News @ M-Media

Blog

  • စစ်တွေ ညမထွက်ရ အမိန့် ရုပ်သိမ်း

    စစ်တွေ ညမထွက်ရ အမိန့် ရုပ်သိမ်း

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄

    ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့မှာ ညမထွက်ရအမိန့်ကို  စက်တင်ဘာလ ၁၁ရက်နေ့မှာ ရုပ်သိမ်းခဲ့ပါတယ်။

    ရခိုင်ပြည်နယ်တွင်းမှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေဖြစ်အပြီး တည်ငြိမ်မူ မရှိတဲ့ မြို့နယ်တိုင်းနီးပါး မှာ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားတာပါ။

    ပြီးခဲ့တဲ့ မတ်လက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ရုံးတွေ တိုက်ခိုက် ခံရမူဖြစ်ပြီး ဒေသခံတွေနဲ့ တင်းမာမူတွေဖြစ်ခဲ့ရတဲ့ စစ်တွေမြို့မှာတော့ စက်တင်ဘာလ ၁၁ရက်နေ့မှာ ညမထွက်ရ အမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

    ကိုးကား- VOA (မြန်မာပိုင်း)

  • ရခိုင်မှ ဒုက္ခသည်များ ရေရှည် လိုအပ်ချက်များ ရှိနေကြောင်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ပြောကြား

    ရခိုင်မှ ဒုက္ခသည်များ ရေရှည် လိုအပ်ချက်များ ရှိနေကြောင်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ပြောကြား

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media

    OCHA
    ဓါတ်ပုံ အညွှန်း – ကုလသမဂ္ဂ OCHA အကြီးအကဲ John Ging မှ ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများသို့ စက်တင်ဘာ ၁၀ ရက်နေ့က သွားရောက်ကြည့်ရှုစဉ် Photo: OCHA / C. Learson

    – ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များမှာ ရှေရှည် လိုအပ်ချက်များရှိနေသည်ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC မှ စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

    အကူအညီပေးရေးအဖွဲ့များအား ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သည့်မေလမှစတင်ကာ ICRC မှ အကူအညီပေးရေး လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ခဲ့သည်။

    လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အရေးပါသည့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေပြီး အစားသောက်နှင့် သောက်သုံးရေ ရရှိရေးတို့မှာလည်း အရေးကြီးနေကာ အကြမ်းဖက်မှုများက မွတ်စလင်နှင့် ရခိုင် လူ့အဖွဲ့အစည်းနှစ်ခုလုံးကို ရေရှည်ထိခိုက်နေသည်ဟု စစ်တွေရှိ ICRC ရုံးမှ အကြီးအကဲ အာကွင်း အိုချွာက ပြောကြားခဲ့သည်။

    ICRC ကမူ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးလုပ်ငန်းများ၊ အစားအသောက်နှင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ဆေးရုံ၊ ဆေးခန်းများ အတွက် ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ခြင်း၊ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ရန် အတွက် မျိုးစေ့များ၊ မြေသြဇာများဝေငှခြင်း စသည့် အကူအညီပေးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

    အစားသောက်ချက်ပြုတ်ရန် ထင်းမရရှိသည့် ဒုက္ခသည်စခန်း သုံးခုကိုလည်း စပါးခွံများမှ ပြုလုပ်ထားသည့် ထင်းအစားထိုးလောင်စာများ ပေးပို့ ကူညီထားသည်။ ထို့ပြင် မိုးရာသီ၌ အမိုးအကာများရရှိစေရန် တာပေါ်လင်စများ၊ ငါးဖမ်းသမားများအတွက် ငါးဖမ်း ပစ္စည်းကိရိယာများ စသည်တို့ကို ပေးအပ်ထားပြီး ခြောက်သွေ့ရာသီတွင် ဒုက္ခသည်မိသားစုများ ပုံမှန်ဝင်ငွေရရှိရေး အသေးစား စီးပွားရေးလုပ်ငန်းများကို ICRC မှ ထူထောင်ပေးရန် ရှိနေသည်။

