
အောက်တိုဘာ ၃ ၊ ၂၀၁၄
M-Media
– ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung က မိမိအနေဖြင့် ရာထူးမှနှုတ်ထွက်ပေးရန် စိတ်ကူးမရှိဟု ကြေညာခဲ့ပြီး ဒီမိုကရေစီအရေး ဆန္ဒပြသူများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။
အုပ်ချုပ်ရေးမှူး Leung မှာ ယမန်နေ့ညသန်းခေါင်ယံအချိန် နောက်ဆုံးထား၍ ရာထူးမှဆင်းပေးရန်နှင့် မဆင်းပေးပါက စိုးရအဆောက်အဦးများကို သိမ်းပိုက်သွားမည်ဟု ဆန္ဒပြသူများက ရာဇသံပေးခဲ့ခြင်းအတွက် Leung က ထိုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
Leung က ဆန္ဒပြသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ၎င်း၏ မိန်ခွန်းတွင် ထည့်သွင်းပြေကြားခဲ့သော်လည်း မည်သည့်အချိန်တွင် ပြုလုပ်မည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ခြင်းမရှိချေ။ ထို့ပြင် အစိုးရအဆောက်အဦးများကို သိမ်းပိုက်ပါက ဆိုးရွားသော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟုလည်း သတိပေးခဲ့သည်။
ထိုပြောကြားချက်အား ဆန္ဒပြသူများကို အသံချဲ့စက်များဖြင့် နားထောင်စေခဲ့ပြီး ဆန္ဒပြသူများကမူ လှောင်ပြောင်ခဲ့ကြသည်။ Leung ထိုကဲ့သို့ ကြေညာခဲ့သော်လည်း ထောင်ပေါင်းများစွာသော ဟောင်ကောင်ပြည်သူများမှာ လမ်းမများပေါ်တွင် ဆက်လက်ဆန္ဒပြနေကြသည်။
Al Jazeera and agencies
Leave a Reply
You must be logged in to post a comment.