News @ M-Media
Blog
  • အမေရိကန်မှ အီဘိုလာ ကူးစက်သူနှင့် ပတ်သက်ခဲ့သည့် လူ ၈၀ ကို စောင့်ကြည့်နေ
    အမေရိကန်မှ အီဘိုလာ ကူးစက်သူနှင့် ပတ်သက်ခဲ့သည့် လူ ၈၀ ကို စောင့်ကြည့်နေ
    အောက်တိုဘာ ၄ ၊ ၂၀၁၄
    M-Media
    80 people
    – ဒဲလက်စ်မြို့တွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူ လိုက်ဘေးရီးယား နိုင်ငံသား တစ်ဦးကို တွေ့ရှိခဲ့ရပြီးနောက် ရောဂါပိုး ကူးစက်နိုင်ချေရှိသည့် လူ ၈၀ ကို စောင့်ကြည့်နေသည်ဟု အမေရိကန်ပြည်ထောင်စု တက်က္ကဆက်ပြည်နယ် ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားလိုက်သည်။
    ကူးစက်ခံရသူမှာ အဲရစ်ဒန်ကန် ဆိုသူဖြစ်ပြီး ၎င်းနှင့် အနီးကပ်နေထိုင်သူမှာ ၁၈ ဦးအထိရှိကာ၊ တိုက်ရိုက် ပတ်သက်သူ၊ သို့မဟုတ် သွယ်ဝိုက် ပတ်သက်သူ စုစုပေါင်း ၈၀ ဦးအား အီဘိုလာ လက္ခဏာများကို တွေ့ရပါက ချက်ခြင်း အကြောင်းကြားရန် တာဝန်ရှိသူများက အသိပေးထားသည်။ ယခုအချိန်အထိ ထို လူ ၈၀ တွင် အီဘိုလာ လက္ခဏာပြသူ တစ်ဦးမှ မရှိသေးပေ။
    ထို့ပြင် ဒန်ကန်၏ မိသားစုဝင်လေဦးကို ရောဂါပိုးပေါက်ဖွားနိုင်သည့် ကာလဖြစ်သည့် အောက်တိုဘာ ၁၉ ရက်နေ့အထိ မည်သည့် ဧည့်သည်ကိုမှ မတွေ့ဆုံရန် ညွှန်ကြားထားသည်။
    ဒန်ကန်နှင့် အနီးကပ် ဆက်သွယ်မှုရှိသူ ကျောင်းသား ၅ ဦးရှိပြီး ၎င်းတို့မှာ ကျောင်း ၄ ကျောင်းတွင် တက်ရောက်နေသူများဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့က သတင်းများ ထွက်ပေါ်လာသောကြောင့် တာဝန်ရှိသူများက ထိုကျောင်းသား ၅ ဦးမှာ ရောဂါပိုး ကူးစက်နိုင်သည့် အလားအလာ မရှိကြောင်း ရှင်းပြခဲ့ရသည်။ မိဘများကမူ သားသမီးများကို ကျောင်းသို့ ပို့ဆောင်ရန် တွန့်ဆုတ်နေသည်ဟုဆိုသည်။
ုအနောက် အာဖရိကနိုင်ငံများတွင် ဆိုးရွားစွာပြန့်နှံ့နေသော အီဘိုလာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၃၃၃၈ ဦး သေဆုံးခဲ့ရသည်။ ထိုနိုင်ငံများထဲတွင် ဆီရာလီယွန် နိုင်ငံမှာ ကူးစက်မှု အမြန်ဆုံးဖြစ်ပြီး တစ်နာရီတိုင်းတွင် ၅ ဦးကူးစက်နေကာ ယခုလကုန်ပိုင်းတွင် ကူးစက်သူဦးရေ ၂ ဆခန့်ဖြစ်သွားမည်ဟု နိုင်ငံတကာအဖွဲ့များက သတိပေးထားသည်။
    ref_ ဆင်ဟွာ
  • ထိုင်းနိုင်ငံ ကော်တောင်ကျွန်းတွင် အသတ်ခံခဲ့ရသည့် ဗြိတိန် စုံတွဲ၏ နောက်ဆုံးမိနစ်များ
    ထိုင်းနိုင်ငံ ကော်တောင်ကျွန်းတွင် အသတ်ခံခဲ့ရသည့် ဗြိတိန် စုံတွဲ၏ နောက်ဆုံးမိနစ်များ
    အောက်တိုဘာ ၄ ၊ ၂၀၁၄
    M-Media
    Brits-v5
