News @ M-Media

Blog

  • မက္ကဆီကိုတွင် ပျောက်နေသည့် ကျောင်းသားများရှာရင်း အစုလိုက်အပြုံလိုက် လူသေများ မြှုပ်ထားမှု ထပ်မံတွေ့ပြန်

    မက္ကဆီကိုတွင် ပျောက်နေသည့် ကျောင်းသားများရှာရင်း အစုလိုက်အပြုံလိုက် လူသေများ မြှုပ်ထားမှု ထပ်မံတွေ့ပြန်

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    2014102455457336734_20
    – ပြီးခဲ့သည့် လနှောင်းပိုင်းက ပျောက်ဆုံးသွားခဲ့သည့် ပညာရေးကောလိပ်မှ ကျောင်းသား ၄၃ ဦးအား ရှာဖွေမှုအတွင်း လူသေများ အစုလိုက်အပြုံလိုက်မြှုပ် ထားသော နေရာတစ်ခုကို ထပ်မံတွေ့ ရှိခဲ့သည်ဟု မက္ကဆီကို တရားသူကြီးများက ပြောကြားလိုက်သည်။

    လူသေများအား အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ထိုနေရာအား ကျောင်းသားများပျောက်ဆုံးသွားခဲ့သည့် အီဂွါလာမြို့အနီး ကိုကူလာမြို့တွင် တွေ့ရှိခဲ့ ရခြင်းဖြစ်ပြီး ပျောက်ဆုံးနေသော ကျောင်းသားများ၏ ရုပ်ကြွင်းများ ဟုတ်မဟုတ် စစ်ဆေးသွားမည်ဟု သိရသည်။

    ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း လူများအား မီးရှို့ကာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာတစ်ခုကို အီဂွါလာမြို့အနီးတွင် တွေ့ရှိခဲ့ရသည်။ ထိုနေရာတွင် အလောင်း ၃၈ လောင်းအား မြှုပ်နှံထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ၂၈ လောင်းအား စစ်ဆေးပြီးဖြစ်ကာ ပျောက်ဆုံးသွားသော ကျောင်းသားများ မဟုတ်ဟု တာဝန်ရှိသူများက ဆိုသည်။

    ပညာရေးကောလိပ်တစ်ခုမှ အဆိုပါကျောင်းသားများ ပျောက်ဆုံးသွားမှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်သည်ဟု သံသယရှိသော မူးယစ်ဂိုဏ်းသား ၂ ဦးကို မက္ကဆီကို ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ဖမ်းဆီးခဲ့ပြီး၊ နာမည်ကြီး မူးယစ်ဂိုဏ်း Guerreros Unidos မှ ဂိုဏ်းသားများအပါအ၀င် ထိုအမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများမှာ စုစုပေါင်း ၅၆ ဦးအထိ ရှိလာပြီဖြစ်သည်။

    Source: AFP

    ဆက်စပ် သတင်းနှင့် ဆောင်းပါးဖတ်လိုလျှင်
    ————————————-
    လူသေ အလောင်းများ အစုလိုက်ပြုံလိုက် မြှုပ်နှံမှု မက္ကဆီတွင်တွေ့
    http://www.m-mediagroup.com/news/32603

    ISIL ထက်ပိုပြီး ဆိုးရွား ရက်စက်တဲ့ မက္ကဆီကန် မူးယစ်ရာဇာများ
    http://www.m-mediagroup.com/news/33424

  • သတိထား ဖတ်ရှုမိတဲ့ ခွင့်ပြုစာ (သူ့အမြင်)

    သတိထား ဖတ်ရှုမိတဲ့ ခွင့်ပြုစာ (သူ့အမြင်)

    အောက်တိုဘာ ၃၀ ၊ ၂၀၁၄
    M-Media
    . ဆွေမွန် ရေးသည်။

    4
    ၁) ဒီနေ့လုပ်မယ့် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးထောက်ခံပွဲ မန္တလေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုတာ လူ ၂၀၀…. တကယ်ဝင်လာတာ ၂၀၀ ထက်ပိုရင် ခွင့်ပြုတဲ့လူတွေ ဘာလုပ်မလဲ….

