News @ M-Media

Blog

  • မွတ်စလင်ဆန့်ကျင်ရေး ဂျာမနီလက်ယာစွန်းရောက် PEGIDA အဖွဲ့ကို နယူးကာဆယ်ပြည်သူများ ဆန့်ကျင်

    မွတ်စလင်ဆန့်ကျင်ရေး ဂျာမနီလက်ယာစွန်းရောက် PEGIDA အဖွဲ့ကို နယူးကာဆယ်ပြည်သူများ ဆန့်ကျင်

    မတ် ၃၊ ၂၀၁၅
    M-Media

    new

    – ဂျာမနီလက်ယာစွန်းရောက် PEGIDA ၏ မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုကို ဆန့်ကျင်သည့်အနေဖြင့် အင်္ဂလန်နိုင်ငံ နယူးကာဆယ်ရှိ ဖက်ဆစ်ဆန့်ကျင်သူများနှင့် ဘာသာရေးအဖွဲ့များအပါဝင် လူထောင်ပေါင်းများစွာတို့က ချီတက်လမ်းလျှောက်မှု တစ်ခုကို စနေနေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    “သူတို့ဟာ ရှုပ်ထွေးနေတဲ့လူတစ်စုပါပဲ။ နယူးကာဆယ်ဟာ လွယ်လွယ်ကူကူ ပစ်မှတ်ထားလို့ရမယ်လို့ သူတို့က ထင်နေပါတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ပါဘူး။ ဒီလိုမုန်းတီးမှုတွေကို ဆန့်ကျင်တဲ့နေရာမှာ အခြားသော လူ့အဖွဲ့အစည်းတွေကလည်း ပါဝင်ချင်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ပြည်သူတွေက ပုခုံချင်းထိတဲ့အထိ ညီညွတ်နေတယ်ဆိုတာ ခင်ဗျားတို့ တွေ့ကြမှာပါ။ LGBT အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ၊ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေ၊ မွတ်စလင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊ ဟိန္ဒူတွေ၊
    ဆစ်ခ်တွေ အားလုံးပါပါတယ်” ဟု အဆိုပါ ချီတက်လမ်းလျှောက်ပွဲကို စီစဉ်ခဲ့သူများထဲမှ တစ်ဦးဖြစ်သူ ဒီပူ အဟဒ်က ပြောကြားခဲ့သည်။

    ဂျာမနီနိုင်ငံ ဒရက်စ်ဒန်မြို့အခြေစိုက် လက်ယာစွန်းရောက် မွတ်စလင်ဆန့်ကျင်ရေးအဖွဲ့ PEGIDA မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က နယူးကာဆယ်တွင် ၎င်းတို့၏ ပထမဆုံး မွတ်စလင်ဆန့်ကျင်ရေးပွဲကို ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ကျော် ပါဝင်ခဲ့ကြသည်။

    ထိုကဲ့သို့ အမုန်းတရားများ ဖြန့်ဖြူးမှုကို ဆန့်ကျင်သည့်အနေဖြင့် နယူးကာဆယ်ပြည်သူများက ယခုကဲ့သို့ တန်ပြန် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြပွဲကို ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ တိုနီ ဒေါင်လင်းကလည်း

    “ဒါဟာ ရိုးရှင်းတဲ့ သတင်းစကားပါ။ ခင်ဗျားတို့ကို ဒီက မကြိုဆိုပါဘူး။ ကျွန်တော်တို့ လမ်းပေါ်ကထွက်သွားပြီး အိမ်ပြန်ပါ” ဟု PEGIDA ထောက်ခံသူများကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။

    ဗုဒ္ဓဟူးနေ့ညကလည်း နယူးကာဆယ်ဘောလုံးအသင်း၏ ပရိတ်သတ်များမှာ PEGIDA ကို ဆန့်ကျင်သည့် ချီတက်လမ်းလျှောက်မှု တစ်ခုကို ပြုလုပ်ခဲ့ကြပြီး မိမိတို့မြို့မှာ “သည်းခံမှု၊ ပေါင်းစည်းမှုနှင့် နွေးထွေးသော စိတ်ဓာတ်များဖြင့် ကြော်ကြားသည့်မြို့ဖြစ်သည်” ဟု ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    တရားဝင်အချက်အလက်များအရ ဗြိတိန်ပြည်သူများ၏ ၂.၈ သန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည်။

    တတ်သိပညာရှင်များအဖွဲ့ဖြစ်သော Demo က ၂၀၁၁ ခုနှစ်တွင် စစ်တမ်းကောက်ယူရာ၌ ယူကေရှိ မွတ်စလင်များမှာ အခြားသော ပြည်သူများထက်ပို၍ နိုင်ငံချစ်စိတ်ရှိသည်ဟု တွေ့ရှိရကြောင်း ဖော်ပြထားသည်။

