News @ M-Media

Blog

  • အီဘိုလာပြန့်နှံ့မှုမှာ လျော့နည်းခြင်း မရှိဘဲ အနောက် အာဖရိကအား ခြိမ်းခြောက်နေသည်ဟု WHO ဆို

    အီဘိုလာပြန့်နှံ့မှုမှာ လျော့နည်းခြင်း မရှိဘဲ အနောက် အာဖရိကအား ခြိမ်းခြောက်နေသည်ဟု WHO ဆို

    အောက်တိုဘာ ၁၀၊ ၂၀၁၄
    M-Media
    0,,17862389_303,00
    – လူပေါင်း ၄ ထောင်နီးပါး သေဆုံးခဲ့ရသည့် အီဘိုလာ ဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုမှာ လျော့နည်းခြင်း မရှိသေးဘဲ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ နည်းပါသည့် အနောက်အာဖရိက နိုင်ငံများကို ခြိမ်းခြောက်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    လိုက်ဘေးရီးယားနှင့် ဆီရာလီယွန်နိုင်ငံတို့မှာ အီဘိုလာ ဗိုင်းရပ်စ်ပိုး အဆိုးရွာဆုံး ပြန့်နှံ့နေသည့် နိုင်ငံများဖြစ်ပြီး ကူးစက်သူဦးရေမှာ အောက်တိုဘာ ၅ ရက်နေ့အထိ ၈၀၃၃ ဦး ရှိနေပြီဟု WHO ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

    “ဂီနီ၊ လိုက်ဘေးရီးယား၊ ဆီရာလီယွန် နိုင်ငံတွေရဲ့ အခြေအနေက ဆက်လက်ဆိုးရွားနေပြီး အီဘိုလာပြန့်နှံ့မှုဟာလည်း အများအပြား ဖြစ်ပွားနေပါတယ်။ အနောက်အာဖရိကမှာ ဒီကပ်ရောဂါကို ထိန်းချုပ်နိုင်အောင် လုပ်နေတဲ့ဆိုတဲ့ အထောက်အထားမျိုးတွေလည်း မရှိပါဘူး” ဟု ဖြော်ပထားသည်။

    အမေရိကန်ရှိ အီဘိုလာ ကူးစက်နေသော လိုက်ဘေးရီးယားနိုင်ငံသား တစ်ဦးမှာလည်း ယမန်နေ့တွင် သေဆုံးသွားခဲ့သည်။ ထို့ပြင် စပိန်တွင် အီဘိုလာကူးစက်နေသည့် သူနာပြုတစ်ဦး အပါအ၀င် သံသယရှိသူ ၁၀ ဦးခန့်ကို စောင့်ကြည့်လျက်ရှိနေသည်။ သြစတေးလျတွင်လည်း ဆီရာလီယွန်မှ ပြန်လာသူတစ်ဦးကို အီဘိုလာသံသယဖြင့် သီးသန့်ခွဲထားကာ စောင့်ကြည့်မှုများ ပြုလုပ်နေသည်။

    WHO ကမူ အီဘိုလာရောဂါပိုး ပြန့်နှံ့နေသည့် နိုင်ငံများ၏ ပတ်ဝန်းကျင်နိုင်ငံများမှာ အီဘိုလာ အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားရန် တိုက်တွန်းခဲ့သည်။

    ref_  Al Jazeera and agencies

  • ပဲခူးမြို့ ညောင်ဝိုင်း အင်းကြီး ကျေးရွာမှ အီးဒ်နေ့ အထိမ်းအမှတ် ဆေးအလှူ

    အောက်တိုဘာ ၁၀ ၊ ၂၀၁၄
    M-Media
    သတင်း-သူရိန်
    10695072_4882984608685_782124245_n
    ပဲခူး။    ။ အစ္စလာမ် ဘာသာဝင်များ၏  အီးဒ်ပွဲတော်(အီးဒ်ဒွလ်အသွဟာ )နေ့ အထိမ်းအမှတ်  အဖြစ် ကျန်းမာရေး စောင့်ရှောက်မှု အလှူ တရပ်ကို အောက်တိုဘာလ (၉) ရက်နေ့က ပဲခူးမြို့ ညောင်ဝိုင်း အင်းကြီးကျေးရွာတွင် ပြုလုပ်ခဲ့ ကြောင်းသိရပါတယ်။

