စီ ယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅
    မေ ၄၊ ၂၀၁၅
    M-Media
    epl 35 1
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ ချန်ပီယံ အဖြေပေါ်သွားခဲ့ပါပြီ။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ တန်းဆင်းဇုန်မှာ ဆက်လက်ပြီး အကြိတ်အနယ်ရှိနေပါတယ်။
    မနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ချယ်ဆီတို့ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားနိုင်ခဲ့ပြီး ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သက်တောင့်သက်သာနဲ့ အသေအချာကစားသွားတဲ့ ချယ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ PFA တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ရရှိထားတဲ့ ဟဇာ့ဒ်က သူကန်တဲ့ ပင်နယ်တီက ပြန်ထွက်လာတဲ့
    ဘောလုံးကို ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။
    ချန်ပီယံလိဂ် တစ်နေရာအတွက် ကြိုးပမ်းနေတဲ့ လီဗာပူးလ်က ဂျရတ်ရဲ့ ၈၇ မိနစ် နောက်ကျ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ၁၉ မိနစ်မှာ ကော်တင်ဟိုက ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ၇၃ မိနစ်မှာ လီရွိုင်း ဖာရ်က ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၇၉ မိနစ် ပယ်နယ်တီကို ၀င်အောင်မသွင်းနိုင်ခဲ့တဲ့ ဂျရတ် ပွဲပြီးကာနီးရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ ရော်ဂျာကတော့ ပွဲအပြီးမှာ ဂျရတ်ကို ချီးကျူးခဲ့ပါတယ်။
    ဗန်ဂါးလ်ရဲ့မန်ယူက အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာ ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ၀က်စ်ဘရွန်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပင်နယ်တီတစ်လုံးအပါအ၀င် ဗန်ပါစီရဲ့ ကန်သွင်းမှုတွေ မ၀င်တာက မန်ယူကို ရှုံးပွဲတွေ့စေခဲ့တာဖြစ်ပြီး ဒီရှုံးပွဲဟာ မန်ယူရဲ့ နောက်ဆုံး ၃ ပွဲဆက်အရှုံးလည်း ဖြစ်ခဲ့ပါတယ်။ ဗန်ဂါးလ်ကတော့ ၀က်စ်ဘရွန်းဟာ ဂိုးရှေ့မှာ ဘတ်စ်ကားရပ်ထားတဲ့ ပုံစံမျိုးနဲ့ ကစားသွားခဲ့တယ်လို့ ဝေဖန်ခဲ့ပြီး အသာရပေမယ့် ဂိုးမရခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
    မန်စီးတီးနဲ့ စပါးတို့ရဲ့ ပွဲမှာတော့ နှစ်သင်းစလုံးက တိုက်စစ်ဖွင့်ကစားတာကြောင့် ပွဲက မြိုင်ခဲ့ပါတယ်။ နှစ်ဖက်စလုံး ဂိုးသွင်းခွင့်တွေရခဲ့ပြီး ကစားသမားတွေရဲ့ အဆုံးသတ်ကောင်းမွန်မှုက စကားပြောသွားခဲ့တာပါ။ မန်စီးတီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပင်တိုင်တိုက်စစ်မှူး အဂူရိုက ၂၉ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
