News @ M-Media
Blog
  • မန်ယူ၏ ကစားပုံနှင့်ပတ်သက်၍ ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ် ဝေဖန်
    မန်ယူ၏ ကစားပုံနှင့်ပတ်သက်၍ ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ် ဝေဖန်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
    M-Media
    vgal
    – ဗန်ဂါလ်းကိုင်တွယ်သည့် မန်ယူအသင်း၏ ကစားပုံမှာ ညံ့ဖျင်းနေပြီး အသင်းတွင် တိုက်စစ်ဆင်လိုမှုစိတ်ဓာတ်လည်း
    လုံလုံလောက်လောက်မရှိဟု မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ဝေဖန်ပြောကြားလိုက်သည်။
    မန်ယူမှာ အမှတ်ပေးဇယားတွင် အဆင့် ၃ နေရာ၌ ရှိနေသော်လည်း အသင်း၏ ကစားပုံနှင့်ပတ်သက်၍ ဝေဖန်ခံနေရပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ဘန်လေအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်ပွဲ ပထမပိုင်းကစားပုံမှာ အလွန် ဆိုးဝါးခဲ့သည်။ စခိုးလ်ကမူ လက်ရှိမန်ယူအသင်း၏ ကစားပုံမှာ ဘောလုံးကို အရှေ့သို့ရောက်စေရန် လုံလောက်သော စွန့်စားမှုများမရှိဘဲ ထိုအကြောင်းအရင်းကြောင့်ပင် မန်ယူမှာ ခံစားနေရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “လူးဝစ်ဗန်ဂါးလ်ရဲ့အသင်းကိုကြည့်ရတာ စိတ်ချမ်းသာတယ်လို့ပြောဖို့ မကောင်းပါဘူး။ ဗုဒ္ဓဟူးနေ့ညမှာ ဘန်လေကို နိုင်ခဲ့ပေမယ့် ဘန်လေကသာ ပထမပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့တာပါ။ အချိန်ကြာလာတာနဲ့အမျှ မန်ယူရဲ့ ဘောလုံးကစားပုံဟာ ညံ့ဖျင်းလာပါတယ်” ဟု စခိုးလ်က The Independent တွင် ရေးသားသောဆောင်းပါး၌ ဖော်ပြခဲ့သည်။
    ထို့ပြင် မန်ယူ၏ တိုက်စစ်နှင့်ပတ်သက်၍လည်း ဝေဖန်ခဲ့ပြီး၊ ၀ိန်းရူနီအား တိုက်စစ်တွင် ထားမကစားဘဲ အလယ်တန်းတွင်
    ကစားစေခြင်းနှင့်ပတ်သက်၍လည်း နားမလည်ကြောင်း စခိုလ်းက ထည့်သွင်းရေးသားခဲ့သည်။
    “တကယ်လို့များ ရူနီဟာ အခြားနှစ်ယောက် (ဗန်ပါစီနှင့် ဖယ်ကာအိုတို့) ထက် အရှေ့တန်းမှာ ပိုပြီး ရွေးချယ်သင့်တယ်လို့
    မထင်ဘူးဆိုရင်တော့ ဒါဟာ ပြဿနာပါပဲ”
    တိုက်စစ်မှူး ဗန်ပါစီနှင့် ဖယ်ကာအိုတို့ ရှိနေသော်လည် မန်ယူအသင်း၏ ဂိုးရရန်ရုန်းကန်ရမှုမှာ ဖြေရှင်း၍မရသေးဘဲ ပရီးမီးယားလိဂ်တွင် ၎င်းတို့နှစ်ဦးစလုံးပေါင်း သွင်းဂိုမှာ ၁၄ ဂိုးသာရှိနေကာ ၎င်းတို့၏ ခြေစွမ်းနှင့် ပတ်သက်၍လည်း ဝေဖန်မှုများကို ခံနေရသည်။
    Ref:goal.com
  • မိမိသေဆုံးလျှင် အကောင့်အား အခြားတစ်ယောက်ကို လွှဲနိုင်မည့် option ကို Facebook ထည့်သွင်းမည်
    မိမိသေဆုံးလျှင် အကောင့်အား အခြားတစ်ယောက်ကို လွှဲနိုင်မည့် option ကို Facebook ထည့်သွင်းမည်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
    M-Media
    fb
    – မိမိသေဆုံးသွားပြီးနောက် မိမိ၏ အကောင့်အား မည်သူ့ကို စီမံခန့်ခွဲခွင့်ပေးမည်ဆိုသည်နှင့် ပတ်သက်၍ ရွေးချယ်ထားနိုင်မည့် option တစ်ခုကို ထည့်သွင်းပေးတော့မည်ဟု Facebook က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကြေညာလိုက်သည်။
    ယခုလက်ရှိတွင် အသုံးပြုသူတစ်ယောက် ကွယ်လွန်သွားပါက ၎င်း၏ အကောင့်မှာ အမှတ်တရအဖြစ်သာ ရှိနေပြီး မည်သူမှ