    အဆိုပါ အစီအစဉ်ကို မြန်မာမွတ်စလင်မ်ပညာရေးနှင့် ငြိမ်းချမ်းရေး ကော်မတီမှ ကြီးမှူးစီစဉ်ခြင်းဖြစ်ပြီး ဘာသာပေါင်းစုံမှ ပရဟိတ ညီအစ်ကို မောင်နှမများက ပူးပေါင်းပါဝင် လှူဒါန်းခြင်းလည်းဖြစ်ပါတယ်။

    ညောင်ဝိုင်းအင်းကြီးကျေးရွာတွင် လူပေါင်း၂၅၀ကျော်ကို ဆေးကုသပြီး လိုအပ်သည့် ဆေးဝါးအကူအညီများလည်း ပေးခဲ့ကြောင်းသိရပါတယ်။

    “အီးဒ်ပွဲတော် အထိမ်းအမှတ်အနေနဲ့ အလှူဆိုပြီးလုပ်တာပါ။ အီးဒ်နေ့မှာ ဒီလိုပရဟိတ လုပ်ငန်းမျိုးတွေလုပ်တာလည်း ဖြစ်ပါတယ် “ဟု ရွှေပါရမီမေတ္တာဆေးခန်းမှ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

    အဆိုပါပွဲကို စီစဉ်သော ပရဟိတ အဖွဲ့အစည်းသည် ပဲခူးမြို့နယ်အတွင်း သွေးလှူဒါန်းခြင်း ကျန်းမာရေးချို့တဲ့သော ဝေဒနာရှင်များ အတွက် အောက်ဆီဂျင် အခမဲ့လှူဒါန်းခြင်း ပညာသင်စရိတ်များ ထောက်ပံ့ခြင်းများ အပြင် မကြာခင်က ပဲခူးမြို့ရေဘေးသင့်ရာတွင် ရေသန့်လှူဒါန်းခြင်းနှင့် ရေဘေးသင့်ပြည်သူများကို ကူညီစောင့်ရှောက်ရာတွင် တက်ကြွစွာဆောင်ရွက်ခဲ့သော အဖွဲ့ တစ်ခုလည်းဖြစ်ကြောင်း သိရှိရပါတယ်။

  • အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ် ဒဏ်ရာကြောင့်  နှစ်ကုန်အထိ နားရမည်

    အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ် ဒဏ်ရာကြောင့် နှစ်ကုန်အထိ နားရမည်

    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media
    466249_heroa
    – အာဆင်နယ်အသင်း၏ အားထားရသော ကွင်းလယ်လူ မီဆုအိုဇေးလ်မှာ ဒူးအရွတ်စုတ်ပြဲသည့် ဒဏ်ရာကြောင့် ယခုနှစ်ကုန်အထိ အနားယူရမည်ဟု သိရသည်။

    ဂျာမနီအသင်းနှင့် ယမန်နေ့က လေ့ကျင့်မှုများ ပြုလုပ်နေစဉ် ဒဏ်ရာရရှိခဲ့သောကြောင့် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဂျာမန်ဘောလုံးအဖွဲ့ချုပ်က အိုဇေးလ်မှာ ၁၀ ပတ်မှ ၁၂ ပတ်အထိ အနားယူရမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း အဆင်နယ်ကမူ မိမိတို့အနေဖြင့် စစ်ဆေးမှုများကို ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး အိုဇေးလ်မည်မျှ အနားယူရမည်ကို မပြောနိုင်သေးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    အိုဇေးလ်မှာ ယခင်ကလည်း ထိုဒဏ်ရာကို ခံစားခဲ့ရဖူပြီး လက်ရှိတွင် ခွဲစိတ်ကုသမှုများ ပြုလုပ်မည့်အစီအစဉ် မရှိသေးပေ။

    အာဆင်နယ်တွင် အားထားရသည့် ကစားသမားများဖြစ်သည့် ဂျီရောဒ့်၊ ရမ်ဆေး၊ အာတီတာ၊ ဝေါကော့တို့မှာ ဒဏ်ရာများကြောင့် အနားယူနေရပြီး အိုဇေးလ်၏ ဒဏ်ရာရရှိမှုက အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးအတွက် ထိုးနှက်ချက် တစ်ခု ဖြစ်လာမည်ဖြစ်သည်။

