News @ M-Media

Blog

  • ထူးအိမ်သင် ဂီတပွဲတော် လက်မှတ်များ အရောင်းပြတ်

    ထူးအိမ်သင် ဂီတပွဲတော် လက်မှတ်များ အရောင်းပြတ်

    သြဂုတ် ၂၁၊ ၂၀၁၄
    M-Media
    လမင်း
    37e20df0-21f4-11e4-ac99-00259079fbca_mid
    ရန်ကုန်။       ။ သြဂုတ်လ ၂၃ ရက်နေ့ ရန်ကုန်မြို့ရှိ Myanmar Event Park တွင်ပြုလုပ်ကျင်းပမည့် ထူးအိမ်သင် ဂီတပွဲတော် လွမ်းခြင်းအားဖြင့် ဆယ်နှစ်တာ ဖျော်ဖြေပွဲ လတ်မှတ်များမှာ ဂီတပွဲတော်ကျင်းပရန် ရက်အနည်းငယ် လိုသေးသော်လည်း လတ်မှတ်များ အရောင်းပြတ်သွားကြောင်း သတင်းရရှိသည်။

    “သူတို့ လက်မှတ်ဝယ်လို့ရတယ်ဆိုတဲ့ နေရာတွေမှာလိုက်ဝယ်နေတာပဲ။ ဘယ်မှာမှဝယ်လို့မရတော့ဘူး။ ဈေးအမြင့်ဆုံးအတန်းက လတ်မှတ်တောင် မရှိတော့ဘူးလို့ပြောတယ်” ဟု တာမွေမြို့နယ်မှ ထူးအိမ်သင်ဂီတပွဲတော်သို့ သွားရောက်ကြည့်ရှုနိုင်ရန် အတွက် လတ်မှတ်ဝယ်နေသူတစ်ဦးက ဆိုသည်။

    1876 Hot Line တွင်လည်း လက်မှတ်ရောင်းချရန် မကျန်ရှိတော့ဟု သိရသည်။ ပွဲကျင်းပသည့်နေ့တွင်တော့ ၀ယ်ယူရန်ရရှိနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များမှ စီစဉ်လျက်ရှိနေကြောင်း သိရသည်။

    ထူးအိမ်သင်သို့လွမ်းခြင်း အမှတ်တရအနေဖြင့် ဂီတပွဲတော်ကို ရန်ကုန်မြှို၌ ကြီးကျယ်ခမ်းနားစွာပြုလုပ်မည်ဖြစ်ပြီး ယင်းဖျော်ဖြေပွဲသို့ နိုင်ငံကျော်အဆိုတော် ၄၀ ကျော်မှပါဝင်သီဆိုကြမည်ဖြစ်ကြောင်း သိရသည်။

  • အာဏာသိမ်း ထိုင်းစစ်တပ်ခေါင်းဆောင် ယူနီဖောင်းလဲကာ ၀န်ကြီးချုပ် ဖြစ်လာဖွယ်ရှိနေ

    အာဏာသိမ်း ထိုင်းစစ်တပ်ခေါင်းဆောင် ယူနီဖောင်းလဲကာ ၀န်ကြီးချုပ် ဖြစ်လာဖွယ်ရှိနေ

    သြဂုတ် ၂၁၊ ၂၀၁၄
    M-Media
    2205thaiWorld_840_600_100
    – အာဏာသိမ်းထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်မှာ ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်သစ်အဖြစ် ရွေးတင်မြှောက်ခံရဖွယ်ရှိကြောင်း စစ်တပ်ကိုယ်စားလှယ် အများစုပါဝင်သော အမျိုးသားညီလာခံအရ သိရှိရသည်ဟု စစ်တပ်သတင်းရင်းမြစ်များကဆိုသည်။

    နိုင်ငံခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရေး အဆိုပါ ညီလာခံကို အင်္ဂါနေ့က ပြလုပ်ခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးချုပ်ရာထူးအတွက် စစ်တပ်အကြီးအကဲ ပရာယွတ် ချန်အိုချာက တစ်ဦးတည်းသော ယှဉ်ပြိုင်မည့်သူဖြစ်နေသည်။

