News @ M-Media

Blog

  • FA ဖလားအာရုံစိုက်မှုက ချန်ပီယံလိဂ်ကို ထိခိုက်သည်ဟု အာဆင်ဝင်းဂါးဆို

    FA ဖလားအာရုံစိုက်မှုက ချန်ပီယံလိဂ်ကို ထိခိုက်သည်ဟု အာဆင်ဝင်းဂါးဆို

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
    M-Media

    winger

    – မိမိမှာ အသင်းအား FA ဖလားရရှိရန် ပိုအားသန်ခဲ့ပြီး ထိုအကြောင်းအရင်းက ချန်ပီယံလိဂ်တွင် ထိခိုက်ရခြင်းဖြစ်သည်ဟု
    အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ပြီးခဲ့သည့်နှစ်က ဟားလ်စီးတီးအသင်းအား အနိုင်ကစား၍ FA ဖလားကို ရယူခဲ့ပြီး ၉ နှစ်ကြာ ဖလားမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့သည်။ ယခုနှစ် FA ဖလားတွင်လည်း အာဆင်နယ်မှာ ပဉ္စမအဆင့်သို့ ရောက်နေပြီး မနက်ဖြန်တွင်ကစားမည့် မစ်ဒယ်ဘရော့နှင့်ပွဲ အနိုင်ရပါက ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

    အာဆင်ဝင်းဂါးကမူ မိမိမှာ FA ဖလားအား ပိုမိုရယူချင်သည့် စိတ်ဓာတ် ပိုများသည်ဟု ၀န်ခံခဲ့ပြီး ထိုဆန္ဒကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း အသင်း၏ ချန်ပီယံလိဂ်ယှဉ်ပြိုင်မှုတွင် ထိခိုက်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    “(FA ဖလားဟာ) ကျွန်တော်တို့အတွက် အရေးကြီးပြီး သေသေချာချာကို အရယူခဲ့ပါတယ်။ အမြဲတမ်းရအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ကျွန်တော့်ရဲ့လက်ထက်မှာ ၅ ကြိမ်ရရှိခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်းမှာ ဘယ်အသင်းမှ အဲဒီလောက် မရခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အမြဲတမ်း သေသေချာချာ ကစားခဲ့တာ့ပါ။ တစ်ခါတစ်ရံမှာ အရမ်း ဂရုစိုက်ခဲ့လို့ ချန်ပီယံလိဂ်မှာ ထိခိုက်ခဲ့ရပါတယ်” ဟု အာဆင်ဝင်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် FA ဖလားပြိုင်ပွဲမှာ များသောအားဖြင့် ချန်ပီယံလိဂ်မတိုင်ခင် တစ်ပတ်အလိုတွင် ကစားရသောကြောင့် FA ဖလားတွင်
    ဖိကစားခဲ့သည့် မိမိတို့အသင်းမှာ ချန်ပီယံလိဂ်အတွက် ကစားသမားများဆုံးရှုံးကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။

    ယခုနှစ်ပရီးမီးယားလိဂ်အခြေအနေနှင့်ပတ်သက်၍မူ မိမိတို့အသင်းမှာ ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရန်ဟု ဆိုသည်။

    “ကျွန်တော်တို့အမြဲတမ်း ချန်ပီယံဖြစ်ချင်ခဲ့တာပါ။ အမှတ်ပေးဇယားကို ကြည့်လိုက်ရင် ဒီရာသီမှာ ဒါဟာ အရမ်းခက်ခဲပါတယ်။
    အခုအချိန်မှာ ပွဲတိုင်းဟာ အသည်းအသန်ကစားရမယ့် ပွဲတွေပါပဲ”

    Ref: goal.com

  • အစ္စရေးမှ ဖမ်းဆီးထားသည့် အသက်ငယ်ဆုံး ပါလက်စတိုင်းမိန်းကလေးတစ်ဦး လွတ်မြောက်လာ

    အစ္စရေးမှ ဖမ်းဆီးထားသည့် အသက်ငယ်ဆုံး ပါလက်စတိုင်းမိန်းကလေးတစ်ဦး လွတ်မြောက်လာ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
    M-Media

