News @ M-Media

Blog

  • ကျူးဘားရှိ HIV တားဆီးရေး လုပ်ငန်းကို အမေရိကန်မှ ထောက်လှမ်းရေးအတွက် သုံးချနေ

    ကျူးဘားရှိ HIV တားဆီးရေး လုပ်ငန်းကို အမေရိကန်မှ ထောက်လှမ်းရေးအတွက် သုံးချနေ

    သြဂုတ် ၆ ၊ ၂၀၁၄
    M-Media
    Aid groups slam secret US scheme in Cuba
    – ကျူးဘားရှိ USAID အဖွဲ့မှ ဆောင်ရွက်နေသော HIV တားဆီးရေးလုပ်ငန်းကို အမေရိကန်က နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် လျှို့ဝှက် အသုံးချနေမှုကို နိုင်ငံတကာ ကျန်းမာရေး ၀န်ထမ်းများနှင့် အမေရိကန် ကွန်ဂရက် အဖွဲ့ဝင်များက ရှုတ်ချလိုက်ပြီး ထိုလုပ်ရပ်မှာ ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေး အစီစဉ်များအား အန္တရာယ်ရှိစေသည်ဟု ပြောကြားခဲ့သည်။

    “HIV တားဆီးရေးလုပ်ငန်းကို ထောက်လှမ်းရေး ရည်ရွယ်ချက်နဲ့ အသုံးပြုနေတာဟာ လက်မခံနိုင်စရာပါပဲ။ ဒီလိုရည်ရွယ်ချက်အတွက် အခြေခံကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ဒါမှမဟုတ် ရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့တွေကို စေလွှတ်ပြီး စတေးခံခိုင်းတာမျိုး အမေရိကန်အစိုးရက မလုပ်ဆောင်သင့်ပါဘူး” ဟု ကမ္ဘာလုံးဆိုင်ရာ အစိုးရမဟုတ်သည့် အကူအညီပေးရေးအဖွဲ့များ၏ မိတ်ဖတ်အဖွဲ့ဖြစ်သည့် InterAction က ပြောကြားခဲ့သည်။

    ဆီးနိတ်လွှတ်တော်အမတ် ပက်ထရစ်လီဟေးကလည်း USAID အနေဖြင့် HIV တားဆီးရေး လုပ်ငန်းကို နိုင်ငံရေးဆိုင်ရာ ကဏ္ဍအတွက် အသုံးပြုခဲ့ပါက ထိုလုပ်ရပ်မှာ တာဝန်မယူခြင်းထက် ပိုမိုဆိုးရွားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ၂၀၀၉ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ နိုင်ငံရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများကို စုဆောင်းရန်အတွက် USAID အဖွဲ့မှာ လက်တင်အမေရိကမှ ကျူးဘားအထိ လူငယ် တစ်ဒါဇင်နီးပါးကို အသုံးချခဲ့သည်ဟု AP သတင်းဌာန၏ စုံစမ်းမှုများအရ သိရသည်။

    အမေရိကန်အစိုးရအဖွဲ့ကမူ ကျူးဘားနိုင်ငံတွင် ဒီမိုကရေးစီ တိုးတက်ရေး လုပ်ငန်းအတွက် HIV တားဆီးရေး လုပ်ငန်းကို အသုံးချခဲ့သည်ဟု ကာကွယ်ပြောကြားခဲ့သော်လည်း နိုင်ငံရေး ရည်ရွယ်ချက်များအတွက် ရှေ့ပြေး လုပ်ဆောင်ချက်ဖြစ်သည်ဆိုသည့် ပြောကြားချက် အတွက် ငြင်းချက်ထုတ်ခဲ့သည်။

    “ဒီအစီစဉ်ဟာ ကျူးဘားလူ့အဖွဲ့အစည်းအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဒုတိယ အကျိုးကျေးဇူး အနေနဲ့ HIV တားဆီးရေးနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်၊ လေ့ကျင်သင်ကြားမှု အတွက် ကျူးဘားနိုင်ငံသားတွေဖော်ပြတဲ့ အလိုဆန္ဒကို အသေးစိတ် ဖြေရှင်းပေးတာမျိုးတွေလည်း ဖြစ်စေပါတယ်။ အများသိသလိုပဲ ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီလိုအချက်အလက်တွေ ရရှိဖို့ အတွက် ကျွန်မတို့ဟာ ဒီစီအစဉ်တွေကို ပြုလုပ်ပါတယ်” ဟု အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက ပြောကြားခဲ့သည်။

