News @ M-Media

Blog

  • Gulf Travels & Tours (ကြော်ငြာ ကဏ္ဍ)

    Gulf Travels & Tours (ကြော်ငြာ ကဏ္ဍ)

    Gulf Travels  Tours

    ► Special Charter Flight Service
    – ပြည်တွင်း ပြည်ပသို့ လေယာဉ် စင်းလုံးဌားရမ်းခြင်း ဝန်ဆောင်မှု၊

    ► International Air Ticketing
    – ပြည်ပ လေယာဉ်လက်မှတ်များ စီစဉ်ဆောင်ရွက်ပေးခြင်း၊

    ► Domestic Air Ticketing
    – ပြည်တွင်း လေယာဉ်လက်မှတ်များ စီစဉ်ဆောင်ရွက်ပေးခြင်း၊

    ► World Wide Hotel Reservation
    – ပြည်တွင်း/ ပြည်ပ ဟိုတယ်သီးသန့် ဝန်ဆောင်မှုပေးခြင်း၊

    ► World- Wide Visa Services
    – ဗီဇာ လျောက်ထားပေးခြင်း ဝန်ဆောင်မှု

    ► Airport Transportation Service
    – လေဆိပ် ကြို/ပို့ ဝန်ဆောင်မှုပေးခြင်း၊

    ► Charter Boat & Cruises
    – အပျော်စီး သင်္ဘော လက်မှတ်နှင့် စင်းလုံးဌားခြင်း ဝန်ဆောင်မှု၊

    ► Car Rental Service
    – ကားလက်မှတ်နှင့် စင်းလုံးဌားရမ်းခြင်း ဝန်ဆောင်မှု၊

    ► Guide Service
    – ဧည့်လမ်းညွှန် စီစဉ်ပေးခြင်း ဝန်ဆောင်မှု

    Gulf Travels & Tours Co.,Ltd
    No. (69), Sule Pagoda Road,Near Center Point Tower,
    Kyauktada Tsp, Yangon,Myanmar.

    Tel : (+95 1) 249187, 386687,378235,378236,
    Fax : (+95 1) 378237.
    Email: [email protected],
    [email protected]

    website: http://www.myanmartravelsgulf.com
    http://www.gulftravelsmyanmar.com

     

    ===========================================

    >> သင့်စီးပွားရေး လုပ်ငန်းများ အောင်မြင် တိုးတက်စေရန် M-Media တွင်ကြော်ငြာ ထည့်သွင်းနိုင်ပါပြီ။

    >> ဆက်သွယ်ရန် –  [email protected]

     

  • ဂါဇာအား ကျူးကျော် တိုက်ခိုက်သည့် အစ္စရေးကို ဝေဖန်ခဲ့သူ ဗြိတိန် ပါလီမန် အမတ် တိုက်ခိုက်ခံရ

    ဂါဇာအား ကျူးကျော် တိုက်ခိုက်သည့် အစ္စရေးကို ဝေဖန်ခဲ့သူ ဗြိတိန် ပါလီမန် အမတ် တိုက်ခိုက်ခံရ

    သြဂုတ် ၃၀ ၊ ၂၀၁၄
    M-Media
    201483015153788734_20
    – ပါလက်စတိုင်းထောက်ခံသူ ဗြိတိန်ပါလီမန်အမတ် ဂျော့ဂ်ျ ဂါလိုဝေးမှာ ၎င်း၏ အစ္စရေးဆန့်ကျင်သော စကားများကြောင့် လန်ဒန်တွင် ယမန်နေ့က တိုက်ခိုက်ခံခဲ့ရပြီး ဆိုးရွားစွာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    နောတင်း ဟေးလ်ဒေသတွင် ဓာတ်ပုံရိုက်ရန်အတွက် စီစဉ်နေစဉ် လူတစ်ဦးမှ ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာဇီတို့က ဂျူးများကို သတ်ဖြတ်သည့် Holocaust အကြောင်းကိုလည်း ဟစ်ကြွေးခဲ့သည်ဟုဆိုသည်။

