News @ M-Media

Blog

  • ” ဗလီ တစ်ဆောင် က ၉၆၉ Sticker တစ်ရွက်လောက်တောင် တန်ဖိုးမရှိဘူးလား?” (ပြည်သူ့အသံ)

    ” ဗလီ တစ်ဆောင် က ၉၆၉ Sticker တစ်ရွက်လောက်တောင် တန်ဖိုးမရှိဘူးလား?” (ပြည်သူ့အသံ)

    အောက်တိုဘာ ၃ ၊ ၂၀၁၄
    Patrick Tan ရေးသည်။

    “မွတ်စ်လင်မ်တို့ရဲ့ ဝတ်ပြုရာ ဗလီ တစ်ဆောင်သည် ၉၆၉ Sticker တစ်ရွက်လောက်တောင် တန်ဖိုးမရှိဘူးလား?”

    1555520_502710056533252_622374601340390996_n

    ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ကျောက်ကြီးမြို့နယ်၊ မုန်းရွာကြီးက ကွမ်းယာဆိုင်မှာ ကပ်ထားတဲ့ ၉၆၉ တံဆိပ် Sticker ကို ကွမ်းယာ လာဝယ်ရင်း မော်တော် ဆိုင်ကယ်သော့နဲ့ထိုးခွါမိတာ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က တရားလို အဖြစ် အမှုဖွင့်ကာ စွဲတင်တော့၊ ကွမ်းယာ ဆိုင်ပိုင်ရှင်က မျက်မြင် သက်သေ၊ မော်တော်ဆိုင်ကယ်သော့နဲ့ တယ်လီဖုန်းမှ ကင်မရာဖြင့် ရိုက်ထားသော ဓာတ်ပုံတို့က ပစ္စည်း သက်သေအဖြစ် လက္ခံပြီး၊ ၂ ရက်တည်းနဲ့ သာသနာကို စော်ကားမှု၊ ညှိုးနွမ်းစေမှု အစရှိသော ရာဇဝတ်မှုများမြောက်သည်ဆိုကာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။

    အခု ဗလီကို ဖျက်ဆီးမှုကျတော့ အမှုတည်ဆောက် စစ်ဆေးချိန် တစ်နှစ်နဲ့ ၆ လ တိတိကြာတယ်။

    ဗွီဒီယို သက်သေတောင်ရှိပါတယ်။

    Back Hoe နဲ့Clark နဲ့ ဘုန်းကြီးကိုယ်တိုင်မောင်းပြီး ဝမ်းသာအားရ ဂုဏ်ယူစွာဖြိုချနေတာ။

    ပြစ်ဒါဏ်က အစွယ်အပွါး လူတွေလောက်၊ ထိုးကျွေးခံရတဲ့ လူတွေလောက်ကို “အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်” တဲ့လား?

    ဒါဆို ချုပ်ရက်တွေ နှုတ်လိုက်ရင် ပြစ်ဒဏ်ချတဲ့ညနေမှာပဲ လွတ်စေပေါ့။

    မွတ်စ်လင်မ်တို့ရဲ့ ဝတ်ပြုရာ ဗလီတစ်ဆောင်သည် ၉၆၉ Sticker တစ်ရွက်လောက်တောင်တန်ဖိုးမရှိဘူးလား?

  • အသင်းမှ နှုတ်ထွက်ရန် ဖိအားပေးမှု မိသားစုအပေါ် ထိခိုက်မည်ကို နယူးကာဆယ် နည်းပြ စိုးရိမ်

    အသင်းမှ နှုတ်ထွက်ရန် ဖိအားပေးမှု မိသားစုအပေါ် ထိခိုက်မည်ကို နယူးကာဆယ် နည်းပြ စိုးရိမ်