    “ဗိုလ်ချုပ် ပရာယွတ်ကလွဲပြီး ၀န်ကြီးချုပ်နေရာအတွက် တခြားလူရှာဖို့ ခက်ပါတယ်။ သူမှ မဟုတ်ရင် နောက်ဘယ်သူဖြစ်သင့်လဲ? အာဏာသိမ်းဖို့ သူစီစဉ်ခဲ့တယ်။ ပြဿနာတွေအားလုံးကို ကိုယ်တိုင်ဖြေရှင်းဖို့အတွက် သူ တာဝန်ယူရပါမယ်။ ၀န်ကြီးချုပ်ဖြစ်လာမှ သူဟာ လုပ်ပိုင်ခွင့် အပြည့်အ၀ ရလာမှာပါ” ဟု စစ်တပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

    ယခင်ရှိခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ NCPO မှ တာဝန်ရှိသူဟောင်း တစ်ဦးကလည်း ပရာယွတ်သာ ထိုရာထူးနှင့် သင့်တော်ကြောင်း၊ မဲပေးမှုများအရ ၎င်းသာလျှင် လူကြိုက်များပြီး ပြည်သူများမှာ NCPO ၏ ဆောင်ရွက်မှုများကို နှစ်ခြိုက်ကြကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ပရာယွတ်မှာ ၀န်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ထရာအား အခြေခံဥပဒေခုံရုံးက ရာထူးမှ ဖယ်ရှားပြီးနောက် မေလ ၂၂ ရက်နေ့တွင် အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် လာမည့်နှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

    – AFP

  • IS လုပ်ရပ် ဘာသာတရားနှင့် မသက်ဆိုင်ဟု အိုဘားမာပြော၊ ဓါးစာခံများကို ကယ်ရန် စစ်ဆင်ရေး မအောင်မြင်ခဲ့ဟု သတင်းထုတ်ပြန်

    IS လုပ်ရပ် ဘာသာတရားနှင့် မသက်ဆိုင်ဟု အိုဘားမာပြော၊ ဓါးစာခံများကို ကယ်ရန် စစ်ဆင်ရေး မအောင်မြင်ခဲ့ဟု သတင်းထုတ်ပြန်

    သြဂုတ် ၂၁ ၊ ၂၀၁၄
    M-Media

    ဂျိမ်းဖိုလေးနှင့် ပြန်ပေးဆွဲခံရသူများအား ကယ်တင်ရန် လျှို့ဝှက် စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု အမေရိကန်ထုတ်ပြန်၊ IS ၏ လုပ်ရပ်မှာ မည်သည့် ဘာသာတရားနှင့်မှ မသက်ဆိုင်ဟု အိုဘားမာဆို

    james-foley_3011612b

    အွန်လိုင်းတွင် ပြန့်နှံနေသည့် ဗီဒီယို အရ IS အဖွဲ့၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသော အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေးအပါအ၀င် ဆီးရီးယားတွင် ပြန်ပေးဆွဲ ခံထားရသည့် အမေရိကန်နိုင်ငံသားများကို ကယ်တင်ရန် အတွက် လျှို့ဝှက်စစ်ဆင်ရေး တစ်ခုကို ပြုလုပ်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိဟု အမေရိကန် အာဏာပိုင်များက ပြောကြားလိုက်သည်။

    အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ စုံစမ်းမှုအရ ပြန်ပေးဆွဲခံရသူများကို ထိန်းသိမ်းထားဖွယ်ရှိသည်ဟု ယုံကြရသည့် ဆီးရီးယားနိုင်ငံအတွင်းရှိ နေရာ တစ်ခုအား အမေရိကန် စစ်ဆင်ရေးအဖွဲ့ကို ပြီးခဲ့သည့် နွေရာသီတွင် လေယာဉ်ဖြင့် စေလွှတ်ခဲ့သော်လည်း ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိဘဲ ထိုနေရာမှ ထွက်ခွာစဉ်အတွင်း IS (ထိုစဉ်က ISIL) အဖွဲ့သားများနှင့် တိုက်ပွဲများဖြစ်ခဲ့ကြောင်း ယမန်နေ့တွင် ပင်တဂွန်မှ ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    ထိုတိုက်ပွဲတွင် IS တိုက်ခိုက်ရေးသမားများ သေဆုံးခဲ့ပြီး အမေရိကန်ဘက်မှ သေဆုံးခဲ့ခြင်း မရှိဟု အမေရိကန်တာဝန်ရှိသူများက AFP သတင်းဌာနသို့ ပြောကြား ခဲ့သည်။

    ဂျိမ်းစ်ဖိုလေးအား သတ်ဖြတ်မှုမှာ အီရတ်ရှိ မိမိတို့၏ စခန်းများကို အမေရိကန်က လေကြောင်းမှ တိုက်ခိုက်မှုအတွက် လက်စားချေခြင်းဟု IS အဖွဲ့က ပြောကြား ခဲ့သော်လည်း အမေရိကန်သမ္မတ အိုဘားမားက မိမိတို့အနေဖြင့် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတို့၏လုပ်ရပ်မှာ မည်သည့်ဘာသာကိုမှ ကိုယ်စားမပြုဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    “ISIL ဟာ ဘယ်ဘာသာတရားကိုမှ ကိုယ်စားမပြုပါဘူး။ မနေ့က သူတို့လုပ်ခဲ့တာတွေ၊ နေ့တိုင်း သူတို့လုပ်နေတာတွေအတွက် ဘယ်ဘုရားမှ ရပ်တည်ပေးမှာ မဟုတ်ပါဘူး။ အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ဖို့ ဘယ်အယူဝါဒကမှ သင်ကြားမပေးထားပါဘူး” ဟု အိုဘားမားကဆိုသည်။

    IS အဖွဲ့၏ာ လုပ်ရပ်များအတွက် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များမှာ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပြီး ဆော်ဒီမှအကြီးဆုံး မွဖ်သီချူပ် ကလည်း IS နှင့် အလ်ကိုင်းဒါးအဖွဲ့မှာ အစ္စလာမ်သာသနာ၏ နံပါတ် ၁ ရန်သူဖြစ်သည်ဟု အင်္ဂါနေ့က ပြောကြားခဲ့သည်။

    Al Jazeera and agencies
  • ဘာစီလိုနာ အတွက် ကစားရခြင်းမှာ အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု ဆွာရက်ဇ်ဆို

    ဘာစီလိုနာ အတွက် ကစားရခြင်းမှာ အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု ဆွာရက်ဇ်ဆို

    သြဂုတ် ၂၁၊ ၂၀၁၄
    M-Media

    446474_heroa

    – မိမိအနေဖြင့် ဘာစီလိုနာအသင်းတွင် ကစားရန်အတွက် အမြဲတမ်း အိပ်မက်မက်ခဲ့ပြီး အသင်းတွင် သမိုင်းသစ်ရေးထိုးနိုင်ရေး စိတ်လှုပ်ရှားနေသည်ဟု ဥရုဂွေးတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    ဆွာရက်ဇ်မှာ နွေရာသီအပြောင်းအရွှေ့တွင် လီဗာပူးလ်အသင်းမှ ယူရို ၈၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး၊ ဘတစ်လျှောက်လုံး မက်ခဲ့သည့် အိပ်မက်ကို ဖြည့်ဆည်းနိုင်ခဲ့ခြင်း အတွက် ပျော်ရွှင်မိသည်ဟု ၎င်းက ဆိုသည်။

