News @ M-Media

Blog

  • အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက်မှုဖြင့် ဘာလော့တယ်လီ စုံစမ်းခံနေရ

    အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက်မှုဖြင့် ဘာလော့တယ်လီ စုံစမ်းခံနေရ

    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media
    1414093572409_Image_galleryImage_LIVERPOOL_ENGLAND_OCTOBER
    – လီဗာပူးလ်တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီမှာ အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက် ပြောဆိုမှုဖြင့် မန်ချက်စတာရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆးမှုကို ခံနေရသည်ဟု သိရသည်။

    ဘာလော့တယ်လီမှာ မန်ချက်စတာမြို့ရှိ  Wythenshawe ဒေသတွင် အီတလီမှ သယ်ဆောင်လာသော ၎င်း၏ ပေါင် ၂၄၀၀၀ တန် ဖာရာရီကားအား ဓာတ်ပုံမရိုက်ရန် အမျိုးသမီးတစ်ဦးအား သွားရောက်ပြောကြားရာမှ ခြိမ်းခြောက်သော စကားလုံးများကို သုံးစွဲခဲ့ခြင်းဖြစ်သည်။

    ခြိမ်းခြောက်ခံရသည့် အမျိုးသမီးက ၎င်း၏သမီးဖြစ်သူမှာ ဘာလော့တယ်လီ၏ ကားကို ဓာတ်ပုံရိုက်ရာတွင် ဘာလော့တယ်လီမှာ အရှေ့သို့ တိုးလာကာ ယခုကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မန်ချက်စတာရဲတပ်ဖွဲ့က မိမိတို့အနေဖြင့် တိုင်ကြားမှုကို ရရှိသောကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့ပြီး လီဗာပူးလ်အသင်းကမူ အကြောင်းအရာအပြည့်အစုံကို မသိရှိမီ မည်သည့်မှတ်ချက်မှ ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ref_ The Mirror

  • မန်ယူမှာ မာဖီးယားဂိုဏ်းနှင့် တူသည်ဟု ရွိုင်ကိန်းဆိုပြန်

    မန်ယူမှာ မာဖီးယားဂိုဏ်းနှင့် တူသည်ဟု ရွိုင်ကိန်းဆိုပြန်

    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media
    Roy-Keane-pictured-during-a-QA
    – မိမိရှိစဉ်အခါက  မန်ယူအသင်းမှာ မာဖီးယားဂိုဏ်းနှင့်တူပြီး အသင်းရှိကစားသမားတိုင်းမှာ ၎င်းတို့ခံစားချက်များကို မပြောရဲကြဟု မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်းက ပြောကြားလိုက်သည်။

    ရွိုင်ကိန်းမှာ မကြာသေးမီက ထုတ်ဝေခဲ့သော ၎င်း၏ ဒုတိယမြောက် ကိုယ်ပိုင်ရေးအထုပ္ပတ္တိတွင် အသင်းနှင့် နည်းပြဟောင်း ဖာဂူဆန်တို့ကိုပါ ဝေဖန်ထားပြီး၊ ယခုအခါ ထပ်မံ၍ မန်ယူအား ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    “မာဖီးယားဂိုဏ်းရဲ့ အခြေအနေနီးနီးပါပဲ။ အခုအချိန်မှာ မန်ယူကို ကြည့်လိုက်ရင် ၀ါဒဖြန့်မှုအများအပြား ရှိနေတာကို တွေ့ရမှာပါ။ မဟုတ်တာတွေပြောမယ်။ ကစားသမားဟောင်းတွေက အသင်းမှာအလုပ်လုပ်နေပြီး၊ အသင်းကလည်း ကြင်နာကြောင်း ပြသလေ့ရှိပါတယ်” ဟု ရွိုင်ကိန်းက ပြောကြားခဲ့သည်။

    ထို့ပြင် MUTV ကိုလည်း ရွိုင်ကိန်းက ဝေဖန်ခဲ့ပြီး MUTV မှ လူများမှာ မန်ယူအသင်းအား ဒစ္စနေလန်းကဲ့သို့ လည်းကောင်း၊ ကစားသမားများအား မစ်ကီးမောက်စ်များကဲ့သို့ သဘောထားကြောင်း၊ မန်ယူအသင်း ရလဒ်ဆိုးများဖြင့် ရှုံးနိမ့်သော်လည်း အသင်းဟာ ကောင်းခဲ့ပါတယ်ဟု ဖာထေးကြကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ref_ The Mirror