    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media

    1412274500852_Image_galleryImage_NEWCASTLE_UPON_TYNE_ENGLA– အသင်းမှနှုတ်ထွက်ရန် အလွန်အမင်းဖိအားပေးနေသော ပရိတ်သတ်ကြောင့် မိမိ၏ မိသားစုလုံခြုံရေးအား စိုးရိမ်မိသည်ဟု နယူးကာဆယ်နည်းပြ အလန်ပါဂျူးက ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ် ၆ ပွဲကစားပြီးချိန်တွင် နယူးကာဆယ်မှာ နိုင်ပွဲမရရှိသေးဘဲ အဆင့် ၁၉ နေရာသို့ရောက်ရှိနေပြီး ပရိတ်သတ်များက နည်းပြအလန်ပါဂျူး အသင်းမှ နှုတ်ထွက်ရန် ပြင်းပြင်းထန်ထန် ဖိအားပေးလျက်ရှိနေသည်။

    ထို့ပြင် ယခုသီတင်းပတ်အတွင်း အသင်း၏ လေ့ကျင့်ရေးကွင်း၌ ဒေါသထွက်နေသော ပရိတ်သတ်များ၏ နှောက်ယှက်မှုကို ပါဂျူးမှာ နှစ်ကြိမ်ခန့် ခံခဲ့ရပြီးနောက် မိမိနှင့် နီးစပ်သောသူများထံသို့ပါ သက်ရောက်မှုရှိမည်ကို စိုးရိမ်ကြောင်း ပါဂျူးက ၀န်ခံခဲ့သည်။

    “ကျွန်တော့်ရဲ့မိသားစုနဲ့ မိတ်ဆွေကို နည်းနည်းတော့ စိတ်ပူပါတယ်။ ပရိတ်သတ်တွေရဲ့ တုံ့ပြန်မှုကို တစ်ကြိမ် နှစ်ကြိမ်လောက် ခံခဲ့ရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ ဒါဟာ နည်းပြတစ်ယောက်ဖြစ်ခြင်းရဲ့ အစိတ်အပိုင်းပါပဲ” ဟု ပါဂျူးက ပြောကြားခဲ့သည်။

    နယူးကာဆယ်မှာ ယခုတစ်ပတ်တွင် ဆွမ်းဆီးအသင်းနှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပါဂျူးကမူ မိမိအနေဖြင့် နယူးကာဆယ်ကိုချစ်ကြောင်း၊ အသင်းအား ပစ်၍သွားမည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    ပါဂျူးမှာ နယူးကာဆယ်နည်းပြ မိုက်အက်ရှ်လေ၏ ထောက်ခံမှုကို အပြည့်အ၀ ရရှိထားသူဖြစ်သည်။

    ref_ DailyMail

  • မန်ယူအသင်း၏ စက်တင်ဘာ အကောင်းဆုံး ကစားသမား အဖြစ် ဒီမာရီယာ ရွေးချယ်ခံရ

    မန်ယူအသင်း၏ စက်တင်ဘာ အကောင်းဆုံး ကစားသမား အဖြစ် ဒီမာရီယာ ရွေးချယ်ခံရ

    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media
    1412280056750_wps_35_By9d9zNIgAAD1ax_jpg
    – မန်ချက်စတာယူနိုက်တက်အသင်း၏ တစ်လတာအကောင်းဆုံးကစားသမားအဖြစ် ရီးယဲလ်မှ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်လာခဲ့သည့် အာဂျင်တိုင်းကွင်းလယ်လူ အိန်ဂျယ်ဒီမာရီယာက ရွေးချယ်ခံခဲ့ရသည်ဟု သိရသည်။

    စက်တင်ဘာလအတွက် ချီးမြှင့်သည့် ထိုဆုကို မန်ယူပရိတ်သတ်များက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဒီမာရီယာက ဟာရဲရားနှင့် ရာဖေးလ်တို့ကို အပြတ်အသတ်ကျော်ကာ ၆၈ ရာခိုင်နှုန်းဖြင့် ထိုဆုအား ရရှိခဲ့ခြင်းဖြစ်သည်။ ဒီမာရီယာမှာ စက်တင်ဘာလအတွင်း မန်ယူအသင်းတွင် ခြေစွမ်းပြခဲ့ပြီး လက်စတာနှင့်ပွဲတွင် ၁ ဂိုး သွင်းယူပေးခဲ့သည်။

