News @ M-Media

Blog

  • ဂျူဗင်တပ်စ်မှာ ချန်ပီယံလိဂ်တွင် ပိုမိုမြင့်မားသော အဆင့်ကို ရောက်ရှိမည်ဟု တိုက်စစ်မှူး ပေါ့ဘာဆို

    ဂျူဗင်တပ်စ်မှာ ချန်ပီယံလိဂ်တွင် ပိုမိုမြင့်မားသော အဆင့်ကို ရောက်ရှိမည်ဟု တိုက်စစ်မှူး ပေါ့ဘာဆို

    ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
    M-Media
    703812_heroa
    – အက်သလက်တီကိုအား သရေကစားကာ နောက်တစ်ဆင့်တက်ရောက်ခဲ့သည့် မိမိတို့အသင်းမှာ ချန်ပီယံလိဂ်တွင် ပိုမိုမြင့်မားသည့် အဆင့်ကို ရောက်ရှိ လိမ့်မည်ဟု ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ပေါ့ဘာက ပြောကြားလိုက်သည်။

    ဂျူဗင်တပ်စ်မှာ ချန်ပီယံလိဂ်အစပိုင်းတွင် ခြေစွမ်း မပြနိုင်ခဲ့သော်လည်း နောက်ပိုင်း တွင် ပုံစံမှန်ပြန်ရလာခဲ့ပြီး ယနေ့နံနက် ပွဲစဉ်ပြီးနောက် အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

    `ကျွန်တော်တို့အသင်းဟာ ရှေ့ကိုပိုသွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ပါတယ်။ ဒါပေမယ့် ပွဲတွေဟာ မလွယ်ကူနိုင်တာကြောင့် ပိုမိုပေးဆပ်ဖို့တော့ လိုပါလိမ့်မယ်´ ဟု ပေါ့ဘာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထိုပွဲတွင် အက်သလက်တီကို၏ အပိုင်ဂိုးသွင်းခွင့်အချို့ကို စွမ်းစွမ်းတမံ ကာကွယ်ပေးခဲ့သည့် ၀ါရင့်ဂိုးသမား ဘူဖွန်ကလည်း အသင်း၏ နောက်တစ်ဆင့် တက်မှုအတွက် ချီးကျူးပြောဆိုခဲ့သည်။

    `အုပ်စု ပထမ၊ ဒုတိယ နေရာဆိုဟာ နည်းနည်းပဲ ကွာခြားတာပါ။ မကြာခင်မှာပဲ အတောင့်တင်းဆုံးအသင်းနဲ့ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်´ ဟု ပြောကြားခဲ့သည်။

    ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ မဲခွဲခြင်းကို လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

  • မီဒီယာများ၏ တရား မမျှတမှု ပြောင်းလဲပစ်ရန် ကင်ညာ မွတ်စလင်များ တောင်းဆို

    မီဒီယာများ၏ တရား မမျှတမှု ပြောင်းလဲပစ်ရန် ကင်ညာ မွတ်စလင်များ တောင်းဆို

    ဒီဇင်ဘာ ၁၂ ။ ၂၀၁၄
    M-Media
    10-12-14_Islamophobic-Media-Concerns-Kenya-Muslims
    – နိုင်ငံအတွင်း အဓိကမီဒီယာများက အကြမ်းဖက်သတင်းများအား ဖော်ပြသည့် နည်းလမ်းများကို လုံးဝပြောင်းလဲပစ်ရန်အတွက် ကင်ညာ မွတ်စလင်များက တောင်းဆို လိုက်ပြီး ယခုလက်ရှိ ပရော်ဖက်ရှင်နယ် မပီသည့် သီတင်းဖော်ပြမှုက နိုင်ငံအတွင်း အခြေအမြစ်မရှိသော အစွဲအလမ်း နှင့် အစ္စလာမ်ကြောက်ရောဂါတို့ကို မီးထိုးပေးနေသည်ဟု သတိပေးပြောကြားလိုက်သည်။

