News @ M-Media

Blog

  • ဥရောပ၏ ပထမဆုံး ဟလာလ် ခရီးသွားလုပ်ငန်း ကွန်ဖရင့်ကို စပိန်တွင် ကျင်းပမည်

    ဥရောပ၏ ပထမဆုံး ဟလာလ် ခရီးသွားလုပ်ငန်း ကွန်ဖရင့်ကို စပိန်တွင် ကျင်းပမည်

    သြဂုတ် ၁၉ ၊ ၂၀၁၄
    M-Media
    spain-to-host-first-ever-conference-on-halal-tourism-in-europe-01
    ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားလာသည့်ကဏ္ဍတစ်ခုဖြစ်သော ဟလာလ်ခရီးသွား လုပ်ငန်းစဉ်၌ ငွေကြေးအကျိုးအမြတ် မည်မျှရနိုင်ခြင်းအပေါ် သုံးသပ်မည့် ပထမဆုံး အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်တစ်ရပ်ကို စပိန်နိုင်ငံ၊ အန်ဒလူစီယာ၌ Adenya Beach Resort Europe မှ လာမည့် စက်တင်ဘာ ၂၂ နှင့် ၂၃ ရက်တွင် ဈေးကွက် ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများနှင့် တစ်ကွ လက်ခံ ကျင်းပမည်ဖြစ်သည်။ ဤဈေးကွက် အတွင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းနှင့် တွဲဖက်၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးသွားမည်ဟုဆိုသည်။

    နောက်ဆုံးရအချက်အလက်များအရ (၂၀၁၃)ခုနှစ်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အသုံးပြုငွေ အားလုံး၏ ၁၃ % (တန်ကြေးအားဖြင့် ဒေါ်လာ ၁၄၀ ဘီလီယံ)မှာ ဟလာလ်ခရီးသွား လုပ်ငန်းကဏ္ဍမှဖြစ်ကာ၊ (၂၀၂၀) ခုနှစ်တွင် ဒေါ်လာ (၁၉၂)ဘီလီယံ အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြသည်။

    “ဒီကွန်ဖရင့်က ဟလာလ်ခရီးသွားလုပ်ငန်းအတွက် အကြီးစားအပြောင်းအလဲ အသစ်တစ်ရပ် ဖြစ်ပါတယ်။ လက်ရှိဈေးကွက်လမ်းကြောင်းအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိနေတဲ့ အပြင် ခရီးသွားလုပ်ငန်း ကဏ္ဍရဲ့ လိုအပ်ချက်များကိုလည်း ပြဆိုပေးသွားမှာဖြစ်ပါတယ်။

    ဟလာလ်ခရီးသွား လုပ်ငန်းကို နိုင်ငံတိုင်း၊ စီးပွားရေး လုပ်ငန်းရှင်တိုင်းက အာရုံစိုက်ဖို့လိုနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ငန်းက တမဟုတ်ချင်း ကြီးထွားလာတယ်။ ပြီးတော့ အားလပ်ရက်များမှာ သွားလာသုံးဖြုန်းတဲ့ မွတ်စ်လင်မ်ခရီးသွားတွေ တိုးမြင့်နေလို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို တက်ကြွထိရောက်စွာ ဆောင်ရွက် လုပ်ကိုင်နေတဲ့ နိုင်ငံများနဲ့ လုပ်ငန်းခွင် နယ်ပယ်များထဲက ကျွမ်းကျင်သူများ အကြား အတွေ့အကြုံဖလှယ်မှုအတွက် လက်တွေ့ကျကျ ပလက်ဖောင်းသာမက အလွန်ထူးခြားသော အသိအမြင်ဖိုရမ်တစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။ အခွင့်အလမ်းသစ်၊ ကွန်ယက်သစ်တွေနဲ့ ပါတနာသစ်များကိုလည်း ဖော်ဆောင်ပေးပါလိမ့်မယ် ” ဟု CMM မှ ဦးဆောင်စီစဉ်သူ တက်စ်နင်းမ် မဟ်မူးဒ်က ပြောကြားသည်။