    နယူးကာဆယ်ကတော့ အရှုံးသံသရာက မထွက်နိုင်သေးဘဲ တန်းဆင်းဇုန်က လွတ်ဖို့ အသည်းအသန်ကြိုးစားနေတဲ့ လက်စတာကို ၃ ဂိုးပြတ်ရှုံးပြီး တန်းဆင်းဇုန်နဲ့ ၂ မှတ်သာ ကွာပါတော့တယ်။ ဇုန်ထဲက နောက်တစ်သင်းဖြစ်တဲ့ ဆန်းဒါးလန်းက ဆောက်သက်တမ်ကို အနိုင်ရခဲ့ပြီး ဘန်လေကတော့ ၀က်စ်ဟမ်းကို ရှုံးခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    လက်စတာ ၃-၀ နယူးကာဆယ်
    အက်စတွန်ဗီလာ ၃-၂ အဲဗာတန်
    လီဗာပူးလ် ၂-၁ ကျူပီအာရ်
    ဆန်းဒါးလန်း၂-၁ ဆောက်သက်တမ်
    ဆွမ်ဆီး ၂-၀ စတုတ်
    မန်ယူ ၀-၁ ၀က်စ်ဘရွန်း
    ချယ်ဆီး ၁-၀ ခရစ္စတယ်ပဲလေ့စ်
    စပါး ၀-၁ မန်စီးတီး
  • ဘာသာရေး လွတ်လပ်ခွင့် သံတမန် တွေ လာရောက်
    ဘာသာရေး လွတ်လပ်ခွင့် သံတမန် တွေ လာရောက်
    11037467_830243417057479_8109994440231484437_n
    အမေရိကန်နဲ့ ကနေဒါက နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အထူး သံတမန်တွေ မြန်မာနိုင်ငံကို မေလ ၂ ရက်က ၅ ရက်ထိ လာပြီး လေ့လာမှုတွေ လုပ်နေကြပါတယ်။
    .
    ဒီလို လာလေ့လာရာမှာ ရွေးကောက်ပွဲ ကာလအတွင်းမှာ ဘာသာရေးကို အသုံးချပြီး အမုန်းတရားတွေ ဖြန့်ဖြူးမှာကို စိုးရိမ်မိကြောင်း မြန်မာနိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူး သံတမန် David Saperstein နဲ့ ကနေဒါ နိုင်ငံ ဘာသာရေး လွတ်လပ်ခွင့်ဌာန သံအမတ်ကြီး Andrew Bennett တို့ က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
    .
    ဒီခရီးစဉ် အတွင်း သံအမတ်ကြီးတွေက ဘာသာရေး အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ရော အစိုးရနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။
    .
    ရခိုင်ပြည်နယ်မှာ ဝှိုက်ကပ်ကိုင်သူတွေ မဲပေးခွင့် ဆုံးရှုံးမှာ၊ သူတို့ကို နိုင်ငံသား လက်မှတ် ထုတ်မပေးမှာကို စိုးရိမ်လို့ သံတမန်တွေက မေးမြန်း စုံစမ်းကြတယ်လို့ သူတို့နဲ့ တွေ့ဆုံ ခဲ့တဲ့ Women Peace Network Arakan က မဝေဝေနုက ပြောပါတယ်။
    .
    လက်ရှိ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေတွေ ပိုဆိုး မလာအောင် ဒီသံတမန်တွေက မြန်မာ အစိုးရနဲ့ရော သက်ဆိုင်ရာ အစိုးရတွေနဲ့ပါ တိုင်ပင် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း သူက ဆိုပါတယ်။
    .
    မြန်မာအစိုးရ အနေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးတွေ လုပ်နေတာထက် အောက်ခြေ အစိုးရ အဖွဲ့အစည်းတွေမှာ ဘာသာရေး အရ ခွဲခြား ဖိနှိပ်မှုတွေ ရှိနေတာကို ပြုပြင်ဖို့ သံတမန်တွေနဲ့ တွေ့ခဲ့သူတွေက တိုက်တွန်း အကြံပေးခဲ့ကြပါတယ်။
    .
    မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် စိုးရိမ်ရတဲ့ နိုင်ငံအနေနဲ့ အမေရိကန်က စာရင်းသွင်းထားခဲ့ပါတယ်။
    .