    ခိုင်မာသည့် ဆက်ဆံရေးကို ပြသသည့်အနေဖြင့် လန်ဒန်မြောက်ပိုင်း ဘရက်ဖို့ဒ်ရှိ ဂျူးဘုရားကျောင်းတစ်ခုတွင် မွတ်စလင်အဖွဲ့ဝင်တစ်ဦးကို ပြီးခဲ့သည့်လက ပထဆုံးခန့်အပ်ခဲ့သည်။

    ထောက်ခံမှု

    PEGIDA ဆန့်ကျင်ရေး အဆိုပါချီတက်လမ်းလျှောက်မှုကို ပါလီမန်အမတ်များ၊ နိုင်ငံရေးသမားများနှင့် ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

    “ဗြိတိန်က စဉ်းစားဥာဏ်ရှိသူတွေအားလုံးဟာ အင်္ဂလန် အရှေ့မြောက်ပိုင်းကိုလာပြီး ပြဿနာရှာဖို့ကြိုးစားတဲ့ ဒီဂျာမနီနာဇီအဖွဲ့ရဲ့ အယူအဆတွေကို ရှုတ်ချပါတယ်။ ဗြိတိန်ပြည်သူအများစုဟာ ဒီဆန့်ကျင်ဆန္ဒပြမှုကို အလေးထားပြီး ဒါဟာ လူသန်းချီကို ကိုယ်စားပြုပါတယ်” ဟု လွှတ်တော်အမတ် ဂဲလိုဝေးက ပြောကြားခဲ့သည်။

    အခြားအမတ်တစ်ဦးဖြစ်သူ အွန်ဝူရာကလည်း “ခင်ဗျားတို့ နှလုံးသားထဲမှာ အမုန်းတရားတွေနဲ့ ဒီကိုလာမယ်ဆိုရင်၊ ဒီမှာ ကြောက်ရွံ့မှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ ဖြန့်ဖို့ လာမယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ မွတ်စလင်ညီအကိုမောင်နှမတွေဟာ ဒီမြို့ရဲ့ အကျိုးပြုအစိတ်အပိုင်းတွေမဟုတ်ဘူးလို့ ပြောဖို့ လာမယ်ဆိုရင်တော ကျွန်တော့်မှာ ခင်ဗျားတို့အတွက် ပြောစရာစကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ “ကျုပ်တို့မြို့က ထွက်သွားပါ” ဆိုတာပါပဲ” ဟု ပြောကြားခဲ့သည်။

    ပဲရစ်ရှိ မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုပြီးနောက် ဥရောပရှိ မွတ်စလင်များမှာ ရန်စမှုများနှင့် ကြုံတွေ့နေရပြီး အစ္စလာမ်ကြောက်ရောဂါ ဆန့်ကျင်ရေး အမျိုးသားစောင့်ကြည့်အဖွဲ့ကမူ ထိုတိုက်ခိုက်မှုပြီးနောက်ပိုင်းတွင် မွတ်စလင်များအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Onislam