    ref_Eat Halal

  • Bastia အသင်း တိုက်စစ်မှုးအား ရာသက်ပန် ကစားခွင့်ပိတ်ရန် PSG တောင်းဆို

    Bastia အသင်း တိုက်စစ်မှုးအား ရာသက်ပန် ကစားခွင့်ပိတ်ရန် PSG တောင်းဆို

    သြဂုတ် ၁၈ ၊ ၂၀၁၄
    M-Media

    အသင်း နောက်ခံလူအား နှာခေါင်းရိုးကျိုးအောင် ခေါင်းဖြင့်တိုက်ခဲ့သည့် Bastia အသင်း တိုက်စစ်မှုးအား ရာသက်ပန် ကစားခွင့်ပိတ်ရန် PSG တောင်းဆို
    player Brandao
    – အ၀တ်လဲခန်းသို့သွားရာ လှိုဏ်ခေါင်းအတွင်း မိမိတို့၏ ကစားသမားကို ခေါင်းဖြင့်တိုက်ခဲ့သည့် ဘက်စတီယာ တိုက်စစ်မှူး ဘရန်ဒါအိုအား ဘောလုံးကစားခွင့် တစ်သက်တာ ပိတ်ပင်ရန် ပီအက်စ်ဂျီအသင်းက တောင်းဆိုလိုက်သည်ဟု သိရသည်။

    စနေနေ့က ကစားခဲ့ပြီး ပီအက်စ်ဂျီအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲပြီးနောက် အ၀တ်လဲခန်းသို့သွားစဉ် ဘရန်ဒါအိုမှာ ပီအက်စ်ဂျီအသင်း၏ အီတလီနောက်ခံလူ တီယာဂိုမော်တာအား ခေါင်းဖြင့်တိုက်ခဲ့ပြီး ထိုအဖြစ်အပျက်အား ကင်မရာမှ ရိုက်ယူနိုင်ခဲ့သည်။ ခေါင်းဖြင့်တိုက်ပြီးနောက် ဘရန်ဒါအိုမှာ အလျင်အမြန် ထွက်ပြေးသွားခဲ့ပြီး မော်တာမှာ နှာခေါင်းရိုးကျိုးသွားခဲ့သည်။

    ပီအက်စ်ဂျီအသင်းပိုင်ရှင် အလ်-ခါလီဖီကမူ မိမိတို့မှာ ဘရန်ဒါအိုအား တိုင်ကြားရန် ဆောင်ရွက်နေကြောင်း၊ ဘရန်ဒါအိုမှာ ဘောလုံးကစားသမားမဟုတ်ဘဲ လူဆိုးတစ်ဦးသာဖြစ်ကြောင်း၊ ထိုလုပ်ရပ်အတွက် တစ်သက်တာ လောလုံးကစားခွင့် ပိတ်ပင်သင့်ကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့အလုပ်က ကစားသမားတွေကို ကာကွယ်ပေးဖို့ပါ။ သီယာဂိုမော်တာ ဒီလိုတိုက်ခိုက်ခံခဲ့ရတဲ့အတွက် ကျွန်တော်တို့ဟာ မုချ တုံ့ပြန်ရပါလိမ့်မယ်။ ကျွန်တော် လုံးဝ မကျေနပ်ပါဘူး” ဟု ခါလီဖီက ဆိုသည်။

    ထိုပွဲတွင် သီယာဂိုမော်တာမှာ တစ်ပွဲလုံး ဘရန်ဒါအိုအား ထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ မည်သည့်အကြောင်းကြောင့် ဘရန်ဒါအိုက ခေါင်းဖြင့်တိုက်ခဲ့သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    ref_ independent

  • ကြောင် ခေါင်းပြတ်များ အပြည့်ထည့်ထားသော အမှိုက်အိတ် မန်ချက်စတာတွင် တွေ့ရှိ၊ စုံစမ်းမှုများပြုလုပ်နေ

    ကြောင် ခေါင်းပြတ်များ အပြည့်ထည့်ထားသော အမှိုက်အိတ် မန်ချက်စတာတွင် တွေ့ရှိ၊ စုံစမ်းမှုများပြုလုပ်နေ