    သတင်း- ဘီဘီစီ(မြန်မာပိုင်း)
    ဓါတ်ပုံအညွှန်း- နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူး သံတမန် David Saperstein ရန်ကုန်မြို့ တခြမ်းပဲ့ ဗလီဝတ်ကျောင်းတော်သို့ သွားရောက်လည်ပတ်စဉ်
    Photo Credit – U.S. Embassy Rangoon
    http://www.bbc.com/burmese/burma/2015/05/150503_religious_ambassadors_us
    11205160_830287980386356_4258513111728204501_n
    10404437_830243397057481_3029196157194900569_n
  • အမုန်းတရားပပျောက်ရန် Hate Free Group မှ ပဲခူးတွင် စတင်လှုပ်ရှား
    အမုန်းတရားပပျောက်ရန် Hate Free Group မှ ပဲခူးတွင် စတင်လှုပ်ရှား
    မေ ၄ ၊ ၂၀၁၅
    M-Media
    သတင်း-သူရိန်
    5a82dcd9c1e777c22bf20dfc89eb7045f7f72016a07579f6ba2e0788693ad756
    မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအကြားတွင် ဘာသာရေးဆိုင်ရာ အမြင်မကြည်မှုများနှင့် ဘာသာမတူသူများ အကြား အမုန်းတရားများ ပပျောက်စေရန် အတွက် Hate Free Group ကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် စတင်ဖွဲ့စည်းလိုက်သည်။
    Hate Free Group Bago ကို မေလ၃ရက်နေ့ညနေပိုင်းက ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် မီးရထားဂုံးဘေးရှိ စရီရာမ ဘုရားကျောင်းတွင် ဘာသာစုံမှ အမုန်းတရားတိုက်ဖျက်လိုသော လူငယ်များ စုပေါင်းကာ စတင်လှုပ်ရှားခြင်းလည်း ဖြစ်သည်။
    ထိုသို့ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ဦးစီးလုပ်ဆောင်တဲ့ လူငယ်တစ်ဦးဖြစ်သူ ကိုမျိုးကိုက “လူငယ်တွေတစ်ဦးနဲ့တစ်ဦးကြား ဘာသာတစ်ခုနဲ့တစ်ခုကြား လူမျိုးတွေတစ်ခုနဲ့တစ်ခုကြားမှာ ရင်းနှီးမှုတွေ ရသွားအောင် ချစ်ခင်မှုတွေရသွားအောင်  အမြင်ကြည်လင်မှု တွေရအောင် ရည်ရွယ်ဖွဲ့စည်းရတာ ဖြစ်ပါတယ် ” ဟု M-Media သို့ပြောပြသည်။
    ဆက်လက်၍လည်း လူမျိုးဘာသာစုံပါဝင်သော အမုန်းတရားတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် အခြားသောပရဟိတ Activityများလုပ်​​ဆောင်​နိုင်​​သွားမည် ဟုလည်း ထိုအဖွဲ့မှ ကိုမျိုးကိုက ၄င်းတို့ ရည်ရွယ်လုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ရှင်းပြသည်။
    e6eb1eb105f70e6135d4c18f7fab1bc3a76a746b901616fda6ff7150f8966907
    အဆိုပါ အဖွဲ့၏ ကနဦး လုပ်ငန်းစဉ်အနေဖြင့် အခြားပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ လာမည့် အင်္ဂါနေ့တွင် လတ်တလော ရေပြတ်လတ်၍ ရေလိုအပ်လျက်ရှိသည့် သနပ်ပင်မြို့နယ်သို့ သွားရောက်၍ ရေလှူဒါန်းမှုပြု မည်ဖြစ်သည်။ ထိုသို့လှူဒါန်းမှုပြုရာတွင် အမုန်းတရား ပြောဆိုမှုများပပျာက်ရေးနဲ့ ပတ်သက်သော ကာတွန်းများ ပိုစတာများဖြင့် ပညာပေးမှုများပါ ပူးတွဲပြုလုပ်မည်ဟုလည်း သိရသည်။