    – စက်တင်ဘာ၏ ကြည်လင်သော သန်းခေါင်းယံအချိန်၌ ၀င်း၊ စောနှင့် မောင်တို့မှာ ကော်တောင်ဆိုင်းရီ ကမ်းခြေစွန်းရှိ ထင်းရှူးပင်များအောက်၌ ဆေးလိပ်နှင့် ယမကာများ မှီဝဲရင်း သီချင်းဆိုကာ လူငယ်ဘ၀ကို အေးအေးလူလူဖြတ်သန်းနေကြသည်။
    ထိုအချိန်တွင် ဒေးဗစ်မီလာနှင့် ဟန်နာ ၀ှိုက်ရစ်ဂ်ျတို့ စုံတွဲက စီစဉ်ထားသည့်အတိုင်း လူသူကင်းရှင်းသည့် ကမ်းခြေတစ်နေရာသို့ ဦးတည်သွားနေ၏။
    သူငယ်ချင်းများကဲ့သို့ မြန်မာပြည်မှ ရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်သည့် မောင်မောင်က ၎င်းတို့ ထိုင်နေရာသစ်တုံးမှထကာ ဒယီးဒယိုင်ဖြင့် နေထိုင်သည့် ဘန်ဂလိုသို့ ပြန်လာခဲ့သည်။ ၂၁ နှစ်ရွယ်ရှိ ၎င်း၏ သူငယ်ချင်းနှစ်ယောက်ကတော့ လေးတွဲဖင့်နွဲ့စွာ ကျန်ခဲ့လေသည်။ ရွှေရောင်ဆံပင်နှင့် ဆွဲဆောင်မှုရှိသည့် ၀ှိုက်ရစ်ခ်ျနှင့် ဒေးဗစ်တို့စုံတွဲကို တွေလိုက်သည့် အခါတွင်တော့ ၎င်းတို့ နှစ်ဦးစလုံးထကာ ဒေးဗစ်တို့နောက်သို့ လိုက်ကြလေ၏။
    689385
    ရဲတပ်ဖွဲ့မှာ အခင်းဖြစ်ပွားရာနေရာမှ ရရှိခဲ့သည့် DNA ကို အလျင်အမြန်ပင် စစ်ဆေးခဲ့၏။ အောက်တိုဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီ သတင်းစာရှင်းလင်းပွဲမလုပ်မီ ထို DNA မှာ ထိန်းသိမ်းစစ်ဆေးနေသော မြန်မာလုပ်သားတစ်ဦး၏ DNA နှင့် တူညီနေသည်ဟူသော သတင်းများမှာ ပေါက်ကြားပြီးဖြစ်နေ၏။
    “ဒီစုံတွဲကို သတ်ခဲ့တယ်လို့ သံသယရှိသူ မြန်မာ ၂ ယောက်က ဖြောင့်ချက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ စစ်ဆေးခဲ့တဲ့ DNA ဟာ သေဆုံးသွားသူအမျိုးသမီးရဲ့ ကိုယ်ပေါ်က DNA နဲ့ တူညီနေတယ်ဆိုတာ တွေ့ရပါတယ်” ဟု ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ စွမ်ယွတ် ပန်ပွန်မောင်က သတင်းစာရှင်းလင်းပွဲမတိုင်ခင် AP သတင်းဌာနသို့ ပြောကြားခဲ့သေည်။
    အခင်းဖြစ်ပွားရာနေရာအနီးတွင် တွေ့ရသည့်  L&M စီးကရက်တိုက မြန်မာအလုပ်သမားနှစ်ဦးနှင့် လူသတ်မှု ဆက်စပ်ရာတွင် အဓိက သက်သေအထောက်အထား ဖြစ်ခဲ့လေ၏။
    လူသတ်မှု မဖြစ်ပွားခင် နာရီပိုင်းအလို၌ ၀င်းကျော်ထွန်း မှာ  L&M စီးကရက်ကို ကျွန်းနားရှိ ကုန်စုံဆိုင်တွင် ၀ယ်ယူခဲ့ခြင်းကို ထိုဆိုင်ရှိ လုံခြုံရေးကင်မရာမှ တစ်ဆင့် တွေ့ခဲ့ရသည်။