    ၂) နောက်ဆက်တွဲ ခ စာရွက်မှာ ဆန္ဒပြတာကို (လူပုဂ္ဂိုလ်များဖြင့်သာ) ဆောင်ရွက်ရန် ဆိုပြီး တိုက်ရိုက် ညွှန်ကြားတာကို တွေ့ရတယ်။ အဓိပ္ပါယ်က ရဟန်း ဘုန်းကြီိး မပါရ ဆိုတာက ရှင်းနေတယ်။

    ရဟန်း ဘုန်းကြီိး ပါလာရင် သက်ဆိုင်ရာခွင့်ပြုတဲ့အာဏာပိုင်တွေ ဘာလုပ်မလဲ….

    ၃) တစ်တွဲကို ၃ ယောက်ထက် ပိုမလျှောက်ဖို့ စီတန်းလှည့်လည်ရာမှာ စည်းကမ်းထုတ်တယ်။ ဒီနေရာမှာလည်း လူပုဂ္ဂိုလ်လို့ပဲ သုံးထားပြန်တယ်။ ဘုန်းကြီးကို လုံးဝ ခွင့်ပြုတဲ့ သဘော မပါဘူး။

    ၄) မန္တလေးမျိုးစောင့်ထောက်ခံတဲ့ ဘုန်းကြီးအဖွဲ့က ထုတ်တယ်လို့ ယူဆရတဲ့ မြေပုံတစ်ခုကို တွေ့ရတယ်။ အရမ်းအံ့သြစရာကို ဒီမြေပုံစာရွက်မှာ တွေ့ရပြန်တယ်။ စစ်ဆင်ရေးမြေပုံနဲ့ တူလွန်းလှတဲ့ ဒီမြေပုံကို ဘုန်းကြီးတွေက ဆွဲတတ်နေပြန်တယ်။ အရေးပေါ်ထွက်ပေါက်၊ စတင် ထွက်ခွာမည့်နေရာ၊ (ချီတက်မည့်) လမ်းကြောင်း စတာတွေကို စစ်ဆင်ရေးမြေပုံတွေမှာ ဖော်ပြသလို သင်္ကေတတွေနဲ့ တိတိကျကျ ဆွဲသားဖော်ပြထားနိုင်တာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာ စစ်ရေးအမြင်ရှိတဲ့ ဘုန်းကြီးဘယ်နှစ်ပါးလောက်တောင် ရှိနေပြီလည်းတော့ မခန့်မှန်းတတ်တော့ပါဘူး။ ဒါပေမယ့် မျိုးစောင့်ဘုန်းကြီးတွေရဲ့ မြေပုံဆွဲသားနည်းစနစ်ကျလွန်းလှတာကို တကယ်အသိအမှတ်ပြု ချီးကျူးစရာ ကောင်းလှတယ်။ အသုံးအနှုန်းတောင်မှ ဘုန်းကြီးဖြစ်နေပေမယ့် ချီတက်မည့်လမ်းကြောင်းလို့ စစ်သားဆန်ဆန် သုံးနှုန်းသွားနိုင်တယ်။

    ၅) မန္တလေးပြည့်သူ့ရဲတပ်ဖွဲ့မှူးက ဘာကြီးပဲ ထုတ်ပြန်နေပါစေ။ မျိုးစောင့်ဘုန်းကြီးတွေက မလိုက်နာဘူးဆိုတာကို နောက်ဆုံးစီတန်းရမယ့် ပုံစံစာရွက်မှာ တွေ့ရပြန်တယ်။ တပ်မတော်နေ့ စစ်သားတွေ စီတန်းစစ်ရေးပြ လမ်းလျှောက်တာထက်ကို စနစ်ကျလွန်းလှပြန်နေပါတယ်။