  • အမျိုးသားရေး အစွန်းရောက်များ၏ လုပ်ကြံသတင်းများဖြင့် ချိန်ကိုက် ဝါဒဖြန့်မှုများ

    အမျိုးသားရေး အစွန်းရောက်များ၏ လုပ်ကြံသတင်းများဖြင့် ချိန်ကိုက် ဝါဒဖြန့်မှုများ

    မတ် ၂ ၊ ၂၀၁၅
    M-Media
    ဆွေမွန်ရေးသည်။
    about edu law
    လက်ရှိကာလမှာ မြန်မာနိုင်ငံတက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ မန္တလေးကနေ ရန်ကုန်မြို့တိုင်အောင် လမ်းလျှောက်ဆန္ဒပြကာ ပညာရေးအခန်းကဏ္ဍမှာ တိုးမြှင့်မှုတွေ လုပ်ဆောင်ပေးဖို့ အချက် ၁၁ ချက်ကို တောင်းဆိုနေတဲ့အချိန် ဖြစ်ပါတယ်။ မန္တလေးကျောင်းသားတွေ၊ ရန်ကုန်ကျောင်းသားတွေအပြင် ဧရာဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ပဲခူး ဒေသကြီးတွေက ကျောင်းသားတွေပါဝင်တဲ့ ပူးပေါင်းဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ လက အရှိန်တိုးမြှင့်လာခဲ့ပါတယ်။
    .
    ကျောင်းသားလှုပ်ရှားမှုတွေဟာ အခြားနိုင်ငံရေးတောင်းဆိုမှုတွေ လုံးဝမပါဘဲ ပညာရေးကဏ္ဍ တိုးတက်လာစေဖို့အတွက်သက်သက်သာ ဖြစ်တယ်ဆိုတာ တစ်နိုင်ငံလုံးက ပြည်သူ ပြည်သားတွေ သိရှိပြီးလည်း ဖြစ်ပါတယ်။ တိုင်းသူပြည်သားအများစုဟာလည်း ကျောင်းသားဆန္ဒပြမှု ရွေ့လျားလာတဲ့လမ်းကြောင်းတစ်လျှောက် ကြိုဆိုအားပေးတာတွေအပြင် ၀န်းရံလိုက်ပါစောင့်ရှောက်ကြတာကိုလည်း လူမှုကွန်ယက်အပြင် ဂျာနယ်တွေ သတင်းစာတွေမှာ အများအပြား ဖော်ပြမှုတွေ ရှိလာခဲ့ပါတယ်။
    .
    အစိုးတာဝန်ရှိသူတွေနဲ့ ကျောင်းသားတွေ ဆွေးနွေးထားတာကို လွှတ်တော်ထိတင်ကာ အပြန်အလှန်ဆွေးနွေးကြဖို့ အဆိုပြုထားချိန်မှာပဲ ကျောင်းသားအရေး လှုပ်ရှားသူတွေရဲ့ ရည်ရွယ်တောင်းဆိုချက်တွေဟာ အမျိုး ဘာသာ သာသနာကို ထိခိုက်စေနိုင်တယ်၊ မွတ်ဆလင်အားပေးတဲ့ လုပ်ရပ်ဖြစ်တယ်၊ မိခင်ဘာသာစကား အရဗီစာပေသင်ကြားစေဖို့ဖြစ်တယ် စသည်ဖြင့် အမည်ဖျက်လမ်းလွှဲမှုတွေ အများအပြား ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျောင်းသားအရေးဆွေးနွေးမှုတွေကို နှစ်မြို့ပုံမရတဲ့ မဘသ အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကို အစိုးရကိုယ်တိုင်က အထူးအလေးထားကာ အစိုးရသတင်းစာတွေမှာ ရက်ဆက်ဖော်ပြပေးခဲ့သလို မဘသ အဖွဲ့ပေါင်းစုံကလည်း ကြေညာချက်ပေါင်းစုံနဲ့ ကျောင်းသားအရေးလှုပ်ရှားမှု ပညာရေးတိုးတက်စေဖို့ လှုပ်ရှားမှုတွေကို ကန့်ကွက် အပုပ်ချ ထုတ်ပြန်လာတာကို တွေ့နေရပါတယ်။
    .
    အဲဒီထဲမှာမှ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ – အထက်မြန်မာပြည်၊ မန္တလေးတိုင်းဒေသကြီးအမည်ခံအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအပြင် လူမှုကွန်ယက်ထဲက သတင်းထပ်ဆင့်ဖြန့်ဝေမှုတွေမှာ ပညာရေးကဏ္ဍပြောင်းလဲပေးဖို့ ကျောင်းသားလှုပ်ရှားမှုဟာ မိခင်ဘာသာစကားကို လွတ်လပ်စွာ သင်ယူခွင့်ရလာတဲ့အတွက် မွတ်ဆလင်တွေအမြတ်ထွက်မယ့် အရေးဖြစ်တယ်လို့ ပုံဖျက်သတင်းခဲ့တာကို တွေ့ရပါတယ်။ NNER ပညာရေးမူကြမ်းကို ရိုဟင်ဂျာတွေက ၀မ်းသာအားရ ထောက်ခံနေပါပြီလို့ အများမြင်အောင် လမ်းကြောင်းချပေးခဲ့ပြီး ပြင်ပလောကမှာ လုံးဝမရှိတဲ့ အဖွဲ့အစည်းတွေက၂၆ ဖေဖော်ဝါရီ ၂၀၁၅ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်လို့ ဖန်တီးလုပ်ကြံထားတဲ့ မြန်မာနိုင်ငံရိုဟင်ဂျာလူငယ်များအဖွဲ့ချုပ် Letter Head နဲ့ စာတွေကို သတင်းအမှားဖြစ်နေမှန်းသိပါလျှက် လူမှုကွန်ယက်တွေပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ထပ်ဆင့်ဖြန့်ဝေတာတွေကို တွေ့ခဲ့ရပါတယ်။ မဘသရဲ့ ထပ်ဆင့်ဖြန့်ဝေတာကို ဒီမှာ https://facebook.com/mabhatha.mandalay/photos/a.1503407193249137.1073741826.1503395323250324/1546231858966670/?type=1&theater ဖတ်ရှုနိုင်ပါတယ်။ ဒီလိုလုပ်ရတာဟာ အစ္စလာမ်ဆန့်ကျင်ရေး၊ ရိုဟင်ဂျာဆန့်ကျင်ရေး ဝါဒမှိုင်းတွေနဲ့ အမုန်းတရားအခံတွေကို ရောပြွန်းကာ ကျောင်းသား လှုပ်ရှားမှုကို ပြည်သူတွေ ထောက်ခံမှု လျော့ကျစေဖို့၊ ကျောင်းသား လှုပ်ရှားမှုကို မှေးမှိန်စေဖို့ လီဆယ် ဖြန့်ဝေခဲ့တာဖြစ်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။
    .
    အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ – အထက်မြန်မာပြည်၊ မန္တလေးတိုင်းဒေသကြီး အမည်ခံအဖွဲ့ဟာ ဒီလို လိမ်လည် လုပ်ကြံထားတဲ့ စာရွက်စာတမ်းတွေကို သုံးပြီး သတင်းထုတ်ပြန်တာ ဒါမှမဟုတ် သတင်းထပ်ဆင့်ဖြန့်ဝေတာတွေဟာ ဒီတစ်ကြိမ်တည်း မဟုတ်ပါဘူး။ ၂၀၁၄ ဇန်န၀ါရီ ၃ ရက်ကလည်း မြန်မာနိုင်ငံရိုဟင်ဂျာလူငယ်များအဖွဲ့ချုပ် က ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ဖို့ ထောက်ခံပါတယ်၊ ၁၉၈၂ ဥပဒေကို ပယ်ဖျက်ဖို့ ထောက်ခံထားပါတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီရဲ့ လှုပ်ရှားမှုတွေနဲ့ အစ္စလာမ်ဆန့်ကျင်ရေး၊ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းအခံတွေ ရောထွေးသွားစေဖို့ မှိုင်းတိုက်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
    .
    ဒီလို လီဆယ်လိမ်ညာကာ သတင်းမှားနဲ့ ရောပြွှန်း အမုန်းမှိုင်းတိုက်သူတွေရဲ့ ထပ်ဆင့်ဖြန့်ဝေစာတွေထဲက အများသတိ မထားမိကြတဲ့အချက်တွေကို ဆွဲထုတ်ပြချင်ပါတယ်။
    .11015932_1404488599860038_3849042051771189213_n
    ၃ ဇန်န၀ါရီ ၂၀၁၄ ရက်စွဲပါ စာနဲ့ ၂၆ ဖေဖော်ဝါရီ ၂၀၁၅ ရက်စွဲပါ စာတွေကို မြန်မာနိုင်ငံရိုဟင်ဂျာလူငယ်များအဖွဲ့ချုပ်အမည်ခံ ထုတ်ပြန်ထားကြောင်း လိမ်လည်ထားတဲ့စာတွေမှာ အသုံးပြုထားတဲ့ Letter Head လိပ်စာကို 3509, jalan teknokrat 5, Cyberjaya, Selangor, Darul Ehsan, KL, Malaysia လို့ ပေးထားပါတယ်။ လိပ်စာတိုင်းကို မှန် မမှန် ကြည့်နိုင်တဲ့ Google Map၊ Google Earth စတဲ့ ဆော့ဖ်ဝဲတွေကို သုံးတာနဲ့ မလေးရှားကို ကိုယ်တိုင်သွားစရာ မလိုဘဲ နေရာအတိအကျ သိနိုင်တဲ့ခေတ်မှာ မဘသ ထပ်ဆင့်ဖြန့်ဝေတဲ့ မြန်မာနိုင်ငံရိုဟင်ဂျာလူငယ်များအဖွဲ့ချုပ် လိပ်စာဟာ လူသူမနေတဲ့ အိမ်မရှိတဲ့ လမ်းပေါ်က လိပ်စာ ဖြစ်နေတာကို တွေ့ရမှာပါ။ ကွန်ပျူတာမသုံးချင်ရင်တောင် သာမန် လက်ကိုင်ဖုံးတိုင်းမှာ အင်တာနက်ရှိတာနဲ့ လွယ်လင့်တကူ ကြည့်နိုင်ကြပါသေးတယ်။
    .10347806_1404489423193289_3453687243533584342_n
    ပိုပြီး လူရယ်စရာ ဖြစ်တာက Cyberjaya ဟာ ၁၉၉၇ မေလကမှ ဖွင့်လှစ်ခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ ဆီလီကွန်ဗယ်လီလို့ တင်စားထားတဲ့ စက်မှုခေတ်လွန်မြို့တော်သစ်ကြီးဖြစ်ပါတယ်။ cyberjaya အကြောင်းကို ဒီမှာ http://en.m.wikipedia.org/wiki/Cyberjaya သွားဖတ်နိုင်ပါတယ်။ Cyberjaya မှာ မလေးရှားပညာရေးဝန်ကြီးဋ္ဌာနကို ရုံးစိုက်ထားတဲ့အပြင် အခြားအစိုးရဋ္ဌာနပေါင်းစုံကိုလည်း အခြေစိုက်ထားပါသေးတယ်။ နိုင်ငံတကာနည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ T-systems, Dell, HP, DHL, Satyam, Wipro, HSBC, Ericsson, Motorola, OCBC, BMW, IBM, Shell IT, Monster.com, Vivanova Systems တို့ရဲ့ နည်းပညာဆိုင်ရာ သုတေသန လုပ်ငန်းတွေ တည်ရှိရာနေရာဖြစ်တဲ့အပြင် တက္ကသိုလ်ကျောင်းသားတွေ၊ အပြည်ပြည်ဆိုင်ရာက ပညာရှင်တွေရဲ့ နည်းပညာဆွေးနွေးပွဲတွေ အတွက် ရည်ရွယ် တည်ဆောက်ထားတဲ့ နည်းပညာမြို့တော်မှာ နည်းပညာနဲ့ ဘယ်လိုမှ မပတ်သက်တဲ့ မြန်မာနိုင်ငံရိုဟင်ဂျာ လူငယ်များအဖွဲ့ချုပ် ဟာ ဘယ်လိုရောက်နေရသလဲ တွေးကြည့် လို့တောင် မရနိုင်ပါဘူး။ jalan ဆိုတာ မလေးဘာသာစကားနဲ့ လမ်းဖြစ်ပါတယ်။ jalan teknokrat 5 ဟာ လမ်းအမည်ဖြစ်ပါတယ်။ letter head မှာ ပါတဲ့ ဖုံးကိုလည်း ကိုယ့်မှာ ရှိတဲ့ တယ်လီနော တို့ အော်ရီဒူးတို့နဲ့ ဆက်ကြည့်တာနဲ့လည်း တစ်မိနစ်အတွင်း လိမ် မလိမ် သိနိုင်ပါသေးတယ်။ လိမ်လည်ဖန်တီးထားတဲ့ သတင်းတွေကို ထုတ်ပြန်တာတွေ၊ ထပ်ဆင့်ဖြန့်ဝေတာတွေကို ဘာရည်ရွယ်ချက်နဲ့ လုပ်ဆောင်ကြသည်ဖြစ်စေ ဘုရားသားတော်အစစ်အမှန်ဆိုရင် ဒီလုပ်ရပ်တွေကို ပိုပြီးရှောင်ကြဉ် သင့်လှပါတယ်။
    .10314716_1404488919860006_75640707368450083_n
    ဒီ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ – အထက်မြန်မာပြည်၊ မန္တလေးတိုင်းဒေသကြီးအမည်ခံအဖွဲ့ရဲ့ လိမ်ညာသတင်းသုံးပြီး သတင်း ထပ်ဆင့်ဖြန့်ဝေမှုတွေထဲမှာ ထင်ရှားတာနောက် တစ်ခုက မန္တလေးအဓိကရုဏ်း ဖန်တီးမှုနောက်မှာ သေဆုံးသူတစ်ဦးဖြစ်တဲ့ ဦးစိုးမင်း သေဆုံးရမှုဟာ “ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများ၏ ၀ိုင်းဝန်းရိုက်နှက် တိုက်ခိုက်သတ်ဖြတ်တာကို ခံရသဖြင့်” ဆိုတဲ့ အသုံးအနှုန်းကို မြန်မာနိုင်ငံထဲမှာ လုံးဝမရှိတဲ့ ဘာသာရေးအဖွဲ့အစည်းအမည်ဖြစ်တဲ့ မွတ်စ်လင်မ်လူငယ်များသမဂ္ဂ အမည်သုံးစွဲကာ နှစ်ဖက် အမုန်းပွားအောင် သပ်လျှိုထည့်ခဲ့ဖူးပါသေးတယ်။

