News @ M-Media

Blog

  • အီဘိုလာ အန္တရာယ် ဥရောပနှင့် အမေရိကန်တို့ကိုပါ ခြိမ်းခြောက်လာ

    အီဘိုလာ အန္တရာယ် ဥရောပနှင့် အမေရိကန်တို့ကိုပါ ခြိမ်းခြောက်လာ

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media
    afp-us-warns-ebola-could-become-next-aids-amid-fears-for-spanish-nurse-1
    – စပိန်တွင် အီဘိုလာကူးစက်ခံနေရသူ သူနာပြု တစ်ဦး၏ အခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင်ရှိနေပြီး၊ မက်ဆီဒိုးနီးယားတွင်လည်း အီဘိုလာ ရောဂါ လက္ခဏာဖြင့် ဗြိတိန်နိုင်ငံသား တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အသက် ၄၄ နှစ်အရွယ် စပိန်သူနာပြု ရိုမဲရိုမှာ အီဘိုလာ ကူးစက်သည့် လူနာ ၂ ဦးကို ပြုစုခဲ့ပြီးနောက်ပိုင်း ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး မက်ဒရစ်တွင် သီးသန့်ခွဲထားက ကုသမှုများ ပြုလုပ်နေသော်လည်း အခြေအနေ ဆိုးရွားနေသည်ဟု မက်ဒရစ်မြို့ အုပ်ချုပ်ရေးမှူးက ပါလီမန်တွင်ပြောကြားခဲ့သည်။

    ခင်ပွန်း၊ လုပ်ဖော်ကိုင်ဖက်များ အပါအ၀င် ရိုမဲရိုနှင့် နီးစပ်သူ ၁၃ ယောက်ကို သီးသန့်ခွဲထားကာ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နေပြီး အခြား လူ ၅၀ ကိုလည်း စပိန် ကျန်းမာရေး တာဝန်ရှိသူများက စောင့်ကြည့်လျက်ရှိနေသည်။

    europe-comes-to-terms-data
    လန်ဒန်မြို့မှ အောက်တိုဘာ ၂ ရက်နေ့တွင် ရောက်ရှိလာပြီး မက်ဆီဒိုနီးယားနိုင်ငံ စကော့ပ်ဂျီရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသည့် ဗြိတိန်နိုင်ငံသားတစ်ဦးမှာလည်း အီဘိုလာ ရောဂါလက္ခဏာများဖြစ်သည့် အဖျား၊ ပျို့အန်ခြင်းနှင့် ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အောက်တိုဘာ ၉ ရက်နေ့က ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး နာရီအနည်းငယ်အကြာတွင် သေဆုံးခဲ့သည်ဟု မက်ဆီဒိုးနီးယား ကျန်းမာရေး တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတည်းခိုသည့် ဟိုတယ်အား ချိတ်ပိတ်လိုက်ပြီး အခြားဗြိတိန်နိုင်ငံသားတစ်ဦးနှင့် ဟိုတယ်ဝန်ထမ်းများအား စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေသည်။

    အီဘိုလာကြောင့် နောက်ဆုံးသေဆုံးခဲ့ရသည့် လူနာမှာ အမေရိကန်မှ သောမတ်စ် အဲရစ် ဒန်ကန်ဖြစ်ပြီး ၎င်းသေဆုံးပြီးနောက် အမေရိကန်အစိုးရက အတ္တလန်တာ၊ ချီကာဂို၊ နယူးဂျာစီ၊ နယူးယောက်နှင့် ၀ါရှင်တန်ရှိ အဓိကလေဆိပ်များတွင် စောင့်ကြည့်မှုများ ပိုမို ပြုလုပ်ရန် ဆောင်ရွက်ခဲ့သည်။

