အောက်တိုဘာ ၂၅ ၊ ၂၀၁၄
M-Media

– စစ်သား ၃၀ သေဆုံးခဲ့သည့် အသေခံ ကားဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဆိုင်းနိုင်း ကျွန်းဆွယ်အား အီဂျစ်အစိုးရက အရေးပေါ် အခြေအနေ ကြေညာ လိုက်သည်ဟု သိရသည်။
အဆိုပါ တိုက်ခိုက်မှုမှာ ဆိုင်းနိုင်းရှိ ရှိခ် ဇူဝစ် အနောက်တောင်ပိုင်း ကာရ်မ် အလ်-ကွာဝါဒီအစ် စစ်ဆေးရေး ဂိတ်တွင် သောကြာနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရပ်ထားသောကားများလည်း မီးလောင်ပျက်စီးခဲ့ကာ တိုက်ခိုက်ရေးသမားများကလည်း သေနတ်များ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြသည်ဟု အီဂျစ် မီဒီယာများက ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုမှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော သမ္မတ မော်စီအား ပြီးခဲ့သည့်နှစ်က စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း စစ်တပ်အား ပစ်မှတ်ထားသည့် အကြီးဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။
သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီ မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အရေပေါ်အခြေအနေ ကြေညာခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၅ နံနက် ၃ နာရီမှစတင်ကာ သက်ရောက်မည်ဖြစ်ကာ ၃ လ ကြာမြင့်မည်ဖြစ်သည်။
ထို့ပြင် အရေးပေါ်အခြေအနေ ကြေညာထားသည့် ဒေသများအတွင်း ည ၇ နာရီမှ နံနက် ၇ နာအထိ ကာဖျူးအမိန့်လည်း ထုတ်ပြန်ထားပြီး သေဆုံးသွားသည့် စစ်သားများအတွက် ၀မ်းနည်ဖွယ်နေ့ကို ၃ ရက် သတ်မှတ်ခဲ့သည်။
ဗုံးခွဲတိုက်ခိုက်မှုတွင် ၂၈ ဦး ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ အခြေအနေဆိုးရွားနေကြသည်ဟု သိရသည်။
ref_ Al Jazeera and agencies