    မျက်မြင်သက်သေများ၊ သဲလွန်စများနှင့် စုံစမ်းစစ်ဆေးမှုများတွင် တွေ့ရှိခဲ့ရသည့် အချက်များကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၂ ဦးမှာ လူသတ်သမားများဖြစ်ကြသည်ဟု ယုံကြည်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Two workers from Myanmar, suspected of killing two British tourists on the island of Koh Tao last month, stand near Thai police officers during a re-enactment of the alleged crime, on the island
    သတင်းစာရှင်းလင်းပွဲပြီးနောက် စွမ်ယွတ်ဦးဆောင်သော ရဲတပ်ဖွဲ့က သံသယရှိသူ မြန်မာနှစ်ဦးကို ကမ်းခြေသို့ခေါ်ဆောင်သွားကာ မုဒိမ်းမှုနှင့် လူသတ်မှုကို မည်ကဲ့သို့ ကျူးလွန်ခဲ့ကြောင်း သရုပ်ပြစေခဲ့သည်။
    ထိုသရုပ်ပြမှုတွင် နိုင်ငံခြားသားတစ်ဦးမှာ ဒေးဗစ်အဖြစ် သရုပ်ဆောင်ပေးခဲ့ပြီး ယူကေ Sky TV မှ သတင်းထောက်တစ်ဦးကတော့ ၀ှိုက်ရစ်ဂ်ျအဖြစ် သရုပ်ဆောင်ပေး ခဲ့သည်။ လာရောက်ကြည့်ရှုသူ များပြားခဲ့ကာ သရုပ်ပြမှုများကို ဗီဒီယိုဖြင့် မှတ်တမ်း တင်ခဲ့လေသည်။
    ဒေးဗစ်တို့ စုံတွဲနှစ်ဦးကို ကျောက်တုံကြီးများနောက်၌ မည်ကဲ့သို့တွေ့ခဲ့သည့်ကို ဇော်လင်း က ပြောပြသည်။ နီးစပ်ရာ ဟင်းသီးဟင်းရွက်ခြံမှ ပေါက်ပြားကို ယူကာ ဒေးဗစ်၏ နောက်စေ့ကို ရိုက်၍ အလောင်းတွေ့ရှိရာ ကမ်းခြေသို့ ဆွဲယူ သွားခဲ့ကြောင်းကိုလည်း သရုပ်ပြခဲ့သည်။ အလောင်းအား ခွဲစိတ်စစ်ဆေးမှုများ အရ ဒေးဗစ်မှာ မသေခင် ရေများကို ရှူသွင်းမိခဲ့သည်ဟု တွေ့ရှိခဲ့ရသည်။
    ထို့နောက် ၎င်းတို့နှစ်ဦးစလုံးမှာ ၀ှိုက်ဘရစ်ဂ်ျဘက်သို့ လှည့်လာလေတော့သည်။ တစ်ယောက်တစ်လှည်စီ ဆေးလိပ်သောက်ရင်း ၀ှိုက်ဘရစ်ဂ်ျအား မုဒိမ်းကျင့်ကြသည်။ ထို့နောက် ၀င်းကျော်ထွန်း  က ၀ှိုက်ဘရစ်ဂ်ျ၏ ဦးခေါင်းကို ပေါက်ပြားဖြင့် ထပ်ခါတလဲလဲ ရိုက်သတ်ခဲ့လေသည်။
    ပေါက်ပြားတွင် ၀ှိုက်ဘရစ်ဂ်ျ၏ DNA ကို သာတွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က စောစောပိုင်းတွင် ပြောကြားခဲ့ပြီး အခင်းဖြစ်ပွားရာနေရာအနီးတွင် တွေ့ရသည့်  L&M စီးကရက်တိုက မြန်မာအလုပ်သမားနှစ်ဦးနှင့် လူသတ်မှု ဆက်စပ်ရာတွင် အဓိက သက်သေအထောက်အထား ဖြစ်ခဲ့လေ၏။
    လူသတ်မှု မဖြစ်ပွားခင် နာရီပိုင်းအလို၌ ၀င်းကျော်ထွန်း မှာ  L&M စီးကရက်ကို ကျွန်းနားရှိ ကုန်စုံဆိုင်တွင် ၀ယ်ယူခဲ့ခြင်းကို ထိုဆိုင်ရှိ လုံခြုံရေးကင်မရာမှ တစ်ဆင့် တွေ့ခဲ့ရသည်။
    689347