    `အခြားဘာသာ တရားတွေက လူတွေ ရာဇ၀တ်မှု ကျူးလွန်တဲ့အခါ သူတို့ရဲ့ ဘာသာတရား ရှေ့မှာထည့်တာကို ကျွန်တော်တို့  မမြင်ရတာ ဘာ့ကြောင့်လဲ? မကြာသေးမီကပဲ ကင်ညာ ခရစ်ယာန် ဘုရားကျောင်းက တရားဟောဆရာ တစ်ယောက် ဗုံးလုပ်တဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်။ ဒါပေမယ့် မီဒီယာက ခရစ်ယာန် အကြမ်းဖက်သံသယရှိသူလို့ မခေါ်ဘူး။ ဒါဟာ အဆုံးသတ်ဖို့ လိုအပ်နေတဲ့ မမျှတမှုပါပဲ´ ဟု ကင်ညာရှိ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းတွင် ဆရာဖြစ်သူ ရှိခ် အဘ်ဒူလာ ခီရ်က ပြောကြားခဲ့သည်။

    ရှိခ်ခီရ်၏ ထိုသို့ပြောကြားမှုမှာ အကြမ်းဖက် ၀ါဒ ကိစ္စများကို ဖော်ပြမှုများမှာ မွတ်စလင်များအတွက် မမျှတဟုဆိုကာ ကင်ညာ မီဒီယာများအား ပြင်းပြင်း ထန်ထန် ဝေဖန်ထားသော အစီရင်ခံစာ တစ်စောင်ကို ကင်ညာရှိ သတင်းစာ ဂျာနယ်လောကအား ထိန်းချုပ်နေသာ တရားဝင် အေဂျင်ဂျင်စီ တစ်ခုဖြစ်သည့် ကင်ညာ မီဒီယာကောင်စီမှ မကြာသေးမီက ထုတ်ပြန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    ၅၂ မျက်နှာပါသည့် အဆိုပါ စီရင်ခံစာကို Deconstructing Terror: Assessing Media’s Role in Religious Intolerance and Radicalisation ဟု အမည်ပေးထားပြီး မီဒီယာများတွင် ဖော်ပြသော ဇာတ်လမ်းများက မွတ်စလင်များအား ကြမ်းဖက်သမားများ သို့မဟုတ် အကြမ်းဖက်သမား ဖြစ်နိုင်ချေ ရှိသူများအဖြစ် ဖော်ပြသကဲ့သို့ ဖြစ်နေကြောင်း ထည့်သွင်းဖော်ပြထားသည်။

    ရှိခ်ကမူ အကြမ်းဖက်လုပ်ရပ်များနှင့် အစ္စလာမ်၊ မွတ်စလင်တို့အကြား ဆက်နွယ်မှုဖြစ်စေသော စကားလုံးများနှင့် စကားစုများအား ကင်ညာမီဒီယာများတွင် အသုံးပြုနေမှုကိုလည်း မေးခွန်းထုတ်ခဲ့သည်။

    ထို့ပြင် `အစ္စလာမ့်မစ်အကြမ်းဖက်ဝါဒ´ `အစ္စလာမ်အစွန်းရောက်´ `အစ္စလာမ့်မစ်များ´ `မွတ်စလင်အစွန်းရောက်´ စသည့် စကားလုံးများက ရာဇ၀တ်မှုကို အစ္စလာမ်၊ မွတ်စလင်တို့နှင့် ဆက်စပ်ပေးခြင်းဖြစ်ပြီး အစ္စလာမ်ကြောက်ရောဂါကို မြှင့်တင်ရာ ရောက်နေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ကင်ညာအစိုးရနှင့် အလ်ရှာဘတ်တို့အကြား စစ်ပွဲကို အချို့သော သတင်းဌာနများက ခရစ်ယာန်နှင့် မွတ်စလင်များအကြားတွင် ဖြစ်ပွားသည့် ဘာသာရေးစစ်ပွဲ အဖြစ် ဖော်ပြကြသည်ဟု ကင်ညာ မီဒီယာကောင်စီမှ ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပြီး ထိုသို့ရေးသားမှုကြောင့် ဘာသာတရားနှင့် လူ့အဖွဲ့အစည်းကြား တင်းမာမှုနှင့် ပဋိပက္ခများကို ပိုမိုဆိုးဝါးစေသည်ဟုလည်း သတိပေးထားသည်။