  • ကမ္ဘာ့သံလိုက် စက်ကွင်းပြောင်းပြန်ဖြစ်မည်

    ကမ္ဘာ့သံလိုက် စက်ကွင်းပြောင်းပြန်ဖြစ်မည်

    အောက်တိုဘာ ၂၅၊ ၂၀၁၄
    M-Media
    1932417_10152790331318166_4608232113044282726_n
    ကမ္ဘာ့မြေကြီးရဲ့ သံလိုက်စက်ကွင်းဆိုတာ တောင်-မြောက် ဝင်ရိုး အတိုင်း တည်ရှိတယ်လို့ လူတိုင်း သိထားပြီး ဘယ် သံလိုက်ချောင်းကို မဆို တောင်ဘက်စွန်း မြောက်ဘက်စွန်း ဆိုပြီး ခွဲခြား သတ်မှတ်ပါတယ်။

    သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက် အရ နှစ် ၁၀၀၀၀ခန့်တိုင်းမှာ ဒီသံလိုက်ဝင်ရိုးဟာ ပြောင်းပြန်ပြောင်း သွားလေ့ရှိပြီး ဒီတစ်ကြိမ် ပြောင်းလဲမှုကတော့ လက်ရှိလူသားတွေရဲ့ သက်တမ်း အတွင်းမှာ တွေ့ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

    ကမ္ဘာ့မြေကြီးရဲ့ သံလိုက်စက်ကွင်းက နေရောင်ခြည်ကလာတဲ့ အန္တရာယ်ရှိနိုင်တဲ့ အလင်းမှုန် တိုက်ခတ်မှုကိုလည်း ကာကွယ်ပေးထားပါတယ်။ အဲ့ဒီအချက်ကို သိသာစေတာကတော့ ဝင်ရိုးစွန်းဒေသတွေမှာ တွေ့မြင်ရတဲ့ aurora အလင်းတန်းတွေ ဖြစ်ပါတယ်။

    ဒီသံလိုက်ဝင်ရိုးဟာ ပြောင်းပြန်ပြောင်းနေတဲ့ကာလမှာ သံလိုက်စွန်း နှစ်ခုထက်ပိုမို ဖြစ်ပေါ်လာနိုင်ပြီး အဲ့လိုကာလမှာ ဝင်ရိုးစွန်းမဟုတ်တဲ့ ဒေသတွေမှာ aurora အလင်းတန်းတွေ တွေ့မြင်ရနိုင်ပါတယ်။ နောက်ဆုံးအကြိမ် သံလိုက်ဝင်ရိုး ပြောင်းလဲမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၈၀၀၀၀ ခန့်က ဖြစ်ခဲ့တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

    သံလိုက်ဝင်ရိုး ပြောင်းလဲချိန်မှာ သံလိုက်စက်ကွင်း အားလျော့သွားပါတယ်။ အခုလည်း ESA ဂြိုဟ်တုတွေရဲ့တိုင်းတာမှုအရ ကမ္ဘာ့သံလိုက်စက်ကွင်း သိသိသာသာ အားလျော့လာနေတယ်လို့ သိရပါတယ်။

    တင်ဆက်သူ- daythanix

  • M-Media e-NewsLetter Vol1.No10

    M-Media e-NewsLetter Vol1.No10

    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media

    cover

    ဤစာစောင်ငယ်သည် အွန်လိုင်းလုံးဝ အသုံးမပြုနိုင်သူများ၊ အွန်လိုင်း အမြဲမသုံးနိုင်ဘဲ အချိန်အခက်အခဲရှိသူများ  personal print ထုတ်ဖတ်နိုင်ရန် ၊ လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ရန် သတင်းနှင့်ဆောင်းပါးအချို့ ကို ကန့် သတ် အနေဖြင့် စုစည်းပေးထားခြင်းဖြစ်ပါတယ်။

    ယခု ထုတ်ဝေဖြန်ချိလိုက်တဲ့ e-Newsletter ကို ဖတ်ရှုသူများ အနေဖြင့် မျက်နှာဖုံးနဲ့ မာတိကာမှာ ပါရှိတဲ့ Link များကို နှိပ်ရုံဖြင့် သတင်းရှိရာ စာမျက်နှာသို့ ရောက်ရှိသွားအောင် Hyperlink များ ထည့်သွင်းပေးထားပါတယ်။