    ရှေ့တန်းမှာ ဆိုင်ကယ် ၅ စီး၊ ဦးဆောင်ဆရာတော်၊ ဆရာလေးတွေတောင် ပါလိုက်သေးဗျာ။ မြို့နယ်မှူးက သတ်မှတ်ပေးတဲ့ လူ ၂၀၀ အရေအတွက်ကို လုံးဝဂရုစိုက်စရာ မလိုတာကို၊ လိုက်နာစရာ မလိုတာကို အသေအချာတွေ့ရပြန်တယ်။ ဘုန်းကြီး မပါရဆိုတဲ့ မြို့နယ်မှူးသတ်မှတ်ချက်ကလည်း အလကားဖြစ်သွားပြန်တယ်။

    မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးစတဲ့ အစိုးရ သဘောကျတဲ့ ဆန္ဒပြပွဲတွေဟာ အစိုးရကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေထက် အခွင့်အရေး အကာအကွယ်တွေ အများကြီးရတယ်။ အထူး အခွင့်အရေးတွေရတယ်။ စနစ်တကျ စီမံခန့် ခွဲတတ်သူတွေက ဦးဆောင်နေတယ် ဆိုတာကို မြင်မိတယ်။

    လုံလုံခြုံခြုံ စနစ်တကျ  ဆန္ဒပြနိုင်တဲ့အတွက် တကယ်လည်း အားကျမိပါတယ်။ ဘာကိုပဲ ချိုးဖောက် ချိုးဖောက် ကိုပါကြီး ပွဲလို ပြီးတာနဲ့ ဆွဲစိခံရဖို့လည်း မရှိတဲ့အတွက် ပိုပြီး စိတ်ချမ်းသာစရာကောင်းမယ် လို့ ထင်မိတယ်။ ဒီလောက်ပဲ။

    ဆွေမွန်

    1 2 3 5

  • ဘာသာတရားများကို ဘာသာဝင်များ အလွဲသုံးစားလုပ်မှု အတွေးအခေါ် ပညာရှင် ဖသုလ္လာဟ်ဂူလန် ပြော

    ဘာသာတရားများကို ဘာသာဝင်များ အလွဲသုံးစားလုပ်မှု အတွေးအခေါ် ပညာရှင် ဖသုလ္လာဟ်ဂူလန် ပြော

    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media

    ဘာသာတရားများမှာ ဘာသာဝင်များ အလွဲသုံးစားလုပ်ခံနေရကြောင်း ကမ္ဘာကျော် အစ္စလာမ့်  အတွေးအခေါ် ပညာရှင် ဖသုလ္လာဟ်ဂူလန် ပြော

    fethullah-gulen-hocaefendiden-bm-toplantisina-mesaj-baris-ve-cozumun-insasi-insandan-baslamali

    – ကမ္ဘာ့ဘာသာကြီးများ၏ ကျမ်းစာများမှာ ဘာသာဝင်များ၏ အလွဲသုံးစားလုပ်မှုကို ခံနေရပြီး ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအတွက် အီဗရာဟီမိုက် ဘာသာတရား များဖြစ်သော ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်တို့ ပူးပေါင်းဆောင်ရွက်ရမည်ဟု နာမည်ကျော် အစ္စလာမ့် ပညာရှင်နှင့် စာရေးဆရာဖြစ်သူ ဖသုလ္လာဟ်ဂူလန်  က ဟု ဂျီနီဗာငြိမ်းချမ်းရေး ညီလာခံသို့ ပေးပို့သော သ၀ဏ်လွှာတွင် ရေးသားဖော်ပြခဲ့သည်။

    ကမ္ဘာတစ်ဝှမ်းမှ ထင်ရှားသည့် ပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးနှင့် အတူယှဉ်တွဲနေထိုင်ရေးကို အားစိုက်လုပ်ဆောင်နေသော အသင်းအဖွဲ့များတက်ရောက်ခဲ့ပြီး Mobilizing Civil Society for Buulding Peace ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၂၄ ရက်နေ့က ဂျီနီဗာ၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ရန် ညီလာခံ ကျင်းပရေးကော်မတီက ဂူလန်အား ဖိတ်ကြားခဲ့သည်။

