News @ M-Media

Blog

  • လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်

    လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်

    ဇွန် ၂၃ ၊ ၂၀၁၅
    M-Media

    M-Media Cover copy

    M-Media မှ တင်ဆက်ပေးနေသတင်းများကို Android Smart ဖုန်းများမှ တဆင့် ဖတ်ရှုနေတဲ့ စာဖတ် ပရိတ်သတ် အတွက် လုပ်ဆောင်ချက် အသစ်များဖြင့် အဆင့်မြှင့်ထားတဲ့ M-Media Android Application အသစ်ကို ဖြန့်ဝေလိုက်ပါပြီ။

    Version 2.0 မှာ လုပ်ဆောင်ချက် အသစ်များပါဝင်ပြီး ဖုန်းတွေမှာ မြန်မာဖောင့် မရှိခဲ့ရင်လည်း ဖတ်ရှုနိုင်အောင်ဆောင်ရွက်ပေး ထားပါတယ်။

    Android 3.0 နှင့် အထက် Smart Phone များတွင် အသုံးပြုနိုင်ပြီး  Google Play ကနေ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။

    M-Media Android app Update (သို့) Download လုပ်ရန် [2.29 MB]
    ———————————————-
    Play Store Link =>https://play.google.com/store/apps/details?id=com.app.news.mmedia

    .
    Apk Version လိုချင်သူများအတွက်
    _______________________
    Drop Box => https://dl.dropboxusercontent.com/u/401039/playstore/Mmedia.apk
    App Box => https://app.box.com/s/gj1aotaxfsk7chq51uoyc0j34r7tvxs3

    M-Media Android application ကို M-Media အဖွဲ့မှ နည်းပညာရှင် လူငယ်များ ကိုယ်တိုင် စုပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ပြီး စိတ်ချ ယုံကြည်စွာ အသုံးပြုနိုင်ကြောင်း အာမခံပါတယ်။

    ယခင် M-Media App Version 1.0 သွင်းထားသူများ Update လုပ်ရန် လမ်းညွှန်

    နဂို Version 1.0 သွင်းထားပြီးသူများ အတွက်တော့ Play Store ကတဆင့် Update လုပ်ရုံပါဘဲ။ Play Store မှ Update ပြုလုပ်ပုံ အဆင့်ဆင့်အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

    ** မင်နီပြထားသည့်များကို အဆင့်တိုင်းမှာ နှိပ်သွားရန်

    Update copy

     

    M-Media Android App  Version 2.0 ပါဝင်တဲ့ လုပ်ဆောင်ချက် အသစ်များ
    ______________________________________________
    မြန်မာ- အင်္ဂလိပ် ဗားရှင်း ၂ ခုစလုံးအတွက် Website မှာတင်သမျှသတင်းများအပြင် Facebook Page များမှာတင်သည့် ပိုစ်များကိုပါ App ထဲမှ ဖတ်ရှုနိုင်အောင် စုစုပေါင်း သတင်းအပိုင်းမှာ Channel  ၃ ခု ထည့်သွင်းပေးထားပါတယ်။
    News Chanel

    M-Media မြန်မာဗားရှင်းအတွက် Channel ၂ ခု ပါရှိပါတယ်။ M-Media အင်္ဂလိပ်ဗားရှင်းအတွက် Channel
    ၁ ခု ပါရှိပါတယ်။

    M-Media 1(MM) နှင့် M-Media 2(MM) မှာ သတင်းများ အတူတူသာဖြစ်ပြီး ရည်ရွယ်ချက်မှာ အကြောင်း အမျိုးမျိုးကြောင့် ပင်မ သတင်းဆိုဒ်ဖြင့် ချိတ်ဆက်ထားသည့် M-Media 1(MM) ဖတ်ရှု၍ မရခဲ့လျှင် အခြား တခုဖြစ်သော M-Media 2 (MM) မှ ဖတ်ရှုနိုင်ရန် အတွက်ဖြစ်ပါတယ်။