    PALESTINIAN-ISRAEL-CONFLICT-CHILDREN-PRISON

    – စစ်တပ်အား တိုက်ခိုက်ရန် ကြံစည်သည်ဟုဆိုကာ အစ္စရေးက ထောင် ၂ လ ချမှတ်ခဲ့သည့် ပါလက်စတိုင်းမှ အသက် ၁၄
    နှစ်အရွယ် ကျောင်းသူ အမျိုးသမီးငယ်လေးတစ်ဦးမှာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းခြေမှ မာလက် အလ်-ခါသစ်ဆိုသူ
    ကျောင်းသူဖြစ်ပြီး ယမန်နေ့က လွတ်မြောက်လာခြင်းဖြစ်ကာ မိသားစုများနှင့် ဆွေမျိုးများက ကြိုဆိုခဲ့ကြပြီး ၎င်းတို့နေထိုင်ရာ
    ဘိုင်တင်ရွာသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

    မာလက်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ကျောင်းမှ အိမ်သို့အပြန်လမ်းတွင် အစ္စရေးစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက်
    ထောင်ဒဏ် ၂ လ ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး သူမ၏ အသက်ကြောင့် ၂ ပတ်လျော့ရက် ရခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်း
    အကျဉ်းသားများအသင်းက ပြောကြားခဲ့သည်။

    အစ္စရေး၏စွဲချက်တွင် မာလက်မှာ ပါလက်စတိုင်းပိုင်နက်ရှိ ကျူးကျော်အိမ်ယာများတွင် နေထိုင်သော အစ္စရေးမှဂျူးများ၏
    ကားကို ပစ်ခတ်ရန်အတွက် ကျောက်တုံးများကိုကောက်ခဲ့ခြင်းနှင့် လုံခြုံရေးအဖွဲ့များ ဖမ်းဆီးပါက ပြန်လည်တိုက်ခိုက်ရန်
    ဓားမြှောင်တစ်ချောင်းကို ယူဆောင်လာခြင်းတို့ကြောင့်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ပါလက်စတိုင်းပိုင်း အနောက်ဖက်ကမ်းခြေမှ နှစ်စဉ် ကလေးငယ်ပေါင်း ၁၀၀၀ ခန့်ကို အစ္စရေးမှ ဖမ်းဆီးလျက်ရှိပြီး
    ခဲဖြင့်ပေါက်မှုဖြင့် မကြာခဏ တရားစွဲဆိုခြင်းခံရသည်ဟု ကလေးငယ်များအခွင့်အရေးကို ဆောင်ရွက်ပေးနေသည့် Defense
    for Children International Palestine အဖွဲ့က ပြောကြားခဲ့သည်။

    ပါလက်စတိုင်း အကျဉ်းသားများအသင်းကမူ အစ္စရေးအကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်း
    ကလေးငယ်များမှာ ၂၀၀ ခန့်ရှိပြီး မိန်းကလေး ၄ ဦးပါဝင်ကာ မာလက်က အငယ်ဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးစစ်ဖက် ပြောရေးဆိုခွင့်ရှိသူများကမူ မာလက်မှာ အပြစ်ရှိကြောင်းဝန်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း
    မာလက်၏ ဖခင်ဖြစ်သူက သမီးဖြစ်သူ၏ ထွက်ဆိုချက်ကို အတည်ယူ၍မရဟု ဆိုသည်။

    “အစ္စရေးစစ်သားတွေဝိုင်းထားတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ ဘာမဆိုဝန်ခံမှာပါပဲ။
    နျူလက်နက်ကြီး ကိုင်ထားတယ်လို့ စွပ်စွဲခဲ့ရင်တောင် သူဝန်ခံမှာပါ” ဟု ပြောကြားခဲ့သည်။

    Ref: alarabiya

  • အိန္ဒိယလူမျိုးတစ်ဦးအား လက်ရောက်ကျူးလွန်ခဲ့သူ အမေရိကန် ရဲတစ်ဦးကို တရားစွဲ

    အိန္ဒိယလူမျိုးတစ်ဦးအား လက်ရောက်ကျူးလွန်ခဲ့သူ အမေရိကန် ရဲတစ်ဦးကို တရားစွဲ

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
    M-Media

    Handout of Sureshbhai Patel at Huntsville Hospital, in Huntsville

    – အမေရိကန်ပြည်ထောင်စု အလာဘားမားပြည်နယ်တွင် အိန္ဒိယလူမျိုးတစ်ဦးအား ထိခိုက်ဒဏ်ရာရစေခဲ့သည်အထိ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် ရဲတပ်သားတစ်ဦးကို လက်ရောက်မှုဖြင့် တရားစွဲဆိုလိုက်သည်ဟု အမေရိကန် အာဏာပိုင်များက ပြောကြားလိုက်သည်။