    သြဂုတ် ၁၈ ၊ ၂၀၁၄
    M-Media

    BinBags_2049773a

    – မြို့၏ အထင်ကရနေရာတစ်ခုတွင် ကြောင်ဦခေါင်းများ အပြည်ထည့်ထားသော အမှိုက်အိတ်ကို တွေ့ရှိခဲ့ ရပြီးနောက် စက်ဆုပ်စရာကောင်းသော ထိုလုပ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုများကို ချက်ခြင်းပြုလုပ်နေသည်ဟု မန်ချက်စတာမြို့တော်ကောင်စီက ပြောကြားလိုက်သည်။

    ရက်ရှ်ဟုမ်းဒေသ Curry Mile အနီးတွင် အမှိုက်ထုတ်ကို စည်းကမ်းမဲ့ စွန့်ပစ်ခဲ့သည်ဟု ယမန်နေ့က တိုင်ကြားချက် ရရှိသောကြောင့် ကောင်စီဝန်ထမ်း တစ်ဦးက သွားရောက်ကြည့်ရှုရာမှ ထိုကဲ့သို့ တွေ့ရှိခဲ့ ရခြင်းဖြစ်သည်။

    မြို့တော်ကောင်စီကမူ ထိုလုပ်ရပ်အား ရှုတ်ချခဲ့ပြီး ရွံရှာဖွယ်ကောင်းသည့် ထိုလုပ်ရပ်အတွက် စုံးစမ်းမှုများကို ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    “ဒါဟာ တကယ့်ကို စိတ်ပျက် ရွံ့ရှာစရာကောင်းတဲ့ လုပ်ရပ်ပါပဲ။ ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ သက်တမ်းတစ်လျှောက် ဒီလိုအဖြစ်အပျက်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။ အခုအချိန်မှာတော့ ဒီအထုတ်ကြီးဟာ အဲဒီနေရာကို ဘယ်လိုရောက်နေလဲ ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ RSPCA (တရိစ္ဆာန်များအပေါ် နှိပ်စက်ညှင်းပန်းမှု တားဆီးရေးအဖွဲ့) ကိုအကြောင်းထားပါတယ်” ဟု မြို့တော် ကောင်စီမှ ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။

    RSPCA အဖွဲ့မှာ တိရစ္ဆာန်များအား တမင်ညှင်းပန်းနှိပ်စက်မှုများကို စုံစမ်းထောက်လှမ်းကာ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။

    The Independent

  • ဆွာရက်ဇ် မရှိလည်း  နိုင်အောင် ကစားနိုင်ကြောင်း လီဗာပူး သက်သေပြနိုင်ခဲ့ဟု စတားရစ်ခ်ျဆို

    ဆွာရက်ဇ် မရှိလည်း နိုင်အောင် ကစားနိုင်ကြောင်း လီဗာပူး သက်သေပြနိုင်ခဲ့ဟု စတားရစ်ခ်ျဆို

    သြဂုတ် ၁၈ ၊ ၂၀၁၄
    M-Media
    445762_heroa
    – ဆွာရက်ဇ်မရှိသော်လည်း မိမိတို့အသင်းမှာ ပွဲများကို နိုင်အောင်ကစားနိုင်ကြောင်းသက်သေပြနိုင်ခဲ့သည်ဟု လီဗာပူးလ်အသင်း၏ အင်္ဂလန်တိုက်စစ်မှူး စတားရစ်ခ်ျက ပြောကြားလိုက်သည်။

    လီဗာပူးလ်အသင်းမှာ ယမန်နေ့က ကစားခဲ့သော ဆောက်သက်တမ်နှင့်ပွဲတွင် စတားရစ်ခ်ျ၏ နောက်ကျဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရာသီသစ်ကို အနိုင်ဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ ပွဲအပြီးတွင် ဆွာရက်ဇ်မရှိသော လီဗာပူးလ်အသင်း ဂိုးရရေးအတွက် မိမိအပေါ်တွင် ဖိအားများရှိနေသော်လည်း ထိုဖိအားကို ကြိုက်နှစ်သက်ကြောင်း စတားရစ်ခ်ျက ဆိုသည်။

