News @ M-Media

Blog

  • ဆော်ဒီတွင် တရုတ်နိုင်ငံသား ၆၀၀ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာ

    ဆော်ဒီတွင် တရုတ်နိုင်ငံသား ၆၀၀ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်လာ

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    7-4-15_600-Chinese-Workers-Revert-to-Islam-in-SaudiC

    – အစ္စလာမ်ဓမ္မပညာရှင်တွေက အစ္စလာမ့်ရေးရာတွေကို သင်ကြားပို့ချပေးခဲ့ပြီးတဲ့နောက်ပိုင်း ဆော်ဒီအာရေဗျမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်လူမျိုး ၆၀၀ ကျော်ဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်လာခဲ့တယ်လို့ Saudi Sabq သတင်းစာကို ကိုးကားပြီး Onislam ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    အဲဒီအလုပ်သမားတွေထဲမှာ အင်ဂျင်နီယာတွေနဲ့ သာမန်အလုပ်သမားတွေပါဝင်ပြီး မက္ကာဟ်မြို့မှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ အစ္စလာမ်ကို နားလည်သဘောပေါက်ဖို့အတွက် Taneem Da`wah အဖွဲ့က ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး အစ္စလာမ်နဲ့ ပတ်သက်လို့ ကျင့်ရန်၊ ကျဉ်ရန်တွေကို ညဘက်မှာ အချိန်ထုတ်ပြီး ၁၂ နာရီကြာ သင်ကြားပို့ချပေးခဲ့ပါတယ်။

    အဲဒီ တရုတ်လူမျိုးတွေ အစ္စလာမ်ကို သက်ဝင်ယုံကြည်တဲ့အခမ်းအနားကို မကြာသေးခင်က အစ္စလာမ်ဘာသာဝင်ဖြစ်လာတဲ့ သစ်လွင်တရုတ်မွတ်စလင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ သူတို့တွေဟာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခြင်း မပြုခင်မှာ ဗလီဝတ်ကျောင်းတော်တွေကို လေ့လာခွင့်ရခဲ့ပြီး မရှင်းမလင်းတာတွေမေးမြန်းဖို့အတွက် တွေ့ဆုံပွဲတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ကြပါတယ်။

    အစ္စလာမ်ဓမ္မပညာရှင်တွေကတော့ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ အစ္စလာမ်နဲ့ပတ်သက်တဲ့ စာအုပ်တွေကိုလည်း သူတို့ကို ဝေငှပေးခဲ့ကြပါတယ်။

    ဆော်ဒီအရေဗျမှာ တရုတ်လူမျိုးတွေ အစ္စလာမ်ကို အစုလိုအပြုံလိုက် သက်ဝင်ယုံကြည်လာတာဟာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ဆော်ဒီဘုရင်ကြီး အဘ်ဒွလ်အဇစ်ရဲ့ ပကာသနမပါတဲ့ အသုဘကိုကြည့်ပြီး အစ္စလာမ်ကို လေ့လာကာ တရုတ်လူမျိုး ၅၀၀ လောက် အစ္စလာမ်ကို သက်ဝင်လာခဲ့ကြပါတယ်။

    Ref: Onislam

  • ယီမင်ပြဿနာဖြေရှင်းရေး အီရန်နှင့် တူရကီတို့ သဘောတူ

    ယီမင်ပြဿနာဖြေရှင်းရေး အီရန်နှင့် တူရကီတို့ သဘောတူ

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    ccbfc29e961f894eee437d61bb8b4177

    – နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာသော ယီမင်စစ်ပွဲ အဆုံးသတ်ရေး နိုင်ငံရေး အဖြေအတွက် လိုအပ်ချက်နှင့် ပတ်သက်၍ တူရကီနှင့် အီရန်တို့ သဘောတူညီချက်ရရှိခဲ့သည်ဟု အီရန်သမ္မတ ရူဟာနီက ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ဟာ အီရတ်၊ ဆီးရီးယားနဲ့ ပါလက်စတိုင်းအကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ယီမင်အတွက်တော့ တော်တော်ကြာကြာ ဆွေးနွေးခဲ့ကြပါတယ်။ စစ်ပွဲတွေ၊ သွေးမြေကျမှုတွေကို ဒီဒေသမှာ ချက်ချင်း ရပ်တန့်ရမယ်ဆိုတာကိုလည်း ကျွန်တော်တို့နှစ်ယောက်စလုံး တွေးကြပါတယ်။ ပြီးတော့ ပြည့်စုံတဲ့ အပစ်ရပ်ရေးကို တည်ဆောက်ရမှာဖြစ်ပြီး ယီမင်မှာ တိုက်နေခိုက်နေတာတွေကိုလည်း ရပ်ကို ရပ်တန့်ပစ်ရပါမယ်” ဟု ရူဟာနီက တီဟီရန်တွင် တူရကီသမ္မတ အာဒိုဂန်နှင့် ဆွေးနွေးမှုအပြီး ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    တူရကီသမ္မတကမူ ယီမင်ကိစ္စနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့ဘဲ အီရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးအကြောင်းကိုသာ ပြောကြားခဲ့သည်။ တူရကီမှာ ယီမင်ရှိ ဟူသီသူပုန်များအား ဆော်ဒီဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့က လေကြောင်းမှတိုက်ခိုက်ခြင်းကို ထောက်ခံထားသည်။

    ရူဟာနီကမူ ဒေသတွင်းအခြားသော နိုင်ငံများ၏ အကူအညီဖြင့် မိမိတို့ ၂ နိုင်ငံမှာ ယီမင်နိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်ရေးနှင့် ယီမင်နိုင်ငံများသားများအကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးကို ကူညီဆောင်ရွက်သွားရန် မျှော်လင့်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ယီမင်တွင် အီရန်က ကျောထောက်နောက်ခံပေးထားသည့် ဟူသီသူပုန်များနှင် ဆော်ဒီမှ ထောက်ခံသော သမ္မတာဟာဒီအား သစ္စာခံသည့် တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး ပြည်တွင်းစစ်အသွင် ဆောင်နေသည်။

    တူရကီသမ္မတ အာဒိုဂန်မှာ ၀န်ကြီးများနှင့်အတူ အီရန်နိုင်ငံသို့ တစ်ရက်တာ သွားရောက်ခဲ့ပြီး အီရန်နိုင်ငံ၏ အဓိပတိ အယာတိုလာ ခါမေနီနှင့်လည်း တွေ့ဆုံခဲ့သည်။

    Ref: Aljazeera

  • ဘရာဇီးလ်ဘောလုံးသမားများ အသင်းအတွက် စိတ်နှစ်ကစားခြင်းမရှိဟု ဆန်းတို့စ်ပြော

    ဘရာဇီးလ်ဘောလုံးသမားများ အသင်းအတွက် စိတ်နှစ်ကစားခြင်းမရှိဟု ဆန်းတို့စ်ပြော

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    santos

    – ဘရာဇီးလ်ကစားသမားများအနေဖြင့် ဂျပန်ကစားသမား၏ နိုင်ငံအသင်းအတွက် “စိတ်နှစ်မြှုပ်မှု” အရည်အချင်းကို သင်ယူရမည်ဟု ဘရာဇီလ်းဖွား ဂျပန်ကစားသrား အလက်ဇန်ဒရို ဆန်းတို့စ်က ပြောကြားလိုက်သည်။

    ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်၌ ဂျာမနီအား ၇ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရခြင်းအပါအ၀င် ဘရာဇီးလ်မှာ အောင်မြင်မှုမရခဲ့သော်လည်း ပြိုင်ပွဲအပြီး နည်းပြသစ် ဒွန်ဂါကိုင်တွယ်ခဲ့သည့် အချိန်တစ်လျှောက်တွင် လက်ရှိ အချိန်အထိ ၈ ပွဲဆက်တိုက် အနိုင်ရရှိထားသည်။

    ကစားသမား သက်တမ်းတစ်လျှောက်ကို ဂျေလိဂ်တွင် ကုန်ဆုံးခဲ့ပြီး လက်ရှိတွင် ဘရာဇီးလ်ကလပ် Maringa ၌ ကစားနေသည့် ဆန်းတို့စ်ကမူ ဘရာဇီးလ်ကစားသမားများ၏ အသင်းအတွက် စိတ်နှစ်မြှုပ်မှုမရှိခြင်းကို ဝေဖန်လိုက်ပြီး ဘရာဇီးလ်အသင်း တိုးတက်ချင်ပါက ကမ္ဘာ့ဖလားကျရှုံးမှုကို လုံးဝ မေ့ပစ်၍မရဟု ပြောကြားခဲ့သည်။