    11015460_1404488996526665_381679123996424411_n

    ကိုရောင်ပြန် ခေါ် ကိုထွန်းထွန်း နာရေးကြော်ငြာကိုလည်း “ယုတ်မာသော မွတ်ဆလင်အုပ်စု၏ ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုများကြောင့် သေဆုံးသွားပါသဖြင့် မျိုးချစ်စိတ်၊ ဘာသာ သာသနာချစ်စိတ်၊ လူမှုရေးစိတ်တို့ဖြင့် လိုက်ပါပို့ဆောင်ပေး” ကြဖို့ ထုတ်ပြန်လှုံ့ဆော်ခဲ့တဲ့အပြင် နာရေးကအပြန်မှာ သတင်းအမှားတွေကို ထပ်ဆင့်ဖြန့်ဝေခဲ့ခြင်း နောက်ဆက်တွဲဖြစ်စဉ်အဖြစ် နာရေးအကြောင်းပြဆူပူချင်သူအချို့ဟာ မွတ်ဆလင်သင်္ချိုင်းတစ်ခုကို မီးတင်ရှို့ခဲ့ကြပါတယ်။ မုဒိမ်းသတင်းလိမ်လည်တင်ကာ စတင်လှုံ့ဆော်တဲ့ ဦးဝီရသူအပါအ၀င် သစ်ထူးလွင်သတင်း၊ မန္တလေး မဘသ တစ်ဦးမှ အရေးယူခံရခြင်းမရှိ၊ ထောင်လည်းမကျခဲ့သလို ထိခိုက်ဒဏ်ရာရခြင်းလည်း မရှိခဲ့ပါဘူး။ လိမ်လည် လှုံ့ဆော်မှုကို ယုံကြည်ဒေါသထွက်ကာ ဘယ်လိုမှ မလုပ်သင့်တဲ့လုပ်ရပ်ဖြစ်တဲ့ သင်္ချိုင်းကို မီးသွားရှို့ခဲ့ကြတဲ့လူတွေသာ ထောင်ကျခံရကာ လိမ်လည်လှည့်ဖျားသတင်းတင်သူတွေရဲ့ သားကောင်ဖြစ်ခဲ့ကြရပါတယ်။
    .