    အဆိုပါ စီးကရက်တိုတွင် တွေ့ရှိခဲ့ရသည့် DNA နှင့် ၀ှိုက်ဘရစ်ဂ်ျ၏ ကိုယ်ပေါ်၌ တွေ့ရသော သုတ်သွေးမှ DNA တို့မှာ တူညီနေသည်။ ထိုအမှုအား အထောက်အပံ့ဖြစ်စေမည့် အခြားသော CCTV မှတ်တမ်းများနှင့် မျက်မြင်သက်သေများကိုလည်း စုဆောင်းခဲ့သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ စွမ်ယွတ်က မီဒီယာများသို့ ပြောကြားခဲ့သည်။ ထို့ပြင် ၀ှိုက်ဘရစ်ဂ်ျ၏ မိုဘိုင်းဖုန်းကို ၀င်းကျော်ထွန်း နေထိုင်ရာ ပတ်ဝန်းကျင်တွင် တွေ့ရှိခဲ့ရသည်ဟုလည်း ၎င်းက ဆိုလေသည်။
    ထိုအမှုအတွက် မြန်မာနိုင်ငံသားများ၊ ထိုင်းအရက်ဆိုင် ပိုင်ရှင်များ၊ ကျေးရွာအကြီးအကဲ၏ ဆွေမျိုးများနှင့် ဒေးဗစ်၏ သူငယ်ချင်းများ စသည်တို့ထံမှ DNA နမူနာပေါင်း ၂၀၀ ကျော်ကို ရဲတပ်ဖွဲ့ ရယူခဲ့သည်။
    ကမ်းခြေတစ်ဝှမ်း တပ်ဆင်ထားသော CCTV ကင်မရာ ၃၆၆ လုံးအား ၆ နာရီမှ ၁၀ နာရီကြာ တစ်ခုချင်းစီ စစ်ဆေးခဲ့ပြီးနောက်တွင်မှ အာရှသားများ လမ်းမကိုဖြတ်၍ ကမ်းခြေသို့ ပြေးသွားကြသည်ကို တွေ့မြင် ခဲ့ရလေသည်။ နောက်ဆုံးတွင်တော့ ကုန်စုံဆိုင်မှ CCTV မှတ်တမ်းက အမှုအတွက် လမ်းစဖြစ်ခဲ့လေသည်။
    စက်တင်ဘာ ၁၄ ရက် ည ၁၁ နာရီ၁၂ မိနစ်က ကုန်စုံဆိုင် CCTV မှတ်တမ်းတွင် တွေ့ရှိခဲ့ရပြီး အခြား ဗီဒီယို မှတ်တမ်းတစ်ခုတွင်လည်း သံသယဖြစ်ဖွယ်ကောင်းသည့် အပြုအမူကို ပြုလုပ်ခဲ့သည့် ၀င်းကျော်ထွန်း အား ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၃၀ ရက်နေ့တွင် စတင်စောင့်ကြည့်ခဲ့လေသည်။
    မောင်မောင်နှင့်  ဇော်လင်း မှာ ရွာလူကြီးပိုင် အပန်းဖြေဟိုတယ်တစ်ခုတွင် အလုပ်လုပ်ကြပြီး ၀င်းကျော်ထွန်း မှာ အခင်းဖြစ်ပွားရာ နေရာအနီးရှိ စားသောက်ဆိုင် တစ်ခုတွင် အလုပ်လုပ်ကြောင်း၊ ၎င်းတို့သုံးဦးမှာ ရင်းနှီးသော သူငယ်ချင်းများဖြစ်ပြီး ကမ်းခြေသို့သွားကာ ဂစ်တာတီးခြင်းကို ကြိုက်နှစ်သက်ကြကြောင်း ရဲတပ်ဖွဲ့က သိရှိခဲ့ရသည်။
    ရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေမှုများ ပြုလုပ်နေကြသော်လည်း ၎င်းတို့ ၃ ဦးမှာ ကော်တောင်ကျွန်းမှ ထွက်ပြေးကြခြင်း မပြုကြ။ ၎င်းတို့ထဲမှ တစ်ဦးကမူ ဆံပင်အား အနက်ရောင်ပြောင်းဆိုးခဲ့သေးသည်။ အောက်တိုဘာ ၁ ရက် ဗုဒ္ဓဟူးနေ့တွင်တော့ ၀င်းကျော်ထွန်း က ကမ်းခြေမှ ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး ၎င်းအား နက်ခွန် ဆူရက်တာနီရှိ အဓိက သင်္ဘောဆိပ်တွင် အောက်တိုဘာ ၂ ရက်နေ့ နံနက် ၆ နာရီက ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့လေသည်။
