အောက်တိုဘာ ၉ ၊ ၂၀၁၄
M-Media
– မုတ်ဆိတ်၊ ပါးသိုင်းမွှေးများဖြင့် မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်း၏ လက်ရှိ ပုံစံမှာ ဆက်ဒမ်ဟူစိန်နှင့် တူသည်ဟု နော်ဝေ နောက်ခံလူဟောင်း အဲလ်ဖ် အင်ဂီ ဟာလန်း (Alf-Inge Haaland) က ၎င်း၏ Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်ဟု သိရသည်။
ရွိုင်ကင်းနှင့် ရန်ဘက်ဖြစ်သည့် Haaland မှာ ရွိုင်ကင်း၏ပုံနှင့် ဆက်ဒမ်ဟူစိန်အား ၂၀၀၃ ခုနှစ်တွင် အမေရိကန်က ဖမ်းမိပြီးနောက် ရိုက်ထားသည့် ဓာတ်ပုံတို့အား တွဲ၍ တင်ခဲ့ပြီး “ဒီလိုမုတ်ဆိတ်မျိုးနဲ့ဆို လူကိုတောင် မမှတ်မိဘူး” ဟူသည့် စာကိုလည်း ရေးသားခဲ့သည်။
နောက်ပိုင်းတွင် ထိုဓာတ်ပုံအား ဖျက်ပစ်ခဲ့ပြီး ဆက်ဒမ်၏ မိသားစုက ရွိုင်ကင်းနှင့်တွဲ၍ ဖော်ပြထားသည်ကို မကြိုက်သည့်အတွက် ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက Twitter တွင် ထပ်မံရေးသားခဲ့သည်။
မန်စီးတီးနှင့် လိဒ်အသင်းတို့၏ နောက်ခံလူဟောင်း ဟာလန်းမှာ ၁၉၉၇ ခုနှစ်က မန်ယူနှင့် လိဒ်အသင်းတို့ပွဲတွင် ကိန်းအား ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး၊ ဟန်ဆောင် လှဲချသည်ဟုလည်း စွပ်စွဲခဲ့သည်။
၂၀၀၁ ခုနှစ် မန်ယူနှင့် မန်စီးတီးအသင်းတို့ တွေ့ဆုံချိန်တွင် ထိုစဉ်က မန်စီးတီးနောက်ခံလူ ဖြစ်နေသည့် ဟာလန်း၏ ညာခြေထောက်အား ရွိုင်ကိန်းက တမင်သက်သက် ကန်ပစ်ခဲ့သည်။
ထို့ကြောင့်ရွိုင်ကင်းမှာ ၃ ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရပြီး FA အား ဒဏ်ငွေလည်း ပေးဆောင်ခဲ့ရသည်။ ၂၀၀၂ နှစ်တွင် ထုတ်ဝေသည့် ကိုယ်တိုင်ရေး အထုပ္ပတ္တိ ပထမတွဲတွင် ရွိုင်ကန်းက ထိုကဲ့သို့လုပ်ခဲ့ခြင်းမှာ ၁၉၉၇ ခုနှစ်အဖြစ်အပျက်အား ပြန်လည် လက်စားချေခဲ့ခြင်းဖြစ်ပြီး ထိုအတွက်လည်းနောင်တမရဟု ပြောဆိုခဲ့သည်။
ရွိုင်ကိန်းမှာ အောက်တိုဘာ ၆ ရက် တနင်္လာနေ့က ထုတ်ဝေခဲ့သည့် ၎င်း၏ ဒုတိယမြောက် အထုပ္ပတ္တိတွင်လည်း မန်ယူနည်းပြဟောင်း ဖာဂူဆန်အပါအ၀င် ၎င်းနှင့် လက်တွဲခဲ့သူ အများအပြားကို ဝေဖန်ရေးသားခဲ့သည်။
ref_ Daily Mail




Leave a Reply
You must be logged in to post a comment.