  • အစ္စလာမ့် တန်ဖိုးကို ထိခိုက်စေသည့် ဘီယာပွဲတော်ကို ပိတ်ပင်ရန် မလေးမွတ်စလင် အဖွဲ့အစည်းများ တောင်းဆို

    အစ္စလာမ့် တန်ဖိုးကို ထိခိုက်စေသည့် ဘီယာပွဲတော်ကို ပိတ်ပင်ရန် မလေးမွတ်စလင် အဖွဲ့အစည်းများ တောင်းဆို

    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media
    08-10-14_Malaysia-Muslims-Want-Beer-Festival-Banned
    – အစ္စလာမ်၏ အမှတ်သညာကို ထိန်းသိမ်းရန်ရည်ရွယ်၍ မလေးရှား မွတ်စလင်အဖွဲ့များက ဘီယာပွဲတော်ကျင်းပရန် စီစဉ်ထားမှုကို ပိတ်ပင်ရန် တောင်းဆိုလိုက်ပြီး ထိုပွဲတော်က မွတ်စလင်များ၏ ဘာသာရေးဆိုင်ရာ ယုံကြည်မှုကို ထိခိုက်စေသည်ဟု ပြောကြားလိုက်သည်။

    Oktberfest ဟုအမည်ပေးထားသည့် အဆိုပါ ဘီယာပွဲတော်ကို မလေးရှား၏ အချမ်းသာဆုံးနှင့် လူနေအထူထပ်ဆုံး ဆီလန်ဂေါပြည်နယ်တွင် ယခုလနှောင်းပိုင်း၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။

    “ဆိုးရွားတဲ့အကြောင်းအရင်းနဲ့ မကျေနပ်ရတဲ့အချက်ကတော့ ဘီယာပွဲတော်ကို အစ္စလာမ်ဘာသာဝင်တွေ ဟဂ်ျကျင့်စဉ်နဲ့ ကုရ်ဘာနီစွန့်လှူမှုကို ပြုလုပ်တဲ့ ဇွလ်ဟစ်ဂျဟ်လမှ ကျင်းပပြုလုပ်လို့ ဖြစ်ပါတယ်။ ဒီပွဲတော်နဲ့ ပတ်သက်လို့ ကျွန်တော်တို့မှာ ဘာပြဿနာမှမရှိပါဘူး။ ဒါပေမယ့် မွတ်စလင်လူများစုရဲ့ ယဉ်ကျေးမှုနဲ့ သိမ်မွေ့နူးညံ့မှုကိုတော့ သတိပြု ကျင်းပဖို့ လိုပါလိမ့်မယ်” ဟု ဆီလန်ဂေါမြို့နယ် Ikatan Kebajikan dan Dakwah အဖွဲ့မှ ဥက္ကဌ ရိုစ့်ဒီ လွန်၏ ပြောကြားမှုကို Malay Mail သတင်းစာက အောက်တိုဘာ ၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။

    အဆိုပါ ဘီယာပွဲတော်ကျင်းပမည့် ကြော်ငြာဆိုင်းဘုတ်များကိုလည်း မလေးမွတ်စလင် အဖွဲ့အစည်းများမှ ကန့်ကွက်ခဲ့ပြီး အာဏာရပါတီ UMNO မှ နူဟ် အိုမာရ်ကမူ ထိုဆိုင်းဘုတ်များကို ဖယ်ရှားရန် ဆီလန်ဂေါ အုပ်ချုပ်ရေးမှူး မန်တာရီ ဘာဆာရန် အဇ်မင် ကို တိုက်တွန်းခဲ့သည်။

    မလေးရှားရှိ ဥပဒေရေးရာ ကျွမ်းကျင်သူများကလည်း အဆိုပါ ဘီယာပွဲတော်မှာ နိုင်ငံ၏ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်နေသည်ဟု သတိပေးခဲ့ပြီး၊ အခြေခံဥပဒေတွင် အရက်ပွဲတော်များအား လူမြင်ကွင်းတွင် ကျင်းပခွင့်မပေးထားဟု ပြောကြားခဲ့သည်။