    ထိုင်းနိုင်ငံတွင် ဖြစ်ပွားသည့် အမှုများအတွက် မြန်မာနှင့် ကမ္ဘောဒီးယားမှ ရွှေ့ပြောင်းအလုပ်သမားများကို မကြာခဏ အမှုဆင်သည်ဟု ထိုင်းအာဏာပိုင်းများ စွပ်စွဲခြင်းခံကြရသည်။ သို့သော်လည်း လူသတ်မှုများတွင် မည်သူ့ကိုမှ ဓားစာခံမလုပ်ဟု ရဲတပ်ဖွဲ့က ပြန်လည်တုန့်ပြန်ခဲ့လေသည်။
    ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများပြုလုပ်ခဲ့သည့်အတွက် ဒေသခံများ စိတ်သက်သာရာ ရခဲ့ကြသည်ဟု ကော်တောင်အုပ်ချုပ်ရေးမှူး ချိုင်ယန့် သူရာစာကူက ပြောကြားလေသည်။ ကျွန်းရှိ နိုင်ငံခြားအလုပ်သမားများအားလုံး မှတ်ပုံတင်ရန် သူက အလိုရှိနေ၏။
    ကော်တောင်နှင့်ကပ်လျက်ရှိသည့် ကိုဖန်ဂန်ဒေသ ခရီးသွားလာရေး အဖွဲ့မှ ဥက္ကဌဖြစ်သူ ၀န်နီး ထိုင်းပါနစ်က ကော်တောင်ကျွန်းမှာ ခက်ခဲသော အခြေအနေကို ကျော်လွှားနိုင်မည်ဟု သူမက ထင်မြင်မိကြောင်း ပြောကြားခဲ့သည်။ သို့သော် အာဏာပိုင်များအနေဖြင့် CCTV ကင်မရာများတိုးချဲု့ တပ်ဆင်ခြင်း၊ နိုင်ငံခြားခရီးသွားများထံမှ ယုံကြည်မှု ပြန်လည် ရရှိလာစေရန် လှုပ်ရှားမှုများ စသည်တို့ကို လုပ်ဆောင်ပေး ရမည်ဟု မှတ်ချက်ပေးခဲ့လေသည်။
    “ခရီးသွားတွေရဲ့ ယုံကြည်မှု တိုးတက်လာလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ ခရီးသွားတွေရဲ့ လုံခြုံရေးဟာ ကျွန်မတို့အတွက် အရမ်းကိုအရေးကြီးပါတယ်” ဟု ထိုင်း ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး ကော့ဘ်ကန်း ၀တ်တာနာဗရန်ကူလ်က အောက်တိုဘာ ၂ ရက်နေ့ည သတင်းစာရှင်းလင်းပွဲအပြီးတွင် AP သတင်းဌာနအား ပြောကြားခဲ့လေသည်။
    ————————————————–
    ** ဘန်ကောက်ပိုစ် သတင်းစာတွင် Supapong Chaolan and Bob James တို့ ပူးတွဲရေးသားသည့် မှုခင်းသတင်းဆောင်းပါးကို လေးမောင်(M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
  • ဧရာဝတီတိုင်း ဒေသအချို့တွင် ကုရ်ဘာနီ အီးဒ်နေ့ သားကောင် ကိစ္စ နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ် တားမြစ်ခံရ
    ဧရာဝတီတိုင်း ဒေသအချို့တွင် ကုရ်ဘာနီ အီးဒ်နေ့ သားကောင် ကိစ္စ နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ် တားမြစ်ခံရ
    အောက်တိုဘာ ၄၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    ဧရာဝတီတိုင်း မြို့နယ်အတွင်းရှိ တလုတ်တော်၊ အပါအ၀င် ဒေသအချို့မှာ အစ္စလာမ်သာသနာဝင်များ အီးဒ်နေ့ သားကောင်ပြုလုပ်ရန် အတွက် ဒေသအာဏာပိုင်များမှ ပထမပိုင်းတွင် ခွင့်ပြုခဲ့သော်လည်း ယခုအခါ အီးဒ်နေ့ နီးကပ်လာသည့် အချိန်တွင် ဘုန်းတော်ကြီးများနှင့် ဇီဝိတဒါနအသင်းများမှ ကန့်ကွက်သည့် အတွက် သားကောင်ပြောင်းလဲပြုလုပ်ရန် ဖိအားပေးခံရကြောင်း သိရပါတယ်။
    အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
    “ကုရ်ဘာနီအီးဒ်နေ့ သားကောင်အတွက် ဧရာဝတီတိုင်းဒေသကြီး အာဏာပိုင်က ပထမပိုင်းက ခိုင်းနွား မဟုတ်ရင်ပြီးရော၊ အသက်အရွယ် စည်းကမ်းနဲ့ ကိုက်ညီနဲ့ နွားတွေကို ခွင့်ပြုမယ်လို့ အစည်းအဝေးမှာ ပြောတယ်။ သယ်ဆောင်ရေးမှာလည်း တစ်ခြားအဖွဲ့အစည်းတွေက မနှောက်ယှက်အောင် သူတို့တားဆီးပေးမယ်ဆိုပြီး စာလည်း ထုတ်ပေးခဲ့တယ်။ အဲ့လို အဆင်ပြေခဲ့ပြီးတော့ မနေ့က ညနေ ၅-နာရီလောက်မှ အရေးပေါ် အစည်းအဝေးရှိတယ်ဆိုပြီး ဟင်္သာတမြို့ပေါ် ဗလီ ၅-လုံး၊ တလုတ်တော်၊ ကန်နီက ဗလီဂေါပကအဖွဲ့တွေကို အစည်းအဝေးခေါ်တယ်။ အစည်းအဝေးမှာ မွတ်စလင်ဘက်က ဗလီဂေါပကတွေ ၁၀-ယောက်လောက်တက်ပါတယ်။ နောက် ခယက၊ မယက ပါတယ်။ ဇီဝိတဒါန ဦးဆောင်တဲ့ သံဃာ ၄၅ နဲ့ ၅၀ လောက်နဲ့ လူ ၁၅-ယောက်လောက်ပါတယ်။
    ဧရာဝတီတိုင်း ၀န်ကြီးချုပ်ကလည်း တည်ငြိမ်အေးချမ်းရေးကို ရှေ့ရှုပြီးတော့ လုပ်ကြပါဆိုပြီး ခယက နဲ့ မယက ကို ညွှန်ကြားစာ ထုတ်ထားတယ်ဆိုတာလည်း ကျွန်တော်တို့ကို ပြောပြတယ်။ ဟုတ်ကဲ့ ခယက နဲ့ မယက က မှတ်ချက်ပေးတာကတော့ သံဃာတော်တွေကလည်း အခုလိုလာပြီး မေတ္တာရပ်ခံတယ်။ ခင်ဗျားတို့ဘက်ကလည်း တည်ငြိမ်အေးချမ်းရေး ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ဒီဟာကို လုပ်ပေးနိုင်ရင် လုပ်ပေးပါလို့ဆိုပြီး ပြောတယ်။ ပထမပိုင်းကတော့ သူတို့က လုံခြုံရေး ကိစ္စလုပ်ပေးမယ် ဘာညာ ပြောထားပြီးသားပါ။ အခုကျတော့ သံဃာတော်တွေက မေတ္တာရပ်ခံတဲ့အတွက် သံဃာတော်တွေ ဘက်ကိုလိုက်ပြီး နွား မလုပ်ကျပါနဲ့တော့ဆိုတဲ့ ပုံစံမျိုး မေတ္တာရပ်ခံတယ်။ ဖိအားပေးတာ မဟုတ်ပါဘူးလို့လည်း ပြောပါတယ်။
    အစည်းအဝေးမှာ သူတို့အားလုံးက ၀ိုင်းပြီး တောင်းဆိုတယ်။ မေတ္တာရပ်ခံတယ်ပေါ့ဗျာ။ နွားမလုပ်ပါနဲ့ တခြားဟာလုပ်ပါဆိုပြီး ဇီဝိတဒါနအဖွဲ့က လူတွေက ပြောတယ်။ နောက်ဆုံး အစည်းအဝေးအပြီးမှာတော့ ကျွန်တော်တို့တွေ ကိုယ်တိုင်ပဲ နွားမလုပ်တော့ပါဘူးလို့ ပြောပစ်ခဲ့တယ်။
    မွတ်စလင်တွေက စည်းကမ်းသတ်မှတ်ချက်အတိုင်း နွားတွေကို ၀ယ်ထားပြီးဆိုတော့ အခုက အခက်အခဲ တွေ့နေပါတယ်။ နွားမလုပ်ဘဲ ဆိတ်ကို ပြောင်းလုပ်မယ်ဆိုပြန်တော့ ဆိတ်တစ်ကောင်ဈေးနှုန်းက နွားတစ်ကောင် ဈေးနှုန်းလောက် ဈေးခေါ်နေကြတယ်။ ဟုတ်ကဲ့ ကျွန်တော်တို့ ဒီဘက်တွေမှာ ၀ယ်ရတာက တစ်ခြားဘာသာဝင်တွေဆီကပါ။ ဒီဘက်မှာက နွားရော ဆိတ်ရော မွတ်စလင်တွေ ရောင်းတာ နည်းပါတယ်။ ဆိတ်တစ်ကောင်ကို နွားတစ်ကောင်လောက် ဈေးခေါ်နေကြတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ၀ယ်ထားပြီးသား နွားတွေလည်း ပြန်ရောင်းဖို့ ခက်ခဲနေကြတယ်။