    အင်တာဗျူးများနှင့် စာရွက်စာတမ်းများအရ အဆိုပါ အစီအစဉ်မှာ ကျူးဘား၏ ကက်စရို အစိုးရအား ဆန့်ကျင်သူ လူငယ်မျိုးဆက်သစ်များ အားဖြည့်စုဆောင်းရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု ဖော်ပြနေသည်။ ကျူးဘားနိုင်ငံတွင် နိုင်ငံရပ်ခြား ဒီမိုကရေစီ တည်ဆောက်ရေး အစီအစဉ်များနှင့် ပူးတွဲဆောက်ရွက်ခြင်းမှာ တရားမ၀င်ဟု ပြဌာန်းထားသည်။

    AP

  • လူတိုင်း ဖုန်းကိုင်နိုင်ကြလေပြီ

    လူတိုင်း ဖုန်းကိုင်နိုင်ကြလေပြီ

    သြဂုတ် ၆ ၊ ၂၀၁၄
    Cartoon- Artist Lagoon Eain

    106

  • သုံးရက်ကြာ အပစ်ရပ်စဲရေး ဂါဇာ၌ စတင်၊ အစ္စရေး မြေပြင်တပ်များဆုတ်ခွာ

    သုံးရက်ကြာ အပစ်ရပ်စဲရေး ဂါဇာ၌ စတင်၊ အစ္စရေး မြေပြင်တပ်များဆုတ်ခွာ

    သြဂုတ် ၅ ၊ ၂၀၁၄
    M-Media
    BBC_News_-_Israel_pulls_troops_out_of_Gaza_-_2014-08-06_00.53.46
    – အီဂျစ်မှ ကြားဝင်စေ့စပ်ပေးခဲ့သည့် ၇၂ နာရီကြာ အပစ်ရပ်ရေးမှာ ယနေ့နံနက်တွင် ဂါဇာ၌ စတင်ခဲ့ပြီး ဂါဇာအတွင်းရှိ အစ္စရေးစစ်တပ်များလည်း ဆုတ်ခွာသွားခဲ့ပြီဟု သိရသည်။

    ဆုတ်ခွာသွားသည့် အစ္စရေးတပ်များမှာ ဘီအစ်ဟန်နွန်ဒေသနှင့် ရာဖာတောင်ပိုင်း ဒေသတို့မှဖြစ်ပြီး ပါလက်စတိုင်းများမှာ ၎င်းတို့၏ နေရပ်များသို့ ပြန်လည် လာရောက်နေကြသည်။

    အပစ်ရပ်မှုစတင်ပြီးနောက် အစ္စရေးနှင့် ဟားမက်စ် နှစ်ဘက်စလုံးမှ ပစ်ခတ်မှု အနည်းငယ်စီ ရှိခဲ့သည်။ အစ္စရေးဘက်ကမူ ၎င်းတို့မှာ ဟားမက်စ်၏ လှိုဏ်ခေါင်း ၃၂ ခုထက်မနည်း ဖျက်ဆီးခဲ့ပြီးပြီဟု ကြေညာခဲ့သည်။

    06ISRAEL-master675

    သုံးရက်တာအပစ်ရပ်မှုအတွင်း အစ္စရေးနှင့် ပါလက်စတိုင်းတာဝန်ရှိသူများ တစ်ဆင့်ခံ ငြိမ်းရေးဆွေးနွေးရေး ကိုင်ရိုသို့ လာရောက်ရန်အတွက် အီဂျစ်က ဖိတ်ခေါ်ထားပြီး ဟားမက်စ်အဖွဲ့မှ ကိုယ်စားလှယ်များမှာ ကိုင်ရိုသို့ ရောက်ရှိနေပြီဖြစ်သည်။

    ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း စုစုပေါင်း ၁၈၆၇ ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ လေကြောင်းနှင့် မြေပြင်မှ တိုက်ခိုက်မှုများတွင် အစ္စရေးမှာ ဆေးရုံ၊ စာသင်ကျောင်း၊ ကယ်ဆယ်ရေးစခန်း စသည့် အရပ်ဖက်ဆိုင်ရာ ပစ်မှတ်များကိုလည်း တိုက်ခိုက်ခဲ့သည်။

    ဟားမက်စ်တို့ကလည်း အစ္စရေးပိုင်နက်အတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး အစ္စရေး အရပ်သားတစ်ဦးနှင့် ထိုင်းရွှေ့ပြောင်းလုပ်သားတစ်ဦးတို့ သေဆုံးခဲ့သည်။ ဂါဇာအား မြေပြင်မှ ကျူးကျော်တိုက်ခိုက်မှုများအတွင်း အစ္စရေး စစ်သား ၆၀ ကျော်ကို ဟားမက်စ်တို့က သုတ်သင်နိုင်ခဲ့သည်။