    အဆိုပါအစီအစဉ်ကို အမေရိကန်တွင် စတင်မည်ဖြစ်ပြီး legacy contact ဆိုသော နေရာတွင် မိမိသေဆုံးသွားပြီးနောက် မိမိအကောင့်အား ၀င်ရောက်စီမံခန်ခွဲနိုင်မည့်သူ၏ အကောင့်ကို ထည့်သွင်းပေးရမည်ဖြစ်သည်။ ရွေးချယ်ခံရသူမှာ သူငယ်ချင်းအသစ်များ Add ခြင်း၊ profile ဓာတ်ပုံများနှင့် cover ဓာတ်ပုံများ ပြောင်းလဲခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကာ အကောင့်ကိုလည်း ဖျက်ပစ်နိုင်မည်ဖြစ်သည်။
    ထို option ထည့်သွင်းခြင်းအပြင် သေဆုံးသွားသူ၏ မိသားစုနှင့် ချစ်သူတို့ စိတ်ထိခိုက်စေနိုင်သော သေဆုံးသွားသူ၏ အကောင့် Suggested Friend စာရင်းတွင် ပေါ်နေမှုကိုလည်း ပိတ်ပစ်ရန်အတွက် Facebook က စီစဉ်နေသည်။
    Ref: todayonline
  • ချယ်ဆီးမှာ စပါယ်ရှယ်ဝမ်းအသင်းမဟုတ်ဟု မန်စီးတီးကွင်းလယ်လူ နာဆရီဆို
    ချယ်ဆီးမှာ စပါယ်ရှယ်ဝမ်းအသင်းမဟုတ်ဟု မန်စီးတီးကွင်းလယ်လူ နာဆရီဆို
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
    M-Media
    nsr
    – လက်ရှိအချိန်တွင် ဇယားအား ဦးဆောင်နေသော်လည်း ချယ်ဆီးမှာ စပါယ်ရှယ်အသင်းမဟုတ်ဘဲ ခြေချော်လိမ့်မည်ဟု မန်စီးတီးကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ၀ီလီယံ၏ နောက်ဆုံးမိနစ် နာကျင်အချိန်ပိုဂိုးဖြင့် အဲဗာတန်အား အနိုင်ရခဲ့သည့် ချယ်ဆီးအသင်းမှာ ယခုအချိန်တွင် ဒုတိယနေရာမှ မန်စီးတီးအသင်းအား ၇ မှတ်ဖြတ်ထားနိုင်သည်။ နာဆရီကမူ မိမိတို့အသင်းအနေဖြင့် အမှတ်ကွာဟမှုကို လျှော့ချနိုင်မည်ဟု ယုံကြည်နေသည်။
    “ကျွန်တော်ဟာ မော်ရင်ဟိုရဲ့ ပရိတ်သတ်တစ်ဦးပါ။ ဒါပေမယ့် သူ့အသင်းကိုတော့ အထင်မကြီးပါဘူး။ လုံးဝပါပဲ။ သူတို့နဲ့ ကျွန်တော်တို့ ၂ ကြိမ်ကစားခဲ့ပြီးပါပြီ။ တစ်ကြိမ်ကတော့ ၁၀ ယောက်နဲ့ပါ။ ကျွန်တော်တို့ သူတို့ထက် ပိုကောင်းခဲ့ပါတယ်။ နောက်တစ်ကြိမ် စတမ်းဖို့ဘရစ်ခ်ျမှာ ကစားတော့လည်း ကျွန်တော်တို့ကသာ ပိုကောင်းခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ သူတို့ဟာ လုံးဝ စပါယ်ရှယ်မဟုတ်ပါဘူး။ သူတို့အမှားတွေလုပ်အုံးမယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု နာဆရီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    မန်စီးတီးနှင့်ပတ်သက်၍လည်း နာဆရီက မိမိတို့အသင်းမှာ ပွဲများကိုအနိုင်ကစားရမည်ဖြစ်ပြီး မည်သည့်အရာဖြစ်လာသည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အခြေအနေမှာ တစ်ရာသီလုံး ယခုအတိုင်ဖြစ်သွားမည်ဖြစ်ပြီး မည်သူကမှ ရာသီပြီးဆုံးရန် ၁၀ ပွဲအလိုတွင် ဖလားအား ရနိုင်မည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    Ref:goal.com
  • ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲများ နိုင်ငံတဝှမ်း ခြိမ့်ခြိမ့်သဲ ကျင်းပ
    ဖေဖော်ဝါရီ၁၃ ၂၀၁၅ခုနှစ်
    M-Media
    သတင်း- သူရိန်
    10959673_793122020743685_274837315184387135_n
    ယနေ့သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာဖခင်ကြီး မြန်မာ့တပ်မတော်ကို မျိုးစေ့ချ ထူထောင်ခဲ့သူ အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့သည့် နှစ်တစ်ရာပြည့် ရာပြည့်နေ့ဖြစ်ကြောင်း သိရသည်။
    ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်ရာပြည့်နေ့ ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံတဝှမ်းလုံးတွင် ရာပြည့်ပွဲ အခမ်းအနားများကို ပြည်သူအများ ပုံစံမျိုးစုံဖြင့် ဂုဏ်ပြုကျင်းပခဲ့ကြသည်။
    မနက်အစောပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းအတွက် ရည်စူးကာ ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အပါအဝင် ကုသိုလ်ပြုဒါနလုပ်သူများလည်းတွေ့ရသည်။ ကလေးမြို့တွင် ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ဟိန္ဒူဘာသာနှင့် အစ္စလာမ် ဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များ အလှည့်ကျဝတ်ပြုဆုတောင်းခဲ့ကြသည်။
    10959440_793122037410350_6893541092419904440_n
    ယနေ့နံနက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်သည့် အစားအစာဖြစ်သည့် ပဲပြုတ်နှင့် နံပြားကို စတုဒိသာ အလှူအဖြစ် ရပ်ကွက် မြို့နယ်အချို့တွင် ကျွေးမွေးဒါနပြုကြကြောင်းသိရသည်။
    ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့သည့် နတ်မောက်မြို့တွင် ရာပြည့်အထိမ်းအမှတ် ပြပွဲကို ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ ဖွင့်လှစ်ခဲ့ရာ ကြည့်ရှုသူ ပရိသတ်များဖြင့် စည်ကားလျက်ရှိသည်။
    နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် နေအိမ် ရန်ကုန်မြို့ဗိုလ်ချုပ်ပြတိုက်နှင့် ကန်တော်ကြီးဗိုလ်ချုပ်ကြေးရုပ်နေရာများတွင် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသူများ စုဝေးကာ လေ့လာကြည့်ရှု ဂုဏ်ပြုခဲ့ကြသူ အများအပြားကိုလည်း တွေ့ရသည်။
    အလားတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့ဟု သတ်မှတ်ထားပြီး ကလေးများ အတွက် အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြခဲ့သည်ကိုလည်း တွေ့ရသည်။
    နိုင်ငံတဝှမ်းတွင် ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲများ ပြပွဲများ  စာစီစာကုံးပြိုင်ပွဲများ  လေ့လာရေးခရီးစဉ်များ ဗိုလ်ချုပ်ကြေးရုပ် သွန်းလုပ် ဖွင့်လှစ်ခြင်းများ မြို့တွင်းလှည့်လည်ဖျော်ဖြေတင်ဆက်မှုများဖြင့် ခမ်းနားထည်ဝါစွာ ပြည်သူအများ ဂုဏ်ပြုဆင်ယင်ကျင်းပခဲ့ကြသည်။
    ဒါ့အပြင် မြို့နယ်များတွင် ဗိုလ်ချုပ်ရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီများ ဖွဲ့စည်းကာ နိုင်ငံပါတီများ ဒေသဆိုင်ရာ အဖွဲ့အစည်းများက ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့သည်။
    ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် မကွေးတိုင်း နတ်မောက်မြို့တွင် အဖ ဦးဖာနှင် မိခင် ဒေါ်စုတို့မှ မွေးဖွားခဲ့သည်။ အဖိုးဖြစ်သူ ဗိုလ်မင်းရောင်မှာလည်း ဗိုလ်လရောင်ဘွဲ့ခံ  နယ်ချဲ့တို့ကို ရွံ့ရွံ့ချွန်ချွန်တွန်းလှန်ခဲ့သူ တစ်ဦးဖြစ်သည်။
    ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး တောင်တန်းပြည်မ ပေါင်းစည်း၍ ပင်လုံစာချုပ် ချုပ်ဆိုကာ  နယ်ချဲ့တို့ထံမှ လွတ်လပ်ရေးကိုရယူပေးနိုင်ခဲ့သည့် နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်သည်။