    “ကျွန်တော့်အပေါ် ယုံကြည်မှုရှိတဲ့ ကလပ်အသင်း၊ ဒါရိုက်တာတွေ၊ နည်းပြနဲ့ ကျွန်တော့်ကိုအားပေးထောက်ခံသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်း များစွာကတည်းက ကျွန်တော်ဟာ ဘာစီလိုနာမှာ ကစားချင်ခဲ့တာပါ။ ဒီကိုရောက်လာတာ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါပဲ” ဟု ပွဲပယ်ပြစ်ဒဏ်လျှော့ချ ခံရပြီးနောက် ပထမဆုံး ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆွာရက်ဇ်က ပြောကြားခဲ့သည်။

    ဆွာရက်မှာ လီယွန်အသင်းအား ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော တနင်္လာနေ့ပွဲစဉ်တွင် အသင်းအတွက် ပထမဆုံး ၀င်ရောက် ကစားပေးခဲ့သည်။ ပထမဆုံး အသင်းတွင် ပါဝင်ခွင့်ရသည့်အတွက် စိတ်လှုပ်ရှားမိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

  • အီတလီမှာ အခြားသော ထိပ်တန်း အသင်းများထက် ပါရမီရှင်နည်းပါးဟု နည်းပြသစ် ကွန်တီဆို

    အီတလီမှာ အခြားသော ထိပ်တန်း အသင်းများထက် ပါရမီရှင်နည်းပါးဟု နည်းပြသစ် ကွန်တီဆို

    သြဂုတ် ၂၀ ၊ ၂၀၁၄
    M-Media
    446453_heroa
    – အီတလီအသင်းမှာ အခြားသော ထိပ်တန်းဘောလုံးအသင်းများနှင့်စာလျှင်  ပါရမီရှင်များ နည်းပါးပြီး၊ ကစားသမားအနေဖြင့် ထိုကွက်လပ်ကို ဖြည့်ဆည်းပေးရမည်ဟု နည်းပြသစ် အန်တိုနီယိုကွန်တီက ပြောကြားလိုက်သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခဲ့ရပြီးနောက် နည်းပြ ပရန်ဒယ်လီမှာ အသင်းမှ နှုတ်ထွက်ခဲ့သည်။ ထို့ကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်က နည်းပြသစ် ရှာဖွေနေခဲ့ပြီး ဂျူဗင်တပ်စ်နည်းပြဟောင်း ကွန်တီအား ယမန်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော် စိတ်တွေလှုပ်ရှားနေပါတယ်။ အရာရာတိုင်း အတွက်လည်း ပျော်ရွှင်မိပါတယ်။ လူတိုင်းက ဒီအလုပ်ကို လိုချင်ကြတာပါ။ အသင်းကို လေးနှစ်တာ နည်းပြခဲ့ပြီး ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ ပရန်ဒယ်လီကို ကျွန်တော် ဂုဏ်ပြုချင်ပါတယ်။ အောင်မြင်မှုရဖို့၊ အောင်မြင်မှုတွေကို ရှာဖွေဖို့ ကျွန်တော် အသက်ရှင်နေတာပါ။ အခြား လက်ရွေးစင်အသင်းတွေက ကျွန်တော်တို့ထက် ပိုပြီးကောင်းပါတယ်။ ဒါပေမယ့် အုပ်စုလိုက်ကစားပြီး ဒီကွက်လပ်ကို ကျွန်တော်တို့ ဖြည့်နိုင်ပါတယ်။ ဒါဟာစိန်ခေါ်မှုပါပဲ။ လိုလိုလာလားကို ကျွန်တော် လက်ခံပါတယ်” ဟု နည်းပြအဖြစ် ခန့်အပ်ပွဲအခမ်းအနားတွင် ကွန်တီက သတင်းထောက်များကို ပြောကြားခဲ့သည်။

    ကွန်တီမှာ ဂျူဗင်တပ်စ်အသင်းအား စီးရီးအေဖလားကို သုံးကြိမ်ဆက်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ယခုနှစ်နွေရာသီတွင် အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်သည်။