    “လွတ်လပ်စွာ စုရုံးခွင့် ၂၀၁၂ အက်ဥပဒေအရ လူမြင်ကွင်းမှာ ဒါမျိုးတွေလုပ်မယ်ဆိုရင် ပွဲကျင်းပမယ့်သူဟာ ကျင်းပခွင့် ပါမစ် ယူရပါမယ်။ ဒါပေမယ့် ဒီ(အရက်ပွဲတော်လို) ကိစ္စမျိုးဆိုရင်တော့ ပါမစ်ထုတ်ပေးမှာ မဟုတ်ပါဘူး။ ဒါဟာ အခြေခံဥပဒေကို ချိုးဖောက်နေလို့ပါ” ဟု Kebangsaan Malaysia တက္ကသိုလ်မှ ဥပဒေရေးရာ ပါမောက္ခ ဒါတင် နူရ် အဇီယဟ် မိုဟာမက် အောင်ဝလ်က ပြောကြားခဲ့သည်။

    အဆိုပါဘီယာပွဲတော်နှင့် ပတ်သက်၍ အခြားသော မွတ်စလင်အဖွဲ့အစည်းများဖြစ်သည့် Isma၊ PAS တို့ကလည်း ဝေဖန်ခဲ့ကြသည်။ သို့သော်လည်း အစ္စလာမ်ဘာသာဝင် မဟုတ်သူများ၏ အခွင့်အရေးကို နားလည်သည်ဟုလည်း ၎င်းတို့က ဆိုသည်။

    “အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့သူတွေ ယမကာသောက်သုံးခွင့်ကို ငြင်းပယ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့ နိုင်ငံမျိုးမှာ ဒီအခွင့်အရေးကို ကိုယ်တိုင်ရယူတာမျိုးပဲဖြစ်သင့်ပြီး၊ ဒီလိုပုံစံမျိုးနဲ့ အထိမ်းအမှတ်ပွဲတော်တွေလုပ်တာ အရက်သောက်သုံးဖို့ လှုံ့ဆော်တာမျိုးတွေတော့ မဖြစ်သင့်ပါဘူး” ဟု လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် နတ်စရူဒင်က ပြောကြားခဲ့သည်။

    ref_ OnIslam

  • လိပ်ကျွန်းလူသတ်မှု ထိုင်းရဲတပ်ဖွဲ့ အပေါ် ယုံကြည်မှု ပျက်ပြားစေခဲ့ပြီလား

    လိပ်ကျွန်းလူသတ်မှု ထိုင်းရဲတပ်ဖွဲ့ အပေါ် ယုံကြည်မှု ပျက်ပြားစေခဲ့ပြီလား

    အောက်တိုဘာ ၉ ၊ ၂၀၁၄
    M-Media
    1412327208126_wps_44_epa04429324_Thai_police_o
    လိပ်ကျွန်းမှ လူသတ်မှုအတွက် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း အလှည့်အပြောင်းများစွာ ဖြစ်ခဲ့ပြီးနောက် နောက်ဆုံးတွင် ရဲတပ်ဖွဲ့က မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သား ၂ ဦးအား တရားခံအဖြစ် ဖမ်းဆီးလိုက်၏။ သို့သော်လည်း အများစုကမူ ထိုမြန်မာနှစ်ဦးမှာ ဓားစာခံများသာဖြစ်သည်ဟု ယုံကြည်ကြလေသည်။

    ထိုအမှုအတွက် ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင် အပြစ်တင်ခံကြရသည်။ ရဲတပ်ဖွဲ့အပေါ် ပြည်သူများက ယုံကြည်မှုကင်းမဲ့ခြင်းမှာ နိုင်ငံတကာ မျက်နှာစာတွင် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရသည့် ထိုအမှုအား ကိုင်တွယ်မူလျော့ရဲခဲ့ခြင်း တစ်ခုတည်းကြောင့်သာ မဟုတ်။ အရာရာကို ငွေဖြင့်ဝယ်ယူ၍ ရနေသည့် ထိုင်းဓနရှင်ရာဇ၀တ်ကောင်များအား ကာကွယ်ပေးရန် အင်အားနည်းသူများကို ထိုင်းရဲတပ်ဖွဲ့က ဓားစားခံအဖြစ် အသုံးချသည်ဟူသော ယခင်ကတည်းက ရှိနေသည့် နာမည်ဆိုးကြောင့်လည်း ဖြစ်လေ၏။