    ဓါတ်ပုံ- ဗိုလ်ချူပ်မွေးဖွာရာ ဇာတိ နတ်မောက်မြို့တွင် ကျင်းပခဲ့သည့် ဗိုလ်ချူပ် ရာပြည့်အခမ်းအနား
    Credit- BBC
  • ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝက နေထိုင်ခဲ့သည့် ပဲခူးဆောင် ပြန်လည် ဖွင့်လှစ်
    ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝက နေထိုင်ခဲ့သည့် ပဲခူးဆောင် ပြန်လည် ဖွင့်လှစ်
    ဖေဖော်ဝါရီ ၁၃ ၊၂၀၁၅
    M-Media
    သတင်း- သူရိန်
    3e6fed6ab6122d3c4af7246137886ea575c66d4c0d46a563f4a25a3c1760ef3f
    လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်အတွင်းရှိ  ပဲခူးဆောင်ကို ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ပြသခဲ့ကြောင်းသိရသည်။
    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသား ဘဝ ကျောင်းတက်နေစဉ်  နေထိုင်ခဲ့သည့် ပဲခူးဆောင်ကို ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ ဖြစ်သည့် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် အမှတ်တရ ဂုဏ်ပြုသောအားဖြင့် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
    ပဲခူးဆောင်တွင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သည့် အခန်းနံပါတ်  ၁၁၃ ကို လေ့လာကြည့်ရှုသူ ကျောင်းသားကျောင်းသူများ စိတ်ဝင်စားသူများဖြင့် စည်ကားလျက်ရှိသည်။
    အဆိုပါအခန်းအမှတ် ၁၁၃တွင် ဗိုလ်ချုပ်အောင်ဆန်း အဆောင်နေစဉ် အိပ်ခဲ့သည့် ကုတင် စာကြည့်စားပွဲနှင့် ကုလားထိုင် ဓါတ်ပုံကားချပ်များ အမှတ်တရ ချိတ်ဆွဲထားသည်ကိုလည်း တွေ့ရသည်။
    လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန် တက္ကသိုလ် တွင် ပညာဆည်းပူးစဉ် ၁၉၃၆ မှ ၁၉၃၇ ခုနှစ်ကာလထိ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတွင် ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ တက္ကသိုလ်တက်နေစဉ် အိုးဝေမဂ္ဂဇင်းတွင် လုပ်ကိုင်ဆောင်ရွက်ရင်း ကိုလိုနီတို့ကို အထိနာစေခဲ့သော ငရဲခွေးကြီး လွတ်နေပြီ ဆောင်းပါးထည့်သွင်းဖော်ပြသဖြင့် အရေးယူခြင်းကို ခံရခဲ့သည်။
    c156f11ca04cd04bce2b222ae7ee156472e37d1580b6af9b0bed6079d5caa736
    ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်စဉ်ကာလအတွင်း ဦးဖေခင် (နောင် ဗမကနှင့် ပင်လုံဗိသုကာ )  ဦးဗဆွေ စသည့် သူငယ်ချင်းရဲဘော်များနှင့် ပဲခူးဆောင်တွင် အဆောင်နေထိုင်ခဲ့ဖူးကြောင်း သိရသည်။
    ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်ရာပြည့် အထိမ်းအမှတ်အဖြစ် မဟော်ဂနီပင်ကို ပဲခူးဆောင်ရှေ့ ပရဝုဏ်အတွင်း အမှတ်တရ စိုက်ပျိုးခဲ့ပြီး လာရောက်လေ့လာသူ ကျောင်းသားကျောင်းသူ များကို နံနက်စာအဖြစ် ပဲနံပြား နှင့် ထမနဲတို့ကို စတုဒိသာအဖြစ် ကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။
    19adf4a563426a2f8460d974a59de5d931a77b2b71670d2a96c06ab4ea7b249551e6d0105ca19416f78a7fc92eb052dc1e10b5afbbe5be24801b8e3662d3f186