    “ဂျော့က လူတွေနဲ့ ဓာတ်ပုံရိုက်ဖို့ လုပ်နေတဲ့အချိန်မှာ လူတစ်ယောက်က သူ့အပေါ် ခုန်အုပ်ပြီး သူ့ကို ထိုးပါတော့တယ်။ ဒါဟာ ဂျော့ရဲ့ အစ္စရေးကို ဆန့်ကျင်တဲ့ မှတ်ချက်ကြောင့် ဖြစ်ပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလူဟာ Holocaust အကြောင်းကို အော်ဟစ်ခဲ့လို့ပါ” ဟု ဂျော့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

    Respect ပါတီခေါင်းဆောင်းဖြစ်ပြီး အနောက်ဘရက်ဖို့ဒ်ဒေသမှ ပါလီမန်အမတ်ဖြစ်သူ ဂျော့မှာ သြဂုတ်လ ၂ ရက်နေ့က လိဒ်မြို့တွင် ပြောကြားသော မိန့်ခွန်း၌ ဂါဇာဒေသအား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ၎င်း၏ ဘရက်ဖို့ဒ် ဒေသအား အစ္စရေး ကင်းစင်နယ်မြေအဖြစ် ကြွေးကျော်ခဲ့သည်။

    “အစ္စရေးရဲ့ ဘယ်ကုန်ပစ္စည်းမှ မလိုချင်ပါဘူး။ ပြီးတော့ အစ္စရေးရဲ့ဝန်ဆောင်မှုတွေ၊ အစ္စရေးက ပညာရှင်တွေ ဒီက တက္ကသိုလ်၊ ကောလိပ်တွေကို လာရောက်တာမျိုး၊ ဘရက်ဖို့ဒ်ကို အစ္စရေးခရီးသွားတွေ လာရောက်တာမျိုးတွေ ဘာဆို ဘာမှ မလိုချင်ပါဘူး” ဟု အဆိုပါ မိန့်ခွန်းပြီးနောက် ရဲတပ်ဖွဲ့နှင့် အင်တာဗျူး တွင် ဂျော့က ပြောကြား ခဲ့သည်။

    ဂျော့အားတိုက်ခိုက်သူကို ဖမ်းဆီးရမိခဲ့ပြီး လန်ဒန်တောင်ပိုင်း ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း၊ ဂျော့မှာ နှာခေါင်းကျိုးဒဏ်ရာ၊ နံရိုကျိုး ဒဏ်ရာတို့ ရရှိခဲ့ကာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ref_Al Jazeera and agencies

  • ဒီမာရီယာအား ရောင်းချခဲ့ခြင်းမှာ အမှားတစ်ခု ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု မာရှေရာနိုဆို

    ဒီမာရီယာအား ရောင်းချခဲ့ခြင်းမှာ အမှားတစ်ခု ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု မာရှေရာနိုဆို

    သြဂုတ် ၃၀ ၊ ၂၀၁၄
    M-Media
    Javier Mascherano, Angel Di Maria from Argentina
    – ရီးယဲလ်မက်ဒရစ်က ဒီမာရီယာအား ရောင်းချခဲ့ခြင်းမှာ အမှားတစ်ခုကို ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမား ၁၀ ဦးတွင်ပါဝင်သူ ၁ ဦးကို ဆုံးရှုံးခဲ့ခြင်းဖြစ်သည်ဟု ဘာစီလိုနာအလယ်တန်းကစားသမား မာရှေရာနိုက ပြောကြားလိုက်သည်။

    ရီးယဲလ်အသင်းတွင် ပုံမှန်နေရာမရသည့် ဒီမာရီယာမှာ မန်ယူအသင်းသို့ ယူရို ၈၄ သန်းဖြင့် ယခုသီတင်းပတ်အစောပိုင်းက ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။