    ICRC မှာ ကချင်ပြည်နယ်နှင့် အရှေ့ပိုင်းပြည်နယ်များရှိ စစ်ဘေးဒဏ်ခံပြည်သူများအတွက်လည်း အကူအညီပေးရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး စင်တာများကို ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ref_ICRC

  • ဗြိတိန်မှ ခွဲထွက်ရေး စကော့တလန် ပြည်သူ ၅၃ ရာခိုင်နှုန်းက မထောက်ခံဟု စစ်တမ်းများအရ သိရ

    ဗြိတိန်မှ ခွဲထွက်ရေး စကော့တလန် ပြည်သူ ၅၃ ရာခိုင်နှုန်းက မထောက်ခံဟု စစ်တမ်းများအရ သိရ

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    Referendum on Scottish independence
    – လာမည့်သီတင်းပတ်အတွင်း ကျင်းပပြုလုပ်မည့် စကော့တလန်အား ဗြိတိန်မှခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် စကော့တလန်နိုင်ငံသား ၅၃ ရာခိုင်နှုန်းမှာ ကန့်ကွက်မဲသာ ထည့်ကြရန် ရည်ရွယ်ထားသည်ဟု စမ်းသပ်ကောက်ယူမှုအရ သိရသည်။

    စစ်တမ်းကောက်ယူမှုကို Daily Record သတင်းစာက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၄၇ ရာခိုင်နှုန်းက ခွဲထွက်ရေးအတွက် ထောက်ခံပြီး၊ ၁၀ ရာခိုင်နှုန်းကမူ မဆုံးဖြတ် ရသေးကြောင်း ပြောကြားခဲ့သည်ဟု ယမန်နေ့တွင် ထုတ်ပြန်သည့် ရလဒ်၌ ဖော်ပြထားသည်။

    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမင်ရွန်းက ယူကေမိသားစုနိုင်ငံများမှ ခွဲထွက်ရန် စေကာ့တလန်နိုင်ငံသားများက မဲပေးပါက မိမိအနေဖြင့် ကြေကွဲရလိမ့်မည်ဖြစ်ကြောင်း အဆိုပါ စစ်တမ်းမကောက်ယူမီ ရက်ပိုင်းအလိုက အေဒင်ဘတ်တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

    လူမှုဖူလုံရေး ဖြတ်တောက်မှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ၀န်ကြီးချုပ် မာဂရက်သက်ချာလက်ထက် နိုင်ငံတော် ချုပ်ကိုင်မှုများကို ပုဂ္ဂလိကလက်ထဲသို့ အပ်နှံမှုများကြောင့် ဒေးဗစ် ကင်မရွန်း၏ ကွန်ဆာဗေးတစ်ပါတီကို စကော့တလန်တွင် လူကြိုက်နည်းပြီး၊ ကင်မရွန်း၏ ဘက်ဂျက် လျှော့ချမှုပေါ်လစီက စကော့တလန်အား ယူကေမှ ခွဲထွက်ရေးအတွက် အကြောင်းတစ်ရပ်အဖြစ်ပါဝင်သည်ဟု ခွဲထွက်ရေးသမားများက ဆိုသည်။

    နှစ်ပေါင်း ၃၀၇ နှစ်ရှိပြီဖြစ်သည့် အန်ဂလို-စကော့တစ်ရှ် ပြည်ထောင်စုကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် သမိုင်းတွင် မိမိမှာ ဂရိတ်ဗြိတန်၏ နောက်ဆုံး ၀န်ကြီးချုပ်ဖြစ်မလာစေရန်အတွက် ကင်မရွန်းက မေတ္တာရပ်ခံခဲ့သည်။

    ref_ Agencies
  • ရုရှ မွတ်စလင်တို့၏ ဘာသာရေး ကိုင်းရှိုင်းမှုနှင့် ရိုင်းပင်းမှု ကို ခရစ်ယာန် ဘုန်းတော်ကြီး ချီးကျူး