    ဂူလန်ကမူ မိမိနိုင်ငံအရေး၊ အရှေ့အလယ်ပိုင်းအရေး ရတက်မအေးဖြစ်နေရသည့် မိမိအား ယခုကဲ့သို့ ဖိတ်ကြားခဲ့ခြင်းမှာ အကောင်းဆုံးလက်ဆောင်တစ်ခုဖြစ်ပြီး မတက်ရောက်နိုင်သည့် အတွက် ၀မ်းနည်းရပါကြောင်း အဆိုပါ သ၀ဏ်လွှာ၏ နိဒါန်းတွင် ရေးသားခဲ့သည်။

    ထို့နောက် ဂူလန်က ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုမှာ ငြိမ်းချမ်းရေးကို မြတ်နိုးသောသူများဖြစ်လာအောင် ကြိုးပမ်းခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။

    ပဋိပက္ခများနှင့်ပတ်သက်၍ ဂူလန်က လူများမှာ အာဏာရလိုမှု၊ နယ်မြေပိုင်ဆိုင်လိုမှု စသည့် အတ္တများစွဲကပ်၍ သမိုင်းတစ်လျှောက် အချင်းချင်းတိုက်ခိုက် သတ်ဖြတ်ခဲ့ကြသောကြောင့် သေဆုံးရသူများမှာ သဘာဝဘေး အန္တရာယ်များကြောင့် သေဆုံးခဲ့ရသူထက်ပင် ပိုမိုများပြားကြောင်း၊ အစိုးရများအနေဖြင့် ပညာရေးပေါ်လစီများအား ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားအတွက်သာ ဆောင်ရွက်နေကြပြီး၊ ထိုကဲ့သို့ တစ်ကိုယ်ကောင်းဆန်ခြင်းမှာ ငြိမ်းချမ်းရေးကို မြတ်နိုးသောသူများ ပေါ်ပေါက်လာမည် မဟုတ်ကြောင်း ၎င်း၏ အမြင်ကို ရေးသားခဲ့သည်။

    ထို့ပြင် ဘာသာတရားများ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသောသူများ ဖြစ်လာစေရန် ဖြစ်သော်လည်း၊ ထိုဘာသာတရားများအား အခြေခံဝါဒီများက အလွဲသုံးစားလုပ်နေကြပြီး ၎င်းတို့၏ နိုင်ငံရေး ရယူလိုမှုအတွက် အကာအကွယ်ယူထားကာ ပဋိပက္ခများဖြစ်စေရန် အကူပစ္စည်းအဖြစ် အသုံးချနေကြောင်း၊ ထိုကဲ့သို့ ဘာသာရေး ကျမ်းစာများကို စစ်ပွဲများ၊ ပဋိပက္ခများအတွက် အသုံးပြုနေမှုမှာ အလွန်အင်မတန် ရွံ့ရှာ စက်ဆုပ်ဖွယ်ကောင်းကြောင်း ဂူလန်က ရှုတ်ချပြောဆိုခဲ့သည်။

    ဂျီနီဗာတွင်ပြုလုပ်ခဲ့သည့် အဆိုပါညီလာခံတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ မတူကွဲပြားမှုများအား လက်ခံနိုင်ရေး၊ ပဋိပက္ခများချုပ်ငြိမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး စသည့် ကဏ္ဍများစွာကို ဆွေးနွေးခဲ့ကြသည်။

    ဂိုလန်ကမူ ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် အီဗရာဟီမိုက် ဘာသာတရားများဖြစ်သည့် ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များက ပူးပေါင်းကာ ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း နိဂုံးချုပ်အနေဖြင့် ရေးသားခဲ့ပြီး ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်ကြသူများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြသူအားလုံးကိုလည်း ဂူလန်က ချီးကျူးပြောဆိုခဲ့သည်။

    ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဂူလန်မှာ တူရကီနိုင်ငံသား တစ်ဦးဖြစ်ပြီး အစ္စလာမ်ကမ္ဘာတွင် ကျော်ကြားသည့် ဓမ္မပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ဂူလန်မှာ စာအုပ်များစွာကို ရေးသားခဲ့သူဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ဦးဆောင်ပါဝင်ဆောင်ရွက်နေသူလည်း ဖြစ်သည်။

    ref_ http://fgulen.com

  • အမုန်းတရားများ မပြန့်ပွားစေရန် ကနေဒါရှိ မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူများ အပြန်အလှန် ဆောင်ရွက်နေ

    အမုန်းတရားများ မပြန့်ပွားစေရန် ကနေဒါရှိ မွတ်စလင်နှင့် မွတ်စလင် မဟုတ်သူများ အပြန်အလှန် ဆောင်ရွက်နေ

    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    25-10-14_Canadians-Scrub-Hate-Messages-off-Mosque
    – အော့တာဝါရှိ သူရဲကောင်းဗိမာန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ကနေဒါလူ့အဖွဲ့အစည်းအတွင်း အယူဝါဒမတူသူများအကြား နားလည်မှု မလွဲမှားစေရန် အတွက် ကနေဒါရှိ အစ္စလာမ်ဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် မဟုတ်သူများက ကြိုးစားနေကြသည်ဟု သိရသည်။

    အဆိုပါပစ်ခတ်မှုကို ကျူးလွန်သူမှာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့သူ တစ်ဦးဖြစ်သည်ဟု မီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် ကနေဒါတစ်ဝှမ်းတွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ အစပျိုးလာခဲ့သည်။ သို့သော်လည်း ကနေဒါပြည်သူအများစုနှင့် တာဝန်ရှိသူများကပါ ထိုလှုပ်ရှားမှုများကို ရှုတ်ချခဲ့ပြီး အစ္စလာမ်သာသနာနှင့် အကြမ်းဖက် ၀ါဒကို ခွဲခြားသိမြင်ရမည်ဟု ပြောကြားခဲ့ကြသည်။

    ထိုဂယက်ကြောင့် Cold Lake မြို့ရှိ ဗလီဝတ်ကျောင်းတော် တစ်လုံးမှာလည်း အောက်တိုဘာ ၂၃ ရက်နေ့က တိုက်ခိုက်ခံခဲ့ရပြီး တံခါးများ၊ မှန်များနှင့် မျက်နှာစာအချို့ ပျက်စီးခဲ့သည်။ ထို့ပြင် တိုက်ခိုက်သူများက ဗလီဝတ်ကျောင်တော်၏ နံရံတွင်လည်း မွတ်စလင် ဆန့်ကျင်ရေး ဂရတ်ဖစ်တီများကို ရေးသားခဲ့ကြသည်။

    သို့သော်လည်း နောက်တစ်နေ့တွင် မြို့တွင်းရှိ ပြည်သူများက လာရောက်ကာ ပျက်ဆီးမှုများကို ပြုပြင်ပေးခြင်း၊ ဆေးများ ပြန်လည်သုတ်ပေးခြင်းတို့ကို ပြုလုပ်ကာ အစ္စလာမ် ဘာသာဝင်များနှင့် မိမိတို့မှာ တစ်သားတည်းရှိကြောင်း ပြသခဲ့သည်။