    “စိတ်နှစ်မြှုပ်မှုဆိုတဲ့အရည်အချင်းကို ဂျပန်ကစားသမားတွေဆီကနေ ဘရာဇီးလ်ကစားသမားတွေက သင်ယူရပါလိမ့်မယ်။ ဘရာဇီးလ်မှာ အရည်အသွေးမြင့်ကစားသမားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကံမကောင်းတာကတော့ အဲဒီကစားသမားကောင်းတွေဟာ သူတို့ရဲ့အရည်အသွေးကို သက်သေပြဖို့ အခွင့်အရေး များများစားစား မရကြပါဘူး။ ဂျပန်မှာ ဘောလုံးသမားတွေဟာ အမြဲတမ်း တိုးတက်ဖို့ ရည်ရွယ်နေကြပါတယ်။ ပြီးတော့ ကြိုးကြိုးစားစားလည်းရှိပြီး စိတ်ဓာတ်လည်း ပြတ်သားကြပါတယ်။ ဘရာဇီးလ်မှာတော့ ဒါမျိုးကို မတွေ့ရပါဘူး” ဟု ဆန်းတို့စ်က ပြောကြားခဲ့သည်။

    ဆန်းတို့စ်မှာ ဘရာဇီးလ်တွင် မွေးဖွားခဲ့သော်လည်း ငယ်စဉ်ကတည်းက ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့သည်။

    ဘရာဇီးလ်ကစားသမားများနှင့် ပတ်သက်၍ “ဘရာဇီးလ်မှာ ယုံကြည်မှုလွန်ကဲတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ သူတို့ဟာ ကစားသမားကောင်းတွေဖြစ်တာကြောင့် လေ့ကျင့်ဖို့မလိုအပ်ဘူး၊ အမြဲတမ်း ဒီလိုပဲဖြစ်နေမယ်လို့ သူတို့ ထင်ကြပါတယ်။ တကယ်တော့ တစ်ခုခု တိုးတက်နေရမှာပေါ့လေ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • မြန်မာ အိမ်အကူ ဟောင်ကောင် မခေါ်တော့၍ အံအားသင့်မိကြောင်း အလုပ်သမားရေး ဝန်ကြီးဌာနပြော

    မြန်မာ အိမ်အကူ ဟောင်ကောင် မခေါ်တော့၍ အံအားသင့်မိကြောင်း အလုပ်သမားရေး ဝန်ကြီးဌာနပြော

    ဧပြီ ၈ ၊၂၀၁၅
    M-Media

    nora0727
    ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ဟောင်ကောင်သို့ မြန်မာနိုင်ငံမှ ပထမဆုံး တရားဝင်အိမ်အကူများ လေဆိပ်သို့ရောက်ရှိခဲ့စဉ်

    ဟောင်ကောင်အခြေစိုက် အိမ်အကူ ကုမ္ပဏီတစ်ခုလုပ်ငန်းမှ မြန်မာပြည်မှ အိမ်အကူများ မခေါ်တော့ဘဲ လုပ်ငန်း ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းအပေါ် အံအား သင့်မိသည့်ဟု မြန်မာအလုပ်သမားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့တယ်လို့ South China Morning Post သတင်းက ဖော်ပြပါတယ်။

    အဆိုပါ ကုမ္ပဏီရဲ့ ဟောင်ကောင်ရုံး၏ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းလိုက်ကြောင်း နောက်ဆုံးချိန်ကျမှ  အလုပ်သမားရေးဝန်ကြီးဌာနမှ လူတွေ သိခဲ့ရသည်ဟု ဟောင်ကောင်မြန်မာကုန်သည်ကြီးအသင်းဥက္ကဋ္ဌ အဲလ်ဘတ်အောင် မှ ပြောပြသည်။

    မြန်မာအလုပ်သမားရေးရာဝန်ကြီးဌာနသည် ဟောင်ကောင်သို့ မြန်မာအိမ်ဖော်များ ပို့ဆောင်ခွင့်ရ တစ်ဦးတည်းသော အေဂျင်စီ၏ လုပ်ငန်းလည်ပတ်မှုနောက်ဆုံးအခြေအနေကိုပင် မသိရှိခဲ့ကြောင်း ၀န်ကြီးဌာနနှင့်ဆက်စပ်သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသည်။