    “ဒီဆုကိုရတဲ့အတွက် ကျွန်တော်အရမ်း ပျော်ရွှင်မိပါတယ်။ ဒါပေမယ့်ါတွေအားလုံးဟာ အသင်းအတွက်ပဲဆိုတာ အလေးထားရပါမယ်။ မန်ယူမှာ ကျွန်တော် ကောင်းမွန်စွာ စတင်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။ ပြီးတော့ ကွင်းထဲက ကျွန်တော့်ရဲ့ ဆောင်ရွက်မှုတွေက အသင်းကို အမှတ်တွေရပြီး အောင်မြင်မှုတွေရစေဖို့ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်” ဟု ဒီမာရီယာက တစ်လတာ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရမှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

  • ရာထူးမှ ဆင်းပေးမည် မဟုတ်ဟု ဟောင်ကောင် အုပ်ချုပ်ရေးမှူးပြော

    ရာထူးမှ ဆင်းပေးမည် မဟုတ်ဟု ဟောင်ကောင် အုပ်ချုပ်ရေးမှူးပြော

    hong-kong-2
    အုပ်ချူပ်ရေးမှူး ဓါတ်ပုံကိုင်ပြီး ဆန့်ကျင်ဆန္ဒပြနေသူများ

    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media

    – ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung က မိမိအနေဖြင့် ရာထူးမှနှုတ်ထွက်ပေးရန် စိတ်ကူးမရှိဟု ကြေညာခဲ့ပြီး ဒီမိုကရေစီအရေး ဆန္ဒပြသူများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

    အုပ်ချုပ်ရေးမှူး Leung မှာ ယမန်နေ့ညသန်းခေါင်ယံအချိန် နောက်ဆုံးထား၍ ရာထူးမှဆင်းပေးရန်နှင့် မဆင်းပေးပါက စိုးရအဆောက်အဦးများကို သိမ်းပိုက်သွားမည်ဟု ဆန္ဒပြသူများက ရာဇသံပေးခဲ့ခြင်းအတွက် Leung က ထိုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

    Leung က ဆန္ဒပြသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ၎င်း၏ မိန်ခွန်းတွင် ထည့်သွင်းပြေကြားခဲ့သော်လည်း မည်သည့်အချိန်တွင် ပြုလုပ်မည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ခြင်းမရှိချေ။ ထို့ပြင် အစိုးရအဆောက်အဦးများကို သိမ်းပိုက်ပါက ဆိုးရွားသော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟုလည်း သတိပေးခဲ့သည်။

    ထိုပြောကြားချက်အား ဆန္ဒပြသူများကို အသံချဲ့စက်များဖြင့် နားထောင်စေခဲ့ပြီး ဆန္ဒပြသူများကမူ လှောင်ပြောင်ခဲ့ကြသည်။ Leung  ထိုကဲ့သို့ ကြေညာခဲ့သော်လည်း ထောင်ပေါင်းများစွာသော ဟောင်ကောင်ပြည်သူများမှာ လမ်းမများပေါ်တွင် ဆက်လက်ဆန္ဒပြနေကြသည်။

    Al Jazeera and agencies

  • ဘင်္ဂလီအဖြစ် မခံယူသော ရိုဟင်ဂျာများကို Camp ထဲ ထည့်ထားမည့် အငြင်းပွားဖွယ်ရာ အစီအစဉ် အစိုးရ ရေးဆွဲနေ

    ဘင်္ဂလီအဖြစ် မခံယူသော ရိုဟင်ဂျာများကို Camp ထဲ ထည့်ထားမည့် အငြင်းပွားဖွယ်ရာ အစီအစဉ် အစိုးရ ရေးဆွဲနေ