    ကဏ္ဍများကို ယခင်ထက် စုံလင်အောင် စီစဉ်ပေးထားပါတယ်။

    M-Media မှ e-Newsletter ကို ၂ ပတ်တကြိမ် ပုံမှန် ကြိုးစား တင်ဆက်ပေးသွားပါမယ်။

    M-Media ကို စာမူနှင့် အကြံပြုချက်များ ပေးပို့လိုလျှင် [email protected] သို့ ဆက်သွယ်နိုင်ပါတယ်။

    ** ယခု e-Newsletter ကို M-Media ရဲ့ ခွင့်ပြုချက် မရှိဘဲ အခကြေးငွေ တစုံတရာဖြင့် ဖြန့်ဝေရောင်းချခြင်း ခွင့်မပြုပါ။

    File Size 8 MB

    DownLink
    ————–

    http://goo.gl/TTAA9B

    https://www.dropbox.com/s/wqz3msrhgn293wp/Vol.1No.10.pdf?dl=0

    အွန်လိုင်းမှာ ဖတ်ရန်
    ————————–
    https://www.scribd.com/doc/244331865/M-Media-e-NewsLetter-Vol1-No10

    M-Media e-NewsLetter Vol1.No10

  • မြန်မာ့နည်း မြန်မာ့ဟန် ဘောလုံးဥပဒေ

    မြန်မာ့နည်း မြန်မာ့ဟန် ဘောလုံးဥပဒေ

    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media
    Patrick Tan ရေးသည်။

    ca-nov-07-10
    ကာတွန်းသရုပ်ဖော်ပုံ – ဟန်လေး

    ၂၀၁၅ မှာ ကျင်းပမယ့် ဘောလုံးပွဲမှာ လူချကစားခြင်းကို ပြစ်ဒဏ်ဘောပေးမှာ မဟုတ်ပါဘူး။

    နာသွားသူကိုလည်း လူစားလဲခွင့်မပြုပါဘူး။

    ဂိုးစည်းအတွင်း လက်ဖြင့်ထိခြင်း အတွက်လည်း အလွတ်တည်ကန် ပြစ်ဒဏ်ဘောပေးမှာ မဟုတ်ပါဘူး။

    ကျနော်တို့ဒိုင်အဖွဲ့ အနေနဲ့လည်း ကွင်း အတွင်းဝင်ပြီးကြီးကြပ်မှာ မဟုတ်ဘဲ၊ ကွင်းအပြင်မှာ ဒိုင်လူကြီးများအတွက် သီးသန့်စာပွဲများ ချပြီး စောင့်ကြည့်ကြီးကြပ်မှာဖြစ်ပါတယ်။

    မကျေနပ်ချက်ရှိရင် ခိုင်လုံတဲ့ သက်သေအထောက်အထားနဲ့ အုပ်စုလိုက် လာရောက် တိုင်ကြားနိုင်ပါတယ်။

    ဒါပေမယ့်သတိပြုရမယ့် အချက်ကတော့ အဲ့ဒီအချိန်မှာ ဘောလုံးပွဲကို ရပ်ထားမှာ မဟုတ်တဲ့အတွက်၊ တစ်ဖက် အသင်းက ဂိုးသွင်းသွားရင် ခွင့်ပြုမှာပါ။

    ဒါ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်စည်းကမ်းတွေ လာပြောရမယ့်နေရာမဟုတ်ပါဘူး။

    ကျနော်တို့မြန်မာနိုင်ငံရဲ့ စိတ်ဓာတ်နဲ့ကိုက်ညီအောင် ကျနော်တို့နှစ်ပေါင်းများစွာ အချိန်ယူရေးဆွဲထားတဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဘောလုံးဥပဒေပါ။

    ဒါကို ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတဲ့ ဘောလုံး အသင်းတိုင်း လေးစား လိုက်နာပါ့မယ်လို့ ကျမ်းကျိန် လိုက်နာပြီးဖြစ်ရပါမယ်။

    ပုံ
    မောင်တန်
    ငှက္ကထ
    ဘောလုံးပွဲကြီးကြပ်ရေးကော်မီတီ