    ပြီးခဲ့သည့်သတင်းပတ် အင်္ဂါနေ့အစည်းအဝေးတစ်ခုတွင် မိမိပြောပြမှသာ Golden Mind လုပ်သားရှာဖွေရေးကုမ္ပဏီ ပိတ်လိုက်ခြင်းအကြောင်းကို ၀န်ကြီးဌာနအရာရှိများ သိရှိကြကြောင်း ဟောင်ကောင်မြန်မာကုန်သည်ကြီးများအသင်းဥက္ကဌ အဲလ်ဘတ်အောင်  ကဆိုသည်။

    “သူတို့ တော်တော် အံ့သြသွားကြတယ်။ ကျွန်တော်ပြောပြတဲ့အခါမှသာ သူတို့ သိသွားတယ်။ အဲ့ဒီ အေဂျင်စီနဲ့ ပြန်ဆက်သွယ်မယ်လို့ သူတို့က ဆိုပါတယ်” ဟု South China Morning Post သတင်းစာတိုက်ထံ အဲလ်ဘတ်အောင်  က မြန်မာနိုင်ငံမှ တယ်လီဖုန်းဖြင့်ပြောကြားသည်။

    သူ၏အသင်းမှာ ဟောင်ကောင်ရှိမြန်မာအိမ်ဖော်များအား အကာအကွယ်ပေးနိုင်စေရန် ကနဦးကပင် ၀န်ကြီးဋ္ဌာနမှ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ သူသည် ပြီးခဲ့သည့်အင်္ဂါနေ့က လုပ်ငန်းစဉ်လည်ပတ်မှုအသိပေးရန် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

    အိမ်အကူလုပ်သား ၂၀၀ ဦးကို ပထမဆုံးအကြိမ်ခေါ်ဆောင်ခဲ့ချိန်မှစပြီး မြန်မာအစိုးရသည် လုပ်သားများ ထပ်မံမပေးခဲ့ပါဟု Golden Mind မန်နေဂျင်းဒါရိုက်တာ Law Yiu-keung က ပြောကြားသည်။

    ဤလုပ်ငန်းကို လွန်ခဲ့သည့်လေးနှစ်မှစ၍ ဟောင်ကောင်ဒေါ်လာ ၃.၅ သန်းဖြင့် ရင်းနှီးမြှုပ်နှံ ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှုစားရိတ် တစ်လလျှင် ဟောင်ကောင်ဒေါ်လာ တစ်သိန်းအထက် ကုန်ကျကြောင်း၊ ထို့ကြောင့် လုပ်ငန်းပိတ်သိမ်းခြင်းမှ တစ်ပါး ရွေးချယ်ရန်လမ်းမရှိတော့ကြောင်း သူက ဆိုပါသည်။

    ကြိုတင်ငွေပေးမှာကြားထားသူများကို ငွေပြန်အမ်းနိုင်အောင် ရုန်းကန်နေခဲ့ရသည်ဟု သူက ပြောပြသည်။ သူ့ထံ အလုပ်အပ်သူများ အနက် စင်္ကာပူနေ ကနေဒါ-တရုတ်ကပြား Emily Seah မှ ပြောပြသည်မှာ – သူမထံ အိမ်အကူလုပ်သားမြန်မာ အမျိုးသမီး တစ်ဦး လုပ်ကိုင်နေသည်မှာ ၂ နှစ် ကြာမြင့်ပြီဖြစ်သည်။ သူမ၏ခင်ပွန်း၊ ကလေးငယ်နှစ်ဦးနှင့်အတူ ယခုနှစ်နှောင်းပိုင်း တွင် ဟောင်ကောင်သို့ ပြောင်းရွှေ့ရမည်ဖြစ်၍ ထိုအိမ်ဖော်အား တစ်ပါတည်းခေါ်သွားနိုင်ရေးအတွက် Golden Mind ထံ မေးမြန်းအလုပ်အပ်ခဲ့သည်။ ပြီးခဲ့သည့်လက အေဂျင်စီရုံးသို့သွားရောက်ကာ ၀န်ဆောင်ခ ဟောင်ကောင်ဒေါ်လာ ၈၉၆၀ ပေးခဲ့သည်။ အလုပ်မဖြစ်လျှင် ငွေပြန်အမ်းမည်ဟု ဆိုသော်လည်း ယခုအခါ ပြန်အမ်းငွေကို အောက်တိုဘာလမှသာ ရရှိမည်ဟု ကုမ္ပဏီက အဖြေပေးသည်။ သို့ဖြစ်ရာ သူမက ဟောင်ကောင်ရဲဋ္ဌာနသို့ လျှောက်ထားတိုင်ကြားခဲ့သည်။