    `ထင်ရှားတဲ့ဇာတ်လမ်းကို မွတ်စလင်တွေဘက် တစ်ဖက်သက်တံဆိပ်ကပ်မှုနဲ့ အနားကွပ်ပြီး မီဒီယာတွေက ဖော်ပြနေကြပါတယ်။ လေ့လာစောင့်ကြည့်ခဲ့တဲ့ တစ်ချို့ဇာတ်လမ်းတွေမှာဆို မွတ်စလင်အားလုံးဟာ အကြမ်းဖက်သမား အဖြစ် ဖြစ်နိုင်ချေ ရှိသလိုမျိုး၊ နောက်ပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်တဲ့စစ်ပွဲဟာ မွတ်စလင်နဲ့ ခရစ်ယာန်အကြား ဖြစ်တဲ့စစ်ပွဲလို ဖော်ပြတာမျိုးတွေ ပါပါတယ်´ ဟု ကင်ညာရှိ ပုံနှိပ်နှင့် အီလက်ထရောနစ် မီဒီယာများက အကြမ်းဖက်ဝါဒ ပြဿနာများအား ဖော်ပြမှု ကို လေ့လာ ဆန်းစစ်ပြီးနောက် ထုတ်ပြန်ခဲ့သော အဆိုပါ အစီရင်ခံစာ၏ နိဂုံးချုပ်တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် ဘသာရေး တင်းမာမှုနှင့် သည်းမခံမှုများကို မြင့်တင်ပေးသည့် အမုန်းဘက်နွယ်သော၊ သွေးဆူစေသော အမြင်များကို ဖယ်ရှားရန် ဆိုရှယ်မီဒီယာများနှင့် အွန်လိုင်း စာမျက်နှာများ၌၎င်းတို့၏ ဇာတ်လမ်းများကို မီဒီယာများက မျှမျှတတ ဖော်ပြကြရန်လည်း အဆိုပါ အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

    ဆိုမာလီရှိ အလ်ရှာဘတ်များအား နှိမ်နင်းရန် ကင်ညာအစိုးရက စစ်တပ်များ စေလွှတ်ခြင်းကို မကျေနပ်သည့်အတွက် ကင်ညာနိုင်ငံအတွင်း အလ်ရှာဘတ်က အကြမ်းဖက် တိုက်ခိုက်မှုမျာ့း ပြုလုပ်ခဲ့ပြီးနောက် ကင်ညာနိုင်ငံအတွင်း အစ္စလာမ်ကြောက်ရောဂါမှာ မြင့်တက်လာခဲ့သည်။

    OnIslam

  • မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ဗီယက်နမ် ကုမ္ပဏီ ဒေါ်လာ သန်း ၁၈၀၀ ရင်းနှီးမြှုပ်နှံမည်

    မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ဗီယက်နမ် ကုမ္ပဏီ ဒေါ်လာ သန်း ၁၈၀၀ ရင်းနှီးမြှုပ်နှံမည်

    ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
    M-Media
    frSCDYth
    – မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းတွင် ဒေါ်လာ ၂ ဘီလီယံ နီးပါး ပမာဏရှိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဗီယက်နမ် စစ်တပ် ကျောထောက်နောက်ခံပြု ဆက်သွယ်ရေးကုမ္ပဏီ Viettel Global က ပြောကြားလိုက်သည်။

    Viettel Global ကုမ္ပဏီ၏ ရှယ်ယာရှင်များ ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ထားသည်။

    ထိုကုမ္ပဏီမှာ ပြည်တွင်းရှိ ကုမ္ပဏီများနှင့် ပူးပေါင်း၍ Viettel Myanmar ကို ထူထောင်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှ ဒေါ်လာ သန်း ၈၀၀ ကို Viettel Global က မတည်ပေးသွားမည်ဖြစ်ပြီး ကျန်ငွေများကို နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်သူများထံမှ ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

    နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းကို အစိုးရက ဖွင့်ပေးခဲ့ပြီး နိုင်ငံခြားမှ ဆက်သွယ်ရေး ကုမ္ပဏီများ ၀င်ရောက်လာခဲ့ကာ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်း မှစ၍ ကာတာမှ အော်ရီဒူးကုမ္ပဏီနှင့် နော်ဝေမှ တယ်လီနော ကုမ္ပဏီတို့က ဆက်သွယ်ရေး ၀န်ဆောင်မှုများကို ပေးအပ်ခဲ့သည်။

    ဗီယက်နမ်၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ Viettel မှ ကိုယ်စားလှယ်က ပြောကြားရာတွင် မိမိတို့ကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လက်လျှော့မည်မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအတွက် တယ်လီနော၊ အော်ရီဒူးတို့နှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက် သွားနိုင်သည်ဟု ပြောကြားခဲ့သည်။

    Vuettel မှာ ကမ္ဘောဒီးယား၊ လာအို၊ ဟေတီ၊ မိုဇမ်ဘတ်နှင့် အရှေ့တီမောတို့ အပါအ၀င် နိုင်ငံပေါင်း ၈ နိုင်ငံတွင် ဆက်သွယ်ရေးနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး အာဖရိကရှိ နိုင်ငံအချို့တွင်လည်း ယခုနှစ်နှောင်ပိုင်းနှင့် လာမည့်နှစ် နှောင်းပိုင်းတို့တွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပေးအပ်သွားရန် မျှော်လင့်ထားသည်။

    မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲသူဦးရေမှာ ၂၀၁၄ ခုနှစ် အလယ်ပိုင်းတွင် ၆.၅ သန်းရှိလာခဲ့ပြီး နိုင်ငံလူဦးရေ၏ ၁၀.၇ ရာခိုင်နှုန်းရှိကာ မိုဘိုင်းဖုန်း အသုံးပြုနိုင်သည့် လူဦးရေ (အသက် ၁၂ နှစ်မှ ၇၀) ၏ စုစုပေါင်း ၁၃ ရာခိုင်နှုန်းသာရှိကာ အရှေ့တောင် အာရှတွင် အနိမ့်ဆုံးနှုန်း ဖြစ်နေသည်ဟု Viettel က ပြောကြားခဲ့သည်။

    ref:tuoi tre news

  • ရေခွန်ကောက်မှုကို မကျေနပ်၍ အိုင်ယာလန်ပြည်သူများ ဆန္ဒပြ

    ရေခွန်ကောက်မှုကို မကျေနပ်၍ အိုင်ယာလန်ပြည်သူများ ဆန္ဒပြ

    ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
    M-Media
    665003303001_3935471828001_20141210225646256734-20
    – အစိုးရ၏ ၆ နှစ်တာ ချွေတာရေး အစီအစဉ်များထဲမှ အဓိက အစီအစဉ် တစ်ခုဖြစ်သည့် ရေပေးဝေမှု အတွက် အခွန်ကောက်ခံခြင်းကို ဆန့်ကျင်သည့်အနေဖြင့် အိုင်ယာလန် ပြည်သူများက ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    Right2Water ခေါင်းစဉ်ဖြင့် မြို့တော် ဒက်ဘလင်တွင် ယမန်နေ့က ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး လူပေါင်း သုံးသောင်းကျော် ပါဝင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းခဲ့သည်။ လူအုပ်ကြီးမှာ ရေခွန်ကောက်ခံမှုကို သပိတ်မှောက်ရန် ဆိုရှယ်လစ်နှင့် အမျိုးသားရေး၊ နိုင်ငံရေးသမားများက တောင်းဆိုထားသည့် ၀န်ကြီးချုပ် အန်ဒါ ကန်နီ၏ ရုံးခန်းအပြင်ဘက် ရင်ပြင်တွင် ဆန္ဒပြခဲ့ကြပြီး `လုံးဝလက်မခံ။ ငါတို့ ပေးမည်မဟုတ်´ ဟု ကျွေးကျော်ခဲ့ကြသည်။