    Hate Free Groupကို ပဲခူးမြို့ပေါ်တွင် အခြေပြုစတင်ဖွဲ့စည်းခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းဒေသများနှင့် ချိတ်ဆက်ကာ ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်သွားမည်ဟု သိရသည်။
  • ယူကေတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်း ကြီးထွားလာ
    ယူကေတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်း ကြီးထွားလာ
    မေ ၄၊ ၂၀၁၅
    M-Media
    uK
    – ကမ္ဘာတစ်ဝှမ်း အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးစနစ်အား အားပေးထောက်ခံမှုများ ကြီးထွားလာသည့် အချိန်တွင် ယူကေတွင်လည်း အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများမှာ အခြေကျလာခဲ့ပြီး မွတ်စလင် မဟုတ်သူများ အကြားတွင် လူကြိုက်များမှု တစ်ဟုန် ထိုးတက်လာသည်ဟု ဗြိတိန် ဘဏ္ဍာရေး ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။
    “မွတ်စလင် မဟုတ်တဲ့သူတွေကလည်း အစ္စလာမ့် ဘဏ္ဍာရေးစနစ်ကို စိတ်ဝင်စားကြပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ စီးပွားရေးမှာ ကျင့်သုံးတဲ့ ကျင့်ဝတ်ဆိုင်ရာနည်းလမ်းနဲ့ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေကြောင့်ပါပဲ။ အစ္စလာမ့် ဘဏ္ဍာရေးစနစ်ဟာ သာတူညီမျှဖြစ်တဲ့ ဖြန့်ဖြူးမှု၊ မျှတတဲ့ ကုန်သွယ်မှု၊ နှိုင်းနှိုင်းချင့်ချင့် သုံးစွဲမှုနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အကျိုးရှိမှု စတဲ့ အခြေခံ စည်းမျဉ်းတွေကို သဘောတူကြတဲ့သူတွေကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်” ဟု အလ် ရေယန်ဘဏ် ဈေးကွက်နှင့် လက်ကားဌာနမှ
    အကြီးအကဲ တင်မ် ဆင်ကလဲယားက Independent သတင်းစာသို့ မေ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
    ကျင့်ဝတ်ဆိုင်ရာ စံနှုန်းက ယူကေရှိ မွတ်စလင် မဟုတ်သော လူ့အဖွဲ့အစည်းအကြား အစ္စလာမ့်ဘဏ္ဍာရေးစနစ် ကြီးထွားမှု၏ နောက်ကွယ်မှ အဓိကအကြောင်းအရင်းဖြစ်သည်ဟု ဆင်ကလဲယားက ယုံကြည်နေသည်။
    လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က ယူကေတွင် စတင်ခဲ့ပြီးနောက် အစ္စလာမ့်ဘဏ္ဍာရေးစနစ်၏ အသီးအပွင့်များမှာ အစ္စလာမ့်နည်းကျ ငွေစုအကောင့်၊ ရင်းနှီးမြှုပ်နှံမှုများ၊ အပေါင်ထားခြင်းနှင့် အာမခံပေါ်လစီများမှ စတင်ကာ ကျောင်းသားများအား အစ္စလာမ့်နည်းကျ နှစ်ရှည်ချေးငွေပေးခြင်းအထိ ကျယ်ပြန့်လာခဲ့သည်။