    11025638_1404489116526653_5368992095460862134_n
    ဒီမန္တလေးဖြစ်ရပ်အတွက် ၅-၇-၂၀၁၄ ရက်စွဲနဲ့ NLD ကြေညာချက်အတုကိုလည်း မန္တလေး မဘသကပဲ အမှားမှန်းသိသိနဲ့ ထပ်ဆင့်ဖြန့်ခဲ့ပြန်ကာ မွတ်ဆလင်မုန်းတီးရေးနဲ့ NLD ဆန့်ကျင်ရေးရောပြွန်းသွားစေဖို့ ဦးတည်ကာ အချိန်ကိုက် အခါကိုက် ဖြန့်ဝေခဲ့ကြပါသေးတယ်။ NLD ကြေညာချက်အတုမှာ မူဆလင်ပိုင်ပစ္စည်းတွေကို ဖျက်ဆီးရင် NLD က တရားစွဲ မှာဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးတွေက အ၀တ်အစားကို ယဉ်ယဉ်ကျေးကျေး မ၀တ်ခြင်းကြောင့် မုဒိမ်းကျင့်ခံရတာဖြစ်ကြောင်း၊ စသည်ဖြင့် NLD ပါတီအပေါ် ပြည်သူတွေ သွေးမဆူဆူအောင်၊ ဒေါသမထွက်ထွက်အောင် လုပ်ကြံလှုံ့ဆော်ထားတဲ့စာသားတွေ ပါဝင်ခဲ့ပါတယ်။ အပြီးသတ်မှာ မန္တလေးအဖြစ်အပျက်ဟာ ဆန်းညီအကို မုဒိမ်းမကျင့်ပါဘဲလျှက် လိမ်လည် လုပ်ကြံမှုတွေကြောင့် ဖြစ်ပွား ရတာကို လူအများသိသွားကြပေမယ့် လုပ်ကြံလိမ်လည်ခဲ့ကြတဲ့ တရားခံတွေကတော့ မြန်မာနိုင်ငံအနှံ့ လွတ်လွတ်လပ်လပ် ခရီးသွားကာ တရားပွဲအမည်ခံ မြန်မာနိုင်ငံသားအချင်းချင်း သွေးကွဲနေစေဖို့ ဘာသာရေးအမုန်းတရားတွေနဲ့ သွေးခွဲ အိုးမဲသုတ်နေတုန်းပဲ ဖြစ်ပါတယ်။
    .
    ဒါကြောင့် မဘသကြေညာချက်၊ လူမှုကွန်ယက်ထဲမှာ သတင်းရေးသားထပ်မံဖြန့်ဝေမှုတိုင်းလိုလိုဟာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုထောက်ခံမှု လျော့ကျအောင် အစ္စလာမ်ဆန့်ကျင်ရေး ၊ ရိုဟင်ဂျာဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ရောသမမွှေပြီး NLD အပါအ၀င် ကျောင်းသားလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်အမှန်တွေ၊ ဒီမိုကရေစီစနစ်ကို ကူးပြောင်းလို သူတိုင်းရဲ့ ဆန္ဒအမှန်တွေကို စာဖတ်နည်းကြတဲ့ အများပြည်သူကြားမှာ နားလည်မှု လွဲမှားစေဖို့၊ အမုန်းပွား သွေးကွဲစေဖို့ လုပ်ကြံဖန်တီးထားတဲ့ စာရွက်စာတမ်းတွေ၊ သတင်းအမှားတွေ သုံးစွဲကာ စနစ်တကျ လုပ်ဆောင်နေကြ တာပဲဖြစ်တယ်လို့ ထောက်ပြချင်ပါတယ်။
    .
    တစ်ရေတည်းသောက်ကာ တစ်လေတည်းရှုကြတဲ့လူတွေ၊ တစ်ရပ်ကွက်တည်းနေကာ တစ်မြို့တည်း ကြီးပြင်းကြတဲ့လူတွေ၊ ဖိနှိပ်ခံရသူ ပြည်သူအချင်းချင်း လက်တွေ မြဲမြဲတွဲလို့ ပညာသတိကြီးကြီးထားကာ ၂၀၁၅ ကို ကျော်ဖြတ်နိုင်ပါစေ။
    .
    လိမ်ညာလှည့်ဖြားသူတွေ ကျရှုံးပါစေ။ မြန်မာပြည် ငြိမ်းချမ်းတိုးတက်ပါစေ။

    ဆွေမွန်
    ၂ မတ်လ ၂၀၁၅

  • ဘော့စနီးယား စစ်ရာဇ၀တ်မှုအတွင်း ပါဝင်ခဲ့သူ ဘော့စနီးယန်းများကို အမေရိကန် နှင်ထုတ်မည်