    ဟုတ်ကဲ့ ကျွန်တော်တို့တွေကို တစ်ခြား ဖိအားပေးတာတော့ မရှိပါဘူး။ မေတ္တာရပ်ခံတယ်ဆိုတဲ့ စကားလုံးသုံးပြီး အနုနည်းနဲ့ တားလိုက်တာပဲလေ။ ပထမတုန်းကလည်း ၀န်ကြီးချုပ်က မေတ္တာရပ်ခံတယ်ဆိုတဲ့စကားလုံး သုံးပြီးပြောခဲ့တယ်။ အုပ်ချုပ်မှုအပိုင်းအနေနဲ့ တားမြစ်တယ်ဆိုတဲ့စကားလုံး သုံးလို့မရဘူးလို့လည်း ပြောတယ်လေ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့က နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အနှောက်အယှက်ဖြစ်သွားမယ်ဆိုရင် မလုပ်တော့ပါဘူးလို့ ပြောခဲ့လိုက်ပါတယ်။”
  • ” ဗလီ တစ်ဆောင် က ၉၆၉ Sticker တစ်ရွက်လောက်တောင် တန်ဖိုးမရှိဘူးလား?” (ပြည်သူ့အသံ)
    ” ဗလီ တစ်ဆောင် က ၉၆၉ Sticker တစ်ရွက်လောက်တောင် တန်ဖိုးမရှိဘူးလား?” (ပြည်သူ့အသံ)
    အောက်တိုဘာ ၃ ၊ ၂၀၁၄
    Patrick Tan ရေးသည်။
    “မွတ်စ်လင်မ်တို့ရဲ့ ဝတ်ပြုရာ ဗလီ တစ်ဆောင်သည် ၉၆၉ Sticker တစ်ရွက်လောက်တောင် တန်ဖိုးမရှိဘူးလား?”
    1555520_502710056533252_622374601340390996_n
    ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ကျောက်ကြီးမြို့နယ်၊ မုန်းရွာကြီးက ကွမ်းယာဆိုင်မှာ ကပ်ထားတဲ့ ၉၆၉ တံဆိပ် Sticker ကို ကွမ်းယာ လာဝယ်ရင်း မော်တော် ဆိုင်ကယ်သော့နဲ့ထိုးခွါမိတာ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က တရားလို အဖြစ် အမှုဖွင့်ကာ စွဲတင်တော့၊ ကွမ်းယာ ဆိုင်ပိုင်ရှင်က မျက်မြင် သက်သေ၊ မော်တော်ဆိုင်ကယ်သော့နဲ့ တယ်လီဖုန်းမှ ကင်မရာဖြင့် ရိုက်ထားသော ဓာတ်ပုံတို့က ပစ္စည်း သက်သေအဖြစ် လက္ခံပြီး၊ ၂ ရက်တည်းနဲ့ သာသနာကို စော်ကားမှု၊ ညှိုးနွမ်းစေမှု အစရှိသော ရာဇဝတ်မှုများမြောက်သည်ဆိုကာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။
    အခု ဗလီကို ဖျက်ဆီးမှုကျတော့ အမှုတည်ဆောက် စစ်ဆေးချိန် တစ်နှစ်နဲ့ ၆ လ တိတိကြာတယ်။
    ဗွီဒီယို သက်သေတောင်ရှိပါတယ်။
    Back Hoe နဲ့Clark နဲ့ ဘုန်းကြီးကိုယ်တိုင်မောင်းပြီး ဝမ်းသာအားရ ဂုဏ်ယူစွာဖြိုချနေတာ။
    ပြစ်ဒါဏ်က အစွယ်အပွါး လူတွေလောက်၊ ထိုးကျွေးခံရတဲ့ လူတွေလောက်ကို “အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်” တဲ့လား?
