News @ M-Media

Blog

  • ဟာလာလ် အစားအစာတွင် ၀က်၏ ပရိုတိန်းပါ၊ မပါ စမ်းသပ်သည့် ကိရိယာ ထုတ်လုပ်

    ဟာလာလ် အစားအစာတွင် ၀က်၏ ပရိုတိန်းပါ၊ မပါ စမ်းသပ်သည့် ကိရိယာ ထုတ်လုပ်

    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    a-sausage-and-onion-roll
    – ဟာလာလ်အစားအသောက်များတွင် ၀က်၏ ပရိုတိန်း ပါ၊မပါ ကို မိနစ်ပိုင်းအတွင်း စမ်းသပ်စစ်ဆေးနိုင်မည့် ကိရိယာတစ်ခုကို ပြင်သစ် ကုမ္ပဏီ Capital Biotech က ထုတ်လုပ်လိုက်သည်ဟု သိရသည်။

    ယူရို ၆.၉၀ တန်ဖိုးရှိသည့် အဆိုပါကိရိယာမှာ ဟာလာလ် အစားအသောက်များတွင် ၀က်သားပါမပါကို ၁၀ မိနစ်အတွင်း စမ်းသပ်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်ပြီး ရက်အနည်းငယ်အကြာမှာပင် တူရကီ၊ ချီလီနှင့် အင်ဒိုနီးရှားတို့မှ အမှာစာ ၁ သိန်းကျော်မှာယူခဲ့ကြသည်ဟု Capital Biotech အား ပူးတွဲတည်ထောင်သူ ဂျီန်း ဖရန်ကို့စ် ဂျူလီယန်က ပြောကြားခဲ့သည်။

    အသုံးပြုသူမှာ စမ်းသပ်မည့် အစားသောက်အချို့ကို ရေနွေးထဲသို့ ထည့်ထားရမည့်ဖြစ်ပြီး ၁၀ မိနစ်ကြာပြီးနောက် အဆိုပါ ကိရိယာကိုထည့်ကာ ၀က်၏ ပရိုတိန်း ပါ၊ မပါကို စမ်းသပ်နိုင်မည်ဖြစ်သည်။

    သို့သော်အဆိုပါ ကိရိယာမှာ ပြည်စုံသော ဟာလာလ် စမ်းသပ်မှု ကိရိယာမဟုတ်ကြောင်း Capital Biotech ကုမ္ပဏီမှ ၀န်ခံခဲ့ပြီး သတ္တ၀ါများအား အစ္စလာမ့်နည်းကျ လှီးဖြတ်ထားခြင်းရှိ၊ မရှိကို မစမ်းသပ်နိုင်ဟု ဆိုသည်။ သို့သော်လည်း ခရီးဝေးသွားသည့်အခါနှင့် ဈေးကွက်ထဲသို့ ဟာလာလ် အစား အသောက်အသစ် ရောက်ရှိလာသည့် အခါတို့တွင် အသုံးပြုနိုင်မည်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    ဥရောပတွင် အစ္စလာမ်ဘာသာဝင်လူဦးရေ အများဆုံးရှိသည့် ပြင်သစ်နိုင်ငံတွင် ဟာလာလ် အစားသောက်နှင့် ပတ်သက်၍ ပြီးခဲ့ည့်နှစ်များ အတွင်း ပြဿနာများစွာ ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ခုနှစ်က ဟာလာလ် အသားချောင်းများတွင် ၀က်၏ ပရိုတိန်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။

    source: AFP/ir

  • အမေရိကန်လေတပ် နျူဒုံးကျည်ဌာနမှ တပ်မှူး ၂ ဦး ထုတ်ပယ်ခံရ

    အမေရိကန်လေတပ် နျူဒုံးကျည်ဌာနမှ တပ်မှူး ၂ ဦး ထုတ်ပယ်ခံရ

    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    384701_us-nuke-commanders
    – နျူကလီးယား ဒုံးကျည်ဌာနမှ တပ်မှူး ၂ ဦးအား စည်းကမ်းလိုက်မှုမရှိခြင်းနှင့် ထိရောက်စွာ ခေါင်းဆောင်နိုင်မှု မရှိခြင်းတို့ကြောင့် ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု အမေရိကန် လေတပ်က အောက်တိုဘာ ၃ ရက် တနင်္လာနေ့က ကြေညာခဲ့သည်။