    အောက်တိုဘာ ၃ ၊ ၂၀၁၄
    M-Media
    us-myanmar-rohingya
    – ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့၏ လူမျိုးအား အစိုးရက အကြံပြုထားသည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား (ဘင်္ဂါလီ)အဖြစ် ပြောင်းလဲပါက နိုင်ငံသားအဖြစ် စီစစ်ပေးမည့် အစီအစဉ်တစ်ခုကို အဆုံးသတ်ဆောင်ရွက်နေသည်ဟု ကုလသမဂ္ဂတွင် မြန်မာနိုင်ငံက အတည်ပြု ပြောကြားခဲ့သည်။

    လူ့အခွင့်အရေး စောင့်ကြည့်လှုပ်ရှားသူများကမူ ထိုအစီအစဉ်မှာ ရိုဟင်ဂျာ ထောင်ပေါင်းများစွာအား ကယ်ဆယ်ရေးစခန်းများတွင် အတင်းအဓမ္မ ပိတ်မိသွားနိုင်သည်ဟု ပြောကြလေသည်။

    မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ ၁.၁ သန်းမှ အများစုမှာ နိုင်ငံမဲ့များ ဖြစ်ကြပြီး ရခိုင်ပြည်နယ်တွင် လူမျိုးရေးခွဲခြားသော အခြေအနေမျိုး၌ နေထိုင်နေရ၏။ ၂၀၁၂ ခုနှစ်တွင် ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ၁၄၀၀၀၀ ခန့်မှာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသေးသည်။

    ထိုကဲ့သို့ အကျပ်အတည်းများအောက်တွင် နေထိုင်နေရသည့် ရိုဟင်ဂျာများကို လူမျိုးစု ပြန်လည်သတ်မှတ်ပြီး နိုင်ငံသား စီစစ်ရေးလုပ်ငန်းစဉ်ကို လက်ခံမည်လား သို့မဟုတ် ဒုက္ခသည်စခန်းများတွင် ထိန်းသိမ်းခံမည်လား ဟူသည့် မျှော်လင့်ချက်မဲ့သော ရွေးချယ်မှုမျိုးကို ပြုလုပ်ရန် အစိုးရက အစီအစဉ်တစ်ခု ရေးဆွဲနေသည်ဟု Reuters သတင်းဌာနက သတင်းရရှိခဲ့သည်။

    “အစီအစဉ်ကို နောက်ဆုံးအပြီးသတ်နေပြီး မကြာခင်ကြေညာပါမယ်။ ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူအားလုံး ငြိမ်းချမ်းမှု၊ သဟဇာတရှိမှုနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ဆောင်နေပါတယ်” ဟု ရိုဟင်ဂျာများအတွက် ဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပြောကြားခဲ့ပြီး ကုလသမဂ္ဂမှလည်း အကူအညီများ တောင်းခံခဲ့လေသည်။

    ထိုသို့ပြောဆိုခြင်းက မြန်မာအစိုးရက လျှို့ဝှက်စွာ စီစဉ်နေပြီး လူသားချင်း စာနာထောက်ထာမှုဆိုင်ရာ အကူအညီပေးသူများပင် မကြာသေးမီကမှ သိခဲ့ရသော အငြင်းပွားဖွယ် ထိုအစီအစဉ်အား ပထမဆုံးအကြိမ် လူသိရှင်ကြား ကြေညာခြင်းဖြစ်၏။

    အဆိုပါ ရခိုင်ပြည်နယ်တည်ဆောက်ရေးအစီအစဉ်တွင် အိုးအိမ်ဆုံးရှုံးခဲ့သူများအတွက် အိမ်များ ပြန်လည်ဆောက်လုပ်ပေးခြင်း၊ ကျန်းမာရေးနှင့် ပညာရေးစနစ်များ တိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ လူ့အသိုင်းအ၀ိုင်းနှစ်ခုအကြား ရင်ကြားစေ့ရေးကို တိုးမြှင့်ဆောင်ရွက်ပေးခြင်းတို့ ပါဝင်သည်ဟု သိရသည်။