    ပုံမှန်အနေအထားတွင် Data မစားစေရန်  M-Media 1(MM) တခုကို ဘဲ ဖွင့်ထားရင် လုံလောက်ပါတယ်။ Channel ၃ ခု အနက်မှ မိမိတို့ ပိတ်ထားလိုသည့် Channel များကိုလည်း အောက်ဖော်ပြပါ ပုံအတိုင်း စိတ်ကြိုက်ရွေးချယ်ပြီး ပိတ်ထားနိုင်ပါတယ်။

    Edit Chanel

    M-Media YouTube (ရုပ်သံ)
    __________________
    M-Media YouTube Chanel မှ ရုပ်သံ သတင်းနှင့် မှတ်တမ်းများကို Youtube website ကို သွား၍ ကြည့်ရှုစရာလိုဘဲ M-Media App တွင် တိုက်ရိုက် ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။

    ရုပ်သံများကို ကြည့်ရှုတဲ့ အချိန်မှာတော့ အင်တာနက် Connection လိုအပ်မှာဖြစ်ပါတယ်။

     

    M-Media Tube

    Public Holidays အစိုးရရုံးပိတ်ရက်များ (မြန်မာ-စင်္ကာပူ)
    ________________________________
    အစိုးရ ရုံးပိတ်ရက်များကို ပြက္ခဒိန် သီးသန့်ကြည့်စရာမလိုဘဲ M-Media App ကို အသုံးပြုရုံဖြင့် အလွယ်တူ သိရှိနိုင်အောင် ထည့်သွင်းတဲ့ လုပ်ဆောင်ချက်အသစ်ပါ။ လတ်တလောမှာတော့ မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ရဲ့ အစိုးရရုံး ပိတ်ရက်များကြည့်ရှုနိုင်ပါတယ်။ သတိပြုရမယ့် အချက်တခုကတော့ တချို့ပိတ်ရက်တွေဟာ ပုံသေ သတ်မှတ်ထားတာ မဟုတ်တဲ့ အတွက် တနှစ်ကုန်သွားပြီး နှစ်သစ်ရောက်သွားရင် Update List ဖြစ်ဖို့ အတွက် Online Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။

     

    Public Holidays

    Useful Apps (အသုံးတည့်ပြီး ရေပန်းစားသော Apps များ)
    __________
    ဒီအပိုင်းကတော့ အသုံးတည့်ပြီး လူသုံးများတဲ့ Android App များကို ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်။ အချိန်အခါလိုက်ပြီး ပြောင်းလဲနေတဲ့ ရေပန်းစားသော App များကို မကြာခဏ ဆိုသလို Update လုပ်ပေးသွားမှာဖြစ်လို့ Latest Update List ကိုရရှိနိုင်ဖို့ အင်တာနက်  Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။

     

    Useful Apps copy

     

    App settings အပိုင်း စိတ်ကြိုက်ပြု ပြင်ခြင်း
    ______________________________
    No-1
    သူလိုလို Update ဖြစ်စေမယ့် No-2 ကို ပိတ်ထား၊ ဖွင့်ထားလိုလျင် ပြုလုပ်ရမယ့် အပိုင်းဖြစ်ပါတယ်။

    No-2
    App မဖွင့်ထားဘဲ အချိန် ဘယ်လောက် အကြာမှာ တခါ သူအလိုလို refresh ဖြစ်နေအောင် လုပ်ထားတဲ့ အပိုင်းပါ။ ပုံ(၂) အတိုင်း မိမိစိတ်ကြိုက်ပြင်နိုင်ပါတယ်။ ဥပမာ ၈ နာရီလုပ်ထားမယ်ဆိုရင်ဖြင့် ၈ နာရီတွင်း ပိုစ်အသစ်တက်လာရင် App ကို မဖွင့်ထားလည်း

    ပိုစ်အသစ်တင်ဝင်လာကြောင်း notifications အနေနဲ့ ပြပေးမှာဖြစ်ပါတယ်။

    No-3
    M-Media App ဖွင့်လိုက်လျင်  refresh ဖြစ်စေလိုလျင် Check Box ကို နှိပ်ထားရပါ့မယ်။ App ဖွင့်တိုင်းမှာ Internet  Connection ရှိနေရင် ပိုစ်အသစ်များ Auto Update လုပ်ပေးပါလိမ့်မယ်။ Automatic refresh မဖြစ်စေချင်ရင်တော့ အမှတ်ခြစ်လေးဖြုတ်ထားရုံပါဘဲ။