    “ဒါဟာကျွန်တော် စိုးရိမ်ရမယ့် ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပမေယ့် သူတို့ ဆုံးရှုံးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဟာ ကျွန်တော်သိပ်ကြိုက်တဲ့ ကစားသမားတစ်ဦးပါ။ ပြီးတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၁၀ ဦးထဲက တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ တိုက်စစ်နဲ့ ခံစစ်ကို ဟန်ချက်ညှိပေးပြီး ကစားအားကောင်းသူ တစ်ဦးပါ။ သူ့ကို နေရာတော်တော်များများမှာ သုံးနိုင်ပါတယ်” ဟု ဒီမာရီယာ ပြောင်းရွှေ့သွားခြင်းနှင့် ပတ်သက်၍ အာဂျင်တိုင်းအသင်းဖော် မာရှေရာနိုက Mundo Deportivo သတင်းစာသို့ ပြောကြားခဲ့သည်။

    မာရှေရာနိုမှာ ပြီးခဲ့သည့်ရာသီက အသင်းမှထွက်ခွာရန် စီစဉ်ခဲ့သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ဘာစီလိုနာအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။

  • ဒရုန်းလေယာဉ်ဖြင့် ပစ္စည်းများပေးပို့နိုင်မည့် ပရောဂျက်တစ်ခုကို ဂူးဂဲလ် ကြေညာ

    ဒရုန်းလေယာဉ်ဖြင့် ပစ္စည်းများပေးပို့နိုင်မည့် ပရောဂျက်တစ်ခုကို ဂူးဂဲလ် ကြေညာ

    သြဂုတ် ၃၀ ၊ ၂၀၁၄
    M-Media
    20140829_014355_Google-Drone
    – အမေရိကန်ပြည်ထောင်စုအတွင်း ယာဉ်လမ်းကြော ပိတ်ဆို့မှုများကို ရှောင်ရှားကာ ပစ္စည်းများပေးပို့ရာတွင် အသုံးပြုနိုင်မည့် ဒရုန်းလေယာဉ်များကို တည်ဆောက်နေသည်ဟု ဂူးဂဲလ်က ကြေညာလိုက်သည်။

    Project Wing ဟု အမည်ပေးထားသည့် အဆိုပါ ပရောဂျက်ကို ယမန်နေ့က ထုတ်ဖော် ပြသခဲ့ခြင်းဖြစ်သည်။ အွန်လိုင်း စတိုးတစ်ခုဖြစ်သည့် Amazon ကလည်း ဈေးဝယ်သူများသို့ ဒရုန်းလေယာဉ်များဖြင့် ပစ္စည်းများပေးပို့နိုင်ရန် စီစဉ်နေသောကြောင့် ဂူးဂဲလ်၏ထိုပရောဂျက်မှာ Amazon အား ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

    ထိုပရောဂျက် အတွက် စမ်းသပ် ပျံသန်းမှုများပြုလုပ်ခဲ့သော်လည်း အပြည့်အ၀ လုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် နှစ်အနည်းငယ် ကြာမြင့်ဖွယ်ရှိနေသည်ဟု ဂူးဂဲလ်မှ ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။

    အဆိုပါ ဒရုန်းများကို မြေပြင်မှ ထိန်းချုပ်ရန် မလိုအပ်ဘဲ ဂူးလ်ဂဲလ်မှ ထုတ်လုပ်ထားသည့် အလိုအလျောက်မောင်းနှင့်သည့် ကားများ၏ ပုံစံအတိုင်းဖြစ်သည်ဟု ဆိုသည်။

    “ဒီလေယာဉ်တွေဟာ မြေပြင်က ထိန်းချုပ်တဲ့ လေယာဉ်တွေထက် ဂူးဂဲလ်ရဲ့ အလိုအလျောက် မောင်းနှင်နိုင်တဲ့ကားနဲ့ ပိုတူပါတယ်။ အလိုအလျောက် ပျံသန်းနိုင်တဲ့ လေယာဉ်တွေဟာ ယနေ့လုပ်နိုင်တာထက်ပိုပြီး အကုန်အကျသက်သာကာ လျင်လျင်မြန်မြန်နဲ့ အလေ့အလွင့်နည်းပါးပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ရမယ်ဆိုတဲ့ ရွေးချယ်မှုတွေအပါအ၀င် ကုန်ပစ္စည်းတွေပေးပို့ဖို့အတွက် ချဉ်းကပ်မှု အသစ်ပါပဲ” ဟု ဂူးလ်ဂဲလ်က ၎င်း၏ ၀ဘ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    ထိုပရောဂျက်ကို အလိုအလျောက်မောင်းနှင်သည့်ကားများ၊ ဂူးလ်ဂဲလ် မျက်မှန်များ စသည့် အထူးအဆန်း ပစ္စည်းများကို တီထွင်ထုတ်လုပ်သည့် ဂူးလ်ဂဲလ်၏ X သုတေသနဌာနမှ နောက်ဆုံးပေါ်ထွက်လာသည့် ဆောင်ရွက်ချက်တစ်ခုလည်းဖြစ်သည်။