    ကျူးလွန်ခံရသူမှာ အသက် ၅၇ နှစ်အရွယ်ရှိ ဆူရက်ရှ်ဘိုင် ပက်တဲလ်ဆိုသူဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ နံနက်ပိုင်းက မက်ဒီဆင်ရှိ သားဖြစ်သူနေအိမ်မှထွက်ကာ လမ်းလျှောက်နေစဉ် ရဲတပ်သားများနှင့်တွေ့ကာ ထိုကဲ့သို့ ကျူးလွန်ခံခဲ့ရခြင်းဖြစ်သည်။

    ရဲတပ်သားများက သံသယရှိသူတစ်ဦးနှင့်ပတ်သက်၍ ဖုန်းခေါ်ဆိုမှုရရှိခဲ့သည်ဟု ပက်တဲလ်အား ပြောကြားခဲ့သည်။ သို့သော်လည်း ပက်တဲလ်က မိမိမှာ အင်္ဂလိပ်စကားမပြောတတ်ဟုဆိုကာ သားဖြစ်သူ၏ အိမ်နံပါတ်ကို ပေးခဲ့သော်လည်း ရဲတပ်သားများက ပက်တဲလ်အား လုံးထွေးကာ မြေပြင်ပေါ်သို့လှဲချခဲ့သည်။

    ပက်တဲလ်မှာ ထိုဒဏ်ရာကြောင့် ကျောရိုးရှိ နာ့ဗ်ကြောမကြီး ထိခိုက်သွားပြီး ခန္ဓာကိုယ်လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သည်။ ထို့နောက် ပက်တဲလ်က မြို့တာဝန်ရှိသူများနှင့် ၎င်းအား ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို တရားစွဲဆိုခဲ့ပြီး ထိုအဖြစ်အပျက်မှာ လူမျိုးရေးခွဲခြားမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

    အခင်းဖြစ်ပွားရာ အလာဘားမားပြည်နယ် မဒ်ဒီဆန်မြို့မှ ရဲအရာရှိများကလည်း ကြာသာပတေးနေ့က သတင်းစာရှင်းလင်းပွဲလုပ်ကာ ပက်တဲလ်နှင့် သူ၏ မိသားစုအား တောင်းပန်ခဲ့ပြီး ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှ ၁ ဦးအား လက်ရောက်မှုဖြင့် တရားစွဲဆိုထားသည်ဟု ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့မှ စောစောပိုင်းထုတ်ပြန်သော ကြေညာချက်တွင် ပက်တဲလ်မှာ ၎င်း၏လက်နှစ်ဖက်အား ဘောင်းဘီအိတ်ထဲသို့ ထည့်ကာ ထွက်ပြေးရန် ကြိုးစားခြင်းကြောင့် ရဲတပ်ဖွဲ့က လုံးထွေးဖမ်းဆီးခဲ့ရသည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း ပတ္တရောင်ကားတွင် ရိုက်ကူးထားသည့်ဗီဒီယိုအရ လက်နောက်ပစ်ထားသော ပက်တဲလ်အား ရဲတပ်တပ်ဖွဲ့ဝင်တစ်ဦးက ရုတ်တရတ် မြေပေါ်သို့ လှဲချခဲ့ခြင်းကို တွေ့ရှိခဲ့ရသည်။

    မက်ဒီဆင် ရဲတပ်ဖွဲ့အကြီးအကဲ လယ်ရီ မန်စီကမူ အဆိုပါ ရဲတပ်သား၏လုပ်ရပ်မှာ မိမိတို့ဌာနက သတ်မှတ်ထားသော စည်းကမ်းနည်းလမ်းများနှင့် ညီညွတ်ခြင်းမရှိဟု ပြောကြားခဲ့သည်။ ပက်တဲလ်မှာ မကြာသေးမီက ကလေးမွေးထားသည့် ၎င်း၏သားဖြစ်သူမိသားစုအား စောင့်ရှောက်ရန် ပြီးခဲ့သည့် နှစ်ပတ်က အိန္ဒိယမှ အမေရိကန်သို့ ရောက်ရှိလာသူဖြစ်သည်။