    ထိုင်းတရားရေး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ထိုင်းနိုင်ငံအတွင်းရှိ အကျဉ်းထောင်များ ထဲတွင်ရှိသော တရားခံတစ်ဝက်ခန့်မှာ ဓားစားခံများသာ ဖြစ်ကြသည်ဟု တစ်ခါက ထိုင်း TV  တစ်ခုနှင့် အင်တာဗျူးတွင် ဖွင့်ဟခဲ့ဖူးသည်။

    လိပ်ကျွန်းမှာ ရေကြိုက်သူများ၏ သုခဘုံဟု တင်စားခြင်းခံရသည့် ကျွန်းဖြစ်သည်။ မြင်မကောင်းအောင် ရိုက်နှက် ထုထောင်းခံရကာ သေဆုံးနေသည့် ဟန်နာ ၀ှိုက်ရစ်ဂ်ျနှင့် ဒေးဗစ်မီလာတို့၏ အလောင်းကို ဆိုင်းရီး ကမ်းခြေတွင် တွေ့ရှိလိုက်သည့် အခါတွင်တော့ ထိုင်းရဲ တပ်ဖွဲ့အနေနှင့် တရားခံကို ဖမ်းမိနိုင်မည်လား၊ ကမ္ဘာ့လှည် ခရီးသွားများ လာရောက်ရာ နေရာတစ်ခုကို ပိုင်ဆိုင်ထားသည့် ထိုင်းနိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ယုံကြည်မှုကို ပြန်လည် ရယူနိုင် မလားဆိုသည်ကို တစ်ကမ္ဘာလုံးက မျက်လုံးဒေါက်ထောက်ကြည့်နေတော့၏။

    ထိုင်းရဲတပ်ဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှု မရှိခြင်းကို တစ်ကမ္ဘာလုံး လက်ညှိုးထိုးကြသည်။

    ပြဿနာဖြစ်သည့် ပထမဆုံးနေ့ကပင် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို ရှုပ်ပွစေခဲ့သည်။ အဓိက အထောက်အထားများကို ဖျက်ဆီးခဲ့သည်။ နောက်ပိုင်းတွင် စိတ်ဝင်စားစရာကောင်းသည့် သံသယရှိသူများကို မီဒီယာများသို့ မိတ်ဆက်ခဲ့၏။ ထိုသူများ၏ လူမှုဘ၀ မည်ကဲ့သို့ ထိခိုက်မည်ကိုတော့ ထည့်သွင်း စဉ်းစားခဲ့ခြင်းမရှိခဲ့။

    လူမျိုးရေးဆိုင်ရာ တင်ကူး မှန်းဆမှုနှင့် အကာကွယ်မဲ့မှုတို့ကြောင့် ရွှေ့ပြောင်းလုပ်သားများက ရဲတပ်ဖွဲ့၏ ပစ်မှတ်ဖြစ်လာသည်။ သို့သော်လည်း နောက်ပိုင်းတွင် ပျောက်သွား၏။

    ထို့နောက် လိင်တူစိတ်ဝင်စားသူ မီလာ၏ အခန်းဖော်က မနာလိုသည့်အတွက် မီလာတို့ နှစ်ယောက်စလုံးအား သတ်ပစ်ခဲ့သည်ဟူသော ယူဆချက်ကို ရဲတပ်ဖွဲ့ ပွဲထုတ်ခဲ့ပြန်သည်။

    မီလာ၏ ခရီးဆောင်အိတ်ထဲတွင် သွေးပေနေသော အင်္ကျီ ၂ ထည် တွေ့ရခြင်းနှင့် ၀ှိုက်ရစ်ခ်ျ၏ လက်တွင် အရောင်ဖျော့သည့် ဆံပင်တစ်ချို့ကို တွေ့ရှိရခြင်းကြောင့် ထိုယူဆချက်က ခိုင်မာလာလေသည်။ သို့သော်လည်း သွေးပေနေသည့် အင်္ကျီက ရွှံ့ပေနေသည့် အင်္ကျီအဖြစ် အသွင်းပြောင်းသွားပြီးနောက် မီလာ၏ အခန်းဖော် လိင်တူ စိတ်ဝင်သူမှာ ပြစ်မှုကျူးလွန်ဖွယ်ရှိသည်ဆိုသည့် ယူဆချက်လည်း ပျောက်သွားသည်။ ၀ှိုက်ရစ်ခ်ျ၏ လက်ထဲမှ ဆံပင် အထွေးလိုက် ကိစ္စကိုတော့ ရဲတပ်ဖွဲ့က ဟပင် မဟခဲ့။

