News @ M-Media

အီဘိုလာ သံသယရှိသူတစ်ဦး မလေးရှားတွင်တွေ့ရှိ

အောက်တိုဘာ ၁၅ ၊ ၂၀၁၄
M-Media
interphoto_1404730337
– နိုင်ငံအရှေ့ပိုင်း ဆာရာဝပ်ပြည်နယ်တွင် အသက် ၂၄ နှစ်အရွယ် ဇင်ဘာဘွေ ကျောင်းသားတစ်ဦးအား အီဘိုလာဗိုင်းရပ်စ် ကူးစက်နေသည်ဟူသော သံသယဖြင့် စောင့်ကြည့်နေသည်ဟု မလေးထုတ် အင်္ဂလိပ်သတင်းစာ New Straits Times တွင် အောက်တိုဘာ ၁၄ ရက်နေ့က ဖော်ပြခဲ့သည်။

အဆိုပါကျောင်းသားမှာ ပြီးခဲ့သည့် စနေနေ့က စတင်ဖျားနာခဲ့ခြင်းဖြစ်ပြီး ဆာရာဝပ် အထွေထွေဆေးရုံကြီးတွင် သီးသန့်ခွဲထားကာ စောင့်ကြည့်မှုများ ပြုလုပ်နေသည်။

ဆာရာဝပ် ပြည်သူ့ကျန်းမာရေး ဒုတိယ၀န်ကြီး ဂျာရစ် ဆူစီလ်ကမူ အဆိုပါကျောင်းသားတွင် အဖျားကြီးခြင်းမှလွဲ၍ အခြားသော အီဘိုလာနှင့်သက်ဆိုင်သည့် လက္ခဏာများကို မတွေ့ရဟု ပြောကြားခဲ့သည်။

“ဒါဟာ အီဘိုလာဟုတ်မဟုတ် သေသေချာချာကို သိမှာပါ။ စမ်းသပ်မှုရလဒ်တွေကို တစ်ပတ်အတွင်း သိရပါလိမ့်မယ်” ဟု ဆူစီလ်က ပြောကြားခဲ့သည်။

အဆိုပါကျောင်းသားမှာ ယခုနှစ်အတွင်း မလေးရှားမှ အခြားတိုင်းပြည်များသို့ သွားရောက်ခြင်း မရှိသော်လည်း နိုက်ဂျီးရီးယားမှ မကြာသေးမီက ပြန်လာခဲ့သည့် နိုက်ဂျီးရီးယား ကျောင်းသားများနှင့် ဆက်သွယ်မှုရှိခဲ့သည်ဟု အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

Comments

Leave a Reply