    မြန်မာနိုင်ငံရှိ တွဲဖက်လုပ်ငန်းရှင် Gold Mine အေဂျင်စီသည်လည်း အလားတူပြဿနာမျိုး ကြုံရသဖြင့် လုပ်ငန်းစဉ်ဖြစ်မြောက် မလာမှုကြောင့် ငွေအမြောက်အများ ဆုံးရှုံးရကြောင်း ဆိုသည်။

    မိမိအေဂျင်စီသည် မြန်မာအိမ်အကူများကို ဟောင်ကောင်သို့ တတ်နိုင်သမျှ ကူညီပို့ဆောင်နေခဲ့ကြောင်း Gold Mine ၏ ဒါရိုက်တာတစ်ဦးမှ ပြောသည်။ ဟောင်ကောင်၌ ရုံးခန်းတစ်ခုဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သတင်းစာတိုက်သို့ ပြန်ကြားစာ တစ်စောင်တွင် ဖော်ပြသည်။

    အလုပ်မဖြစ်သည့်အပေါ် တုန်လှုပ်သွားရသည်ဟု Law ကဆိုသည်။ ယမန်နှစ် အောက်တိုဘာလ၌ နောက်ထပ်လုပ်သား ၄၀၀ ဦး တောင်းဆိုလိုက်ပြီးနောက် အလုပ်သမားရေးရာဝန်ကြီးနှင့် ဆုံတွေ့နိုင်ရန် မြန်မာနိုင်ငံသို့ ၁၀ ကြိမ်မက သွားရောက်ခဲ့ကြောင်း၊ အကြိမ်တိုင်းတွင် တွေ့ဆုံနိုင်ရေးမှာ အလွန်တင်းကြပ်ထားကြောင်း သူ၏မြန်မာပါတနာက ပြောပြသည်။ သို့သော် လုပ်သားများထပ်မံမပေးသည့်အကြောင်းရင်းကိုမူ တစ်ခါမျှ ပြောကြားခြင်း မရှိခဲ့ချေ။ မိမိ၏အေဂျင်စီပိတ်သိမ်းရခြင်းအပေါ် အလုပ်သမားဝန်ကြီးဋ္ဌာန မသိလိုက်ရပါဆိုခြင်းကို မိမိမှ မယုံကြည်ကြောင်း သူက ဤသို့ဆိုသည်။

    “စာသုံးစောင်ကို လူကြုံနဲ့ထည့်ပေးခဲ့ပြီးပါပြီ။ သူတို့ မရဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ဘယ်နည်းနဲ့မဆို လက်ခံရရှိပြီးလောက်ပါပြီ”

    မိမိသည် စောဒကများစွာနှင့် ရင်ဆိုင်နေခဲ့ရကြောင်း၊ Emily Seah မှ ပြန်အမ်းငွေရရှိမည်ဟု အာမခံကြောင်း၊ အသုံးချခံလိုက်ရသလိုဖြစ်သွားသည်၌ မိမိ၏ကုမ္ပဏီကျဆုံးရမှုအတွက် အကြောင်းပြချက်တစ်စုံတစ်ရာပေးရန် မြန်မာအစိုးရထံ အရေးဆိုထားကြောင်း Law က ရှင်းပြသည်။

    မေးမြန်းစုံစမ်းမှုများအပေါ် ဟောင်ကောင်ရှိ မြန်မာသံအဖွဲ့ရုံးမှ တုန့်ပြန်မှု မရှိခဲ့ချေ။

    Ref : South China Morning Post

  • လူမည်းတစ်ဦးအား ပစ်သတ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အမေရိကန် တရားစွဲ

    လူမည်းတစ်ဦးအား ပစ်သတ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အမေရိကန် တရားစွဲ