    “ဒီဗလီဝတ်ကျောင်းတော်ကို ပြုပြင်နေတဲ့သူတွေကို ကူညီဖို့ ကျွန်တော်ရောက်လာတာပါ။ ဒီဗလီကိုတက်နေတဲ့သူတွေက ကျွန်တော်တို့နဲ့အတူတူ မွေးဖွားကြီးပြင်း လာကြတာဖြစ်ဖြစ်ပြီး ဒါဟာသူတို့ရဲ့ မွေးရပ်မြေပါ။ ဒီမြို့မှာ မွတ်စလင်တွေဟာ အခြားသော ဘာသာဝင်တွေနဲ့အတူ ရှိကြပြီး ကျွန်တော်တို့လူ့အဖွဲ့အစည်းအား အင်မတန် စုစည်းတဲ့ လူ့အဖွဲ့အစည်းပါ” ဟု ဗလီဝတ်ကျောင်းတော်အား ပြုပြင်မှုများတွင် ကူညီပေးသူ နစ်ကီ ၀ီလီယံက ပြောကြားခဲ့သည်။

    ထို့ပြင် Cold Lake ဒေသခံများမှာ ဗလီဝတ်ကျောင်းတော်တွင် ရေးသားထားသော အမုန်းစကား ဂရတ်ဖစ်တီများကိုလည်း ဖယ်ရှားပေးခဲ့ပြီး ထိုနေရာများတွင် “အသင့်ရဲ့ အိမ်နီးချင်းအား ချစ်ခင်ပါ” “ဒါဟာ အသင်တို့ အိမ်ပါပဲ” စသည့် ဂရတ်ဖစ်တီများကို ပြန်လည် ရေးသားခဲ့ကြသည်။

    ဗလီဝတ်ကျောင်းတော်အား ဖျက်ဆီးခဲ့သည်ဟု သတင်းကြားခဲ့ပြီးနောက် Cold Lake မြို့တော်ဝန် ခရေ့ဂ်ျမှာ ချက်ချင်းလာရောက်ကြည့်ရှုခဲ့ပြီး၊ ၀တ်ပြုရာ အဆောက်အအုံအား ထိုကဲ့သို့ ဖျက်ဆီးမှုအတွက် မိမိတို့ လူ့အဖွဲ့အစည်းက မကျေနပ်ဟု ပြောကြားခဲ့သည်။

    “Cold Lake မှာရှိတဲ့ မွတ်စလင်တွေဟာ သူတို့ရဲ့ ဇာတိမြေမှာ နေကြတာပါ။ (ထွက်သွားဖို့ မလိုပါဘူး) ဒီကလူအားလုံးဟာ ဗလီဝတ်ကျောင်းတော်နဲ့ မွတ်စလင် လူ့အဖွဲ့အစည်းထံ လာပြီး တောင်းပန်ကြပါတယ်။ ပြီးတော့ ဒီလိုလုပ်ရပ်တွေဟာ Cold Lake မြို့က လူ့အဖွဲ့အစည်းနဲ့ မပတ်သက်ဖူးဆိုတာကိုပြောခဲ့ကြပြီး တစ်ချို့တွေဆိုရင် မျက်ရည်တောင် ကျခဲ့ပါတယ်” ဟု မြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့သည်။

    ကနေဒါ ယဉ်ကျေးမှုဆိုင်ရာ ၀န်ကြီး ဂျက်ဆန် ကန်နီကလည်း ဗလီဝတ်ကျောင်တော်အား ဖျက်ဆီးခဲ့သည့် ထိုလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ထိုလုပ်ရပ်များအတွက် ကနေဒါတွင် နေရာမရှိဟု ပြောကြားခဲ့သည်။