    ဒါဆို ချုပ်ရက်တွေ နှုတ်လိုက်ရင် ပြစ်ဒဏ်ချတဲ့ညနေမှာပဲ လွတ်စေပေါ့။
    မွတ်စ်လင်မ်တို့ရဲ့ ဝတ်ပြုရာ ဗလီတစ်ဆောင်သည် ၉၆၉ Sticker တစ်ရွက်လောက်တောင်တန်ဖိုးမရှိဘူးလား?
  • အသင်းမှ နှုတ်ထွက်ရန် ဖိအားပေးမှု မိသားစုအပေါ် ထိခိုက်မည်ကို နယူးကာဆယ် နည်းပြ စိုးရိမ်
    အသင်းမှ နှုတ်ထွက်ရန် ဖိအားပေးမှု မိသားစုအပေါ် ထိခိုက်မည်ကို နယူးကာဆယ် နည်းပြ စိုးရိမ်
    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media
    1412274500852_Image_galleryImage_NEWCASTLE_UPON_TYNE_ENGLA– အသင်းမှနှုတ်ထွက်ရန် အလွန်အမင်းဖိအားပေးနေသော ပရိတ်သတ်ကြောင့် မိမိ၏ မိသားစုလုံခြုံရေးအား စိုးရိမ်မိသည်ဟု နယူးကာဆယ်နည်းပြ အလန်ပါဂျူးက ပြောကြားလိုက်သည်။
    ပရီးမီးယားလိဂ် ၆ ပွဲကစားပြီးချိန်တွင် နယူးကာဆယ်မှာ နိုင်ပွဲမရရှိသေးဘဲ အဆင့် ၁၉ နေရာသို့ရောက်ရှိနေပြီး ပရိတ်သတ်များက နည်းပြအလန်ပါဂျူး အသင်းမှ နှုတ်ထွက်ရန် ပြင်းပြင်းထန်ထန် ဖိအားပေးလျက်ရှိနေသည်။
    ထို့ပြင် ယခုသီတင်းပတ်အတွင်း အသင်း၏ လေ့ကျင့်ရေးကွင်း၌ ဒေါသထွက်နေသော ပရိတ်သတ်များ၏ နှောက်ယှက်မှုကို ပါဂျူးမှာ နှစ်ကြိမ်ခန့် ခံခဲ့ရပြီးနောက် မိမိနှင့် နီးစပ်သောသူများထံသို့ပါ သက်ရောက်မှုရှိမည်ကို စိုးရိမ်ကြောင်း ပါဂျူးက ၀န်ခံခဲ့သည်။
    “ကျွန်တော့်ရဲ့မိသားစုနဲ့ မိတ်ဆွေကို နည်းနည်းတော့ စိတ်ပူပါတယ်။ ပရိတ်သတ်တွေရဲ့ တုံ့ပြန်မှုကို တစ်ကြိမ် နှစ်ကြိမ်လောက် ခံခဲ့ရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ ဒါဟာ နည်းပြတစ်ယောက်ဖြစ်ခြင်းရဲ့ အစိတ်အပိုင်းပါပဲ” ဟု ပါဂျူးက ပြောကြားခဲ့သည်။
    နယူးကာဆယ်မှာ ယခုတစ်ပတ်တွင် ဆွမ်းဆီးအသင်းနှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပါဂျူးကမူ မိမိအနေဖြင့် နယူးကာဆယ်ကိုချစ်ကြောင်း၊ အသင်းအား ပစ်၍သွားမည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    ပါဂျူးမှာ နယူးကာဆယ်နည်းပြ မိုက်အက်ရှ်လေ၏ ထောက်ခံမှုကို အပြည့်အ၀ ရရှိထားသူဖြစ်သည်။
    ref_ DailyMail