    ဘော့စနီးယား စစ်ရာဇ၀တ်မှုအတွင်း ပါဝင်ခဲ့သူ ဘော့စနီးယန်းများကို အမေရိကန် နှင်ထုတ်မည်

    မတ် ၂၊ ၂၀၁၅
    M-Media

    aa

    – ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ် စစ်ပွဲအတွင်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည်ဟူသော သံသယဖြင့် ဘောစနီးယန်းလူမျိုး အနည်းဆုံး ၁၅၀ ဦးကို တိုင်းပြည်မှနှင်ထုတ်ရန် အမေရိကန်အဏာပိုင်များက စဉ်းစားနေသည်ဟု နယူးယောက်တိုင်မ်းစ် သတင်းစာက စနေနေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါ ၁၅၀ တွင် အချို့မှာ ၁၉၉၅ ခုနှစ် ဆရဘ်ရန်စီယာဒေသတွင် ပြုလုပ်ခဲ့သော လူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ အမေရိကန်တွင် ဘော့စနီယားလူမျိုး ရာပေါင်းများစွာမှာ ၎င်းတို့၏ မေးခွန်းထုတ်ဖွယ်ကောင်းသော အတိတ်နှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က ဖြစ်ပွားခဲ့သော စစ်ပွဲတွင် ပါဝင်နိုင်ဖွယ်ရှိမှုအတွက် စုံစမ်းစစ်ဆေးမှုများ ခံနေရသည်။

    ဘော့စနီးယားစစ်ပွဲပြီးနောက် ဘော့စနီးယားဒုက္ခသည် ၁၂၀၀၀၀ ခန့်မှာ အမေရိကန် ဗီဇာအတွက် လျှောက်ထားခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့၏ အတိတ်ဖြစ်ရပ်နှင့်ပတ်သက်၍ တိတိကျကျ စုံစမ်း စစ်ဆေးခဲ့ခြင်း မရှိပေ။

    ယခုအချိန်အထိ အမေရိကန်နိုင်ငံသားခံထားသူ အချို့အပါအ၀င် ဘော့စနီးယားမှ ပြောင်းရွှေ့အခြေချလာသူ ၃၀၀ ခန့်မှာ ၎င်းတို့၏ အတိတ်ဇာတ်ကြောင်းများအား လိမ်လည်ကာ အမေရိကန်သို့ ၀င်ရောက်ခဲ့ကြသည်ကို တွေ့ရှိထားသည်။ ထိုအရေအတွက်မှာ ၆၀၀ အထိတက်သွားနိုင်သည်ဟု တာဝန်ရှိသူများက နယူးယောက်တိုင်မ်းစ်သို့ ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ရှာလေလေ အထောက်အထားတွေ တွေ့လေလေပါပဲ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန စစ်ရာဇ၀တ်မှုဌာနခွဲမှ စုံစမ်းစစ်ဆေးသူနှင့် သမိုင်းပညာရှင်ဖြစ်သူ မိုက်ကယ် မက်ကွင်းက ပြောကြားခဲ့သည်။

    Ref: RT

  • အတိုက်အခံခေါင်းဆောင် နမ်စတော့ဗ်အတွက် ရုရှားပြည်သူများ ချီတက်ဆန္ဒပြ

    အတိုက်အခံခေါင်းဆောင် နမ်စတော့ဗ်အတွက် ရုရှားပြည်သူများ ချီတက်ဆန္ဒပြ

    မတ် ၂၊ ၂၀၁၅
    M-Media

    _81323638_xmoh7msl

    – သောကြာနေ့ညက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ရုရှားအတိုက်အခံခေါင်းဆောင် ဘောရစ် နမ်စတော့ဗ်အား ဂုဏ်ပြုသည့်အနေဖြင့် ရုရှားပြည်သူ ထောင်ပေါင်းများစွာတို့က ယမန်နေ့တွင် မြို့တော် မော်စကို၌ ချီတက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြုလုပ်ရန် ယခင်က စီစဉ်ထားခဲ့သည့် အဆိုပါချီတက်ပွဲကို နမ်စတော့ဗ်က ဦးဆောင်ရန် ဖြစ်သော်လည်း ယခုတွင်မူ ၎င်း၏ အောက်မေ့ဖွယ် ချီတက်လမ်းလျှောက်မှုသာ ဖြစ်ခဲ့သည်။ အဆိုပါချီတက်လမ်းလျှောက်ပွဲသို့ လူပေါင်း ၁ သိန်းနီးပါး တက်ရောက်ခဲ့ကြသည်။

    ဆန္ဒပြသူများမှာ နမ်စတော့ဗ်၏ ဓာတ်ပုံပိုစတာများကို ကိုင်ဆောင်ကာ ပူတင်အစိုးရအား ဆန့်ကျင်သော ကျွေးကျော်သံများကိုလည်း ကျွေးကျော်ခဲ့ကြသည်။