    “ဒီလိုသရဲဘောကြောင်တဲ့ လုပ်ရပ်တွေဟာ လက်မခံနိုင်စရာဖြစ်ပြီး ဒါမျိုးတွေအတွက် ကနေဒါမှာ နေရာမရှိပါဘူး။ ကနေဒါဟာ ငြိမ်းချမ်းပြီး လူမျိုးစုံရှိတဲ့ နိုင်ငံတစ်ခုပါ။ တစ်ဦးတစ်ယောက်ကို မုန်းတီးတာမျိုး၊ သည်းမခံနိုင်တာမျိုးကနေ ပေါက်ဖွားလာတဲ့ ဘယ်ရာဇ၀တ်မှုမျိုးကိုမှ ကနေဒါ ပြည်သူတွေက မထောက်ခံပါဘူး။ ယဉ်ကျေးမှုဝန်ကြီး တစ်ယောက်အနေနဲ့ ပြောရရင် ဒီလိုလုပ်ရပ်မျိုးနဲ့ ကနေဒါနိုင်ငံသား ဘယ်ဘာသာဝင်အပေါ်မဆို မုန်းတီးအောင် လုပ်တာမျိုးတွေကို လက်မခံဖို့ ကနေဒါနိုင်ငံသားအားလုံးကို တိုက်တွန်းပါတယ်” ဟု ကန်နီက ထည့်သွင်းပြောကြားခဲ့သည်။

    Cold Lake ဗလီဝတ်ကျောင်းတော် ပြင်ဆင်မွမ်းမံမှုများတွင် ကနေဒါစစ်သားများလည်း ပါဝင်ကူညီခဲ့ကြသည်။

    ကျေးဇူးတုံ့ပြန်မှု

    Cold Lake လူ့အဖွဲ့အစည်း၏ ထိုကဲ့သို့ ရပ်တည်ပေးမှုများအား မွတ်စလင်များက ၀မ်းသာခဲ့ကြပြီး မိမိတို့နှလုံးသားများ လှုပ်ခါစေခဲ့သည်ဟု ပြောကြားခဲ့သည်။

    “အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ ကျွန်တော့်နိုင်ငံ၊ ကျွန်တော့်ဇာတိမှာ ရှိနေတယ်ဆိုတာကို (သူစိမ်းတစ်ယောက်မဟုတ်ဘူးဆိုတာကို) သူတို့က သေချာအောင်လုပ် ပေးလိုက်တာပါပဲ။ ကျွန်တော်ဟာ Cold Lake က ပြည်သူတစ်ဦးဖြစ်တယ်ဆိုတာကို (ဒီလုပ်ရပ်ကြောင့်) ခံစားခဲ့ရပါတယ်” ဟု Cold Lake ဒေသခံ အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်သူ မဟ်မူးဒ် အလ်-ကာဒ်ရီက Global သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ကနေဒါ မွတ်စလင်အသင်း MAC က ထုတ်ပြန်သော ကြေညာချက်တွင်လည်း Cold Lake ပြည်သူများက အစ္စလာမ်ဘာသာဝင်များဘက်မှ ရပ်တည်ပေးမှု အတွက် ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြခဲ့သည်။

    “ယနေ့ အဖြစ်အပျက်ပြီးတဲ့နောက် ဗလီဝတ်ကျောင်းတော်ကို ကျွန်တော်တို့ လူ့အဖွဲ့စည်းက သူတွေဟာ သန့်ရှင်းပေးခဲ့ကြပြီး၊ နှလုံးသားကို ထိစေတဲ့ ကူညီထောက်ပံ့မှုတွေကို ကနေ့မှာ ကျွန်တော်တို့ ရရှိခဲ့ကြတာပါပဲ။ ဒီလိုအားပေးမှုအတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဟာ သိပ်ကောင်တဲ့ တိုင်းပြည်မှာနေထိုင်နေပြီး၊ ကနေဒါနိုင်ငံသားအဖြစ် တန်ဖိုးရှိနေတယ်ဆိုတာကို ပြန်ပြောင်း သတိရစေတာလည်း ဖြစ်ပါတယ်” ဟု MCA က ကြေညာချက်တွင် ချီးကျူးပြောဆိုခဲ့သည်။

    Cold Lake ရှိ အစ္စလာမ်ဘာသာဝင်မဟုသော ပြည်သူများက ဗလီဝတ်ကျောင်းတော်အား ပြုပြင် မွမ်းမံပေးခြင်းအတွက် ကနေဒါနိုင်ငံသားများကလည်း ဆိုရှယ် စာမျက်နှာများမှနေ၍ ထိုလုပ်ရပ်အား ချီးကျူးရေးသားခဲ့ကြသည်။