    “ငွေကြေးတွေကို ပိုင်ဆိုင်မှုအခြေပြုတဲ့၊ အဆောက်အဦး ဒါမှမဟုတ် ရွှေ၊ ငွေလို တော်တော်လေး စိတ်ချရတဲ့ ကုန်ပစ္စည်းတွေမှာ ရင်းနှီးမြှုပ်နှံပါတယ်။ သူတို့တွေဟာ အစ္စလာမ့် တန်ဖိုးနဲ့ မကိုက်ညီတဲ့ လုပ်ငန်း ဥပမာအားဖြင့် လောင်းကစား၊ အရက်၊ အပြာလုပ်ငန်း၊ လက်နက်၊ ဆေးရွက်ကြီး ဒါမှမဟုတ် အတိုးပါတဲ့လုပ်ငန်း ဒါမှမဟုတ် မရေရာ မသေချာတဲ့လုပ်ငန်းတွေနဲ့ ဆက်နွယ်တဲ့ ဘယ်လိုလုပ်ငန်းမျိုးမှာမှ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ပါဘူး” ဟု ဆင်ကလဲယားက ပြောကြားခဲ့သည်။
    PricewaterhouseCoopers ကုမ္ပဏီမှ အစ္စလာမ်ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲဖြစ်သူ မိုဟာမက်ခန်းက ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်မှုများက အစ္စလာမ့်နည်းကျ လုပ်ငန်းများကို စိတ်ဝင်စားခြင်း၏ အဓိက အကြောင်းအရင်းမဟုတ်ဟု ဆိုသည်။
    “အစ္စလာမ့်နည်းကျ လုပ်ငန်းတွေ အဖွံ့ဖြိုးဆုံးနိုင်ငံကို ကြည့်မယ်ဆိုရင် မလေးရှားဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ အဲဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေကို ကြည့်ရင်လည်း မွတ်စလင်တွေနဲ့ မွတ်စလင် မဟုတ်တဲ့သူတွေအထိ ရှိတယ်ဆိုတာကိုလည်း တွေ့ရမှာပါ။ ဒါပေမယ့် လူတွေက အချိန်နဲ့အလိုက် ယှဉ်ပြိုင်မှုအရှိဆုံး လုပ်ငန်းတွေမှာ သာမန် ရင်းနှီးမြှုပ်နှံနေကြတာပါပဲ” ဟု ခန်းက ပြောကြားခဲ့သည်။
    ယူကေအစိုးရမှာ မြင့်တက်လာသော ပညာရေး ကုန်ကျစားရိတ်များကို နိုင်ငံအတွင်းရှိ မွတ်စလင်ကျောင်းသားများ ဖြေရှင်းရာတွင် အကူအညီဖြစ်စေရန်အတွက် အစ္စလာမ့်နည်းကျ နှစ်ရှည်ချေးငွေကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အတည်ပြုခဲ့သည်။
    ကြီးထွားလာမှု
    အလ် ရေယန်ဘဏ်မှာ ၂၀၁၄ ခုနှစ်တွင် ပထမဆုံး အကျိုးအမြတ် ရရှိခဲ့ပြီး ၀င်ငွေမှာလည်း ၁၆၈ ရာခိုင်နှုန်းအထိ မြင့်တက်လာက ထိုအချင်းအရာက ယူကေတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးစနစ် တိုးတက်လာမှုကို ရောင်ပြန်ဟပ်နေခြင်းလည်းဖြစ်သည်။
    ထိုဘဏ်၏ တိုးတက်မှုမှာ အဓိကအားဖြင့် မွတ်စလင်မဟုတ်သူများကြောင့်ဖြစ်သည်ဟု ဆင်ကလဲယားက ဆိုသည်။
    “ကျွန်တော်တို့ရဲ့ ကာလအတိအကျသတ်မှတ်ထားတဲ့ ငွေစုမှုမှာ ငွေလာစုကြသူတွေရဲ့ ၈၃ ရာခိုင်နှုန်းနဲ့ ပြီးခဲ့တဲ့နှစ်က ဆက်သွယ်အလုပ်လုပ်လာသူတွေရဲ့ ၄၇ ရာခိုင်နှုန်းဟာ မွတ်စလင် မဟုတ်သူတွေ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