    ထို့ပြင် ပါလီမန် အဆောက်အဦးသို့လည်း ဆန္ဒပြသူများက သွားရောက်ခဲ့ကာ အဆောက်အဦး အရှေ့ရှိ ရဲတပ်ဖွဲ့၏ အဆီးအတားများကိုလည်း ဖြိုဖျက်ရန် ကြိုးစားခဲ့ကြသည်။ ထို့ပြင် ရဲတပ်ဖွဲ့ကိုလည်း အရာဝတ္ထုများဖြင့် ပစ်ပေါက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

    ညနေပိုင်း ရုံးပြန်ချိန်တွင် ဆန္ဒပြသူများက အဓိကလမ်းများနှင့် တံတားများကို ပိတ်ဆို့ထားခဲ့ပြီး ၃ နာရီခန့် ယာဉ်ကျောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

    အိုင်ယာလန်မှာ နိုင်ငံအတွင်း ရေပေးဝေမှုအတွက် ယခုလက်ရှိတွင် အခွန်ကောက်ခံမှု မရှိချေ။ သို့သော်လည်း ရေပေးဝေးရေး အခြေခံအဆောက်အဦးများအတွက် ကုန်ကျစားရိတ်များ ကြီးမြင့်ခြင်းကြောင့် ပြည်သူများ အနေဖြင့် ထိုကုန်ကျစားရိတ်ကို ထမ်းဆောင်ရမည်ဟု အစိုးရက ပြောကြားထားသည်။

    Al Jazeera and agencies

  • ချို့တဲ့လူငယ်များ ကို ဂျင်း အဝတ်အထည်များ လှူဒန်းဖို့ အမေရိကန် မွတ်စလင် ကျောင်းသားတို့ရဲ့ လှုပ်ရှားမှု

    ချို့တဲ့လူငယ်များ ကို ဂျင်း အဝတ်အထည်များ လှူဒန်းဖို့ အမေရိကန် မွတ်စလင် ကျောင်းသားတို့ရဲ့ လှုပ်ရှားမှု

    ဒီဇင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    09-12-14_US-Muslims-Advocate-Jeans-for-Teens
    – အစားအသောက် အနေအထိုင် ချို့တဲ့သူများ ၀တ်ကောင်စားလှ ၀တ်နိုင်ရေးအတွက် ဂျင်းအ၀တ်အထည်များ စုဆောင်းလှူဒါန်းခြင်း လှုပ်ရှားမှုတစ်ခုကို အမေရိကန်ပြည်ထောင်စု နယူးအော်လင်းရှိ မွတ်စလင်စာသင်ကျောင်းတစ်ခုမှ ကျောင်းသားများက ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ လှုပ်ရှားမှုကို `Teens for Jeans´ဟု အမည်ပေးထားပြီး ဂရက်နာမြို့ရှိ မွတ်စလင်စာသင်ကျောင်းတစ်ခုမှ Grade Sixth ကျောင်းသားများ၏ `စွန္နသ်တော်ကို  ဖ၀ါးခြေထပ်လိုက်ကြစို့´(Follow the Sunnah) အစီအစဉ်အောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ယာမဲ့များနေထိုင်သည့် စခန်းများမှ ချို့တဲ့သော လူငယ်များအား ကူညီရန် ရည်ရွယ်ခြင်းဖြစ်သည်။