    Ref:alarabiya

  • အလုပ်ရှင် သူဌေးဆိုးရဲ့ အကျင့်ဆိုး ၁၂-မျိုး

    အလုပ်ရှင် သူဌေးဆိုးရဲ့ အကျင့်ဆိုး ၁၂-မျိုး

    ဖေဖော်ဝါရီ ၁၄ ၊ ၂၀၁၅
    M-Media
    နုရည်ထွန်း ဘာသာပြန်သည်။

    2014-06-03-infographicsannoyingcharacteristicsofahorribleboss-thumb

    နေ့စဉ် လူမှုဘ၀မှာ လူအမျိုးမျိုးအဖုံဖုံနဲ့ ကြုံတွေ့ရလေ့ ရှိပါတယ်။ အဲဒီအထဲမှာမှ လုပ်ငန်းခွင်မှာ မလွဲမသွေ ကြုံတွေ့ရတဲ့ သူတွေကတော့ အလုပ်ရှင် သူဌေးတွေ ဖြစ်ပါတယ်။ အလုပ်ရှင်ကောင်းနဲ့ ကြုံတွေ့ရသူတွေအတွက်ကတော့ မိမိတကိုယ်ရည်အတွက်ရော မိမိလုပ်ငန်းခွင်အတွက်ပါ ပိုမိုတိုးတက်စေနိုင်တဲ့ အခွင့်အလမ်းများ ရရှိနိုင်သလို အလုပ်ရှင်ဆိုးနဲ့ ကြုံတွေ့ရသူတွေအတွက်ကတော့ မိမိပင်ကိုယ် အရည်အချင်းကို ထုတ်ဖော်ပြသခွင့် မရနိုင်တဲ့အပြင် မိမိတကိုယ်ရည်နဲ့ လုပ်ငန်းခွင်ရဲ့ အရည်အသွေးတွေလည်း ဆုတ်ယုတ်သွားစေတတ်ပါတယ်။

    ဒါကြောင့် လုပ်ငန်းခွင်တစ်ခုမှာ ၀န်ထမ်းကောင်းဖြစ်ဖို့ အရေးကြီးသလို မိမိကိုယ်တိုင် အလုပ်ရှင် ဖြစ်လာတဲ့အခါမှာလည်း အလုပ်ရှင် သူဋ္ဌေးဆိုးတစ်ယောက် မဖြစ်ဖို့ အရေးကြီးပါတယ်။ အလုပ်ရှင်ဆိုး တစ်ယောက်မှာ ရှိတတ်တဲ့ အမူအကျင့်တွေထဲက များသောအားဖြင့် တွေ့ရလေ့ရှိတတ်တဲ့ (၁၂) မျိုးကို ဖော်ပြလိုက်ပါတယ်။

    ၁။ ထိန်းချုပ်လိုခြင်း

    သူတို့ဟာ အရာအားလုံးကို ထိန်းချုပ်လိုကြပြီး အဲ့ဒီ ထိန်းချုပ်မှုကြောင့် မလိုလားအပ်တဲ့ အခက်အခဲတွေ၊ အတားအဆီးတွေ ဖြစ်လာ တတ်ပါတယ်။

    ၂။ တွေဝေခြင်း

    ခေါင်းဆောင်ကောင်းဆိုတာ ဆုံးဖြတ်ချက်ကို မှန်ကန်စွာနဲ့ မြန်ဆန်စွာ ချတတ်ဖို့ လိုအပ်ပါတယ်။ တွေဝေတတ်တဲ့ အလုပ်ရှင်ကတော့ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ အားနည်းလေ့ရှိပါတယ်။

    ၃။ ခေါင်းမာခြင်း

    မိမိလုပ်ဆောင်လိုက်တဲ့ အရာရာတိုင်းဟာ အမြဲတမ်း မှန်ကန်တယ်လို့ တွေးထင်တတ်လေ့ရှိကြတဲ့ အလုပ်ရှင်တွေအတွက် လုပ်ငန်းခွင်မှာ ဆိုးရွားတဲ့အချက် တစ်ချက်ဖြစ်လာပါလိမ့်မယ်။

