– ပါကစ္စတန်တွင် ၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော အမေရိကန်၏ လျှို့ဝှက်စစ်ဆင်ရေးအတွင်း အိုစမာ ဘင်လာဒင်အား ပစ်သတ်ခဲ့သည့် အမေရိကန် ကွန်မန်ဒိုဟောင်းတစ်ဦးက ၎င်း၏ အမည်ကိုဖွင့်ဟလိုက်သည်ဟု သိရသည်။
အမေရိကန် Navy Seal တပ်ဖွဲ့မှ အသက် ၃၈ နှစ်အရွယ်ရှိ ကွန်မန်ဒိုဟောင်း ရောဘတ်အိုနီးလ်ဆိုသူဖြစ်ပြီး အက်ဘော့တာဘတ်မြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ဆင်ရေး၌ မိမိမှာ ဘင်လာဒင်၏ နဖူးအား ၂ ချက် ပစ်ခဲ့ပြီး ထိုဒဏ်ရာကြောင့်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဟု ၀ါရှင်တန်ပို့စ် သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အိုနီးလ်မှာ ၂၀၁၃ ခုနှစ်က ဖေဖော်ဝါရီလက ထုတ်ဝေသော Esquire မဂ္ဂဇင်းတွင်လည်း ၎င်းမှာ ထိုဇာမ်လမ်းအား ပြောပြခဲ့ဖူးပြီး ထိုစဉ်က သေနတ်သမား တစ်ဦးဟုသာ ပြောဆိုခဲ့သည်။ Navy Seal တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူတစ်ဦးနှင့် ယခင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးတို့ကလည်း အိုနီလ်း ဘင်လာဒင်အား ပစ်သတ်ခဲ့သည်မှာ မှန်ကန်သည်ဟု AP သတင်းဌာနသို့ အတည်ပြုခဲ့သည်။
၎င်းနှင့်အတူ အခြား Seal အဖွဲ့ဝင် ၂ ဦးကလည်း ပစ်ခဲ့ကြပြီး ထိုနှစ်ဦးတွင် လျှို့ဝှက်စစ်ဆင်ရေး အကြောင်းအရာအချို့ကို No Easy Day စာအုပ်တွင် ရေးသားခဲ့သည့် ကွန်မန်ဒိုဟောင်း ဘစ်ဆိုနက်တီလည်း ပါဝင်သည်ဟု နီးလ်က ပြောကြားခဲ့သည်။ ဘစ်ဆိုနက်တီ၏ ရှေ့နေကမူ ၎င်း၏ မိတ်ဆွေမှာ လျှို့ဝှက်ချက်ဖော်ထုတ်မှုဖြင့် ဖက်ဒရယ်အစိုးရ၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်ဟု ဆိုသည်။
နီးလ်မှာ ဘင်လာဒင်အား သတ်ဖြတ်သည့် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော ၎င်း၏ အခန်းကဏ္ဍကို စက်တင်ဘာ ၁၁ အောက်မေ့ဖွယ် အဆောက်အဦးမဖွင့်ခင် World Trade Centre ပြိုကျမှုတွင် သေဆုံးသွားသူများ၏ မိသားစုများနှင့်အတူ ပြုလုပ်သည့် လျှို့ဝှက်အစည်းအဝေးတွင်လည်း ပြောကြားခဲ့ဖူးသည်။
ref_aljazeera
Leave a Reply
You must be logged in to post a comment.