    အင်္ဂလန်တွင်လည်း အီဘိုလာနှင့်ပတ်သက်၍ သတိပေးမှုများကို ပြုလုပ်ထားပြီး အဓိကလေဆိပ်များတွင် စောင့်ကြည့်မှုများ ပိုမိုဆောင်ရွက်နေသည်။

    ref_ RT,AFP

  • ဆန်မာရီနိုနှင့် ပွဲတွင် အင်္ဂလန်မှာ ဂိုးပို ရသင့်သည်ဟု နည်းပြပြော

    ဆန်မာရီနိုနှင့် ပွဲတွင် အင်္ဂလန်မှာ ဂိုးပို ရသင့်သည်ဟု နည်းပြပြော

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media
    466858_heroa
    – ယမန်နေ့ညက ကစားခဲ့သော ယူရို ၂၀၁၈ ခြေစစ်ပွဲတွင် ဆန်မာရီနိုအား အနိုင်ရရှိခြင်းအား ကျနပ်မိသော်လည်း မိမိတို့အနေဖြင့် ယခုထက်ပို၍ ဂိုးရသင့်သည်ဟု အင်္ဂလန်နည်းပြ ရွိုင် ဟဒ်ဆန်က ပြောကြားလိုက်သည်။

    တစ်ပွဲလုံး ခြေအသာဖြင့် ကစားနိုင်ခဲ့သည့် အင်္ဂလန်မှာ ထိုပွဲတွင် ကမ္ဘာ့အဆင့် ၂၀၈ မှ ဆန်မာရီနိုအား ရူနီ၊ ၀ဲလ်ဘတ်၊ တောင်ဆန်နှင့် ဖီလ် ဂျာဂျီလ်ကာတို့၏ ဂိုးများဖြင့် ၅ ဂိုး ပြတ်အနိုင်ရခဲ့သည်။

    နည်းပြ ဟဒ်ဆန်ကမူ ကစားသမားများ၏ ကြိုးစားမှုကို ကျေနပ်နေသည်။

    “ကျွန်တော်အထင်အကြီးဆုံးအရာတစ်ခုကတော့ ဘောလုံးဆုံးရှုံးသွားတဲ့အခါ ကျွန်တော်တို့အသင်းက ၃၊ ၄ ယောက်လောက် ဘောလုံးပြန်ရအောင် ကြိုးစားကြတာပါပဲ။ သိပ်ကောင်းတဲ့ပွဲပါပဲ။ ပရိတ်သတ်တွေကလည်း သိပ်ကို အံ့သြစရာပါပဲ။ ပျော်ရွှင်စရာကောင်းတဲ့ ညတစ်ညကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ပြီးတော့ တိုက်စစ်အားပြု ကစားဟန်ကိုလည်း တွေ့ခဲ့ရပါတယ်။ ဂိုးပိုရနိုင်ပေမယ့် ကစားသမားတွေကိုတော့ ကျွန်တော် အပြစ်မတင်ချင်ပါဘူး” ဟု ဟဒ်ဆန်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    ဟဒ်ဆန်မှာ အင်္ဂလန်အသင်းသို့ စတင်ရောက်ရှိလာပြီးနောက် အင်္ဂလန်အား လူငယ်သွေးသစ်များဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ သို့သော်လည်း ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်းမရှိဘဲ ဘရာဇီးလ်ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

  • ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ အကြောင်း အပြန်အလှန် ဆွေးနွေးခန်း

    ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ အကြောင်း အပြန်အလှန် ဆွေးနွေးခန်း

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    1982 copy
    ၂၀၁၄ အောက်တိုဘာ ၁၀ ရက် BBC ရဲ့ မြန်မာအရေး ကမ္ဘာ့အရေး အစီအစဉ်မှာ ထုတ်လွှင့်ခဲ့တာပါ။

    ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် အမတ် ဦးရွှေမောင်၊ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် နဲ့ စစ်တွေ မြို့မှ ဦးသန်းထွန်းတို့  အပြန်အလှန်ဆွေးနွေးထားမှုတွေ ဖြစ်ပါတယ်။

    အသံဖိုင် Download လုပ်လိုလျှင်
    File Size 7.84 MB
    Link=> http://goo.gl/bAJxq3

    အသံဖိုင်ကို ပြည်သူ့ လွှတ်တော်အမတ် ဦးရွှေမောင်၏ Facebook စာမျက်နှာမှ ရယူပါသည်။

  • တောင်ကြီးမှာ ဖမ်းခံထားရတဲ့ မွတ်စလင်၂၀ဦး အကြောင်း ၄င်းတို့ ရှေ့နေနှင့်တွေ့ဆုံခန်း