    ထုတ်ပယ်ခံရသူများမှာ Wyoming ပြည်နယ်အခြေစိုက် F.E Warren လေတပ်စခန်း အမှတ် ၉၀ ဒုံးကျည် ဌာနမှ တိုက်ချင်းပစ် နျူကလီးယား ဒုံးကျည်မျာကို တာဝန်ယူရသူ ဗိုလ်မှူးကြီး ကားလ်ဂျုံးနှင့် ဒုတိယဗိုလ်မှူးကြီး ဂျင်မီကိသ် ဘရောင်းတို့ဖြစ်ကာ ခေါင်းဆောင်မှုစွမ်းရည်များအတွက် ယုံကြည်မှု ဆုံးရှုံးခဲ့ရသောကြောင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု AP သတင်းဌာနတွင် ဖော်ပြထားသည်။

    ဘရောင်းမှာ လက်အောက်ရှိ ၀န်ထမ်းများအား တရားဥပဒေနှင့် မညီညွတ်သော ခွဲခြားဆက်ဆံမှုနှင့် အရှက်ရမှုများ ဖြစ်စေခဲ့ပြီး အခြားတပ်မှူးတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး မိုက်ကယ် ပက်ဂလွီကိုလည်း စည်းကမ်းပိုင်းဆိုင်ရာ ဖောက်ဖျက်မှုကြောင့် အရေးယူခဲ့သည်ဟု လေတပ်တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

    အမေရိကန် လေတပ်မှာ လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ မကောင်းသတင်းများ ထွက်ပေါ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က အမေရိကန်၏ နျူကလီးယား လက်နက်တိုက်ကို တာဝန်ယူသော တပ်မှူးတစ်ဦးမှာ လောင်ကစားမှုလုပ်ရပ်များကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရသည်။

    ယခုနှစ် ဇန်ဝါရီလကလည်း လေတပ်နျူကလီးယားဌာန အတွက် ဖြစ်ပွားနေသည့် ပုဂ္ဂိုလ်ရေး ပြဿနာများအား ဖြေရှင်းရန်အတွက် အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိများမှာ အစည်းအဝေးများစွာကို ပြုလုပ်ခဲ့ကြသည်။

    ref_ Press TV

  • ဘောလုံး ဒိုင်လူကြီးဘ၀ကို ကူးပြောင်းတော့မယ့် နာမည်ကြီး အီတလီ အလှမယ်

    ဘောလုံး ဒိုင်လူကြီးဘ၀ကို ကူးပြောင်းတော့မယ့် နာမည်ကြီး အီတလီ အလှမယ်

    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media

    1415304737349_wps_17_Italian_glamour_model_Cla– ပုရိသတို့ရဲ့ စွဲမက်ဖွယ် ခန္ဓာကိုယ် အချိုးအစားနဲ့အတူ မော်ဒယ်လုပ်ငန်းမှာ အောင်မြင်ခဲ့တဲ့ အီတလီက အလှမယ်တစ်ယောက်ဟာ ဘောလုံး ဒိုင်လူကြီး ဘ၀ကို ခြေစုံပစ်ဝင်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

    ရိုမာနီလို့ အမည်ရပြီး အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲဒီမော်ဒယ်ဟာ ပြီးခဲ့လအနည်းငယ်အတွင်းကပဲ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက်ပိုင်း ဒိုင်လူကြီးသင်တန်းတွေတက်ခဲ့ပြီး အခုချိန်မှာတော့ ရိုမာနီဟာ အသိအမှတ်ပြု လက်မှတ်ရခဲ့ကာ စီးရီးအေနဲ့ စီးရီးဘီ ပြိုင်ပွဲတွေမှာ ဒိုင်လုပ်ခွင့်ရခဲ့ပါပြီ။

    ဒါနဲ့ ပတ်သက်ပြီး သူမက

    “ကွင်းအတွင်းက ကစားသမားတွေနဲ့အတူ ပြေးလွှားပြီး အမိန့်တွေပေးရတာဟာ စွဲမက်စရာကောင်းတဲ့ အခွင့်အရေးတစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