    ရုရှ မွတ်စလင်တို့၏ ဘာသာရေး ကိုင်းရှိုင်းမှုနှင့် ရိုင်းပင်းမှု ကို ခရစ်ယာန် ဘုန်းတော်ကြီး ချီးကျူး

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    RussianArchpriest-Says-Future-for-Muslims
    – အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးကိုင်းရှိုင်းမှု၊ ချို့တဲ့သူများအား ကူညီမှုတို့ကြောင့် အနာဂတ်ကာလမှာ မွတ်စလင်များအတွက်သာ ဖြစ်သွားမည်ဟု မော်စကိုရှိ ခရစ်ယာန် အော်သိုဒေါ့စ် ဘုန်းတော်ကြီး ဒီမီထရီ စမီရန်နော့ဗ်က ပြီးခဲ့သည့် တနင်္ဂနွေနေ့ ၀တ်ပြုဆုတောင်းမှုအတွင်း ပရိတ်သတ်များအား ပြောကြားခဲ့သည်ဟု သိရသည်။

    တကယ်တော့ မွတ်စလင်တွေရဲ့ ပွဲတော်တွေမှာ မော်စကိုက မွတ်စလင်တွေနေတဲ့ ဒေသတွေကို သွားလို့မရပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ထောင်ပေါင်း များစွာသော မွတ်စလင်တွေဟာ ဘုရားသခင်ကို ၀တ်ပြုနေကြလို့ပါ။ အော်သိုဒေါ့စ် အသင်းတော်က ဒီလိုလူအများကြီး ၀တ်ပြုတာမျိုး ဘယ်မှာမြင်ဖူးလို့လဲ? ဘယ်အချိန်၊ ဘယ်နေရာမှာမှ ဒါမျိုးကို မြင်ရမှာ မဟုတ်ပါဘူး” ဟု အော်သိုဒေါ့စ် ဘုန်းတော်ကြီး စမီရန်နော့ဗ်၏ ပြောကြားမှုကို World Bulletin သတင်းဌာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် အဆိုပါ ဘုန်းတော်ကြီးမှာ ၀တ်ပြုရန် လာရောက်သူအမျိုးသမီးတစ်ဦး၏ မွတ်စလင်များနှင့်ပတ်သက်၍ ဖွင့်ဟမှုကိုလည်း ပြန်လည်ပြောကြားခဲ့သည်။ ထိုအမျိုးသမီးမှာ တနင်္ဂနွေနေ့ ဘုရားကျောင်းသို့ လာတိုင်း မွတ်စလင် ကားသမားများက ကားခယူခြင်း မရှိဘဲ ခရစ်ယာန် ကားသမားများကမူ ငွေကိုသာ စိတ်ဝင်စားသည်ဟု ထိုအမျိုးသမီးက ပြောကြားခဲ့သည်။

    “ဒီကလေးဟာ သူ့မအမေဆီက ဘယ်တော့မှ ပိုက်ဆံမတောင်းပါဘူး။ အထူးသဖြင့် ဘုရားကျောင်းကို သွားတဲ့အခါမှာပေါ့။ အီစတာပွဲတော် ဒါမှမဟုတ် အခြားပွဲတော်ကို ခေါ်ဆောင်သွားတဲ့ မွတ်စလင်တစ်ယောက်ဟာ ပိုက်ဆံလိုချင်တဲ့ ခရစ်ယာန်တစ်ယောက်ထက် ခရစ်တော်နဲ့ ပိုနီးကပ်မှုရမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ခရစ်ယန်ကားသမားရဲ့ နှလုံးသားထဲမှာ သနားမှု၊ ညှာတာမှု၊ ကြင်နာမှုတွေ မရှိလို့ပါပဲ” ဟု ဘုန်းတော်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    မိမိ၏ အတွေ့အကြုံများကို ဘုန်းတော်ကြီးအား ဖွင့်ဟခဲ့သည့် အဆိုပါ အမျိုးသမီးအား အိမ်နီးချင်းမွတ်စလင်တစ်ဦးက အဖော်ပြုကာ ပတ်ဝန်းကျင်သို့ လိုက်လံပြသခြင်း၊ သူမ၏အိမ်ရှိ ရေ၊ မီး စသည့် စားရိတ်များကို ပေးဆောင်ခြင်း၊ ဈေးသို့အဖော်လိုက်သွားပြီး အထုတ်များကို ၀ိုင်းဝန်းသယ်ဆောင်ပေးခြင်းတို့ ပြုလုပ်ပေးသည်ဟု စမီရန်နော့ဗ်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီအကြောင်းအရင်းတွေကြောင့် အနာဂတ်ဟာ မွတ်စလင်တွေအတွက် ဖြစ်လာပါလိမ့်မယ်။ အနာဂတ်ဟာ သူတို့အတွက်ပါ။ ဒီဒေသကို သူတို့ အကျိုးရှိအောင် လုပ်ပါလိမ့်မယ်”