    လူသတ်မှုဖြစ်ပွားခဲ့သည့်ညတွင် ၀ှိုက်ရစ်ခ်ျအား ထိုင်းနှစ်ဦးက ဗလက္ကာရပြုခဲ့ပြီး မီလာက ၀င်ရောက်ဟန့်တားခဲ့သည့်အကြောင်းကို စကော့တလန် ခရီးသွားတစ်ဦးက Facebook စာမျက်နှာတွင် ရေးသားခဲ့ပြီးနောက်ပိုင်း ထိုင်းလူမျိုး သံသယရှိသူများ အမှုတွင်ပါလာသည်။ စကောတလန်သားက ထိုင်းနှစ်ဦး၏ ပုံကိုလည်းတင်ခဲ့ပြီး၊ ထိုနှစ်ဦးမှာ ကျွန်းပေါ်တွင် သြဇာရှိသော အ၀န်းအ၀ိုင်းမှ ဖြစ်ပုံရသည်။

    မုဒိမ်းမှု မဖြစ်ခဲ့ဟု ကနဦး မှုခင်းဆေးစစ်ချက်ရလဒ်က ဘယ်ရောက်သွားသနည်း? အခင်းဖြစ်ပွားရာနေရာတွင် တွေ့ခဲ့ရသည့် ကွန်ဒုံးကို အဘယ့်ကြောင့် မစစ်ဆေးခဲ့သနည်း? ရွာလူကြီးသား၏ DNA ကို အဘယ့်ကြောင့် မစစ်ဆေးခဲ့သနည်း? သံသယရှိသူဟု ယူဆရသူတစ်ယောက်အား ရိုက်ကူးထားသည့် CCTV တစ်ခု၏ မှတ်တမ်းတွင် အဘယ့်ကြောင့် ၂ မိနစ်စာ ဖြတ်ထားသနည်း?

    ထိုလူသတ်မှုတွင် ထိုင်းမာဖီးယားများ ပါဝင်ပတ်သက်နေသည်ဟူသည့် သတင်းကိုတော့ ရဲတပ်ဖွဲ့က ငြင်းခဲ့ပြီး၊ ဓာတ်ပုံပါ ထိုင်း ၂ ယောက်၏ DNA မှာ ၀ှိုက်ရစ်ခ်ျ၏ ကိုယ်ပေါ်မှ ရရှိသည့် DNA နှင့် မတူညီဟုလည်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

    အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ အငြင်းပွား ဖွယ်မှတ်ချက်၊ ထိုင်းခရီးသွားဝန်ကြီး၏ ကမ္ဘာ့လှည့် ခရီးသွားများအား လက်ပတ် ၀တ်ဆင်ပေးရေးနှင့် လူ ၂၀၀ ကျော်၏ DNA စစ်ဆေးမှုများ ပြီးနောက် ရဲတပ်ဖွဲ့က မြန်မာ ရွှေ့ပြောင်း လုပ်သားနှစ်ဦးဖြစ်သည့် အသက် ၂၁ နှစ်အရွယ် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို ဖမ်းဆီးခဲ့ကာ ဇာတ်လမ်းတွဲ ဆန်ဆန် စုံစမ်းစစ်ဆေးမှုကြီးမှာ အဆုံးသတ်ခဲ့လေသည်။

    22

    မိမိတို့တွင် ခိုင်မာသည့် မှုခင်းဆေးစစ်မှုရလဒ်နှင့် တရားခံများ၏ ဖြောင့်ချက်များ ရှိနေသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ သို့သော် အများစုကတော့ မယုံကြည်ကြ။ အဖြေမရှိသည့် မေးခွန်းများလည်း တစ်ပုံတစ်ပင်ပေါ်လာ၏။ မုဒိမ်းမှု မဖြစ်ခဲ့ဟု ကနဦး မှုခင်းဆေးစစ်ချက်ရလဒ်က ဘယ်ရောက်သွားသနည်း? အခင်းဖြစ်ပွားရာနေရာတွင် တွေ့ခဲ့ရသည့် ကွန်ဒုံးကို အဘယ့်ကြောင့် မစစ်ဆေးခဲ့သနည်း? ရွာလူကြီးသား၏ DNA ကို အဘယ့်ကြောင့် မစစ်ဆေးခဲ့သနည်း? သံသယရှိသူဟု ယူဆရသူတစ်ယောက်အား ရိုက်ကူးထားသည့် CCTV တစ်ခု၏ မှတ်တမ်းတွင် အဘယ့်ကြောင့် ၂ မိနစ်စာ ဖြတ်ထားသနည်း?