    ၄။ အတိုက်အခံလုပ်ခြင်း

    အပြောင်းအလဲတစ်ခုလောက် ပြုလုပ်ဖို့ကို အတိုက်အခံလုပ်ပြီး တွန့်ဆုတ်နေတတ်တာဟာလည်း အလုပ်ရှင်ဆိုးရဲ့ အမူအကျင့်တစ်မျိုး ဖြစ်ပြီး အပြောင်းအလဲဟာ အကောင်းဘက်ကို ဦးတည်မှု ရှိတယ်ဆိုတာကို သူတို့ နားလည်မှု မပေးနိုင်ကြပါဘူး။

    ၅။ အသေးစိပ်စီမံခြင်း

    သေးမွှားတဲ့ လုပ်ငန်းဆောင်တာတွေကိုကအစ သူတို့ကိုယ်တိုင် အသေးစိပ် လိုက်လံပါဝင်ပြီး စိစစ်စီမံနေမှ စိတ်တိုင်းကျတဲ့အတွက် ၀န်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်သွေး တိုးတက်မှုကို ပျက်စီးဆုံးရှုံးစေတတ်ပါတယ်။

    ၆။  အကြောက်တရား

    သူတို့ဟာ ၀န်ထမ်းတွေကို အကြောက်တရားနဲ့ ထိန်းချုပ်ဦးဆောင်လေ့ရှိကြပြီး အဲ့ဒါဟာ စီမံအုပ်ချုပ်ရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုလို့ လွဲမှားစွာ ထင်မှတ်နေလေ့ ရှိကြပါတယ်။

    ၇။ ထိုးထွင်းမမြင်ခြင်း

    သူတို့ဟာ ဖောက်ထွက်ထိုးထွင်းတဲ့ အမြင်မျိုး မရှိတတ်ကြပါဘူး။ ခေါင်းဆောင်ကောင်းတွေမှာတော့ ရှင်းလင်းပြတ်သားတဲ့ ထိုးထွင်းအမြင် ရှိတတ်ပြီး ရေရှည်အတွက် စဉ်းစားလေ့ရှိပါတယ်။

    ၈။  မျက်နှာလိုက်ခြင်း

    တစ်ဦးတစ်ယောက်ကို မျက်နှာသာပေးခြင်း၊ မျက်နှာလိုက်ခြင်း လုပ်လေ့ရှိတတ်ပြီး အဲ့ဒီလို လုပ်တာဟာ လုပ်ငန်းခွင်အတွင်း အခြားဝန်ထမ်းတွေအတွက် စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေ ဖြစ်လာစေပါတယ်။

    ၉။  မောက်မာခက်ထန်ခြင်း

    မောက်မာခက်ထန်ခြင်းဟာ လူတစ်ဦးရဲ့ ကိုယ်ရေးကိုယ်သွေးတွေထဲမှာမှ အကျည်းအတန်ဆုံး လက္ခဏာတစ်ခု ဖြစ်ပါတယ်။

    ၁၀။  ဒေါသူပုန်ထခြင်း

    လုပ်ငန်းခွင်တစ်ဝိုက် ခါးထောက်လမ်းလျှောက်ပြီး အချိန်တိုင်းလိုလို ဒေါသူပုန်ထနေလေ့ရှိတဲ့ အလုပ်ရှင်ဟာလည်း လုပ်ငန်းခွင်အတွင်းမှာ အဆိုးသာ ဖြစ်ပေါ်စေမှာပါ။

    ၁၁။  အပြစ်ပုံချခြင်း

    အလုပ်ရှင်ဆိုးတွေဟာ ဂုဏ်ယူဖွယ်ရှိလာရင် သူတို့လုပ်ဆောင်မှုလို့ ပြုမူမာန်ထောင်တတ်ကြပြီး အမှားအယွင်း ရှိလာခဲ့ရင်တော့ အခြားသော ၀န်ထမ်းတွေအပေါ်ကို အပြစ်ပုံချ ကြိမ်းမောင်းလေ့ ရှိတတ်ကြပါတယ်။

    ၁၂။ စိတ်ခံစားမှု

    လက်တွေနဲ့ အချက်အလက်တွေအပေါ် ဦးစားပေး စဉ်းစားသုံးသပ် လုပ်ကိုင်ဆောင်ရွက်ရမယ့်အစား သူတို့ဟာ စိတ်ခံစားမှုပေါ် အခြေပြုပြီး ဆုံးဖြတ်ချက်များ ချလေ့ရှိတတ်ပါတယ်။