    နမ်စတော့ဗ်က သမ္မတပူတင်၏ ယူကရိန်းပေါ်လစီမှာ ရူးနှမ်းပြီး ရန်လိုသော ပေါ်လစီသာဖြစ်သည်ဟု ရေဒီယို အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ပြီး နာရီးပိုင်းအကြာတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။ ၎င်း၏ မဟာမိတ်များကမူ နမ်စတော့ဗ်သေဆုံးမှုတွင် ရုရှားအစိုးရက ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခဲ့သည်။

    နမ်စတော့ဗ်သေဆုံးရာ Great Moskvoretsky တံတားသို့ ဖြတ်သန်းချီတက်ခြင်းမပြုမီ အတိုက်အခံပါတီကို ထောက်ခံကြသူများက ကရင်မလင်နန်းတော်နှင့် မဝေးသည့်နေရာတွင် စုဝေးခဲ့ကြပြီး အချို့က “ပူတင်မရှိသော ရုရှား” ဟု ဟစ်အော်ခဲ့သည်။

    မော်စကိုအပြင် စိန့်ပီတာစဘတ်မြို့တွင်လည်း ထောင်ပေါင်းများစွာသော ပြည်သူတို့က ထိုကဲ့သို့ ချီတက်လမ်းလျှောက်မှုများ ပြုလုပ်ခဲ့သည်။

    Ref: BBC၊ Aljazeera

  • လက်နက်ဖြုတ်ရေး ခေါင်းဆောင်၏ တိုက်တွန်းမှုကို တူရကီကာ့ဒ်လက်နက်ကိုင်အဖွဲ့ ချီးကျူး

    လက်နက်ဖြုတ်ရေး ခေါင်းဆောင်၏ တိုက်တွန်းမှုကို တူရကီကာ့ဒ်လက်နက်ကိုင်အဖွဲ့ ချီးကျူး

    မတ် ၂၊ ၂၀၁၅
    M-Media

    Onder, a lawmaker of the pro-Kurdish HDP party, reads a statement during a meeting with Turkey's Deputy PM Akdogan in Istanbul

    – တူရကီရှိ ကာ့ဒ်လက်နက်ကိုင်များက ထောင်ကျနေသော ၎င်းတို့ခေါင်းဆောင်၏ လက်နက်ဖြုတ်ရေး တိုက်တွန်းမှုကို သမိုင်းဝင်တိုက်တွန်းမှုအဖြစ် ချီးကျူးလိုက်ပြီး တူရကီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သို့ သွားရောက်ရန် ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်ပြုလုပ်သင့်သည်ဟု ပြောကြားခဲ့သည်။

    အစ္စတန်ဘူလ်မြို့အနီးရှိ ကျွန်းတွင် အကျဉ်းကျခံနေရသော ကာ့ဒ်အလုပ်သမားပါတီ PKK ၏ ခေါင်းဆောင်းဖြစ်သူ အဘ်ဒူလာ အိုကာလန်မှာ စနေနေ့က ကာ့ဒ်လက်နက်ကိုင်များအနေဖြင့် လာမည့်လများအတွင်း လက်နက်ဖြုတ်ကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

    “စေတနာသန့်သန့်နဲ့ ဒီတိုက်တွန်းမှုဟာ ဒီမိုကရေစီတိုးမြှင့်ဖို့၊ ကာ့ဒ်ပြဿနာနဲ့ တူရကီရဲ့ အခြေခံပြဿနာတွေကို ဖြေရှင်းဖို ထူးခြားတဲ့ အခွင့်အရေးကို ဖော်ပြတာဖြစ်ပါတယ်။ အစိုးရအနေနဲ့ သူ့ရဲ့တာဝန်တွေကို သင့်လျော်တဲ့ပုံစံမျိုးနဲ့ အချိန်မီ ဖြည့်ဆည်းသင့်ပါတယ်” ဟု PKK မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ လက်နက်ဖြုတ်ရေးတိုက်တွန်းချက်ကို ဥရောပသမဂ္ဂက ချီးကျူးခဲ့ပြီး ထူရကီ၏ ကာလရှည် ကာ့ဒ်သူပုန်ထမှုကို အဆုံးသတ်ရန် ကြိုးစားမှုများ၏ အဓိကခြေလှမ်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တူရကီသမ္မတ အာဒိုဂန်ကလည်း အိုကာလန်၏ အဆိုပါတိုက်တွန်းမှုကို ကြိုဆိုခဲ့ပြီး ထိုကိစ္စမှာ အရေးပါကြောင်း သို့သော်လည်း ယခင်ကာ့ဒ်လက်နက်ကိုင်များ၏ ထိုသို့ တိုက်တွန်းချက်များမှာ ပျက်ဆီးခဲ့ခြင်းကြောင့် သတိထားရမည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။

    လက်ရှိအာဏာရ AKP ပါတီမှာ ဇွန်လတွင်ကျင်းပမည့် ပါလီမန်ရွေးကောက်ပွဲတွင် တူရကီရှိ ၁၅ သန်းသော ကာ့ဒ်လူနည်းစုများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားနေသည်။

    Ref: alarabiya