  • မော်လမြိုင် အောက်လမ်းမကြီးက မီးပွိုင့်ပြင်ပေးစေချင် (ပြည်သူ့အသံ)

    မော်လမြိုင် အောက်လမ်းမကြီးက မီးပွိုင့်ပြင်ပေးစေချင် (ပြည်သူ့အသံ)

    သြဂုတ် ၅ ၊ ၂၀၁၄
    M-Media
    ပေးပို့သူ – ဟန်လင်း
    MLM
    မော်လမြိုင်၊ အောက်လမ်းမကြီး ချမ်းသာ မင်္ဂလာခန်းမနားက မီးပွိုင့်ပါ။

    အခုလိုဖြစ်နေတာလဲပြင်မယ်သူမရှိပါဘူး။ ပျက်နေတဲ့အတိုင်းထားထားတာ ကြနေပါပြီ။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်သိရှိအောင် M-Media ကတဆင့် တောင်းဆိုပါတယ်။

    ** ပြည်သူ့ကဏ္ဍအတွက် [email protected]  သို့ ပေးပို့နိုင်ပါတယ်။

  • ရန်ကုန်မြို့တွင် ၃ ပတ်အတွင်း လိုင်စင်ပိတ်သိမ်းခံရမှု ၅၀ ကျော်

    ရန်ကုန်မြို့တွင် ၃ ပတ်အတွင်း လိုင်စင်ပိတ်သိမ်းခံရမှု ၅၀ ကျော်

    သြဂုတ် ၅၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်   ။      ။      ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့် ယာဉ်မောင်းလိုင်စင်များအား ဥပဒေနှင့်အညီ ပြစ်မှုအမျိုးအစားအလိုက်ရုပ်သိမ်း (ပိတ်သိမ်း) ကာလတွင် ၃ ပတ်အတွင်း လိုင်စင်ပိတ်သိမ်းခံရမှုမှာ ၅၉ မှုရှိနေပြီဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနမှ ထုတ်ပြန်ထားသော သတင်းများအရ သိရသည်။
    “ကျွန်တော်တို့ အရေးယူမယ့်နေ့မတိုင်မီကတည်းက သတင်းစာတွေ မှာကြေညာာထားပါတယ်။ ပညာပေးကာလ ကလည်းပြီးသွားပြီဖြစ်တဲ့အတွက် ထိရောက်စွာအရေးယူနေရခြင်းဖြစ်ပါတယ် ” ဟု အမှတ် (၂)ယာဉ်ထိန်းရဲဌာနမှ ဒုရဲမှူးကြီး လင်းထွဋ်က ရှင်းလင်းပြောကြားခဲ့သည်။
    ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ယခင် ၉ ဖွဲ့ရှိရာ ယခု ၁ ဖွဲ့တိုးပြီး ၁၀ ဖွဲ့ဖြင့် လှည့်လည်၍ စည်းကမ်းမဲ့ယာဉ်များအား လိုက်လံဖမ်းဆီးလျက်ရှိပါသည်။ ယာဉ်ထိန်းရဲ အင်အားကိုလည်း ၁၅၀ နီးပါး ထပ်မံတိုးမြှင့်ထားပြီး စည်းကမ်းမဲ့ယာဉ်များကို ထိရောက်စွာ အရေးယူနေကြောင်း သိရသည်။
    မီးနီဖြတ်ခြင်း၊ အရက်သေစာသောက်စားမောင်းနှင်ခြင်း၊ မရပ်ရနေရာတွင်ရပ်ခြင်း၊ အမြန်နှုန်းကန့်သတ်ချက်ထက်ပိုမောင်းခြင်း စသည့်ဖြင့် ပြစ်မှုအမျိုးအစား ၁၄ မျိုးဖြင့် ယာဉ်လိုင်စင်များကို နှစ်အလိုက် ပိတ်သိမ်းမှုများပြုလုပ်ပြီး အရေးယူလျက်ရှိနေသည်။
    ယာဉ်မောင်းသမားများ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ပါက ယာဉ်မောင်းလိုင်စင်အား ရာသက်ပန်ပိတ်သိမ်းမည်ဖြစ်ကြောင်းကိုလည်း အမှတ်(၂) ယာဉ်ထိန်းရဲဌာနမှ သတင်းထုတ်ပြန်ထားသည်။