မတ် ၇၊ ၂၀၁၅
M-Media
– ဒုတိယကမ္ဘာစစ်က မဟာမိတ်တို့ အနိုင်ရပြီးနောက် စစ်ထောက်လှမ်းရေးကို ဖျက်သိမ်းခဲ့ရသည် ဂျပန်မှာ ယခုတွင် ဗြိတိန်ရှိ MI6 ကဲ့သို့ ပြည်ပထောက်လှမ်းရေး အေဂျင်စီတစ်ခုကို ဖွဲ့စည်းရန် အစီအစဉ်ရှိနေသည်ဟု သိရသည်။
အဆိုပါ ပြည်ပထောက်လှမ်းရေး အေဂျင်စီမှာ နိုင်ငံရပ်ခြားတွင် လှုပ်ရှားရန်အပါအ၀င် စစ်ဘက်စွမ်းဆောင်မှုနှင့် ပတ်သက်၍ ကန့်သတ်ားသော စစ်ပွဲအလွန် ပစိဖိတ်ဖွဲ့စည်းပုံကို ဖြေလျှော့ရန် ဆောင်ရွက်နေသည့် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၏ မူဘောင်ကို ပြည့်ဝစေသော လုပ်ဆောင်မှုလည်း ဖြစ်မည်ဖြစ်သည်။
ဂျပန်၏ အစိတ်စိတ်အမွှာမွှာဖြစ်နေသော ထောက်လှမ်းရေး အသိုင်းအ၀ိုင်းအား ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်သည်ဟူသော ယူဆချက်ကို ယခုနှစ်အစောပိုင်း ဂျပန်ဓားစာခံနှစ်ဦးအား IS က သတ်ဖြတ်ခဲ့သည့်အချိန်တွင် ဂျပန်က သင်းတင်းအချက်အလက်အတွက် မဟာမိတ်နိုင်ငံများအား မည်မျှ အားကိုးအားထား ပြုခဲ့ရသည်ဆိုသည့် အချက်ကလည်း တွန်းအားဖြစ်စေခဲ့သည်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးမှာ အမေရိကန်စတိုင် အမျိုးသားလုံခြုံရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံ၏ လျှို့ဝှက်ချက်များနှင့်ပတ်သက်၍ တင်းကျပ်သော ဥပဒေများကိုလည်း ပြဌာန်းခဲ့သည်။ ယခုအချိန်တွင်မူ မိမိကိုယ်ကို ကာကွယ်မှုအခွင့်အရေး သို့မဟုတ် မဟာမိတ်များ တိုက်ခိုက်ခံရသည့်အခါ စစ်ဘက်ဆိုင်ရာ အကူအညီများ ပေးအပ်ရေး စသည်တို့အား ပိတ်ပင်ထားသည်များကို ဖျက်သိမ်းသည့် ဥပဒေများနှင့် ပတ်သက်၍ ဆောင်ရွက်နေသည်။
အာဘေး၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ LDP မှ အမတ်များမှာ ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် ထောက်လှမ်းရေး အေဂျင်စီနှင့်ပတ်သက်၍ ဥပဒေကြမ်းကို ယခုနှစ် ဆောင်ဦးရာသီတွင် တင်သွင်းရန် ရှိနေပြီး ဗြိတိန်၏ MI6 အေဂျင်စီပုံစံ ဖြစ်နိုင်ဖွယ်ရှိနေသည်။
ထို့နောက် LDP နှင့် အစိုးရတို့က ထောက်လှမ်းရေးအေဂျင်စီ လိုအပ်သည်ဟု ကောက်ချက်ချခဲ့ပါက ဥပဒေကို လာမည့်နှစ်တွင် ပြဌာန်းနိုင်မည်ဟု LDP အမတ် တာကေရှိ အီဝါယာက မကြာသေးမီ ပြုလုပ်ခဲ့သော Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
“ဒီခေတ်ကြီးထဲမှာ ဂျပန်နိုင်ငံသားတွေရဲ့ အသက်ဟာ ဘယ်နေရာမှာ ဘယ်တော့ အန္တရာယ်ကျမယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါ့ကြောင့် နိုင်ငံရပ်ခြားက သတင်းအချက်အလက်တွေကို ပိုမိုစုဆောင်းဖို့ လိုပါတယ်”
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.