    အရပ်ဘက်တွင် ဒရုန်းလေယာဉ်များကို အသုံပြုရန် ထိုကဲ့သို့ ပေရာဂျက်များဆောင်ရွက်ရန်အတွက် အမေရိကန် ဥပဒေက ခွင့်ပြုထားပြီး Amazon ကလည်း ၎င်းတို့အနေဖြင့် စမ်းသပ်မှုများကို ပိုမိုပြုလုပ်နိုင်ရန် အမေရိကန်အစိုးရသို့ ပြီးခဲ့သည့်လက လျှောက်ထားခဲ့သည်။

    ref_Al Jazeera and agencies

  • သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေစာရင်း အကြောင်း ရှင်းလင်းပွဲမှ ပြောစကားအချို့

    သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေစာရင်း အကြောင်း ရှင်းလင်းပွဲမှ ပြောစကားအချို့

    သြဂုတ် ၃၀ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    1422396_848986098467672_2868873874454039935_n
    သန်းခေါင်စာရင်း ကိစ္စမှာ လူမျိုး ၁၃၅ မျိုးကို တရားသေစွဲ ကိုင်ထားခြင်း မဟုတ်ကြောင်း၊

    ရခိုင်မှာ ရိုဟင်ဂျာတောင်းခံသည့် ခရိုင် ၃ ခု နဲ့ ကချင် ၂၅ အုပ်စုကို စာရင်းမကောက်ခံနိုင်ခဲ့၊

    ရခိုင်ပြဿနာက နိုင်ငံရေးဖြစ်လို့ နည်းပညာဖြင့် ဖြေရှင်းလို့မရ နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းနိုင်ကြောင်း၊

    အရင် သန်း ၆၀ ကျော်ဆိုတာ ခန့်မှန်းချက်သာဖြစ်လို့ ပြည်ထောင်စုဝန်ကြီး ဒီနေ့ပြောသွားတဲ့ ၅၁.၄ သန်းကိုသာ လက်ရှိအတည်ယူပေးပါရန်၊

    ၅၁.၄ သန်းက အတည်မဟုတ်သေးကြောင်း၊

    ၅၁.၄ သန်းမှာ နိုင်ငံခြားကို တရားဝင်ရော အောက်လမ်းကရော သွားသူတွေမပါသေးကြောင်း၊

    ၂၀၁၅ မေလခန့်မှာ ထွက်လာမယ့် ပင်မစာရင်းကသာလျှင် အတည်ပြုချက်ဖြစ်မှာဖြစ်ကြောင်း၊

    သန်းခေါင်စာရင်းကို လိမ်လည်ဖြေဆိုရင် အရေးယူမယ်ဆိုပေမယ့် သန်းခေါင်စာရင်းကြောင့် နိုင်ငံတော်မှာ သွေးထွက်သံယိုမဖြစ်အောင် ထိန်းသိမ်းရတယ်။ ဒါကြောင့် တစ်ဦးတစ်ယောက်တည်းကို အရေးယူလို့မရနိုင်ကြောင်း၊

    ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ တွင်း ကျင်းပါပြုလုပ်ခဲ့သည့်၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေစာရင်းအား ရှင်းလင်းပြောကြားသည့် ပွဲမှ ဝန်ကြီး ဦးခင်ရီနှင့် ညွှန်ကြားရေးမှုး ဒေါ်ခိုင်ခိုင်စိုးတို့ ပြောကြားခဲ့သည့် အချက်အလက်တချို့ဖြစ်ပါသည်။