    No-4
    Automatic Update (No-2) ကို WiFi Connection ရှိမှ refresh လုပ်ချင်သူတွေ အတွက်ပါ။ မြန်မာပြည်လို Data သုံးသလောက် ပိုက်ဆံပေးရတဲ့ User များ ကုန်ကျစရိတ် ချွေတာနိုင်ထည့်သွင်းထားတာပါ။

    No-5
    ပိုစ် အဟောင်းတွေကို ဘယ် ၂ ရက် သိမ်းထားမလဲ ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ပုံ(၄) ပါအတိုင်း မိမိတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အသုံးပြုသူများရဲ့ ဖုန်း Storage အနည်းအများလိုက် အလျော့အတင်းပြုလုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

    No-6
    သတင်းပိုစ်များကို စာလုံးဖောင့် ဆိုဒ် ပြောင်းလို့ရတဲ့အပိုင်းပါ။ စာလုံးကြီးကြီးဖတ်ရမှ အားရသူ စာဖတ်သူများ ပုံမှန် စာလုံးအရွယ်အစားထပ် ၃ ဆ ကြီးပြိး မြင်အောင် လုပ်ထားလို့ရပါတယ်။

    No-7
    ဖုန်းထဲမှာ မြန်မာဖောင့် ရှိပြီးသားဆိုလျင် ဒီအပိုင်းကို ဖြုတ်ထားလို့ရပါတယ်။

    No-8
    သတင်းပိုစ်များမှာ ဓါတ်ပုံဖြုတ်ထားချင်ရင် လုပ်လို့ရတဲ့အပိုင်းဖြစ်ပါတယ်။

    No-9
    သတင်းအသစ်တက်တိုင်း Notification ပြမှာကို မလိုချင်ဘူးဆို ဖြုတ်ထားလို့ရတဲ့အပိုင်းပါ။

    Settings

     

    Android 3.0 အောက် ဖုန်းများအတွက် အဆင်ပြေအောင် သီးသန့် App တခု ထပ်မံပြီး ဖြန့်ဝေပေးသွားဖို့ ရှိပါတယ်။

    M-Media ဆိုသည်မှာ

    M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင်  လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်း အဖွဲ့၏သြဇာခံ လက်အောက်ခံ မဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအခုအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။

    M-Media ရဲ့ App အသုံးပြုရတာ အခက်အခဲ ရှိရင်သော်လည်းကောင်း၊ အကြံပြုလိုတာ ရှိရင်သော်လည်းကေင်း [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

    လေးစားစွာဖြင့်

    M-Media ဝိုင်းတော်သားများ

  • ဂျာနယ်လစ်များနေထိုင်ရာတဲ ပစ်မှတ်ထား တိုက်ခိုက်ခံရ – ဂါဇာ 

    ဂျာနယ်လစ်များနေထိုင်ရာတဲ ပစ်မှတ်ထား တိုက်ခိုက်ခံရ – ဂါဇာ 

    သြဂုတ် ၁၁၊ ၂၀၂၅

    M-Media

    အလ်ဂျာဇီးရား ဂျာနယ်လစ် အလ်-ရှရစ်ဖ်

     သြဂုတ်လ ၁၁ ရက်နေ့မနက်ပိုင်းက ဂျာနယ်လစ်တွေနေထိုင်တဲ့ တဲတစ်လုံးကို အစ္စရေးက ဒရုန်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဂျာနာလစ် ၇ ဦးသေဆုံးခဲ့ပါတယ်။ 

    ဂါဇာကမ်းမြှောင် အလ်ရှီဖာဆေးရုံ ၀င်ပေါက်နားက တဲတစ်လုံးကို အစ္စရေးက တိုက်ခိုက်ခဲ့တာပါ။ သေဆုံးသူတွေထဲမှာ အလ်ဂျာဇီးရားသတင်းဌာနက ထိပ်တန်း သတင်းတင်ဆက်သူ အနက်စ် အလ်-ရှရစ်ဖ်နဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦး ပါ၀င်သွားပါတယ်။ 