    ဒီ အမူအကျင့် ၁၂-မျိုးက အလုပ်ရှင်ဆိုး၊ ခေါင်းဆောင်ဆိုးတွေမှာ အများဆုံး တွေ့ရလေ့ရှိတဲ့ အချက်တွေဖြစ်ပါတယ်။ ဒီအကျင့်ဆိုး ၁၂-မျိုးအပြင် အရေးပါတဲ့ နောက်တစ်ချက်ကိုလည်း စာရေးသူ Jeff Fermin က ထပ်ပြီး ဖြည့်စွက်ပြောထားပါသေးတယ်။ အဲ့ဒါကတော့ အလုပ်ရှင်ဆိုးတွေဟာ Team Building ကို လစ်လျူရှုတတ်ကြခြင်း ဖြစ်ပါတယ်။

    ဒါအပြင် ကိုယ့်ရဲ့ လုပ်ငန်းခွင်အတွင်းမှာ ကောင်းမွန်တဲ့ ဦးဆောင်မှုနဲ့ ဝန်ထမ်းများအားလုံးကို ယုံကြည်မှု၊ အလေးထားမှုနဲ့ ပျော်ရွှင်အောင် ထားတတ်ဖို့ လိုအပ်ပါတယ်။

    ကိုးကား – Business2Community

  • Blind Trust Project

    Blind Trust Project

    ဖေဖော်ဝါရီ ၁၄ ၊ ၂၀၁၅
    ရှာဖွေ တင်ပြသူ- ကျော်ကျော်
    10926370_933330960033248_5682407569991624252_n
    ဒါလေးကို တီထွင်ရိုက်ကူးတာကToronto filmmaking group ကTime Vision ကရိုက်တာပါ။

    အဲ့ဒီပရောဂျက်ကို’Blind Trust Project’လို့ နာမည်ပေးထားတယ်။ ရိုက်ကူးဖို့ အဖွဲ့ကလေးတစ်ခု စုစည်းကာ စတင်ခဲ့သူကတော့ အသက် ၂၄နှစ် အရွယ်ရှိ ကနေဒီယန် မွတ်စလင် အမျိုးသမီးငယ်Assma Galuta ပဲဖြစ်ပါတယ်။

    ကနေဒါနိုင်ငံ Torontoမြို့ Dundas Square အလယ်၊လူသွားလူလာထူထပ်ပြီး အလုပ်ရှုပ်လှတဲ့နေရာမှာရိုက်ကွင်းကို တည်ထားပါတယ်။ အဲ့ဒီမှာမွတ်စလင်လူငယ် တစ်ဦးက မျက်စိကိုအဝတ်စည်းပြီး ပိတ်ထားကာ မတ်တပ် ရပ်နေပါတယ်။ သူ့တစ်ဖက်တစ်ချက်စီမှာ-ကျွန်တော်ဟာ မွတ်စလင် တစ်ယောက်ပါ။ အကြမ်းဖက်သမားလို့ တံဆိပ်ကပ်ခံရပါတယ်။ခင်ဗျားကို ယုံပါတယ်၊ ကျွန်တော့်ကို ယုံလား၊ပွေ့ဖက်မှုတစ်ခုပေးပါ-ဆိုတဲ့ဆိုင်းဘုတ်ငယ်လေးကို ချထားပါတယ်။

    10987675_933331090033235_1948155488410207558_n

    ရည်ရွယ်ချက် ကတော့ မွတ်စလင်တွေကို သိမ်းကြုံးပြီး လိုရာဆွဲကာ အကြမ်းဖက်သမားခေါင်းစဉ်အောက်မှာ ထည့်သွင်းတာကို တွန်းလှန်ဖို့ပါ။ ဇန်နဝါရီလ ၃၁ရက်နေ့ကတင်ခဲ့တဲ့ ဒီဗွီဒီယိုဖိုင်လေးဟာ YouTube မှာ အခုထိကြည့်ရှူ့သူပေါင်း ၁၁ သိန်းကျော်သွားပါပြီ။ ဒီလိုတည်ပြီး စရိုက်ကတည်းက အဲ့ဒီလူငယ်ကို ၃မီနစ်အတွင်း လာရောက်ပွေ့ဖက်သူ အယောက်၂၀ကျော်ရှိခဲ့ပါတယ်။သူ့နားက ဖြတ်သွားဖြတ်လာနေကြတဲ့ အရောင်အသွေးစုံ လူပေါင်းစုံတို့က တစ်ချက်ရပ်ငေးကာ ပွေ့ဖက်ခဲ့ကြတာပါ။