    အစ္စလာမ်မှာ ချေးငွေများအတွက် အတိုးယူခြင်းနှင့် အတိုးပေးခြင်းတို့ကို တားမြစ်ထားသည်။ အစ္စလာမ့်ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများမှာလည်း အရက်၊ လောင်းကစား၊ အပြာလုပ်ငန်း၊ ဆေးရွက်ကြီး၊ လက်နက်နှင့် ၀က်သား စသည်တို့နှင့် နွယ်သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ထိုလုပ်ငန်းများမှ ရန်ပုံငွေရယူခြင်းများကို လုပ်ပိုင်ခွင့် မရှိပေ။
    “အစ္စလာမ့် ဘဏ်တစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ စားသုံးသူတွေအပေါ်မှာ တစ်ဖက်သတ် ၀န်ဆောင်ခ ရယူတာမျိုးကို ခွင့်မပြုပါဘူး။ ကျွန်တော်တို့ရဲ့ ၀န်ဆောင်ခဟာ ကျွန်တော်တို့ဝန်ထမ်းတွေ ဆောင်ရွက်ရတဲ့ အချိန်နဲ့ အလုပ်အပေါ်မှာ မူတည်ပြီး ဒါဟာ အထူးသဖြင့် ငွေစုငွေချေးဘဏ်တွေက ယူတဲ့ ၀န်ဆောင်ခထက် နည်းပါတယ်” ဟု ဆင်ကလဲယားက ထည့်သွင်းပြောကြားခဲ့သည်။
    အစ္စလာမ်က ငွေကြေးဆိုင်ရာ အဆိပ်အတောက်ဖြစ်စေမည့် အခြေအနေမျိုးများတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ရဟု ထားမြစ် ထားသောကြောင့် အစ္စလာမ့်ဘဏ်လုပ်ငန်းများမှာ အောင်မြင်မှု ရရှိခြင်းလည်းဖြစ်သည်။ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၅၀ ခန့်တွင် လုပ်ဆောင်နေပြီး ကမ္ဘာ့ ဘဏ္ဍာရေး လုပ်ငန်းတွင် အလျင်မြန်ဆုံး တိုးတက်နေသည့် လုပ်ငန်းများထဲမှ တစ်ခုလည်းဖြစ်သည်။
    လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က စတင်ခဲ့သည့် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းမှာ တစ်ရိပ်ရိပ် တိုးတက်လာနေပြီး ကမ္ဘာတစ်ဝှမ်းမှ ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်လုပ်ငန်းရှင်များကိုလည်း ဆွဲဆောင်နိုင်သည်။
    အစ္စလာမ့်နည်းကျ လုပ်ငန်းများမှာ စမ်းသပ်မှု ၂ ခုဖြင့် အတည်ပြု စစ်ဆေးပြီး၊ ၎င်းတို့မှာ အတိုးပါဝင်မှု မရှိစေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့ ဖြစ်သည်ဟု ခန်းက ရှင်းပြခဲ့သည်။
    “ငွေတွေတွေအားလုံးက ဘယ်ကလဲဆိုတာ တကယ့်ကို ရှင်းရှင်းလင်းလင်း ရှိရပါတယ်။ အရည်သွေးမီဖို့အတွက် ရှရီအာဘုတ်အဖွဲ့က လက်မှတ်ထိုးပေးရပါတယ်။ ပြီးတော့ အစ္စလာမ့်ဓမ္မပညာရှင် အနည်းဆုံး ၃ ဦးက အဲဒီလုပ်ငန်း၊ ဈေးကွက်၊ စည်းမျဉ်းစည်းကမ်းနဲ့ အခြေအနေတွေ၊ ပြီးတော့ သူတို့ရဲ့ ငွေကြေးတွေ အားလုံးကို စောင့်ကြည့်နေပါတယ်။ လွတ်လပ်တဲ့ အဖွဲ့တစ်ခုက လွတ်လပ်စွာ စာရင်းစစ်ဆေးမှုကိုလည်း မဖြစ်မနေ ဆောင်ရွက်ရပါတယ်။ အဲဒီစာရင်းစစ်ဆေးမှုကို ကျင့်ဝတ်ပိုင်းဆိုင်ရာ စာရင်းစစ်မှုလို့ ခေါ်ပါတယ်”
    Ref: Onislam