    အီတလီရဲ့ အမြင့်ဆုံးအမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ စီးရီးအေပြိုင်ပွဲမှာ အတွေ့အကြုံပိုင်းဆိုင်ရာ သတ်မှတ်ချက်ကြောင့် ယခုအချိန်အထိတော့ အမျိုးသမီး ဒိုင်လူကြီးတွေကို ခန့်အပ်ခြင်း မရှိသေးပါဘူး။

    မော်ဒယ်အလုပ်မှာ အောင်မြင်ခဲ့တဲ့ ရိုမာနီတစ်ယောက် သူရဲ့ အသက်မွေးဝမ်းကြောင်း နယ်ပယ်သစ်မှာ အောင်မြင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

    ref_ Daily Mail

  • မနှစ်က ချယ်ဆီးပွဲ၌ အမှားလုပ်ခဲ့သည့် ဂျရတ်နေရာ မိမိဆိုလျှင် ကစားသမားဘဝမှ အနားယူမိနိုင်ကြောင်း ဆွာရက်ဇ်ပြော

    မနှစ်က ချယ်ဆီးပွဲ၌ အမှားလုပ်ခဲ့သည့် ဂျရတ်နေရာ မိမိဆိုလျှင် ကစားသမားဘဝမှ အနားယူမိနိုင်ကြောင်း ဆွာရက်ဇ်ပြော

    နိုဝင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    1415234770357_wps_20_Close_up_of_error_by_Stev
    – ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး အရေးပါသည့် အချိန်ကာလတွင် ချယ်ဆီးအသင်းနှင့်ပွဲ၌ အမှားကျူးလွန်ခဲ့သည့် ဂျာရတ်နေရာ၌ မိမိသာဖြစ်ပါက ကစားသမားဘ၀ အဆုံးသတ်သွားနိုင်သည်ဟု ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်က ပြောကြားလိုက်သည်။

    ၁၁ ပွဲဆက်တိုက်နိုင်ပွဲရပြီး ကျန်ရှိသည့် နောက်ဆုံး ၃ ပွဲတွင် ၇ မှတ်ရပါက ၁၉၉၀ နောက်ပိုင်း ပထဆုံးအကြိမ် ပရီးမီးယားလိဂ် ဖလားအား ဆွတ်ခူးနိုင်မည့် လီဗာပူးလ်မှာ ဧပြီလအတွင်း ချယ်ဆီးနှင့် တွေ့ဆုံခဲ့ရာ ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဖြစ်ရေးမှာ မှေးမှိန်ခဲ့ရသည်။

    ထိုပွဲ၌ ချယ်ဆီးရရှိခဲ့သည့် ပထမဂိုးမှာ ဂျရတ်၏ ခြေချော်ရာမှ ထွက်လာသော ဘောလုံးကို ချယ်ဆီးတိုက်စစ်မှူး ဒမ်ဘာ ဘားက ဆွဲယူကာ ကန်သွင်းခဲ့ခြင်းဖြစ်ပြီး ဆွာရက်ဇ်ကမူ ဂျာရတ်နေရာတွင် မိမိသာဖြစ်ပါက ကစားသမား ဘ၀မှ အနားယူရန်ပင် ဖြစ်သွားနိုင်မည်ဟု ၎င်း၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိတွင် ရေးသားဖော်ပြခဲ့သည်။

    “တကယ်လို့များ ကျွန်တော်ဟာ ဂျရတ်နေရာမှာသာ ဖြစ်ခဲ့မယ်ဆိုရင် ဘောလုံးဆက်ကစားနိုင်မလားဆိုတာ မသိပါဘူး။ ခံစားမှုပိုင်းဆိုင်ရာမှာတော့ ဒါဟာ အရမ်း အရမ်းကို ခက်ခဲပါတယ်” ဟု ဆွာရက်ဇ်က ပြောဆိုခဲ့သည်။

    ထိုပွဲပြီးနောက် ကစားခဲ့သည့် ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲတွင်လည်း လီဗာပူးလ်မှာ ၃ ဂိုးပြတ်ဖြင့် ဦးဆောင်နေရာမှ ၃ ဂိုးပြန်ပေးလိုက်ရပြီး သရေကျခဲ့သောကြောင့် ချန်ပီယံဖြစ်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