    ယူကေတို့ နယူးဇီလန်တို့မှာလည်း ခေါင်းကြီးပိုင်းနေရာတွေမှာ ဒီဗွီဒီယိုဖိုင်လေး ကနေရာယူခဲ့ပါတယ်။ စီစဉ်ရိုက်ကူးသူတွေထဲက Ottawa အခြေဆိုက် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ AsoOmil Jayဆိုတဲ့ အမျိုးသမီးငယ်ကလေး ကတော့-ကြည့်ပြီးအတော်လေး ခံစားရကြောင်းပြောကြားပါတယ်။နောက်ပြီး ဒါဟာ ဝါဒဖြန့်ချီတာမဟုတ်ဘဲ၊ လက်တွေ့လူမှုနယ်ပယ်မှာ အစစ်အမှန်ဖြစ်မယ့် ရှာဖွေတွေ့ရှိမှုလို့ လည်းပြောပါတယ်။ အဲ့ဒီပွေ့ဖက်မှုတွေက မွတ်စလင်ဖြစ်လို့ အကြောင်းမဲ့ မုန်းတီးခံရခြင်းအတွက် အသစ်တဖန်အားအင်သစ်တိုးဖို့ အတွက် အပြောင်းအလဲပါပဲလို့ဆိုပါတယ်။

    65139_933331250033219_5868000754059953545_n

    ဒီလူငယ်လေးကိုပွေ့ဖက်ဖို့  လမ်းသွားလမ်းလာရှုပ်ထွေးနေတဲ့နေရာ လမ်းလယ်ကောင်မှာ ကားကို ရပ်ပြီးဆင်းလာကာပွေ့ဖက်ခဲ့တဲ့ လူမည်းလူငယ်လေး တစ်ယောက်ကြောင့်လည်း မျက်ရည်ဝဲရတယ်လို့ဆိုပါတယ်။

    ဇာတ်ဆောင် မျက်စိပိတ်ထားတဲ့လူငယ်ကတော့ ဒီရှာဖွေတွေ့ရှိမှုကို ဥာဏ်အလင်းရစေတဲ့ဟာလို့ဆိုပါတယ်။ အဲ့ဒီလူငယ်နာမည်က Mustafa Mawla လို့ခေါ်ပါတယ်။ သူကဆက်လက်ပြီး၊လာရောက်ပွေ့ဖက်သူတွေက လူစိမ်းတွေပါ၊ သူတို့ဘာလူမျိုးဖြစ်တယ် ဘယ်ဘာသာဝင်တွေလည်း၊ဘယ်ကနေ လာကြသလဲဆိုတာကျွန်တော် မသိပါဘူး။ လူသားတစ်ယောက်အနေနဲ့ ကိုယ်စားပြုတဲ့ ကျွန်တော်ကို နောက်လူသား တစ်ယောက်က လာရောက်ပွေ့ဖက်သွားတယ်ဆိုပဲသိပါတယ်တဲ့။ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုဖြစ်လာဖို့ ယဉ်ကျေးတဲ့အစိုးရတစ်ရပ်ရှိရမယ်ဆိုတာ အပြင် ပြည်သူပြည်သားတိုင်းမှာလည်း ကြိုးပမ်းဆောင်ရွက်သင့်တယ်ဆိုတာ တကယ်ပဲပေါ်လွင်လှပါတယ်။

    10675740_933336266699384_8338872543224771410_n
    ။ ရိုက်ကူးဖို့ အဖွဲ့ကလေးတစ်ခု စုစည်းကာ စတင်ခဲ့သူကတော့ အသက် ၂၄နှစ် အရွယ်ရှိ ကနေဒီယန် မွတ်စလင် အမျိုးသမီးငယ်Assma Galuta

    Youtube Link =>http://youtu.be/HNUHnzkojag