    “(ဆွာရက်ဇ်မပါဘဲနဲ့) ပွဲတွေကို နိုင်အောင် ကစားနိုင်တယ်ဆိုတာ ကျွန်တော်တို့ ဒီနေ့ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးတွေသွင်းနိုင်သလို ခံစစ်လည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ရဟီးမ်(စတာလင်)နဲ့ အခြားသောကစားသမားတွေဟာ ဒီရာသီအတွက် အဆင်ပြေတယ်ဆိုတာကိုလည်း ပြသခဲ့ပါတယ်” ဟု စတားရစ်ခ်ျက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ဆွာရက်ဇ်မှာ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး လီဗာပူးလ်အသင်းသားများအားလုံှးဆွာရက်ဇ်အား သတိရနေမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

  • ISIL နှင့် အစ္စရေးတို့ မဟာမိတ်ဖြစ်သည်ဟု ကုလဆိုင်ရာ ဆီးရီးယားသံအမတ် စွပ်စွဲ

    ISIL နှင့် အစ္စရေးတို့ မဟာမိတ်ဖြစ်သည်ဟု ကုလဆိုင်ရာ ဆီးရီးယားသံအမတ် စွပ်စွဲ

    သြဂုတ် ၁၈ ၊ ၂၀၁၄
    M-Media
    ALeqM5iejW2-3nmMobzo7RHzv4tPK0DUgA
    – ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအချို့ကို သိမ်းပိုက်ထားသော ISIL အဖွဲ့နှင့် အစ္စရေးမှာ မဟာမိတ်ဖြစ်ပြီး ISIL အား အစ္စရေးက လက်နက်များ ထောက် ပံ့နေသည်ဟု ကုလဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး ဘာရှာဂျာဖာရီက Press TV သတင်းဌာနသို့ သောကြောနေ့တွင် ပြောကြားခဲ့သည်။

    ISIL ၏ လှုပ်ရှားမှုများအား ရပ်တန့်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ခုကို သောကြာနေ့က အတည်ပြုခဲ့ပြီးနောက် ဂျာဖာရီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

    ISIL အကြမ်းဖက်သမားများနှင့် အစ္စရေးမှာ လျှို့ဝှက် သဘောတူညီချက် ရယူထားပြီး၊ အစ္စရေးက လက်နက်များ ထောက်ပံ့နေကြောင်း၊ ဂျော်ဒန်တွင် လျှို့ဝှက် စခန်းများဖွင့်၍ သင်တန်းများလည်း ပေးနေကြောင်း ဂျာဖာရီကဆိုသည်။

    ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို သိမ်းပိုက်ကာ အစ္စလာမ့်မစ်နိုင်ငံတော် ထူထောင်ထားသည့် အဆိုပါ ISIL အဖွဲ့ဝင်အများစုမှာ ဆီးရီးယားအစိုးရအား တိုက်ခိုက်ရန်အတွက် အမေရိကန် စစ်တပ်က လက်နက်တပ်ဆင်ကာ သင်တန်းပေးထားသော တပ်သားများဖြစ်သည်ဟု အနောက်တိုင်း မီဒီယာများမှ မကြာသေးမီက ဖော်ပြခဲ့ကြသည်။

    ထို့ပြင် ISIL ခေါင်းဆောင်ဖြစ်ပြီး အစ္စလာမ့်မစ်နိုင်ငံတော်၏ ခလီဖာအဖြစ် ခံယူထားသူ ဘဂ္ဂဒါဒီမှာလည်း အစ္စရေးထောက်လှမ်းရေး မော့ဆက် အဖွဲ့၏ အေးဂျင့် တစ်ဦးဖြစ်သည်ဟု ဆိုရှယ်မီဒီယာများတွင် ဓာတ်ပုံနှင့်တကွ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြသည်။ သိုသော်လည်း ထိုသတင်းအား တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    DB/HSN/HRB