    တောင်ကြီးမှာ ဖမ်းခံထားရတဲ့ မွတ်စလင်၂၀ဦး အကြောင်း ၄င်းတို့ ရှေ့နေနှင့်တွေ့ဆုံခန်း

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    DVB မှ တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
    daw-khin-moe-moe
    အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်သည်ဟု သံသယရှိသူများအမှု ရှေ့နေဖြစ်သူကိုမေးမြန်းချက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတကာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့ လူ ၂၀ အနက် ၃ ဦးပဲ ဖြောင့်ချက်ပေးထားပေမယ့် ၀န်ခံထားတာတော့မဟုတ်ဘူးလို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

    တရားစီရင်နေချိန်မှာ ရဲတပ်ဖွဲ့က ဒီလူတွေ ပြစ်ဒဏ်ကျုးလွန်ထားတာ ခိုင်လုံတယ်လို ထုတ်ပြောဖို့ မသင့်ဘူးလို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုး က အောက်တိုဘာ ၁၀ရက်က ဒီဗွီဘီကို ပြောပါ တယ်။

    အသံဖိုင် နားထောင်ဖို့ အခက်အခဲရှိသူတွေ အတွက် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးပြောကြားချက်တွေ အကျဉ်းချုံးပြီး ရေးသားဖော်ပြပေးလိုက်ပါတယ်

    အစ္စလာမ်ဘာာဝင် လူ ၂၀ ကို ၄-၈-၂၀၁၄ ကတည်းက ဖမ်းထားခြင်းဖြစ်

    ကွန်ဟိန်းမှာ မင်္ဂလာဆောင်သွားသော အဖွဲ့ကို ဖမ်းခြင်းဖြစ်

    ယခု ခရိုင်တရားရုံးတွင် စွဲချက်တင်တဲ့အဆင့်ရောက်နေ၊

    ဘာသာရေး အမှု မဟုတ်၊ စွဲချက်တဲ့အမှုများမှာ ၅(ည)၊ ၅(ဌ)

    အမျိုသမီး ၄ ဦး အမျိုးသား ၁၆ ဦး ပါဝင်၊

    ကျောက်ဆည် လက်ပံ့ရွာက ၆ ယောက်ပါဝင်၊ ကွန်ဟိန်းမင်္ဂလာဆောင်ကိုသွားတဲ့ တောင်ကြီးမြို့နေ ၁၃ ဦး၊ နေပြည်တော်မှ ၁ ဦး ပါဝင်

    ရဲချူပ်က RFA အင်တာဗျူးမှာ ဒီလူတွေ အမှုကခိုင်လုံကြောင်းပြော၊ ဒါဟာ တရားစီရင်ရေး မပြီးဆုံးခင်မှာ ဒီလို လက်လွတ်စပါယ်မပြောသင့်ကြောင်း၊

    သတို့သားဘက်မှ အဖေ၊ အမေ မိသားစု အားလုံးဖမ်းခံရတဲ့ အထဲမှာပါကြောင်း၊

    စွပ်စွဲ ဖမ်းခံရသူတွေမှာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တဲ့ အပေါ် သတင်းတွေ မပြန့်အောင် မိမိတို့ ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ခဲ့၊

    သာမာန် နိုင်ငံရေး ပုဒ်မကို ဘာသာရေး အသွင်မဖြစ်စေချင်၊ ဒါပေမယ့် တနေ့က ရဲချူပ် ဦးထွဋ်ခေါင်ရဲ့ အင်တာဗျူးမှာ ဒီလူတွေက တကယ်ကို ဝန်ခံထားပြီးကြောင်း၊ ဒိလူတွေတကယ်လို လုပ်ထားပြီးကြောင်း၊ ပြောတယ်ဆိုတာ မိမိသိရ၊

    ဒီလူတွေက ဝန်ခံထားတာ မရှိကြောင်း၊ လူ ၂၀ မှာ ဖြောင့်ချက်ပေးတာ ၃ ယောက်သာပါကြောင်း၊ ဖြောင့်ချက်ပေးတယ်ဆိုတာ ဝန်ခံတာ မဟုတ်ကြောင်း၊ ဖြောင့်ချက်ဆိုတာလဲ တရားဥပဒေပိုင်းမှ တရားမျှတအောင် ကြိုးစားရမှာဖြစ်ကြောင်း၊

    ဆရာဝန် ဆေးစစ်ချက်တွေ အရ ဒီလူတွေထဲမှာ သတို့သားရဲ့ တူတော်သူ ၁၇ နှစ် အ၇ွယ် အသက်မပြည့်သေးတူ တယောက်ပါကြောင်း၊