    `မွတ်စလင်အချင်းချင်းရဲ့ ဒုက္ခကိုသာ အာရုံစိုက်ဖို့ အစ္စလာမ်က မွတ်စလင်တွေကို မသွန်သင်ထားပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အာရုံစိုက်ဖို့၊ ကျွန်မတို့ ပတ်ဝန်းကျင်က လူတိုင်းလူတိုင်း၊ ကလေးတိုင်းကလေးတိုင်းကို ကြည့်ရှုစောင့်ရှောက်ဖို့ သွန်သင်ထားတာပါ´ ဟု Follow the Sunnah အစီအစဉ်ကို ဦးဆောင်သူ အမျိုးသမီး နီရန် မူဆာက Times-Picayune သတင်းစာသို့ ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ထိုလှုပ်ရှားမှုတွင် Aeropostale and DoSomething.Org နှင့် ပူးပေါင်းကာ မွတ်စလင်ကျောင်းသား ကျောင်းသူများက ဂျင်းအ၀တ်အထည်များကို လိုက်လံစုဆောင်းခဲ့ပြီး ချို့တဲ့သူ လူငယ်များသို့ ပေးအပ်ခဲ့ကြသည်။

    အဆိုပါအဖွဲ့ကမူ ကျောင်းသားများမှာ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုအပေါင်း သက်ရောက်ပါစေ) ၏ စွန့်လွှတ်လှူဒါန်းမှု၊ အခြားလူများကို ကူညီသော လုပ်ရပ်ကောင်းများကို ဖ၀ါးခြေထပ်လိုက်နာရန်အတွက် ထိုလှုပ်ရှားမှုကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    `ဒီဂျင်းအ၀တ်အထည်တွေ လှူဒါန်းမှုဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းတစ်ခုလုံး အထူးသဖြင့် ကျွန်မတို့ရဲ့ လူငယ်တွေ သူတို့ရဲ့ ကလေးဘ၀မှာ သူများနဲ့ အတူတူပဲဆိုတဲ့ အမြင်တစ်ခုအတွက် အခွင့်အရေးရအောင်လုပ်ဖို့ ကျွန်မတို့အတွက် နည်းလမ်းတစ်ခုပါပဲ´ ဟု မူဆာက ထပ်လောင်းပြောကြားခဲ့သည်။

    လေ့လာမှုများအရ အမေရိကန်တွင် အိမ်ရာမဲ့လူငယ်ပေါင်း ၁ သန်းကျော်ရှိသည်ဟု သိရသည်။

    ချို့တဲ့သူလူငယ်များ၏ တောင်းဆိုမှု အမြင့်ဆုံးမှာ အ၀တ်အထည်များဖြစ်သောကြောင့် မွတ်စလင်ကျောင်းသားများက အ၀တ်အထည်များ လှူဒန်းခြင်းကို အဓိကထားက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုလှုပ်ရှားမှုမှာ Follow the Sunnah အစီအစဉ်၏ ပထမဆုံး လှုပ်ရှားမဟုတ်ဘဲ ပြီးခဲ့သည့် အောက်တိုဘာလကလည်း နယူးအော်လင်းရှိ အိမ်ရာမဲ့များကို အစားသောက်များ ဝေငှပေးနေသော နယူးအော်လင်း ရိက္ခာဘဏ် Second Harvest Food Bank ကို CAN-tribute to End Hunger ဟူသော ခေါင်းစဉ်ဖြင့် အစားသောက်များ လှူဒါန်းခဲ့ကြသည်။

    တရာဝင် စစ်တမ်းကောက်ယူမှုများ မရှိသော်လည်း အမေရိကန်တွင် အစ္စလာမ်ဘာသာဝင် ၆ သန်းမှ ၈ သန်းရှိမည်ဟု ခန့်မှန်းရပြီး အကူအညီပေးရေးလုပ်ငန်းများကို ဦးဆောင်လုပ်နေသော မွတ်စလင်ကုသိုလ်ဖြစ်အဖွဲ့များလည်း ရှိနေသည်။

    ထိုအဖွဲ့များထဲမှ Helping Hand for Relief and Development (HHRD) အဖွဲ့မှာ ၂၀၁၃ ခုနှစ် သြဂုတ်လက ကောက်ယူခဲ့သော အမေရိကန် ပြည်ထောင်စုတွင် အလှူဒါနအပြုဆုံး ထိပ်ဆုံး ၁၀ ဖွဲ့ စာရင်းတွင် ပါဝင်ခဲ့သည်။

    OnIslam & News Agencies