    ရဲတပ်ဖွဲ့ကတော့ အဆိုပါ မေးခွန်းများအတွက် ၎င်းတို့၏ ၀ဘ်ဆိုက်များနှင့် အင်တာဗျူးများတွင် ဖြေရှင်းခဲ့လေသည်။ သို့သော်လည်း ထိုဖြေရှင်းချက်များက ကြိုတင်စီစဉ်ထားသည့် သက်သေအထောက်အထားများရှိနေသည်၊ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးမှာ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့ရသည်ဆိုသည့် သံသယများကိုတော့ မဖြေဖျောက်နိုင်ခဲ့ပေ။

    ယခုအချိန်တွင် ထိုင်းရဲတပ်ဖွဲ့မှာ ပြည်သူလူထု၏ ယုံကြည်မှု ဆုံးရှုံးခြင်းနှင့် ရင်ဆိုင်နေရသည်။

    “ပြုပြင်ပြောင်းလဲရေး၊ ခြစားမှုတိုက်ဖျက်ရေး” စသည့် စကားလုံးများကို ယခုတစ်လောတွင် ထိုင်းအစိုးရက တွင်တွင်သုံးနေသည်။ ဥပဒေစိုးမိုးမှုမရှိဘဲနှင့် မြင့်မားသည့် ထိုရည်ရွယ်ချက်များ မည်ကဲ့သို့ အောင်မြင်မည်နည်း? ရဲတပ်ဖွဲ့၏ နှိပ်စက်မှုများ၊ ခြစားမှုများ အရေးယူမခံရသ၍ ထိုင်းနိုင်ငံ၏ ဥပဒေနှင့် တရားရေးစနစ်ကို ပြည်သူများက မည်ကဲ့သို့ ယုံကြည်နိုင်မည်နည်း? ဓနရှင်များအတွက် ရဲတပ်ဖွဲ့က ဥပဒေကို လက်တစ်လုံးခြားလုပ်နေသမျှ ပြုပြင်ပြောင်းလဲရေးဆိုသော စကားလုံးမှာ အပြောသာ ဖြစ်နေပေဦးမည်။

    ခိုတောင်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးခြင်းတွင် အခင်းဖြစ်ပွားရာနေရာ ပျက်စီးမှု၊ သက်သေအထောက်အထား ကွဲလွဲမှုများ၊ အခင်းဖြစ်ပွားမှုကို မနှစ်မြို့ဖွယ်ရာ ပြန်လည် သရုပ်ပြမှု စသည်တို့က ထိုင်းရဲတပ်ဖွဲ့၏ လုပ်ရည်ကိုင်ရည် မည်မျှ အပြစ်အနာအဆာရှိနေသည်ကို တစ်ကမ္ဘာလုံးအား ပြသလိုက်ခြင်းဖြစ်လေသည်။

    သို့သော် ထိုအမှုက ထိုင်းရဲများ လျော့တိလျော့ရဲလုပ်ခြင်းထက်ပိုသည်ကို ထင်ရှားစေသည်။ ထို့ပြင် ရဲတပ်ဖွဲ့အား ချက်ခြင်း ပြုပြင်ပြောင်းလဲရေးလုပ်ရန် လိုအပ်နေသည်ကိုလည်း ပြနေ၏။

    ရဲတပ်ဖွဲ့အနေဖြင့် စွမ်းရည်မပြည့်ဝသည်သာမက ယုံကြည်ရမှုပင်မရှိဟု ပြည်သူများက ခံစားနေရလျှင် လူ့အဖွဲ့အစည်းအတွင်း လုံခြုံမှုရှိမည်မဟုတ်တော့ပေ။

    ** ဘန်ကောက်ပိုစ် သတင်းစာတွင် Sanitsuda Ekachai ရေးသားသည့် ဆောင်းပါးကို လေးမောင် (M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။