News @ M-Media

” ဗလီ တစ်ဆောင် က ၉၆၉ Sticker တစ်ရွက်လောက်တောင် တန်ဖိုးမရှိဘူးလား?” (ပြည်သူ့အသံ)

အောက်တိုဘာ ၃ ၊ ၂၀၁၄
Patrick Tan ရေးသည်။

“မွတ်စ်လင်မ်တို့ရဲ့ ဝတ်ပြုရာ ဗလီ တစ်ဆောင်သည် ၉၆၉ Sticker တစ်ရွက်လောက်တောင် တန်ဖိုးမရှိဘူးလား?”

1555520_502710056533252_622374601340390996_n

၂၀၁၃ ခုနှစ် ဧပြီလအတွင်း ကျောက်ကြီးမြို့နယ်၊ မုန်းရွာကြီးက ကွမ်းယာဆိုင်မှာ ကပ်ထားတဲ့ ၉၆၉ တံဆိပ် Sticker ကို ကွမ်းယာ လာဝယ်ရင်း မော်တော် ဆိုင်ကယ်သော့နဲ့ထိုးခွါမိတာ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က တရားလို အဖြစ် အမှုဖွင့်ကာ စွဲတင်တော့၊ ကွမ်းယာ ဆိုင်ပိုင်ရှင်က မျက်မြင် သက်သေ၊ မော်တော်ဆိုင်ကယ်သော့နဲ့ တယ်လီဖုန်းမှ ကင်မရာဖြင့် ရိုက်ထားသော ဓာတ်ပုံတို့က ပစ္စည်း သက်သေအဖြစ် လက္ခံပြီး၊ ၂ ရက်တည်းနဲ့ သာသနာကို စော်ကားမှု၊ ညှိုးနွမ်းစေမှု အစရှိသော ရာဇဝတ်မှုများမြောက်သည်ဆိုကာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်။

အခု ဗလီကို ဖျက်ဆီးမှုကျတော့ အမှုတည်ဆောက် စစ်ဆေးချိန် တစ်နှစ်နဲ့ ၆ လ တိတိကြာတယ်။

ဗွီဒီယို သက်သေတောင်ရှိပါတယ်။

Back Hoe နဲ့Clark နဲ့ ဘုန်းကြီးကိုယ်တိုင်မောင်းပြီး ဝမ်းသာအားရ ဂုဏ်ယူစွာဖြိုချနေတာ။

ပြစ်ဒါဏ်က အစွယ်အပွါး လူတွေလောက်၊ ထိုးကျွေးခံရတဲ့ လူတွေလောက်ကို “အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်” တဲ့လား?

ဒါဆို ချုပ်ရက်တွေ နှုတ်လိုက်ရင် ပြစ်ဒဏ်ချတဲ့ညနေမှာပဲ လွတ်စေပေါ့။

မွတ်စ်လင်မ်တို့ရဲ့ ဝတ်ပြုရာ ဗလီတစ်ဆောင်သည် ၉၆၉ Sticker တစ်ရွက်လောက်တောင်တန်ဖိုးမရှိဘူးလား?

Comments

Leave a Reply