    တကယ်တကယ် အဓိက တရားခံလို့ ပြောတဲ့ မွဖ်သီအာရစ်ဆိုသူက ထွက်ပြေးသွားပြီဖြစ်ကြောင်း၊

    အဲဒီလူက ဗလီမှာ ဂျီဟတ် တရားတွေ ဟောတယ်လို့ တဖက်က စွပ်စွဲကြောင်း၊ မိမိတို့လဲ မသိလိုက်ကြောင်း

    အခု စွပ်စွဲခံထားရတဲ့ လူ ၂၀ က အဆိုပါ တရားကိုနားထောင်ရတဲ့လူတွေ မဟုတ်ကြောင်း၊ သံသယ တရားခံတွေသာဖြစ်ကြောင်း၊

    အခု စွဲထားတဲ့ ၅(ဌ) ဆိုတာ ပေါက်ကွဲစေတတ်တဲ့ အမှုဖြစ်ကြောင်း၊ သူတို့ဆီက ဘာလက်နက်၊ ဘာစာရွက်စာတမ်းမှ လဲ မမိကြောင်း၊ ဒါမိမိဘက်လိုက်ပြီးပြောတာ မဟုတ်ကြောင်း၊

    တောင်ကြီးက ဖမ်းခံထားရတဲ့ လူ ၁၂ ယောက်က တောင်ကြီးမှာ နှစ်ပေါင်းများစွာ အခြေတကျနေလာသူတွေဖြစ်ကြောင်း၊

    ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ပြနိုင်ရင်ကောင်းပါကြောင်း၊

    မိမိတို့လဲ အကြမ်းဖက်အဖွဲ့အစည်းကို အားမပေးကြောင်း၊

    အခု ဖမ်းခံရတဲ့ တောင်ကြီးကလူတွေ က ဘာသာက အစ္စလာမ်ကိုးကွယ်ပေမယ် တိုင်းရင်းသားတွေဖြစ်ကြောင်း၊

     

    အသံဖိုင် Download ယူလိုလျှင် Click here

    File Size 8.2 MB

  • ဖာဂူဆန်အား ခွင့်မလွှတ်ဟု မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဆို

    ဖာဂူဆန်အား ခွင့်မလွှတ်ဟု မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဆို

    အောက်တိုဘာ ၁၀ ၊ ၂၀၁၄
    M-Media
    463346_heroa
    – မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဖာဂူဆန်၏ ဝေဖန်မှုများအတွက် ၎င်းအား မည်သည့်အချိန်မှ ခွင့်မလွှတ်ဟု ပြောကြားခဲ့သည်။

    ဖာဂူဆန်မှာ ၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့သော ၎င်း၏ ကိုယ်ပိုင်ရေးအထုပ္ပတ္တိတွင် ရွိုင်ကိန်းအား အလွန်အကျွံဝေဖန်ခဲ့ပြီး မန်ယူအသင်းတွင်ကစားခဲ့သည့် နောက်ဆုံးနှစ် များတွင် ရွိုင်ကိန်းမှာ ဗိုလ်ကျသူတစ်ဦး ဖြစ်ခဲ့သည်ဟု ရေးသားခဲ့သည်။

    သို့သော်လည်း ရွိုင်ကိန်းကမူ ဖာဂူဆန်၏ ထိုဝေဖန်မှုများကို ငြင်းဆန်ခဲ့ပြီး ဖာဂူဆန်အား ခွင့်လွှတ်မည်လားဟု မေးမြန်းရာ

    “မသေချာပါဘူး။ ဘောလုံးလောကဟာ ကျဉ်းကျဉ်းလေးပါ။ ဒီထဲကလူတွေနဲ့ ပြန်တွေ့ရဦးမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ၂၀၀၅ ခုနှစ် မန်ယူမှ မထွက်ခွာမီ ရွိုင်ကိန်းမှာ နည်းပြဖာဂူဆန်နှင့် အကြီးအကျယ်ပြဿနာတက်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ဝေခဲ့သည့် ရွိုင်ကိန်း၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိတွင် ရွိုင်းကိန်းမှာ ဖာဂူဆန်အား ရိုင်းစိုင်းသော စကားလုံးဖြင့် ခေါ်ဝေါ်သမုတ်ထားသည်။