    အလ်-ရှရစ်ဖ်ဟာ ပါလက်စတိုင်းနဲ့ ဂါဇာက မြေပြင် ပကတိအခြေအနေတွေကို ကွင်းဆင်းတင်ပြရာမှာ ထင်ရှားပါတယ်။ ဂျာနယ်လစ်များဆိုင်ရာ အဖွဲ့တစ်ချို့က အစ္စရေးရဲ့အန္တရာယ် ရှိနေပြီလို့ အလ်-ရှရစ်ဖ်ကို သတိပေးထားဖူးပါတယ်။ 

    မြန်မာအပါအ၀င် ကမ္ဘာတစ်၀ှမ်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ရာဇ၀တ်မှုတွေကို ဖုံးကွယ်ချင်တဲ့အခါ၊ ရာဇ၀တ်မှုဖော်ထုတ်တဲ့ ဂျာနယ်လစ်တွေကို ပစ်မှတ်ထား လုပ်ကြံလေ့ရှိပါတယ်။ နိုင်ငံတကာ ဥပဒေအရ ဂျာနယ်လစ်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မြောက်ပါတယ်။ 

    ဂါဇာမှာ ၁၈ လအတွင်း အစ္စရေးလက်ချက်ကြောင့် သေဆုံးသူ ဂျာနယ်လစ် အရေအတွက်ဟာ ၂၀၀ နီးပါး ရှိလာပါပြီ။

    Ref: Video Credit – Aljazeera

  • ရိက္ခာယူရန် တန်းစီစဥ် သတ်ဖြတ်ခံလိုက်ရသည့် ပါလက်စတိုင်း ပီလီ – ဂါဇာ

    ရိက္ခာယူရန် တန်းစီစဥ် သတ်ဖြတ်ခံလိုက်ရသည့် ပါလက်စတိုင်း ပီလီ – ဂါဇာ

    သြဂုတ် ၁၀၊ ၂၀၂၅

    M-Media 

    ပါလက်စတိုင်း လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဆိုလိုင်မန် အလ် အိုဘိုဒ်ဟာ သြဂုတ်လ ၆ ရက်နေ့က ဂါဇာမှာ အသတ်ခံလိုက်ရပါတယ်။ 

    အမေရိကန်ကျောထောက်နောက်ခံပြု အကူအညီပေးရေးအဖွဲ့  GHF က ၀ေငှတဲ့ ရိက္ခာကိုယူဖို့ တန်းစီ စောင့်ဆိုင်းနေတဲ့အချိန် အစ္စရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံလိုက်ရတာပါ။ ဆူလိုင်မန်ဟာ ပါလက်စတိုင်းကလပ်အသင်းတစ်ချို့မှာ ကစားခဲ့ပြီး ပါလက်စတိုင်းပီလီလို့လည်း နာမည်ကျော်ပါတယ်။ ကစားသမားဘ၀တစ်လျှောက် ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူထားပါတယ်။ 

    ၂ နှစ်နီးပါး ရှိလာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ ဘောလုံးသမား၊ ဒိုင်လူကြီးနဲ့ နည်းပြတွေအပါအ၀င် ပါလက်စတိုင်း ဘောလုံးလောကက စုစုပေါင်း ၃၂၁ ဦး အသတ်ခံထားရပါတယ်။ 

    အကူအညီပေးရေးနေရာတွေမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်က ၁၃၀၀ ကျော်ပါပြီ။ 

    Ref: Aljazeera

  • အစ္စရေးဘောလုံးပရိတ်သတ်များကို လက်မြှောက်ထားရသည့် ဥရောပ 

    အစ္စရေးဘောလုံးပရိတ်သတ်များကို လက်မြှောက်ထားရသည့် ဥရောပ 

    သြဂုတ် ၁၀၊ ၂၀၂၅

    M-Media 

    (သတင်းမှန်များကို ဖတ်ရှုဖို့ M-Media Burmese ကို Like လုပ်စို့)

    (သတင်းမှန်များ ပြန့်နှံ့ဖို့ M-Media Burmese ကို Share ကြစို့)

