စက်တင်ဘာ ၁၁ ၊ ၂၀၁၄
M-Media
– လာမည့်သီတင်းပတ်အတွင်း ကျင်းပပြုလုပ်မည့် စကော့တလန်အား ဗြိတိန်မှခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် စကော့တလန်နိုင်ငံသား ၅၃ ရာခိုင်နှုန်းမှာ ကန့်ကွက်မဲသာ ထည့်ကြရန် ရည်ရွယ်ထားသည်ဟု စမ်းသပ်ကောက်ယူမှုအရ သိရသည်။
စစ်တမ်းကောက်ယူမှုကို Daily Record သတင်းစာက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၄၇ ရာခိုင်နှုန်းက ခွဲထွက်ရေးအတွက် ထောက်ခံပြီး၊ ၁၀ ရာခိုင်နှုန်းကမူ မဆုံးဖြတ် ရသေးကြောင်း ပြောကြားခဲ့သည်ဟု ယမန်နေ့တွင် ထုတ်ပြန်သည့် ရလဒ်၌ ဖော်ပြထားသည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမင်ရွန်းက ယူကေမိသားစုနိုင်ငံများမှ ခွဲထွက်ရန် စေကာ့တလန်နိုင်ငံသားများက မဲပေးပါက မိမိအနေဖြင့် ကြေကွဲရလိမ့်မည်ဖြစ်ကြောင်း အဆိုပါ စစ်တမ်းမကောက်ယူမီ ရက်ပိုင်းအလိုက အေဒင်ဘတ်တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတွင် ပြောကြားခဲ့သည်။
လူမှုဖူလုံရေး ဖြတ်တောက်မှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ၀န်ကြီးချုပ် မာဂရက်သက်ချာလက်ထက် နိုင်ငံတော် ချုပ်ကိုင်မှုများကို ပုဂ္ဂလိကလက်ထဲသို့ အပ်နှံမှုများကြောင့် ဒေးဗစ် ကင်မရွန်း၏ ကွန်ဆာဗေးတစ်ပါတီကို စကော့တလန်တွင် လူကြိုက်နည်းပြီး၊ ကင်မရွန်း၏ ဘက်ဂျက် လျှော့ချမှုပေါ်လစီက စကော့တလန်အား ယူကေမှ ခွဲထွက်ရေးအတွက် အကြောင်းတစ်ရပ်အဖြစ်ပါဝင်သည်ဟု ခွဲထွက်ရေးသမားများက ဆိုသည်။
နှစ်ပေါင်း ၃၀၇ နှစ်ရှိပြီဖြစ်သည့် အန်ဂလို-စကော့တစ်ရှ် ပြည်ထောင်စုကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် သမိုင်းတွင် မိမိမှာ ဂရိတ်ဗြိတန်၏ နောက်ဆုံး ၀န်ကြီးချုပ်ဖြစ်မလာစေရန်အတွက် ကင်မရွန်းက မေတ္တာရပ်ခံခဲ့သည်။
Leave a Reply
You must be logged in to post a comment.