News @ M-Media

မက္ကဆီကိုတွင် ပျောက်နေသည့် ကျောင်းသားများရှာရင်း အစုလိုက်အပြုံလိုက် လူသေများ မြှုပ်ထားမှု ထပ်မံတွေ့ပြန်

အောက်တိုဘာ ၃၀ ၊ ၂၀၁၄
M-Media
2014102455457336734_20
– ပြီးခဲ့သည့် လနှောင်းပိုင်းက ပျောက်ဆုံးသွားခဲ့သည့် ပညာရေးကောလိပ်မှ ကျောင်းသား ၄၃ ဦးအား ရှာဖွေမှုအတွင်း လူသေများ အစုလိုက်အပြုံလိုက်မြှုပ် ထားသော နေရာတစ်ခုကို ထပ်မံတွေ့ ရှိခဲ့သည်ဟု မက္ကဆီကို တရားသူကြီးများက ပြောကြားလိုက်သည်။

လူသေများအား အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ထိုနေရာအား ကျောင်းသားများပျောက်ဆုံးသွားခဲ့သည့် အီဂွါလာမြို့အနီး ကိုကူလာမြို့တွင် တွေ့ရှိခဲ့ ရခြင်းဖြစ်ပြီး ပျောက်ဆုံးနေသော ကျောင်းသားများ၏ ရုပ်ကြွင်းများ ဟုတ်မဟုတ် စစ်ဆေးသွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း လူများအား မီးရှို့ကာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာတစ်ခုကို အီဂွါလာမြို့အနီးတွင် တွေ့ရှိခဲ့ရသည်။ ထိုနေရာတွင် အလောင်း ၃၈ လောင်းအား မြှုပ်နှံထားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ၂၈ လောင်းအား စစ်ဆေးပြီးဖြစ်ကာ ပျောက်ဆုံးသွားသော ကျောင်းသားများ မဟုတ်ဟု တာဝန်ရှိသူများက ဆိုသည်။

ပညာရေးကောလိပ်တစ်ခုမှ အဆိုပါကျောင်းသားများ ပျောက်ဆုံးသွားမှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်သည်ဟု သံသယရှိသော မူးယစ်ဂိုဏ်းသား ၂ ဦးကို မက္ကဆီကို ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ဖမ်းဆီးခဲ့ပြီး၊ နာမည်ကြီး မူးယစ်ဂိုဏ်း Guerreros Unidos မှ ဂိုဏ်းသားများအပါအ၀င် ထိုအမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများမှာ စုစုပေါင်း ၅၆ ဦးအထိ ရှိလာပြီဖြစ်သည်။

Source: AFP

ဆက်စပ် သတင်းနှင့် ဆောင်းပါးဖတ်လိုလျှင်
————————————-
လူသေ အလောင်းများ အစုလိုက်ပြုံလိုက် မြှုပ်နှံမှု မက္ကဆီတွင်တွေ့
http://www.m-mediagroup.com/news/32603

ISIL ထက်ပိုပြီး ဆိုးရွား ရက်စက်တဲ့ မက္ကဆီကန် မူးယစ်ရာဇာများ
http://www.m-mediagroup.com/news/33424

Comments

Leave a Reply