    အစ္စလာမ်သာသနာမှာ ရုရှားတွင် ဒုတိယ ကိုးကွယ်မှုအများဆုံး အယူဝါဒဖြစ်ပြီး ရုရှားလူဦးရေ ၁၄၅ သန်း၏ ၁၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြသည်။

    ref_OnIslam & News Agencies

  • ဝေဖန်မှုများအား တုံ့ပြန်သွားမည် မဟုတ်ဟု စပိန်နည်းပြ ဒဲလ်ဘော့စကေး ပြောကြား

    ဝေဖန်မှုများအား တုံ့ပြန်သွားမည် မဟုတ်ဟု စပိန်နည်းပြ ဒဲလ်ဘော့စကေး ပြောကြား

    စက်တင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    425760_heroa
    – ကမ္ဘာ့ဖလားပြိုင်ပွဲအလွန် မိမိတို့အသင်းမှာ တိုးတက်မှုများရှိနေပြီး မိမိအား ဝေဖန်နေမှုများကို တုံ့ပြန်သွားမည်မဟုတ်ဟု စပိန်အသင်းနည်းပြ ဒဲလ်ဘော့စကေးက ပြောကြားလိုက်သည်။

    ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းမှာ ဘရာဇီးလ်ကမ္ဘာ့ဖလားတွင် ခြေစွမ်းမပြနိုင်ခဲ့ဘဲ အုပ်စုအဆင့်မှပင် ထွက်ခဲ့ရပြီး ပြီးခဲ့သည့် တစ်ပတ်က ပြင်သစ်အသင်းနှင့် ခြေစမ်းပွဲတွင်လည်း ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့သည်။

    ထို့ကြောင့် အဓိကကစားသမားနှစ်ဦး အနားယူသွားပြီးနောက် အသင်းအား ပြန်လည်တည်ဆောက်နေရသည့် နည်းပြဒဲလ်ဘော့စကေးအပေါ် ဝေဖန်မှုများ ရှိလာခဲ့သည်။

    “စပိန်အသင်းရဲ့ စွမ်းဆောင်ရည်ကို သံသယရှိနေတဲ့သူတွေနဲ့ဖက်ပြီး ကျွန်တော် ရန်ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုပဲ ဝေဖန်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ ချို့ယွင်းချက်တွေနဲ့ ပတ်သက်ပြီးပြောတာကို ကျွန်တော် မကြိုက်ပါဘူး။ ကောင်းတာတွေကို အလေးထားရတာပဲကျွန်တော်ပိုနှစ်သက်ပြီး အားနည်းချက်တွေကိုတော့ အသင်းရဲ့ ၀တ်လဲခန်းထဲမှာပဲ ပြောပါတယ်” ဟု ဒဲလ်ဘော့စကေးက Radio Marca သို့ပြောကြားခဲ့သည်။

    စပိန်အသင်းမှာ လာမည့်အောက်တိုဘာလတွင် ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် စလိုဗက်ကီးယား၊ လူဇင်ဘတ်အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။