အောက်တိုဘာ ၂၅ ၊ ၂၀၁၄
M-Media

– လီဗာပူးလ်တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီမှာ အမျိုးသမီးတစ်ဦးအား ခြိမ်းခြောက် ပြောဆိုမှုဖြင့် မန်ချက်စတာရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆးမှုကို ခံနေရသည်ဟု သိရသည်။
ဘာလော့တယ်လီမှာ မန်ချက်စတာမြို့ရှိ Wythenshawe ဒေသတွင် အီတလီမှ သယ်ဆောင်လာသော ၎င်း၏ ပေါင် ၂၄၀၀၀ တန် ဖာရာရီကားအား ဓာတ်ပုံမရိုက်ရန် အမျိုးသမီးတစ်ဦးအား သွားရောက်ပြောကြားရာမှ ခြိမ်းခြောက်သော စကားလုံးများကို သုံးစွဲခဲ့ခြင်းဖြစ်သည်။
ခြိမ်းခြောက်ခံရသည့် အမျိုးသမီးက ၎င်း၏သမီးဖြစ်သူမှာ ဘာလော့တယ်လီ၏ ကားကို ဓာတ်ပုံရိုက်ရာတွင် ဘာလော့တယ်လီမှာ အရှေ့သို့ တိုးလာကာ ယခုကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
မန်ချက်စတာရဲတပ်ဖွဲ့က မိမိတို့အနေဖြင့် တိုင်ကြားမှုကို ရရှိသောကြောင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့ပြီး လီဗာပူးလ်အသင်းကမူ အကြောင်းအရာအပြည့်အစုံကို မသိရှိမီ မည်သည့်မှတ်ချက်မှ ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။
ref_ The Mirror

Leave a Reply
You must be logged in to post a comment.