    အစ္စရေးကလာတဲ့ ဘောလုံးပရိတ်သတ်တွေ ဆူပူသောင်းကျန်းပြီး၊ လူမျိုးစုလိုက် သတ်ဖြတ်အမြစ်ဖြုတ်ဖို့ တိုက်တွန်းဆော်သြတာမျိုးကို ဥရောပနိုင်ငံတစ်ချို့မှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ်က လတ်ဗီးယားနိုင်ငံကိုလာပြီး Riga FC အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ အစ္စရေးကလပ် Beitar Jerusalem အသင်း ပရိတ်သတ်တွေဟာ ကွင်းတွင်းကွင်းပြင်မှာ မီးရှူးမီးပန်းတွေ အကြီးအကျယ်ဖောက်ပြီး ဂါဇာက လူမျိုးတုန်းသတ်ဖြတ်မှုကို ထောက်ခံကြောင်း ဟစ်အော်ခဲ့ကြပါတယ်။ 

    Beitar Jerusalem အသင်း အားပေးသူတွေဟာ  လူမျိုးရေးခွဲခြားမှု အပြင်းထန်ဆုံး ပရိတ်သတ်အဖြစ် ဘောလုံးလောကမှာ ထင်ရှားပါတယ်။ 

    ပြီးခဲ့တဲ့ဇူလိုင်လ ရိုမေးနီးယားမှာကစားတဲ့ ပွဲတစ်ခုမှာလည်း ဒီပရိတ်သတ်တွေဟာ လမ်းမတွေပေါ်မှာ စု၀ေးချီတက်ပြီး အာရပ်ဆန့်ကျင်ရေး၊ ပါလက်စတိုင်းဆန့်ကျင်ရေး အမုန်းစကားတွေကို ဟစ်အော်ခဲ့ကြပါတယ်။ 

    အခြားအစ္စရေးကလပ်အသင်းတစ်ခုဖြစ်တဲ့ Maccabi Tel Aviv ပရိတ်တွေကလည်း ပြီးခဲ့တဲ့နှစ် နို၀င်ဘာလက  နယ်သာလန်နိုင်ငံ အမ်စတာဒမ်မှာ စု၀ေးချီတက်ကာ ပါလက်စတိုင်းမုန်းတီးရေး ကြွေးကျော်သံတွေ ဟစ်အော်ခဲ့ပြီး ပြည်သူပိုင် ပစ္စည်းတစ်ချို့ကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြပါတယ်။ 

    ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေက အရေးယူတာမျိုး မရှိပါဘူး။ 

    Video Credit – Aljazeera 

  • အကူအညီမ၀င်ရ ထိုင်သပိတ် – ဂါဇာ 

    အကူအညီမ၀င်ရ ထိုင်သပိတ် – ဂါဇာ 

    သြဂုတ် ၇၊ ၂၀၂၅

    M-Media 

    ဂါဇာကမ်းမြှောင်ကို သွားမယ့် အကူအညီပေးရေးထရပ်ကားတွေကို ဂျူးအခြေချနေထိုင်သူတွေက သြဂုတ်လ  ၆ ရက်နေ့မှာ ထိုင်သပိတ်တားပြီး တားဆီးခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒုတိယအကြိမြောက် ဟန့်တားမှုပါ။ ‘ပါလက်စတိုင်းများ ပျောက်ကွယ်သွားပါစေ’ ဆိုတဲ့ ကြွေးကျော်သံတွေကိုလည်း ဟစ်အော်ခဲ့ကြပါတယ်။ 

    အစ္စရေးရဲ့ ၂ နှစ်နီးပါးကြာ သတ်ဖြတ်ပိတ်ဆို့မှုတွေကြောင့် ဂါဇာမှာ အငတ်ဘေးဆိုက်နေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက အကူအညီတွေ အလျင်အမြန်ပေးပို့နိုင်ရေး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ 

    Ref – Aljazeera

  • ကြမ်းကြုတ်မှု၊ လူသား၀ါဒ ခေါင်းပါးမှုရှုထောင့်ကကြည့်ရင် ဂါဇာနဲ့ အော့ဇ၀စ်က အတူတူပါပဲ

