News @ M-Media

အမုန်းတရားပပျောက်ရန် Hate Free Group မှ ပဲခူးတွင် စတင်လှုပ်ရှား

မေ ၄ ၊ ၂၀၁၅
M-Media
သတင်း-သူရိန်

5a82dcd9c1e777c22bf20dfc89eb7045f7f72016a07579f6ba2e0788693ad756

မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအကြားတွင် ဘာသာရေးဆိုင်ရာ အမြင်မကြည်မှုများနှင့် ဘာသာမတူသူများ အကြား အမုန်းတရားများ ပပျောက်စေရန် အတွက် Hate Free Group ကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် စတင်ဖွဲ့စည်းလိုက်သည်။

Hate Free Group Bago ကို မေလ၃ရက်နေ့ညနေပိုင်းက ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် မီးရထားဂုံးဘေးရှိ စရီရာမ ဘုရားကျောင်းတွင် ဘာသာစုံမှ အမုန်းတရားတိုက်ဖျက်လိုသော လူငယ်များ စုပေါင်းကာ စတင်လှုပ်ရှားခြင်းလည်း ဖြစ်သည်။

ထိုသို့ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ဦးစီးလုပ်ဆောင်တဲ့ လူငယ်တစ်ဦးဖြစ်သူ ကိုမျိုးကိုက “လူငယ်တွေတစ်ဦးနဲ့တစ်ဦးကြား ဘာသာတစ်ခုနဲ့တစ်ခုကြား လူမျိုးတွေတစ်ခုနဲ့တစ်ခုကြားမှာ ရင်းနှီးမှုတွေ ရသွားအောင် ချစ်ခင်မှုတွေရသွားအောင်  အမြင်ကြည်လင်မှု တွေရအောင် ရည်ရွယ်ဖွဲ့စည်းရတာ ဖြစ်ပါတယ် ” ဟု M-Media သို့ပြောပြသည်။

ဆက်လက်၍လည်း လူမျိုးဘာသာစုံပါဝင်သော အမုန်းတရားတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် အခြားသောပရဟိတ Activityများလုပ်​​ဆောင်​နိုင်​​သွားမည် ဟုလည်း ထိုအဖွဲ့မှ ကိုမျိုးကိုက ၄င်းတို့ ရည်ရွယ်လုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ရှင်းပြသည်။
e6eb1eb105f70e6135d4c18f7fab1bc3a76a746b901616fda6ff7150f8966907
အဆိုပါ အဖွဲ့၏ ကနဦး လုပ်ငန်းစဉ်အနေဖြင့် အခြားပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ လာမည့် အင်္ဂါနေ့တွင် လတ်တလော ရေပြတ်လတ်၍ ရေလိုအပ်လျက်ရှိသည့် သနပ်ပင်မြို့နယ်သို့ သွားရောက်၍ ရေလှူဒါန်းမှုပြု မည်ဖြစ်သည်။ ထိုသို့လှူဒါန်းမှုပြုရာတွင် အမုန်းတရား ပြောဆိုမှုများပပျာက်ရေးနဲ့ ပတ်သက်သော ကာတွန်းများ ပိုစတာများဖြင့် ပညာပေးမှုများပါ ပူးတွဲပြုလုပ်မည်ဟုလည်း သိရသည်။

Hate Free Groupကို ပဲခူးမြို့ပေါ်တွင် အခြေပြုစတင်ဖွဲ့စည်းခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းဒေသများနှင့် ချိတ်ဆက်ကာ ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ဆောင်ရွက်သွားမည်ဟု သိရသည်။

Comments

Leave a Reply