    ဆွာရက်ဇ်ကမူ မိမိနှင့် ဂျရတ်တို့မှာ ပြီးခဲ့သည့် သီတင်းပတ်များက ရှေးဟောင်းနှောင်းဖြစ်များ ပြောခဲ့ပြီး ထိုအကြောင်းလည်းပါဝင်ကြောင်း ထိုကဲ့သို့ ဆိုးရွားသည့် အမှားတစ်ခုကို ပြုလုပ်မိသည့် ဂျရတ်မှာ ကံမကောင်းခဲ့ကြောင်း ဆွာရက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။

  • အိုစမာ ဘင်လာဒင်ကို မိမိ ပစ်သတ်ခဲ့ကြောင်း ကွန်မန်ဒိုဟောင်း တစ်ဦး ထုတ်ဖော်ပြောကြား

    အိုစမာ ဘင်လာဒင်ကို မိမိ ပစ်သတ်ခဲ့ကြောင်း ကွန်မန်ဒိုဟောင်း တစ်ဦး ထုတ်ဖော်ပြောကြား

    နိုဝင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    0,,18046556_303,00

    – ပါကစ္စတန်တွင် ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော အမေရိကန်၏ လျှို့ဝှက်စစ်ဆင်ရေးအတွင်း အိုစမာ ဘင်လာဒင်အား ပစ်သတ်ခဲ့သည့် အမေရိကန် ကွန်မန်ဒိုဟောင်းတစ်ဦးက ၎င်း၏ အမည်ကိုဖွင့်ဟလိုက်သည်ဟု သိရသည်။

    အမေရိကန် Navy Seal တပ်ဖွဲ့မှ အသက် ၃၈ နှစ်အရွယ်ရှိ ကွန်မန်ဒိုဟောင်း ရောဘတ်အိုနီးလ်ဆိုသူဖြစ်ပြီး အက်ဘော့တာဘတ်မြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ဆင်ရေး၌ မိမိမှာ ဘင်လာဒင်၏ နဖူးအား ၂ ချက် ပစ်ခဲ့ပြီး ထိုဒဏ်ရာကြောင့်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဟု ၀ါရှင်တန်ပို့စ် သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အိုနီးလ်မှာ ၂၀၁၃ ခုနှစ်က ဖေဖော်ဝါရီလက ထုတ်ဝေသော Esquire မဂ္ဂဇင်းတွင်လည်း ၎င်းမှာ ထိုဇာမ်လမ်းအား ပြောပြခဲ့ဖူးပြီး ထိုစဉ်က သေနတ်သမား တစ်ဦးဟုသာ ပြောဆိုခဲ့သည်။ Navy Seal တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူတစ်ဦးနှင့် ယခင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးတို့ကလည်း အိုနီလ်း ဘင်လာဒင်အား ပစ်သတ်ခဲ့သည်မှာ မှန်ကန်သည်ဟု AP သတင်းဌာနသို့ အတည်ပြုခဲ့သည်။

    ၎င်းနှင့်အတူ အခြား Seal အဖွဲ့ဝင် ၂ ဦးကလည်း ပစ်ခဲ့ကြပြီး ထိုနှစ်ဦးတွင် လျှို့ဝှက်စစ်ဆင်ရေး အကြောင်းအရာအချို့ကို No Easy Day စာအုပ်တွင် ရေးသားခဲ့သည့် ကွန်မန်ဒိုဟောင်း ဘစ်ဆိုနက်တီလည်း ပါဝင်သည်ဟု နီးလ်က ပြောကြားခဲ့သည်။ ဘစ်ဆိုနက်တီ၏ ရှေ့နေကမူ ၎င်း၏ မိတ်ဆွေမှာ လျှို့ဝှက်ချက်ဖော်ထုတ်မှုဖြင့် ဖက်ဒရယ်အစိုးရ၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်ဟု ဆိုသည်။

    နီးလ်မှာ ဘင်လာဒင်အား သတ်ဖြတ်သည့် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော ၎င်း၏ အခန်းကဏ္ဍကို စက်တင်ဘာ ၁၁ အောက်မေ့ဖွယ် အဆောက်အဦးမဖွင့်ခင် World Trade Centre ပြိုကျမှုတွင် သေဆုံးသွားသူများ၏ မိသားစုများနှင့်အတူ ပြုလုပ်သည့် လျှို့ဝှက်အစည်းအဝေးတွင်လည်း ပြောကြားခဲ့ဖူးသည်။

    ref_aljazeera