    ကြမ်းကြုတ်မှု၊ လူသား၀ါဒ ခေါင်းပါးမှုရှုထောင့်ကကြည့်ရင် ဂါဇာနဲ့ အော့ဇ၀စ်က အတူတူပါပဲ

    ဒေါက်တာ ဂါဘိုရ် မိတ်

    အော့ဇ၀စ်အကျဥ်းစခန်းနဲ့ပတ်သက်ပြီး ကျွန်တော် စာအုပ်တွေအများကြီး ဖတ်ဖူးတယ်။ အဲဒီကိုလည်း ရောက်ဖူးပါတယ်။ အော့ဇ၀စ်မှာ ငတ်မွတ်မှုကို လက်နက်အဖြစ် အသုံးချခဲ့တာပါ။ လူတွေကို တမင် အငတ်ထားတယ်။ ကလေးတွေကိုလည်း အငတ်ထားတယ်။ ကြောက်စရာကောင်းတဲ့ အော့ဇ၀စ်နဲ့ ဘယ်အရာကို မှ မနှိုင်းကောင်းပါဘူး။ ဒါပေမယ့် ကလေးတွေအပါအ၀င် လူတွေကို အငတ်ထားတဲ့ ဒီလို စိတ်နေစိတ်ထားမျိုးကို ကျွန်တော်တို့ အခု တွေ့နေရပါတယ်။ 

    အော့ဇ၀စ်နဲ့ ဂါဇာကို မနှိုင်းယှဥ်ကောင်းပါဘူး။ ဂါဇာဟာ အော့ဇ၀စ်မဟုတ်ဘူး။ ဒါပေမယ့် လူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူသား၀ါဒခေါင်းပါးမှု၊ လူတွေကို တမင်တကာ ထိခိုက်ခံစားရအောင် လုပ်ဆောင်တဲ့ ရှုဒေါင့်တွေကနေ ကြည့်မယ်ဆိုရင်တော့ (ဂါဇာနဲ့ အော့ဇ၀စ်က) အတူတူပါပဲ။ 

    ၀ါဆောက အကျဥ်းစခန်းတွေမှာ ဂျူးတွေကို ဂျာမန်တွေ စုပြုံထည့်ထားပြီး နောက်ပိုင်းမှာ အခြားနေရာတွေကို ပို့ပစ်တယ်။ ဂျာမန်တွေ ဘယ်လိုရွေးပို့လဲ ခင်ဗျားတို့ သိလား။ အငတ်ထားထားတဲ့ ဂျူးတွေကို ပေါင်မုန့်၊ ယိုတွေနဲ့ မြှားပြီး ရထားတွေပေါ်ကို တက်ခိုင်းတယ်။ ပြီးတော့ သတ်မယ့်နေရာကို ပို့လိုက်ကြတယ်။ 

    အခု ဂါဇာမှာ နေ့စဥ်နေ့တိုင်း လူတွေဟာ အစားအသောက်ရဖို့အတွက် အပြေအလွှားတန်းစီကြရပြီး၊ ပြီးရင် အသတ်ခံကြရတယ်။ သီတင်းပတ်များစွာ ဒီလိုဖြစ်နေတာပါ။ ရိက္ခာယူဖို့ တန်းလာစီတဲ့သူတွေကို ပစ်သတ်ဖို့ သူတို့ကို အမိန့်ပေးထားတယ်လို့ အစ္စရေးစစ်သားတွေ ပြန်ပြောတာကိုလည်း ကြားရပါတယ်။ ဒီလူတွေဟာ စစ်သားတွေကို ဘယ်လို ခြိမ်းခြောက်မှုမျိုးမှ မလုပ်နိုင်သူတွေပါ။ 

    (ဒေါက်တာ ဂါဘိုရ် မိတ် – နာဇီအကျဥ်းစခန်းမှ လသားအရွယ်ဖြင့်လွတ်မြောက်လာသူ။ ၎င်း၏ ဘိုးဘွားများသည် နာဇီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ပါ၀င်သွားခဲ့သည်) 

    Video Credit – AJ+