    အစ္စလာမ်ဘာသာဝင်များကလည်း မိမိတို့အပေါ် နားလည်မှုလွဲမှာမှုများအား ဖြေရှင်းရန် ကြိုးစားနေပြီး အစ္စလာမ်ဘာသာဝင်တို့၏ ၀တ်ပြုမှု၊ တရားဟောကြားမှု၊ အစ္စလာမ့် ဓမ္မပညာများ သင်ကြားမှုများကို အစ္စလာမ်ဘာသာဝင် မဟုတ်သူများ လေ့လာနိုင်ရန်အတွက် ကနေဒါတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်များအား ဖွင့်လှစ်ထားရှိကာ ဖိတ်ခေါ်မှုများလည်း ပြုလုပ်နေသည်။

    ref_ OnIslam

  • ဇီဒိန်းအား စပိန်ဘောလုံး အဖွဲ့ချုပ်က နည်းပြလုပ်ခွင့် ၃ လ ပိတ်

    ဇီဒိန်းအား စပိန်ဘောလုံး အဖွဲ့ချုပ်က နည်းပြလုပ်ခွင့် ၃ လ ပိတ်

    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    520581_heroa
    – ရီးယဲလ်မက်ဒရစ် အရန်အသင်းကို နည်းပြနေသည့် ဇီဒိန်းမှာ နည်းပြတစ်ယောက်အတွက် လိုအပ်သော အထောက်အထားများကို မပြသနိုင်မှုကြောင့် နည်းပြအလုပ်မှ ၃ လ ပိတ်ပင် ခံခဲ့ရသည်ဟု သိရသည်။

    အန်ဆယ်လော့တီ၏ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဇီဒိန်းမှာ ပြီးခဲ့သည့်သြဂုတ်လက ရီးယဲလ်အရန်အသင်း၏ နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ စပိန်တွင် ထိုရာထူးအား ထမ်းဆောင်ရန်အတွက် Level 3 အဆင့်ရှိ အသိအမှတ်ပြု စာရွက်စာတမ်းများ လိုအပ်သော်လည်း ဇီဒိန်းမှာ Level 2 အဆင့်နှင့်ညီသည့် ယူအီးအက်ဖ်အေ A လိုင်စင်သာ ရရှိထားသည်။

    ထို့ကြောင့် ဇီဒိန်း၏ ရာထူးနှင့် ပတ်သက်၍ တိုင်ကြာမှုများရှိခဲ့ပြီး အရန်အသင်း ပါဝင်ကစားနေသည့် ဆီဂန်ဒါ အမှတ်ပေးပြိုင်ပွဲ တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ ၃ လ ပိတ်ပင်သည့် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ဇီဒိန်အပြင် ၎င်း၏ လက်ထောက်နည်းပြဖြစ်သူ ဆန်တီယာဂို ဆန်းချက်ဇ်မှာလည်း ၃ လ ပိတ်ပင်ခြင်းခံခဲ့ရပြီး၊ ဇီဒိန်းတွင် အထောက်အထားမခိုင်လုံမှုအား ကာကွယ်ရန် ၎င်း၏ အထောက်အထားများကို အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။

    ရီးယဲလ်အသင်းကမူ ထိုဆုံးဖြတ်ချက်အား လက်မခံနိုင်ကြောင်း၊ ပြင်သစ်နိုင်ငံ၏ စည်းမျဉ်းအရ ဇီဒိန်းမှာ ထိုရာထူးတွင် တာဝန်ထမ်းဆောင်နိုင်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    “ဒီဆုံးဖြတ်ချက် အဓိပ္ပါယ်မရှိဘူးဆိုတာပြသဖို့ ဥပဒေအရ လုပ်ပိုင်ခွင့်ရှိတာအားလုံးကို လုပ်ဆောင်သွားမှာပါ” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။