    ပို၍ အငြင်းပွားဖွယ်ကောင်းသည်က ထိုအစီအစဉ်အတွင် ရိုဟင်ဂျာများအား နိုင်ငံသားဟုတ်မဟုတ် ဆုံးဖြတ်မှုလုပ်ငန်းစဉ် ပါဝင်ခြင်းပင်ဖြစ်၏။ ထိုလုပ်ငန်းစဉ်၌ ရိုဟင်ဂျာအများစုက ငြင်းပယ်ထားသည့် ဘင်္ဂါလီလူမျိုးဟု စာရင်းပေးသွင်းရန် လိုအပ်နေသည်။ မျိုးဆက်ပေါင်းများစွာ ရခိုင်ပြည်နယ်တွင် နေထိုင်လာခဲ့သော်လည်း ဘင်္ဂလားဒေရှ့်မှ တရားမ၀င် ၀င်ရောက်လာသည့် သဘောသက်ရောက်နေသောကြောင့် ရိုဟင်ဂျာများက ဘင်္ဂါလီဟူသော အသုံးအနှုန်းကို ငြင်းပယ်ခြင်းဖြစ်သည်။

    စာရင်းပေးသွင်းရန် ငြင်းဆန်သူများနှင့် လိုအပ်သော စာရွက်စာတမ်း မရှိသူများအတွက် ယာယီကမ့်များတည်ဆောက်ရေးလည်း အစိုးရ၏ အစီအစဉ်တွင် ပါဝင်သည်။ နိုင်ငံသားဖြစ်ခွင့် မရသည့် ထိုသူများအား တတိယနိုင်ငံများသို့ ပြောင်းရွှေ့ပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR သို့ မြန်မာအစိုးရက တောင်းဆိုမည်ဖြစ်သည်။

    သို့သော်လည်း UNHCR ၏ ပြောရေးဆိုခွင့်ရှိသူကမူ ကမ့်များတွင် ထိန်းသိမ်းထားသောသူများကို ညှင်းပန်းနှိပ်စက်ခြင်းနှင့် ပဋိပက္ခများကြောင့် နိုင်တကာနယ်နမိတ်များသို့ ဖြတ်ကျော်ထွက်ပြေးလာသူ ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုမည် မဟုတ်သောကြောင့် ထိုကဲ့သို့ ဆောင်ရွက်ရန် မဖြစ်နိုင်ဟု ဆိုလေသည်။

    မြန်မာအစိုးရ၏ ထိုအစီအစဉ်က ရိုဟင်ဂျာများအား ၎င်းတို့နေထိုင်ရာရွာများမှ အတင်းအဓမ္မမောင်းထုတ်ကာ ကမ့်များတွင် ထိန်းသိမ်းထားနိုင်ခြေကို မြင့်တက်စေသည်ဟု အာရှ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ လက်ထောက်ဒါရိုက်တာ ဖီလ်း ရောဘတ်ဆန်က သတိပေးခဲ့လေသည်။

    “ရိုဟင်ဂျာတွေကို အလုံပိတ်ကမ့်ထဲမှာ စနစ်တကျထိန်းချုပ်ထားပြီး သူတို့ရဲ့အခွင့်အရေးကို ဆုံးရှုံးစေတာကြောင့် ဒီအစဉ်အစဉ်ဟာ အလွန်ပြဿနာဖြစ်မှာပါ။ ဒါဟာ ထင်ရာစိုင်းပြီး အကန့်အသတ်မရှိ ထိန်းချုပ်ထားခြင်းပါပဲ” ဟု ရောဘတ်ဆန်ကဆိုခဲ့လေသည်။

    ref_ Reuters