    ဧပြီ ၈၊ ၂၀၁၅
    M-Media

    american police

    – အသက် ၅၀ အရွယ် လူမည်းတစ်ဦးကို သေနတ်ဖြင့် ၈ ချက်ပစ်ကာ သစ်ပစ်ခဲ့သည့် ဗီဒီယို ပေါ်ထွက်လာပြီးနောက် အမေရိကန်ပြည်ထောင်စု တောင်ကယ်လီဖိုးနီးယားရှိ လူဖြူရဲတပ်ဖွဲ့ဝင်တစ်ဦးကို တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    မြောက်ချာလီစတန်မြို့ အုပ်ချုပ်ရေးမှူး ကိသ် ဆမ်မေးက ပြည်နယ် စုံစမ်းစစ်ဆေးရေးမှူးများမှာ ဗီဒီယိုကို ကြည့်ရှုပြီးနောက် ဝေါလ်တာ စကော့အား သတ်ဖြတ်မှုဖြင့် အသက် ၃၃ နှစ်ရွယ် ရဲတပ်ဖွဲ့ဝင် မိုက်ကယ် ဆလာဂါကို တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်အတွက် FBI နှင့် အမေရိကန်တရားရေးဌာနတို့ကလည်း သီးခြား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    “ခင်ဗျားအမှားလုပ်ရင်၊ ခင်ဗျားမှာတာပဲ။ မကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချပြီဆိုရင်လည်း ခင်ဗျားဟာ ဥပဒေအတွင်းကလူ ဖြစ်ဖြစ် လမ်းပေါ်က သာမန်နိုင်ငံသားတစ်ယောက် ဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ပါဘူး။ အဲဒီဆုံးဖြတ်ချက်အတိုင်း ခင်ဗျား ခံစားရမှာပါ” ဟု ဆမ်မေးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    အဆိုပါအဖြစ်အပျက်မှာ ဘရိတ်မီးမလင်းသောကြောင့် စေကာ့၏ကားကို လမ်းဘေးတွင် ရပ်ခိုင်းပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စကော့နှင့် ဆလာဂါတို့အကြား ထိုးကြိတ်မှုများလည်းရှိခဲ့ကာ နောက်ပိုင်းတွင် စကော့က ထွက်ပြေးခဲ့ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာမှ ဖော်ပြခဲ့သည့် ဗီဒီယိုတွင် တွေ့ရှိရသည်။

    အဆိုပါ ဗီဒီယိုမှာ အနီးရှိ လူတစ်ဦးက ရိုက်ကူးထားခြင်းဖြစ်ပြီး စကော့ ထွက်ပြေးသွားသည့်အခါ ရဲတပ်ဖွဲ့ဝင် ဆလာဂါမှာ သေနတ်ဖြတ်ဖြင့် ၈ ချက်ပစ်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။ ထို့နောက် စကော့မှာ မျက်ခင်းပြင်ပေါ်သို့ ပစ်ကျသွားခဲ့သည်။

    ၂၀၀၉ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ဝင်ရောက်ခဲ့သည့် ဆလာဂါက စကော့မှာ ၎င်း၏ မေ့ဆေးသေနတ်ကို လုပြေးသွားခြင်းကြောင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု အခြားသော ရဲတပ်ဖွဲ့ဝင်များသို့ ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင်ခံစားတွင် ဖော်ပြထားသည်။ သို့သော်လည်း ဗီဒီယိုအရ ဆလာဂါထံမှ စကော့ ပြေးသွားသည့်အချိန်တွင် လက်နက် ကိုင်ဆောင်ထားသည့်ပုံ မရှိချေ။

    စကော့လဲကျသွားပြီးနောက် ဆလာဂါမှာ ၎င်း၏အနားသို့သွားကာ လက်ထိပ်ခတ်ခဲ့သည်ကို ဗီဒီယိုတွင် တွေ့မြင်ခဲ့ရသည်။ ထို့နောက် ဆလာဂါမှာ ၎င်းသေနတ်ဖြင့် ပစ်ခဲ့သည့်နေရာသို့ လမ်းလျှောက်လာခဲ့ပြီးနောက် စကော့လဲကျရာနေရာသို့ ပြန်သွားကာ ၎င်း၏အနီး မြေပေါ်သို့ အရာဝတ္ထုတစ်ခုကို ပစ်ချလိုက်သည်ကိုလည်း အဆိုပါ ဗီဒီယိုတွင် မှတ်တမ်းတင်ထားသည်။

    စကော့မိသားစု၏ ရှေ့နေဖြစ်သူ ခရစ် စတီးဝပ်ကမူ ယခုသတင်းအတွက် မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။

    Ref: Aljazeera